အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားကင်ဆာ တွေကနေ ကာကွယ်ပေးမယ့် Sunscreen

နေရောင်ခြည်နဲ့ ထိတွေ့မှုများရင် နေလောင်တာ၊ အရေပြားတွေ ပျက်စီးတာကိုတော့ သိထားကြမှာပါ။ နောက်ထပ် ပိုအရေးကြီးတဲ့အချက်က နေရောင်ခြည်မှာပါတဲ့ UVလှိုင်းတွေက အရေပြားကင်ဆာ ဖြစ်စေနိုင်တယ်ဆိုတာပါပဲ။ အရေပြားကင်ဆာဖြစ်စေတဲ့ အချက်တွေထဲမှာ နေရောင်ခြည်က ထိပ်ဆုံးက ပါနေပါတယ်။ ဒါကြောင့် နေရောင်ခြည်ကို ကာကွယ်တာက အရေပြားကင်ဆာကို ကာကွယ်နေတာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ Sunscreenတွေက အရေးကြီးလာပါပြီ။ Sunscreenတွေက နေရောင်ခြည်က UVလှိုင်းတွေကို ကာကွယ်ပေးနိုင်တာကြောင့် Sunscreenတွေကို ပုံမှန်လိမ်းတာက အရေပြားကင်ဆာကို ကာကွယ်နည်းတစ်မျိုးပါပဲ။ Sunscreenလိမ်းတာအပြင် နေပူထဲသွားတဲ့အခါ ထီး၊ ဦးထုပ်ဆောင်းမယ်၊ အဝတ်အစားကို လုံလုံခြုံခြုံဝတ်မယ်ဆိုရင် အရေပြားကင်ဆာ ဖြစ်နိုင်ခြေက တော်တော်ကြီး နည်းသွားမှာ ဖြစ်ပါတယ်။ အရေပြားကင်ဆာ တွေကနေ ကာကွယ်ပေးမယ့် Sunscreen Sunscreenနဲ့ ပတ်သက်လာရင် သိထားဖို့လိုတဲ့ ‘W’ ၅လုံး ရှိပါတယ်။ WHO (ဘယ်သူတွေ လိမ်းဖို့လိုသလဲ) နေရောင်တဲ့ထိတွေ့တဲ့ ဘယ်သူမဆို […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

ဝက်ခြံ

Blackheads (ဆားဝက်ခြံ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Blackheads (ဆားဝက်ခြံ) ကဘာလဲ။ ဆားဝက်ခြံတွေဆိုတာဟာ open comedo လို့ခေါ်တဲ့ အရေပြားပေါ်မှ မွေးညင်းပေါက်တွေ ပိတ်နေသောကြောင့် ဆူထွက်နေသော အဖုလေးတွေပါ။ ဘက်တီးရီးယားတွေ ဆဲလ်သေတွေ အဆီတွေနဲ့ ပိတ်နေတဲ့ အခါမှာ ဖြစ်ပွားတတ်ပါတယ်။ ဖုန်မှုန့်တွေနဲ့ ပိတ်နေတယ်လို့ ထင်ရပေမယ့် အမှန်တကယ်တော့ အဆီနဲ့ ဘက်တီးရီးယားတွေနဲ့ ပိတ်ပြီး လေနဲ့ထိတဲ့အခါမှာ အနက်ရောင်ပြောင်းသွားတာပါ။ Closed comedo လို့ခေါ်တဲ့ ပြည်တည်ဖုတွေနဲ့ ကွဲပြားခြားနားပါတယ်။ ဆားဝက်ခြံတွေဟာ ဝက်ခြံတွေရဲ့ အဖြစ်များတဲ့ လက္ခဏာဖြစ်ပြီး များသောအားဖြင့် မျက်နှာပေါ်မှာ ဖြစ်ပေါ်တတ်ပါတယ်။ တစ်ခါတစ်ရံ ကျောကုန်း၊ ရင်ဘတ်၊ လည်ပင်း၊ လက်နဲ့ ပခုံးပေါ်တွေမှာလည်း ဖြစ်တတ်ပါတယ်။ Blackheads (ဆားဝက်ခြံ) က ဘယ်လောက်အဖြစ်များသလဲ ဆားဝက်ခြံတွေက ဝက်ခြံပေါက်တဲ့လူတွေမှာ အဖြစ်များတတ်ပါတယ်။ မိန်းမတွေက ယောက်ျားတွေထက်အဖြစ်များပါတယ်။ အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့လည်း ဝက်ခြံအပေါက်များတဲ့ ဆယ်ကျော်သက်အရွယ်တွေမှာ ပိုဖြစ်တတ်ပါတယ်။ […]


အခြားအရေပြားပြဿနာများ

Callous (အသားမာများ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Callous (အသားမာများ) ကဘာလဲ။ အသားမာဆွေဆိုတာ သင့်ရဲ့အရေပြားဟာ ပွတ်တိုက်မှုတွေ ၊ ဖိအားတွေကိုကာကွယ်ရင်း အရေပြားဟာ မာပြီး ထူလာခြင်းဖြစ်ပါတယ် ။ အများအားဖြင့် ခြေထောက်တွေ၊ ခြေချောင်းတွေနဲ့လက်ချောင်းတွေမှာအဖြစ်များပါတယ် ။ Callous (အသားမာများ) က ဘယ်လောက်အဖြစ်များသလဲ ဒီလိုအသားမာတွေဟာ အဖြစ်များကြပါတယ် ။ အသက်အရွယ်တိုင်းလည်းဖြစ်နိုင်ပါတယ် ။ အန္တာရာယ်ရှိသည်များကို လျှော့ချရင်း အသားမာများကို ကာကွယ်နိုင်ပါတယ်။ အသေးစိတ်ထပ်ပြီး သိရဖို့အတွက် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးသင့်ပါတယ် လက္ခဏာများCallous (အသားမာများ) ရဲ့လက္ခဏာတွေကဘာတွေလဲ အသားမာတွေဟာ ထိရုံ ၊မြင်ရုံနဲ့သိနိုင်ပါတယ် ။ အောက်ဖော်ပြပါ လက္ခဏာတွေနဲ့စမ်းသပ်စစ်ဆေးနိုင်ပါတယ် ။ အဖြစ်အများဆုံးလက္ခဏာတွေကတော့….. – အရေပြားဟာ ထူပြီး ကြမ်းနေခြင်း ၊ – မာပြီးတော့ ခုံးနေခြင်း ၊ – အရေပြားရဲ့အောက်မှာတင်းမာမှု သို့ နာကျင်မှုခံစားရခြင်း ၊ – အရေပြားဟာ အပေါက်ကလေးများဖြစ်နေ၍ ခြောက်သွေ့နေခြင်း ။ အသားမာတွေဟာ များသောအားဖြင့် မနာကျင်ကြပါဘူး […]


အခြားအရေပြားပြဿနာများ

အတွင်းပြန်ပေါက်မွှေးကို နှုတ်ဆက်ဖို့ နည်းလမ်း ၆ မျိုး

အတွင်းဘက်ကို ပေါက်နေတဲ့အမွေး (ingrown hair)တွေဟာ အရေပြားပေါ်မှာ နာကျင်ရောင်ရမ်းနေတဲ့ အဖုတွေအဖြစ်ပေါ်လာလေ့ရှိပါတယ်။ ဒီအဖုတွေဟာ ဝက်ခြံတွေနဲ့တူနိုင်ပြီး အတွင်းမှာ ပြည်တွေလည်းရှိတတ်ပါတယ်။ ဒီအဖုတွေဟာ ကောက်ကွေးနေတဲ့အမွေးတွေဖြစ်ပြီး အရေပြားအပြင်ကိုထွက်လာရမယ့်အစား အမြစ်ရှိရာအရေပြားအလွှာထဲ တိုးဝင်သွားပါတယ်။ လိမ်ကောက်နေတဲ့ အမွေးတွေ ဆံပင်တွေရှိတဲ့သူတွေဆီမှာ အဖြစ်များပါတယ်။ အတွင်းဘက်ကိုပေါက်နေတဲ့အမွေး (ingrown hair)တွေဟာ နေရာမရွေးဖြစ်ပေါ်နိုင်ပြီး အများအားဖြင့်တော့ အင်္ဂါဇာတ်တွေမှာဖြစ်လေ့ရှိပါတယ်။   အတွင်းဘက်ကိုပေါက်နေတဲ့ အမွေး (ingrown hair)တွေကို ဘာတွေကဖြစ်စေတာလဲ။ သင်က အများအားဖြင့် ဖယောင်းနဲ့အမွေးနှုတ်ခြင်း၊ ရိတ်ခြင်း၊ နှုတ်ခြင်းတွေလုပ်လေ့ရှိတယ်ဆိုရင် အမွေးမြုံ တွေဖြစ်လာနိုင်ချေပိုများပါတယ်။ အမွေးအမျှင်ဖယ်ရှားခြင်းနည်းလမ်းထဲက ဘယ်နည်းလမ်းကိုပဲသုံးသည်ဖြစ်စေ အမွေးကတော့ဖြည်းဖြည်းချင်းပြန်ပေါက်လာမှာပါပဲ။ အမွေးအများစုပြန်ထွက်လာတဲ့အခါ ပြဿနာမရှိနိုင်ပေမယ့် အမွေးတိုတာတွေ သို့မဟုတ် ကောက်နေတဲ့အမွေးတွေအတွက်ကတော့ အမွေးတွေဟာ အတွင်းဘက်ကိုပြန်ပြီးကောက်ဝင်ကာ အသားထဲပြန်ဝင်သွားနိုင်ပါတယ်။ ဒါကို ingrown hair လို့ခေါ်ပါတယ်။ အမွေးဟာ အတွင်းဘက်ကိုပြန်ဝင်ပြီးရှည်လာတဲ့အခါမှာ ခန္ဓါကိုယ်ကသူ့ကို ပြင်ပအရာဝတ္ထု […]


အသားအရေ ထိန်းသိမ်းခြင်း

သင့်အရေပြားနဲ့ ကျန်းမာရေးအတွက် လိုအပ်တဲံ ဗီတာမင်ဒီ

ဗီတာမင် ဒီက အရိုးနဲ့ အရပ်အမြင့်အတွက်သာ အသုံးဝင်တယ်လို့ အချိန်အတော်ကြာအောင် သိထားခဲ့ပါတယ်။ လူတိုင်းက ကြီးထွားမှု ဖြစ်စဉ်မှာ ဗီတာမင် ဒီ လုံလောက်စွာ မရှိခဲ့ရင် အရပ်ပုလိမ့်မယ်လို့ပဲ သိထားကြပါတယ်။ သို့သော်လည်း သုတေသနများစွာက ဗီတာမင် ဒီ ဟာ သင့်အသားအရည်နဲ့ ကျန်းမာရေးကို အများကြီး အထောက်အကူပြုတယ်လို့ သက်သေပြနိုင်ခဲ့ပါတယ်။ ဗီတာမင် ဒီ ချို့တဲ့တာဟာ အရိုးကြီးထွားမှုကိုပဲ နှောင့်နှေးစေတာ မဟုတ်ပါဘူး။ သင့်အသားအရည်နဲ့ ဆိုးဝါးတဲ့ ကျန်းမာရေး ပြဿနာတွေကိုပါ ဖြစ်စေပါတယ်။ ဗီတာမင် ဒီနဲ့ သင့်အသားအရည် ဗီတာမင် ဒီကို လုံလောက်စွာ စားသုံးပေးခြင်းဖြင့် ဝက်ခြံပေါက်ခြင်းကို လျော့နည်းစေပြီး ကော်လာဂျင်ဓါတ် (အရေပြား တင်းရင်းစေသော ဓါတ်) ထုတ်လုပ်မှုကို အားပေးပါတယ်။ ဒါကြောင့် အသားအရည် တင်းရင်းမှုနဲ့ အသားရောင် ညီမျှမှုကို […]


အသားအရေ ထိန်းသိမ်းခြင်း

မိတ်ကပ် ဘယ်လို မှန်ကန်စွာဖျက်မလဲ

skin care လုပ်ရာမှာ တိုနာတို့ အစိုဓါတ်ထိန်းခရင်မ်တို့ နေလောင်ခံလိမ်းဆေးတို့ သုံးတာအပြင် မိတ်ကပ်သေချာဖျက်ဖို့လည်း အရေးကြီးပါတယ်။ မိတ်ကပ်ကို အကြာကြီးလိမ်းထားရင် အသားအရည်ကိုထိခိုက်စေနိုင်ပါတယ်။ ဒါ့ကြောင့် cosmetic တွေ မျက်နှာပေါ်ကရှင်းလင်းနေမှ သက်တောင့်သက်သာရှိစေပြီး စိတ်ဖိအားတွေကိုလည်း လျော့ကျစေနိုင်ပါတယ်။ မိတ်ကပ်ဖျက်ရာမှာ အကျိုးရှိပြီး စိတ်ချရတဲ့နည်းလမ်းတွေရှိပါတယ်။ မိတ်ကပ်ကို သဘာဝကျကျ ဖယ်ရှားပေးဖို့အကောင်းဆုံးနည်းလမ်းတစ်ချို့ရှိပါတယ်။   ၁။ baby wipe ပုံမှန်မိတ်ကပ်ဖျက်ဆေးအများစုဟာ အသားအရည်ကို ခြောက်သွေ့စေပြီး စပ်ဖျဉ်းဖျဉ်းဖြစ်စေပါတယ်။ ဒါ့ကြောင့် ကလေးတွေအတွက်ထုတ်ထားတဲ့ baby wipe လေးတွေကို ရွေးချယ်အသုံးပြုပါ။ သူက အသားအရည်နူးညံ့စေပါတယ်။   ၂။ အုန်းဆီ အုန်းဆီကလည်း မိတ်ကပ်ဖျက်ဖို့ အကောင်းဆုံးအကြံတစ်ခုပါ။ ဖျက်ရခက်တဲ့ မိတ်ကပ်တွေနဲ့ ရေစိုခံမိတ်ကပ်တွေကိုတောင်မှ လွယ်လွယ်ကူကူဖျက်နိုင်ပါတယ်။ အစိုဓါတ်ကိုလည်းကောင်းစွာ ထိန်းသိမ်းပေးနိုင်ပါတယ်။ အုန်းဆီကို ဝါဂွမ်းနဲ့ပဲဖြစ်ဖြစ် ဒီတိုင်းဖြစ်ဖြစ် အသုံးပြုနိုင်ပြီး မျက်နှာကို ဆပ်ပြာ သို့မဟုတ် မျက်နှာသစ်ဆေးနဲ့ ထပ်မံဆေးကြောလိုက်ပါ။ […]


အသားအရေ ထိန်းသိမ်းခြင်း

တက်တူးက ကျန်းမာရေးအပေါ်ဘယ်လိုသက်ရောက်လဲ၊ ဘာတွေသတိထားရမလဲ

တက်တူးက ကျန်းမာရေးအပေါ်ဘယ်လိုသက်ရောက်လဲ၊ ဘာတွေသတိထားရမလဲ တက်တူးဆိုတာက ခန္ဓါကိုယ်ပေါ်မှာ မင်ရည်နဲ့အပ်ကိုအသုံးပြုပြီး အရေပြားအလယ်လွှာထဲထိရောက်အောင် ထိုးသွင်းတဲ့ဖန်တီးမှုအနုပညာတစ်ရပ်ပါ။ တက်တူးထိုးတာက အခုခေတ်မှာလူငယ်တွေအကြားရေပန်စား လာနေတဲ့ ဝါသနာတစ်ခုလည်းဖြစ်ပါတယ်။ အလှအပပိုင်းမှာအသုံးပြုနေတဲ့ Permanent makeup ဆိုတာကလည်းတက်တူး ထိုးမှုတစ်ရပ်ပါပဲ။ မပျက်တဲ့မင်တွေကို မျက်လုံးလိုင်နာ(eye liner)၊ နှုတ်ခမ်းလိုင်နာ (lip liner) ၊ မျက်ခုံးမွှေးဆွဲတံတွေနဲ့ အခြားအလှပြင်ပစ္စည်းတွေ မှာပါထည့်သွင်းအသုံးပြုလာနေကြပါတယ်။ တက်တူးမင်တွေက ကိုယ်ခံအားစနစ်နဲ့ ရောဂါစစ်ဆေးမှုရလဒ်တွေအပေါ်မှာ သက်ရောက်မှုရှိသလို အခြားခန့်မှန်း ရခက်တဲ့ နောက်ဆက်တွဲရောဂါတွေကိုဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။   အဆိပ်ဖြစ်တဲ့မင် - တက်တူးမင်အချို့မှာ ကင်ဆာဖြစ်စေနိုင်တဲ့ဒြပ်ပေါင်းတွေပါဝင်နေတာကြောင့် ခန္ဓါကိုယ်ကို အဆိပ်အတောက်ဖြစ်စေပါတယ်။ တက်တူးထိုးရာမှာ အသုံးပြုနေတဲ့မင်ရည် ၅ မျိုးထဲက တစ်မျိုးမှာ ကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့ ကင်ဆာဖြစ်စေနိုင်တဲ့ ဓါတုဗေဒပစ္စည်းတွေပါဝင်နေပါတယ်လို့ သြစတြေးလျအစိုးရက ထောက်ပံ့ပေးထားတဲ့ လေ့လာမှုတစ်ရပ်မှာဖော်ပြထားပါတယ်။ တက်တူးထိုးရာမှာ လူကြိုက်အများဆုံးအရောင်ဖြစ်တဲ့ အနက်ရောင်မင်မှာ ကင်ဆာဖြစ်စေနိုင်တဲ့ဓါတုပစ္စည်းက ၈၃ ရာခိုင်နှုန်း အထိပါဝင်နေပါတယ်။ တက်တူးမင်တွေက […]


ဝက်ခြံ

သင့်အရေပြားဆရာဝန်က ဝက်ခြံကြောင့်ဖြစ်သော အမာရွတ်များကို ဖယ်ရှားနိုင်သလား

ဝက်ခြံပေါက်ခြင်းသည် သေစေလောက်သော ပြဿနာ မဟုတ်သော်လည်း ဝက်ခြံပေါက်ပြီးကျန်ခဲ့သော အမာရွတ်များသည် သင့် ရုပ်ရည်ကိုထိခိုက်စေသည်။ ထိုအမာရွတ်များကို ကုသရန် အိမ်တွင်းကုထုံးများဖြင့်သော်လည်းကောင်း အရေပြားဆရာဝန်ကိုသွားပြခြင်းဖြင့်သော်လည်းကောင်းကုသနိုင်သည်။   အရေပြားဆရာဝန်က ဝက်ခြံကြောင့်ဖြစ်သော အမာရွတ်များကို ဖယ်ရှားနိုင်သလား။ ဝက်ခြံပေါက်ပြီးလျှင် အမာရွတ်များကျန်ခဲ့တတ်သည်။ ဝက်ခြံကို နောက်ဆက်တွဲဆိုးကျိုးများမရှိအောင် ကုနိုင်သော်လည်း အမာရွတ်များကိုမူ အပြီးပျောက်ရန်ကုဖို့ရာ မလွယ်ပါ။ ဝက်ခြံပေါက်လျှင် ရက်သတ္တပတ် အနည်းငယ်သာကြာမြင့်သော်လည်း ဝက်ခြံအမာရွတ်များသည် တသက်လုံးမပျောက်ဘဲရှိနေတတ်သည်။ သို့သော် သင့်တွင် ဝက်ခြံအမာရွတ်များရှိနေပါက မစိုးရိမ်ပါနှင့်။ ယခုခေတ်တွင် ကုသနိုင်သော ဝက်ခြံအမာရွတ်များ၏ အရောင်နှင့် ပုံစံကို ပြောင်းလဲနိုင်သောနည်းလမ်းများစွာရှိပါသည်။ သင်အသုံးပြုနေသော မိတ်ကပ်ဖြင့်လည်း သင့် အမာရွတ်ကိုမမြင်ရအောင်ဖုံးနိုင်ပါသည်။   ဝက်ခြံအမာရွတ်အတွက် ကုသမှုများ ယင်းကုသမှုများသည် အောက်ဖော်ပြပါ အချက်များအပေါ်မူတည်ပြီး လူတဦးနှင့် တဦး ကွဲပြားနိုင်သည်။ အသက် ကျန်းမာရေးအခြေအနေ ယခင် ဆေးမှတ်တမ်း ဝက်ခြံအမာရွတ်အမျိုးအစား […]


ဝက်ခြံ

စိတ်ဖိစီးမှုတွေက ဝက်ခြံပေါက်စေနိုင်သလား

စနေ၊တနင်္ဂနွေတော့ရောက်လာပါရဲ့၊တပတ်လုံးပင်ပန်းနွမ်းနယ်ထားပြီးစာမေးပွဲ၊ရုံးအလုပ်၊ပရောဂျက်အပြီးလုပ်ရမယ့်အလုပ်တွေကလည်းနှိပ်စက်နေတဲ့အတွက်စိုးရိမ်ပူပန်မှုတွေကလည်းရှိနေပါသေးတယ်။ ထိုအချိန်မျိုးမှာသင့်မျက်နှာမှာ ဝက်ခြံတွေ ပိုထွက်လာတတ်တာမျိုး ဖြစ်ဖူးပါသလား။ အရေပြားပြဿနာတွေနဲ့စိုးရိမ်ပူပန်မှုတွေဟာတပြိုင်တည်းလိုလိုပေါ်လာတတ်တယ်ဆိုတာ (သို့) ဝက်ခြံတွေဟာသင့်ပြဿနာတွေရဲ့အမှတ်အသားတစ်ခုဖြစ်တယ်ဆိုတာသင်သိပါသလား။ အရေပြားရောဂါဆိုင်ရာပါမောက္ခတဦးရဲ့အဆိုအရစိတ်ပိုင်းဆိုင်ရာဖိစီးမှုတွေ၊စိုးရိမ်ပူပန်မှုတွေဟာဝက်ခြံအသစ်ထွက်လာတာနဲ့တိုက်ရိုက်သက်ဆိုင်ခြင်းတော့မရှိဘဲသူတို့ဟာရှိပြီးသားအရေပြားပြဿနာတွေကိုပိုဆိုးစေတာလို့ဆိုပါတယ်။ ဒါ့အပြင်ကျောင်းသားတွေအနေနဲ့စာမေးပွဲရက်တွေအတွင်းမှာဝက်ခြံပြဿနာကနေထွက်ပြေးဖို့အင်မတန်ခဲယဉ်းတယ်ဆိုတာနဲ့ဒီပြဿနာတွေဟာ နွေရာသီကျောင်းပိတ်ရက်လိုမျိုးဖိအားမရှိတဲ့အချိန်တွေမှာထက်ပိုပြီးဆိုးတယ်လို့သုတေသနပညာရှင်တွေရဲ့လေ့လာချက်တွေအရသိရပါတယ်။ စိတ်ဖိစီးမှုများနေချိန်မှာသူတို့ရဲ့ဆဲလ်တွေဟာ sebum လို့ခေါ်တဲ့အဆီတွေကိုပုံမှန်ထက်ပိုထုတ်လေ့ရှိပါတယ်။ အလုပ်၊အိမ်ထောင်ရေး၊စီးပွားရေးနဲ့ပညာရေးအဆင်မပြေမှုတွေကကာလရှည်စိတ်ဖိစီးမှုကို ဖြစ်လာစေနိုင်ပါတယ်။ ဒီလိုဖြစ်လာရင်အက်ဒရီနယ်ဂလင်းကိုပါသွားဆွနိုင်ပြီးအဆိုပါဂလင်းကထုတ်ပေးတဲ့ဟော်မုန်းတွေဟာအဆီထုတ်တဲ့ဂလင်းတွေအပေါ်သက်ရောက်မှုရှိပါတယ်။ ဒီအဆီတွေဟာအရေပြားဆဲလ်သေတွေ၊ဘက်တီးရီးယားတွေနဲ့ပေါင်းပြီးမွေးညင်းပေါက်တွေကိုပိတ်ဆို့ကာဝက်ခြံဖြစ်လာစေပါတယ်။ ဒါ့အပြင်စိတ်ဖိစီးမှုတွေများခြင်းဟာသွေးပေါင်တက်စေပြီးသွေးကြောတွေကိုကျယ်လာစေတာကြောင့်အရေပြားနီရဲရောင်ရမ်းတာတွေကိုလည်း ဖြစ်စေပါတယ်။ စိတ်ဖိစီးမှုတွေဟာအစာအာဟာရဓါတ်တွေစုပ်ယူမှုကိုလျော့နည်းသွားစေတာကြောင့်ကိုယ်ခံအားစနစ်အားနည်းပြီးဝက်ခြံပျောက်ဖို့အချိန်ကြာစေပါတယ်။ ဒီပြဿနာတွေကိုဖြေရှင်းဖို့အကောင်းဆုံးနဲ့အထိရောက်ဆုံးနည်းလမ်းကတော့စိတ်ဖိစီးမှုနဲ့ပင်ပန်းနွမ်းနယ်မှုတွေကိုလျှော့ချဖို့ပဲ ဖြစ်ပါတယ်။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်း (ယောဂ၊အပြေး၊အားကစားလုပ်၊အားကစားခန်းမမှာကစားစသည်)။ ကဖင်းဓါတ်နဲ့သကြားဓါတ်တွေလျှော့စားခြင်း။ အသီးအနှံတွေနဲ့အမျှင်ဓါတ်ပါသောဟင်းသီးဟင်းရွက်တွေများများစားခြင်း။ အသားအရေထိန်းသိမ်းခြင်း။ အိပ်ရေးဝဝအိပ်ခြင်း (တစ်ညကို၇-၈နာရီလောက်အိပ်ရပါမယ်)။ ဝက်ခြံဆိုတာဒီနေ့ကုမနက်ဖြန်ပျောက်ဆိုတဲ့အမျိုးတော့မဟုတ်ပါဘူး။ အခြေအနေဆိုးတဲ့လူနာတွေမှာဆိုရင်retinoids၊ပဋိဇီဝပိုးသတ်ဆေးနဲ့တခြားဆေးတွေသုံးပြီးကုသဖို့လည်းလိုအပ်ကောင်းလိုအပ်ပါလိမ့်မယ်။ ဒါကြောင့်သင့်အနေနဲ့စိတ်ဖိစီးမှုတွေနည်းနိုင်သမျှနည်းအောင်နေထိုင်ရမှာဖြစ်ပြီးဝက်ခြံတွေစထွက်လာပြီဆိုရင်လည်းစိတ်ဖိစီးမှုတွေကိုအမြန်ဆုံးလျှော့ချနိုင်ဖို့ရာအတွက်ဆရာဝန်နဲ့အမြန်ဆုံးပြသရမှာပဲ ဖြစ်ပါတယ်။ Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။


ဝက်ခြံ

ဝက်ခြံဖြစ်ပြီးနောက် ကျန်ရစ်သော အမာရွတ်ပုံစံ ၂မျိုး

ဝက်ခြံအမာရွတ်များသည် ဝက်ခြံဖြစ်ပြီးနှစ်ပေါင်းများစွာ အထိ ကျန်ရှိနေနိုင်ပါသည်။ ပထမအဆင့် ဝက်ခြံပေါက်မည်။ ဒုတိယ သင်သည် အမာရွတ်များနှင့် ရင်ဆိုင်ရမည်။ ထိုအမာရွတ်များကိုကုသရန် သင့်အမာရွတ်ပုံစံများကို ရှင်းလင်းစွာသိထားသင့်သည်။ ဝက်ခြံ အမာရွတ်ဟူသည် ဝက်ခြံပေါက်ပြီး အနာကျက်နေသော အချိန်တွင် အရေပြားပျက်စီးသွားသောကြောင့် ဖြစ်လာရခြင်းဖြစ်သည်။ ဝက်ခြံ အမာရွတ်တွင် သေးကျုံ့သွားသော အမာရွတ်နှင့် ပိုကြီးလာသော ကီးလွိုက်အမာရွတ်ဟူ၍ ၂ မျိုးရှိသည်။   သေးကျုံ့သွားသော အမာရွတ် သေးကျုံ့သွားသော အမာရွတ်များသည် ပိုကြီးလာသော ကီးလွိုက်အမာရွတ်များထက် ပိုအဖြစ်များသည်။ ယင်းတွင် အောက်ဖော်ပြပါအတိုင်း အမျိုးအစား ၃ မျိုးရှိပါသည်။   ၁။ Rolling scars ထိုအမာရွတ်များသည် ၄-၅ မီလီမီတာခန့်ရှိပါသည်။ လုံးဝန်းသောပုံစံနှင့် ပြေလျောသော အနားသတ်တို့ရှိကြသည်။ ထိုအမာရွတ်များသည် သင့် မျက်နှညပေါ်တွင် ဒလှိမ့်တုံးနှင့် လှိမ့်ထားသလို သို့မဟုတ် M ပုံသဏ္ဍာန်ရှိကြသည်။ ဠင်းပုံစံ အမာရွတ်များသည် ကာလရှာကြည်စွာရောင်ရမ်းနေသော ဝက်ခြံများကြောင့်ဖြစ်ရသည်။ လေဆာရောင်ခြည်ဖြင့်ကုသခြင်း၊ […]


အသားအရေ ထိန်းသိမ်းခြင်း

လက်ရှိသုံးနေတဲ့ အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေက သင်နဲ့အဆင်ပြေရဲ့လား

လက်ရှိသုံးနေတဲ့အသားအရေထိန်းသိမ်းတဲ့ပစ္စည်းတွေကသင်နဲ့အဆင်ပြေရဲ့လားလို့တခါတရံတွေးကောင်းတွေးမိမှာပါ။ တချို့အသားအရေထိန်းသိမ်းတဲ့ပစ္စည်းတွေကိုသုံးလိုက်ကာမှပိုဆိုးသွားတာမျိုးတွေ ဖြစ်လာမလား။ ဒါပေမယ့်သင့်အနေနဲ့အလှကုန်ပစ္စည်းတခုကိုသုံးစွဲတဲ့အခါဒီပစ္စည်းရဲ့ရည်ရွယ်ချက်ကိုသိရှိနားလည်ရမှာဖြစ်ပြီးဘာလို့သင်မျှော်လင့်ထားသလိုအာနိသင်မပြတာလဲဆိုတာကိုလည်းသိရှိဖို့အလွန်အရေးကြီးပါတယ်။ ဖြစ်နိုင်တဲ့အကျိုးအာနိသင်နဲ့မဖြစ်နိုင်တဲ့အကျိုးအာနိသင်တွေကိုခွဲခြားနားလည်ထားဖို့လိုပါလိမ့်မယ်။ သင်လိုချင်တဲ့ရလာဒ်အတိအကျကိုကြိုတင်သတ်မှတ်ထားဖို့ကလည်းအရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့လက်တွေ့နဲ့မကိုက်ညီတဲ့ ဖြစ်ချင်ဇောဆန္ဒဟာငွေကုန်လူပန်းဖြစ်တာပဲအဖတ်တင်ပြီးဘာအကျိုးမှထူးလာမှာမဟုတ်လို့ပါပဲ။ အကောင်းဆုံးသောနည်းကတော့ ဖြစ်နိုင်ချေရှိတဲ့(ဝါ)လက်တွေ့ကျတဲ့ပန်းတိုင်ရည်မှန်းချက်ကိုသတ်မှတ်ပြီးသင့်တော်တဲ့အသားအရေထိန်းသိမ်းနည်းကိုပုံမှန်ပြုလုပ်သွားတာပဲ ဖြစ်ပါတယ်။ သင်လက်ရှိသုံးနေတဲ့အသားအရေထိန်းသိမ်းတဲ့အလှကုန်တွေဟာဘယ်လောက်များအကျိုးရှိထိရောက်မလဲဆိုတာအောက်ဖော်ပြပါအချက်လေးတွေနဲ့ချိန်ထိုးပြီးကြည့်လိုက်ပါဦး။   ကြော်အောင်ညာတဲ့ကြော်ငြာတွေပြောသမျှမယုံပါနဲ့။ ကြော်ငြာတွေဟာမကြာခဏဆိုသလိုမဖြစ်နိုင်တာတွေ၊မှားယွင်းတဲ့အချက်တွေနဲ့လှည့်ဖျားပြီးကြော်ငြာလေ့ရှိပါတယ်။ဥပမာတံဆိပ်တခုဆိုရင်အိုမင်းရင့်ရော်မှုကိုကာကွယ်ပေးနိုင်တယ်ဆိုတဲ့အရေပြားအစိုဓါတ်ထိန်းပစ္စည်း (moisturizer) ကိုကြော်ငြာပါတယ်။ ဒါပေမယ့်အဆိုပါပစ္စည်းမှာနေလောင်ဒါဏ်ကိုကာကွယ်ပေးနိုင်တဲ့အရာ (ဒါမှမဟုတ် SPF 30) လုံးဝပါမလာပါဘူး။ ဒီနေရာမှာသိထားသင့်တာကသင့်အနေနဲ့ SPF 30 ဒါမှမဟုတ်ဒီထက်များများပါတဲ့နေလောင်ခံခရင်မ်ကို (ဘယ်လိုရာသီဥတုအခြေအနေမှာပဲ ဖြစ်ဖြစ်) မသုံးစွဲဖူးဆိုရင်အိုမင်းရင့်ရော်ခြင်းရဲ့လက္ခဏာတွေပျောက်သွားစရာဘာအကြောင်းမှမရှိတဲ့အပြင်ပိုလို့တောင်ဆိုးသွားဦးမယ်ဆိုတာပါပဲ။   အာဟာရတမျိုးတည်းစားပြီးဒါမှမဟုတ်အလှကုန်တမျိုးတည်းသုံးပြီးအံ့ဩဘနန်းအကျိုးရလာဒ်တွေကိုမမျှော်လင့်ပါနဲ့။ တမျိုးတည်းနဲ့အားလုံးပြီးပြည့်စုံအောင်လုပ်ပေးနိုင်မယ့်အာဟာရဓါတ်ဒါမှမဟုတ်အလှကုန်ပစ္စည်းရယ်လို့မရှိတာတော့အမှန်ပါပဲ။ ကျန်းမာလှပတဲ့အသားအရေကိုရရှိဖို့ဆိုရင်အာဟာရပြည့်ဝတဲ့အစားအစာအမျိုးမျိုးကိုစားပြီးမရှိမဖြစ်လိုအပ်တဲ့အာဟာရဓါတ်အများအပြားကို ဖြည့်တင်းပေးဖို့လိုပါလိမ့်မယ်။ သင့်အရေပြားလိုအပ်သမျှအရာအားလုံးကိုပစ္စည်းတမျိုးတည်းကနေရဖို့ကတော့မဖြစ်နိုင်ပါဘူး။ သင့်အသားအရေကိုအမှန်တကယ်ပိုမိုကောင်းမွန်လာစေဖို့အတွက်ဆိုရင်အရေပြားအတွက်လိုအပ်တဲ့အာဟာရဓါတ်များစွာကိုပေးစွမ်းနိုင်တဲ့အလှကုန်ပစ္စည်းအမျိုးမျိုးကိုသင့်တော်သလိုပူးတွဲသုံးစွဲဖို့လိုအပ်ပါလိမ့်မယ်။   အသားအရေထိန်းသိမ်းတဲ့နည်းလမ်းတခုခုကိုအသုံးမပြုခင်အသေအချာစဉ်းစားပါ။ ပုံမှန်အသားအရေထိန်းသိမ်းမှုပြုလုပ်သူတိုင်းဟာလိုချင်တဲ့၊မျှော်လင့်တဲ့ရလာဒ်အတိုင်း ဖြစ်လာမှာမဟုတ်ပါဘူး။ နည်းလမ်းတခုနဲ့တခုဟာလည်းအကျိုးသက်ရောက်ပုံမတူညီပါဘူး။ အသားအရေထိန်းသိမ်းတဲ့နည်းလမ်းတွေဟာသင့်ရဲ့အရေပြားပြဿနာတွေကိုကူညီဖြေရှင်းပေးပြီးလိုအပ်တဲ့အာဟာရဓါတ်တွေကိုထောက်ပံ့ပေးကာနေလောင်ဒါဏ်ကလည်းကာကွယ်ပေးပါလိမ့်မယ်။ ဒါ့အပြင်မတူညီတဲ့အသားအရေထိန်းသိမ်းမှုနည်းစနစ်တွေကတဆင့်အရေပြားအစိုဓါတ်ထိန်းပေးခြင်း၊အိုမင်းရင့်ရော်မှုကိုလျှော့ချပေးခြင်းဒါမှမဟုတ်အသားဖြူလာခြင်းစတဲ့အကျိုးအာနိသင်တွေကိုလည်းပေးစွမ်းနိုင်ပါသေးတယ်။   အသားအရေထိန်းသိမ်းမှုကိုပုံမှန်ပြုလုပ်ပေးပါ။ အကောင်းဆုံးအာနိသင်နဲ့ရလာဒ်ကိုရရှိနိုင်ဖို့အတွက်သင့်အနေနဲ့အသားအရေထိန်းသိမ်းမှုကိုပုံမှန်ပြုလုပ်ပေးဖို့လိုပါလိမ့်မယ်။ တချို့အလှကုန်တွေကတနေ့ကိုနှစ်ခါအသုံးပြုဖို့လိုမှာဖြစ်ပေမယ့်တချို့ကျပြန်တော့တနေ့တခါသုံးစွဲဖို့ပဲလိုတာမျိုးတွေလည်းရှိပါတယ်။ မျက်နှာသန့်စင်ရည်၊နှင်းဆီပွင့်ဖတ်တွေကတဆင့်ထုတ်လုပ်ထားတဲ့ rose water နဲ့အစိုဓါတ်ထိန်းပေးပြီးမွေးညင်းပေါက်တွေကိုကျဉ်းစေနိုင်တဲ့ serum အရည်စတဲ့အလှကုန်တွေဟာတနေ့ကိုနှစ်ကြိမ်လောက်အသုံးပြုရလေ့ရှိပြီးနေလောင်ခံခရင်မ်၊အစိုဓါတ်ထိန်းညလိမ်းခရင်မ်နဲ့ဂျီးချွတ်ပေးနိုင်တဲ့ခရင်မ်တွေကိုတော့တနေ့တခါအသုံးပြုရင်လုံလောက်ပါပြီ။   အခုရေတွင်းတူးအခုရေကြည်မသောက်ချင်ပါနဲ့။ နေလောင်ဒါဏ်တွေနဲ့အရေးအကြောင်းတွေကိုပျောက်ကင်းအောင်ကုဖို့အချိန်အတိုင်းအတာတခုတော့လိုပါလိမ့်မယ်။ ဒါကြောင့်ညတွင်းချင်းကြီးအစွမ်းတွေပြဖို့တော့မမျှော်လင့်ပါနဲ့။ နေ့ချင်းညချင်းအစွမ်းပြတဲ့တချို့သောအလှကုန်ပစ္စည်းတွေ (ဥပမာ AHA ဒါမှမဟုတ် BHA တို့လိုဂျီးချွတ်ပေးတဲ့ခရင်မ်တွေ) ရှိပေမယ့်လည်းယေဘုယျအားဖြင့်အလှကုန်ပစ္စည်းတိုင်းဟာအာနိသင်ပြဖို့အချိန်အနည်းငယ်တော့လိုမှာဖြစ်ပါတယ်။   အရမ်းပြင်းလွန်းတဲ့ပါဝင်ပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ဒါမှမဟုတ်အရေပြားကိုထိခိုက်စေတဲ့အလှကုန်ပစ္စည်းတံဆိပ်တွေကိုရှောင်ပါ။ အသားအရေထိန်းသိမ်းရာမှာအသုံးပြုတဲ့ပစ္စည်းတွေအနေနဲ့နူးညံ့ပြီးအသားအရေကိုမထိခိုက်စေဖို့ကအရေးအကြီးဆုံး ဖြစ်ပါတယ်။ တကယ်လို့သင်အသုံးပြုနေတဲ့တံဆိပ်ဟာသင့်အရေပြားနဲ့မတည့်ဘူးဒါမှမဟုတ်သင့်ပတ်ဝန်းကျင်အနေအထားနဲ့မသင့်တော်ဖူးလို့ယူဆရင်အသုံးပြုတာကိုချက်ချင်းရပ်ပါ။ ဘာလို့လဲဆိုတော့ဒီလိုမျိုးပစ္စည်းတွေဟာကောင်းကျိုးထက်ဆိုးကျိုးကိုသာပိုဖြစ်စေလို့ပါပဲ (အရေပြားမူလအတိုင်း ပြန်ကောင်းမှာ၊အသစ်ဖြစ်လာမှာကိုတားဆီးပါလိမ့်မယ်)။ ဒါ့အပြင်သင့်အနေနဲ့အရေပြားကိုထိခိုက်စေတဲ့ပါဝင်ပစ္စည်းတွေကိုလည်းရှောင်ကြဉ်ရပါမယ်။ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Hello Sayarwon Medical Panel

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း