backup og meta

ဝက်ခြံအမာရွတ်ပျောက်ခရင်မ်မှာ ဘာတွေပါသလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝက်ခြံအမာရွတ်ပျောက်ခရင်မ်မှာ ဘာတွေပါသလဲ

    ဝက်ခြံဆိုးဆိုးရွားရွားပေါက်ပြီးပျောက်သွားတဲ့အခါသင့်မျက်နှာပေါ်မှာအမာရွတ်တွေကျန်ခဲ့ပါလိမ့်မယ်။ ဒီအမာရွတ်တွေဟာသင့်ရုပ်ရည်ကိုထိခိုက်စေတာမို့သင့်အနေနဲ့ဖယ်ရှားပစ်ချင်ပါလိမ့်မယ်။ ဒီအခါအမာရွတ်ပျောက်ခရင်မ်တွေကိုအသုံးပြုကြည့်နိုင်ပါတယ်။ အဆိုပါခရင်မ်တွေမှာအမာရွတ်ကိုသက်သာပျောက်ကင်းစေတဲ့ဓါတ်ပစ္စည်းတွေပါဝင်ပါတယ်။ သင်ဟာအမာရွတ်ပျောက်ခရင်မ်တွေလိမ်းဖို့စဉ်းစားထားပေမယ့်ဘာတွေပါမှန်းမသိလို့လက်တွန့်နေမယ်ဆိုရင်ဒီဆောင်းပါးလေးကိုဖတ်ကြည့်လိုက်ပါ။ အမာရွတ်ပျောက်ခရင်မ်မှာပါဝင်တဲ့ဓါတ်ပစ္စည်းအချို့ရဲ့အကြောင်းကိုဖော်ပြပေးထားပါတယ်။

    ဆီလီကွန်

    ဆီလီကွန်ဟာဆေးဝါးအဖြစ်အသုံးပြုနိုင်တဲ့သတ္တုတမျိုးဖြစ်ပါတယ်။ ဆီလီကွန်ဟာအရိုးတွေနဲ့နှလုံးရောဂါအတွက်အထူးအကျိုးရှိတဲ့အပြင်တခြားကောင်းကျိုးတွေလည်းရှိပါသေးတယ်။ အမာရွတ်ပျောက်ခရင်မ်မှာပါဝင်တဲ့ဆီလီကွန်ဟာအရေပြားကိုမူလအတိုင်းပြန်ဖြစ်စေဖို့ကူညီပေးနိုင်ပါတယ်။Collagen ဓါတ်ဟာအသားအရေကိုကြာရှည်စွာနုပျိုစေပြီးအဆိုပါ Collagen ဓါတ်ဖြစ်ပေါ်ဖို့အတွက်ဆီလီကွန်ကအားပေးကူညီပါတယ်။

    နနွင်းမှုန့်

    နနွင်းမှုန့်ကိုနနွင်းပင်ကတဆင့်ရရှိပြီးနနွင်းဟာအာရှအစားအစာတွေမှာပွဲတိုင်းကျော်အဖြစ်ပါဝင်လေ့ရှိပါတယ်။ နနွင်းဟာပူခါးတဲ့အရသာရှိပြီးမုန်ညင်း၊ထောပတ်ဒါမှမဟုတ်ဟင်းခတ်အမွှေးအကြိုင်တွေကိုအရောင်ဆိုးဖို့အတွက်အသုံးပြုနိုင်ကာနနွင်းမြစ်ကိုတော့အလှအပရေးရာအတွက်အသုံးပြုနိုင်ပါတယ်။ နနွင်းဟာဓါတ်ရောင်ခြည်/နေရောင်ခြည်တွေကြောင့်အရေပြားရောင်ရမ်းထိခိုက်တာကိုသက်သာအောင်ကုသပေးနိုင်ပါတယ်။ ဒါ့အပြင်အမာရွတ်တွေ ဖြစ်မလာအောင်နဲ့ရှိပြီးသားအမာရွတ်တွေသက်သာသွားအောင်ဒါမှမဟုတ်လုံးဝပျောက်သွားအောင်လုပ်ပေးနိုင်ပါတယ်။ နနွင်းကိုအရေပြားပေါ်တိုက်ရိုက်လိမ်းနိုင်သလိုအမာရွတ်ပျောက်ခရင်မ်တွေရဲ့ပါဝင်ပစ္စည်းတခုအနေနဲ့လည်းထည့်သွင်းအသုံးပြုနိုင်ပါတယ်။

    ရှားစောင်းလက်ပတ်

    ရှားစောင်းလက်ပတ်ပင်ဟာပူပြင်းခြောက်သွေ့တဲ့ရာသီဥတုမျိုးမှာပေါက်ရောက်ရှင်သန်ပါတယ်။ ရှားစောင်းလက်ပတ်ကနေဂျဲလ်နဲ့အစေးလေးတွေထုတ်ပေးပါတယ်။ ဒီဂျဲလ်လေးတွေဟာကြည်လင်ပြီးအပင်ရဲ့အတွင်းပိုင်းမှာတွေ့ရသလိုအဝါရောင်ရှိတဲ့အစေးလေးတွေကိုတော့အပေါ်ယံလွှာရဲ့အောက်ဖက်မှာတွေ့ရှိနိုင်ပါတယ်။ ရှားစောင်းလက်ပတ်ကိုဆေးဝါးအဖြစ်ဒါမှမဟုတ်စားစရာအဖြစ်အသုံးပြုနိုင်ပါတယ်။ ပါးစပ်ကစားလို့ရသလိုအရေပြားပေါ်လိမ်းပေးလို့လည်းရပါတယ်။ အရေပြားပေါ်လိမ်းပေးရင်နေလောင်ဒါဏ်နဲ့အပူလောင်ဒါဏ်တွေကိုလျော့ပါးသက်သာစေပြီးဝက်ခြံကိုကုသပေးနိုင်သလိုအရေပြားကိုမူလအတိုင်း ပြန်ဖြစ်စေကာအရေပြားအစိုဓါတ်ကိုလည်းထိန်းသိမ်းပေးပါတယ်။ ရှားစောင်းလက်ပတ်ဟာအနာကျက်စေပြီးအမာရွတ်ဖြစ်ပေါ်တာကိုကာကွယ်ပေးတဲ့အတွက်အမာရွတ်ပျောက်ခရင်မ်တွေမှာထည့်သွင်းပါဝင်လာလေ့ရှိပါတယ်။

    Bromelain (နာနတ်သီးမှာပါဝင်တဲ့အင်ဇိုင်းမ်တမျိုး)

    Bromelainဟာရောင်ရမ်းတာကိုသက်သာစေခြင်း၊ထိခိုက်ပျက်စီးနေတဲ့အရေပြားတစ်ရှူးတွေကိုဖယ်ရှားပေးနိုင်ခြင်း၊တစ်ရှူးတွေကို ပြန်လည်ကောင်းမွန်စေခြင်းစတဲ့အာနိသင်တွေရှိပြီးအမာရွတ်ဖြစ်မလာအောင်ကာကွယ်ပေးနိုင်တာမို့ဆေးအဖြစ်အသုံးပြုနိုင်ပါတယ်။

    ဗီတာမင် K

    ဆလတ်ရွက်၊ပန်းဂေါ်ဖီစိမ်းအစရှိတဲ့အသီးအရွက်တွေမှာဗီတာမင် K ပါဝင်ပြီးအရေပြားပေါ်ကအမာရွတ်တွေကိုဖယ်ရှားဖို့အတွက်အသုံးပြုနိုင်ပါတယ်။ ဗီတာမင် K ဟာအနာကျက်မြန်စေပြီးအမာရွတ်တွေ ဖြစ်မလာအောင်လည်းကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင် K1 နဲ့ဗီတာမင် K2 ဆိုပြီးဗီတာမင် K နှစ်မျိုးရှိပါတယ်။ ဗီတာမင် K1ဟာအာနိသင်မြန်မြန်ပြပြီးကြာကြာခံကာအန္တရာယ်လည်းကင်းတဲ့အတွက်အသုံးများပါတယ်။

    အမာရွတ်ပျောက်ခရင်မ်ဟာအရိုးရှင်းဆုံးနဲ့အထိရောက်ဆုံးသောအမာရွတ်ပျောက်စေတဲ့နည်းလမ်း ဖြစ်ပါတယ်။ သူတို့ကိုအလွယ်တကူဝယ်ယူနိုင်သလိုဈေးလည်းမကြီးပါဘူး။ ဒါပေမယ့်ခရင်မ်ထဲမှာပါတဲ့အချို့သောဓါတ်ပစ္စည်းတွေဟာသင့်အရေပြားနဲ့မတည့်တာမျိုး ဖြစ်လာစေနိုင်တဲ့အတွက်ဘယ်လိုခရင်မ်ကိုအသုံးပြုရမလဲသိစေဖို့သင့်ဆရာဝန်ဒါမှမဟုတ်အရေပြားဆရာဝန်နဲ့ဦးစွာတိုင်ပင်ဆွေးနွေးပြီးအကြံဉာဏ်တောင်းခံသင့်ပါတယ်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement