backup og meta

ဆယ်ကျော်သက်များတွင် ပေါက်သော ဝက်ခြံအကြောင်းသိကောင်းစရာ

ဆယ်ကျော်သက်များတွင် ပေါက်သော ဝက်ခြံအကြောင်းသိကောင်းစရာ

မြီးကောင်ပေါက်အချိန်တွင် ဝက်ခြံကြောင့် ပြသနာများစွာရှိတတ်ပါသည်။ ၎င်းသည် ဆယ်ကျော်သက်အရွယ်တွင် ပုံမှန်ဖြစ်သော ဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်ခြင်းဖြစ်သည်။

အထူးသဖြင့် ယောကျာ်းလေးများတွင် ဖြစ်တတ်ပြီး အသက် ၂၀ ျော်လျှင် ပြန်ပျောက်တတ်သွားတတ်သည်။ သို့သော် အမာရွတ်များကျန်ခဲ့တတ်သည်။

ဝက်ခြံကို အရေပြားဆရာဝန်များက ကုသကြပါသည်။ ဝက်ခြံကုရာတွင် ဝက်ခြံပျောက်ရန်နှင့် ထပ်မဖြစ်စေရန် ၂မျိုးရည်ရွယ်ပါသည်။

ဆယ်ကျော်သက်များသည် အောက်ပါသတိထားရမည့် အချက်များဖြင့် မိမိ အရေပြားကိုဂရုစိုက်သင့်သည်။

၁။ နေ့စဉ် ဂရုစိုက်မှု

· သင့်တော်သော မျက်နှာသစ်ဆေးဖြင့် တနေ့၂ ကြိမ် မျက်နှာသစ်ပါ။ အဆီများသော အသားရေပိုင်ရှင်များသည် သူတို့အတွက်အထူးထုတ်လုပ်ထားသော မျက်နှာသစ်ဆေးများကိုသုံးရမည်။ ဝက်ခြံကိုပြန့်မသွားစေရန် ညင်သာစွာပွတ်သစ်ရန် လိုအပ်သည်။

· မျက်နှာသစ်ပြီးပြီးချင်း အစိုဓါတ်ထိန်းခရင်မ်လိမ်းပေးခြင်းသည် အရေပြားကိုအားပြည့်စေပြီး ရေဓါတ်ကို ဖြည့်ပေးနိုင်သည်။ ကျန်းမာသောအရေပြားသည် ဘက်တီးရီးယားများကို တိုက်ထုတ်နိုင်ပြီး အသားရေတင်းရင်းစေသော ကော်လဂျင်ဓါတ်ကိုပိုများပြားစေသည်။

· အစိုဓါတ်ထိန်းခရင်မ်လိမ်းပြီး ဝက်ခြံပေါ်တွင်ဆေးလိမ်းပေးပါက ဝက်ခြံကိုသက်သာစေပြီး ဘေးတဝိုက်တွင် ထပ်မဖြစ်လာစေရန် လည်း ကာကွယ်ပေးသည်။

၂။ ဝက်ခြံကုသမှု

· ရေနွေးဖြင့် ဝက်ခြံဖုများ၏ရောင်ရမ်းမှုကို လျော့ကျစေသည်။

· 2% salicylic acid ပါဝင်သော လိမ်းဆေးကို ဝက်ခြံပေါ်တွင်လိမ်းပေးပါ။ လက်တွင်ဘက်တီးရီးယားများစွာရှိနိုင်သောကြောင့် ဝါဂွမ်းဖတ်ဖြင့် တို့လိမ်းပေးပါ။ ဝက်ခြံကို ခဏခဏတို့ထိခြင်းနှင့် ညှစ်ခြင်းတို့မပြူလုပ်ရပါ။

· ဝက်ခြံဖုများကိုဖုံးရန် 2% salicylic acid ပါဝင်သော အရာဖြင့်ဖုံးအုပ်ပါ။

၃။ Benzyl Peroxide

Benzyl Peroxide သည် အရေပြားပေါက်များအတွင်းရှိ ဘက်တီးရီးယားများကိုသေစေပြီး အဆီကပြန်မှုကိုလည်းလျှော့ချပေးသည်။ ထို့ကြောင့် ဝက်ခြံဖု၊ ပြည်ဖု၊ ဆားဝက်ခြံနှင့် ရောင်ရမ်းမှုများကိုလည်း သက်သာစေသည်။

၄။ ယောက်ျားလေးများသည် မုတ်ဆိတ်ရိတ်ခြင်းအကြိမ်အရေအတွက်ကို လျှော့သင့်သည်။

ရည်ရွယ်ချက်မှာ မတော်တဆ အရေပြားရှမိခြင်းကို ကာကွယ်ရန်ဖြစ်သည်။ ထိုသို့ဖြစ်လျှင် ဝက်ခြံပိုးဝင်ကာ ပိုဆိုးစေသောကြောင့်ဖြစ်သည်။

၅။ သဘာဝပစ္စည်းနှင့် ရေဓါတ်ကိုအခြေခံထားသော ပစ္စည်းများကို အသုံးပြုပါ။

ဓါတုပစ္စည်းများပါဝင်သော၊ ဓါတ်ဆီနှင့် အခြားသောဆီများဖြင့် ထုတ်လုပ်ထားသော ပစ္စည်းများသည် သင့်ကို အဆီပြန်စေကာ ဝက်ခြံပိုပေါက်စေလိမ့်မည်။

၆။ သင့်အရေပြားကို ဗီတာမင် ဓါတ်ကြွယ်ဝစေရန် ရောင်ရမ်းမှုကိုလျှော့ချရန် အောက်ပါတို့ကိုအသုံးပြုပါ။

· Vitamin A

တီရီစ္ဆာန်များ၏ အသည်း ၊ ငါးကြီးဆီများ နှင့် အစိမ်းနှင့် အဝါရောင်ဟင်းသီးဟင်းရွက်များမှရရှိသည်။

· Vitamin C

ဘယ်ရီသီးများ၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်များမှရရှိသည်။

· Vitamin E

ထောပတ်သီး၊ အစိမ်းရင့်ရောင်ဟင်းသီးဟင်းရွက်များ၊ အစေ့ အဆန်များ၊ ကြက်ဥအနှစ်၊ ငါး၊ ပဲငပိ စသည်တို့မှရရှိသည်။

· Omega3

ရေခဲပြင်ဒေသရှိငါးများ ၊ ငါးကြီးဆီ၊ သစ်ကြားသီးမှရရှိသည်။

အချူပ်ဆိုရသော် သင်သည် ဝက်ခြံကြောင့် အထက်ဖော်ပြပါ လက္ခဏာများခံစားနေရလျှင် တိကျသော ကုသမှုမျိုးရရှိရန် ဆရာဝန်နှင့် တိုင်ပင်ပါ။

ဝက်ခြံကုသမှုများသည် သဘာကုထုံး၊ ဆေးများ၊ လေဆာကုထုံးစသည်ဖြင့် အမျိုးမျိုးရှိကြောင်းသိရှိနိုင်စေရန်မျှဝေလိုက်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Question and Answers about Acne.
https://www.niams.nih.gov/Health_Info/Acne/. Accessed on December 17,2016.
What is Acne?
https://www.niams.nih.gov/Health_Info/Acne/acne_ff.pdf. Accessed on December 17,2016.
Healthy Skin Matter
https://www.niams.nih.gov/Health_Info/Kids/PDF/HealthySkin.pdf. Accessed on December 17, 2016.

ယခုပုံစံ

12/10/2021

Hello Sayarwon မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ခရမ်းသီး အသားအရေ လှစေသလား!

လက်သည်းဖျက်ဆေး နဲ့ ကျန်းမာရေးအန္တရာယ်



Hello Sayarwon မှ ရေးသားသည်။ · 12/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement