backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Callous (အသားမာများ)


Phyo Wai Yan မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Callous (အသားမာများ)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Callous (အသားမာများ) ကဘာလဲ။

အသားမာဆွေဆိုတာ သင့်ရဲ့အရေပြားဟာ ပွတ်တိုက်မှုတွေ ၊ ဖိအားတွေကိုကာကွယ်ရင်း အရေပြားဟာ မာပြီး ထူလာခြင်းဖြစ်ပါတယ် ။ အများအားဖြင့် ခြေထောက်တွေ၊ ခြေချောင်းတွေနဲ့လက်ချောင်းတွေမှာအဖြစ်များပါတယ် ။

Callous (အသားမာများ) က ဘယ်လောက်အဖြစ်များသလဲ

ဒီလိုအသားမာတွေဟာ အဖြစ်များကြပါတယ် ။ အသက်အရွယ်တိုင်းလည်းဖြစ်နိုင်ပါတယ် ။ အန္တာရာယ်ရှိသည်များကို လျှော့ချရင်း အသားမာများကို ကာကွယ်နိုင်ပါတယ်။ အသေးစိတ်ထပ်ပြီး သိရဖို့အတွက် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးသင့်ပါတယ်

လက္ခဏာများ

Callous (အသားမာများ) ရဲ့လက္ခဏာတွေကဘာတွေလဲ

အသားမာတွေဟာ ထိရုံ ၊မြင်ရုံနဲ့သိနိုင်ပါတယ် ။ အောက်ဖော်ပြပါ လက္ခဏာတွေနဲ့စမ်းသပ်စစ်ဆေးနိုင်ပါတယ် ။ အဖြစ်အများဆုံးလက္ခဏာတွေကတော့…..

– အရေပြားဟာ ထူပြီး ကြမ်းနေခြင်း ၊

– မာပြီးတော့ ခုံးနေခြင်း ၊

– အရေပြားရဲ့အောက်မှာတင်းမာမှု သို့ နာကျင်မှုခံစားရခြင်း ၊

– အရေပြားဟာ အပေါက်ကလေးများဖြစ်နေ၍ ခြောက်သွေ့နေခြင်း ။

အသားမာတွေဟာ များသောအားဖြင့် မနာကျင်ကြပါဘူး ။ အသားမာတွေဟာ သင့်ရဲ့ခြေဖဝါး (အထူးသဖြင့် ခြေဖနှောင့်) နှင့်လက်ဖဝါးများ သို့ ဒူးနေရာတို့တွင်အဖြစ်များကြပါသည် ။ အသားမာတွေဟာ အရွယ်အစား ၊ ပုံစံ တွေမတူညီကြ၍ တခါတစ်ရံမှာပြောင်းဖူးစေ့များထက်ပင်ကြီးနေတတ်ပါသည် ။

အထက်ဖော်ပြပါစာရင်းထဲတွင်မပါသည့် လက္ခဏာများလည်း ရှိနိုင်ပါသေးသည် ။ လက္ခဏာတွေနဲ့ပတ်သတ်ပြီး သိချင်သေးရင်တော့ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးသင့်ပါတယ် ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အသားမာတွေဟာ ကုသဖို့မလိုအပ်ပါဘူး ။ ဒါပေမယ့် သင်ဟာ အနှစ်မြို့ဖွယ်ခံစားနေရရင်တော့ အရေပြားဆရာဝန်နဲ့ ပြသနိုင်ပါတယ် ။ ပုံမှန်အားဖြင့်တော့ အသားမာတွေဟာ လွယ်လွယ်ကူကူဖယ်ရှားလို့ရကြပါတယ် ။

အကြောင်းရင်းများ

Callous (အသားမာများ) ကိုဘာတွေကဖြစ်စေသလဲ

– ရှူးဖိနပ်ကျပ်ကျပ်များဝတ်ဆင်ခြင်း။

ရှူးဖိနပ်အကျပ်များဝတ်ဆင်ခြင်းနဲ့ဒေါက်ဖိနပ်များစီးခြင်းဟာ သင့်ရဲ့ခြေထောက်ကိုဒဏ်သက်ရောက်စေပါတယ်။

သင့်ရဲ့ဖိနပ်ဟာ အရမ်းချောင်နေတဲ့အခါမှာလည်း ခြေထောက်ဟာ ခဏခဏလျှောနေပြီး ဖိနပ်နဲ့ပွတ်တိုက်ခြင်းတွေကိုဖြစ်စေပါတယ်။ သင့်ရဲ့ခြေထောက်ဟာ ရှူးဖိနပ်အောက်မှာရှိတဲ့အောက်ခံပြားနဲ့လည်းပွတ်တိုက်နေနိုင်ပါတယ်။

– ခြေအိတ်မပါဘဲဝတ်ဆင်ခြင်း။

ရှူးဖိနပ်တွေကိုခြေအိတ်မပါဘဲဝတ်ဆင်ခြင်းဟာလည်း သင့်ရဲခြေထောက်တွင် ပွတ်တိုက်မှုများဖြစ်စေပြီး အသားမာများဖြစ်ပေါ်စေပါတယ်။ အားကစားပစ္စည်းများ သို့ လက်ဖြင့်ကစားရသော ပစ္စည်းများဖြင့် ကစားခြင်း နှင့် စာရေးခြင်းများဟာလည်း အကြိမ်ကြိမ်ပွတ်တိုက်မှုများဖြစ်ပေါ်စေပြီး အသားမာများဖြစ်ပေါ်စေပါတယ် ။

ဖြစ်နိုင်ခြေများ

Callous (အသားမာများ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

ခြေထောက်ရောင်ခြင်း – ခြေထောက်ရောင်ခြင်းဆိုသည်မှာသင့်ရဲ့ခြေမအရင်းအဆစ်တွင်ပုံမှန်မဟုတ်ပဲမာမာခုံးခုံးဖြစ်နေတာမျိုးဖြစ်ပါတယ်။

ခြေမသည်အမြဲအောက်သို့ကျိုးကျနေခြင်း – သင့်ရဲ့ခြေချောင်းတွေဟာ တိရိစ္ဆာန်တို့ရဲ့လက်သည်းတွေလို ပုံမှန်မဟုတ်ပဲကွေးနေခြင်း ဖြစ်ပါတယ်။

အခြားခြေထောက်ပြသနာများ – အရိုးထွက်နေသည့်ကိစ္စမျိုးတွေလည်း သင့်ရဲ့ရှူးဖိနပ်နဲ့ပွတ်တိုက်မှုတွေဖြစ်စေပါတယ် ။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Callous (အသားမာများ) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်ဟာ သင့်ရဲ့ခြေထောက်ကိုစစ်ဆေး၍ ကြွက်နို့ ၊ အဖုအကြိတ်များ စသဖြင့် အရေပြားထူနေသည့်အကြောင်းရင်းများကို ရှာဖွေစမ်းသပ်ပါလိမ့်မည် ။ ထပ်ပြီးစမ်းသပ်ရန် ဓါတ်မှန်ရိုက်ရပါမည် ။

သို့မှာသာ အသားမာဖြစ်စေသည့် တစ်ခြားပုံမှန်မဟုတ်သည်များကို သိရမှာဖြစ်ပါတယ်။

Callous (အသားမာများ) ကို ဘယ်လိုကုသပါသလဲ

အကယ်၍သင့်တွင် ဆီးချိုသွေးချို သို့ သွေးလှည့်ပတ်ခြင်သနည်းလျှင် မိမိဘာသာ အသားမာကိုမကုသခင် ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။ အဘယ်ကြောင့်ဆိုသော် ဒဏ်ရာသေးသေးလေးကနေပြီး ပိုးဝင်ရောက်တဲ့အနာအထိဖြစ်သွားနိုင်လို့ပါ ။

အသားမာအတွက်အများဆုံးကုသတဲ့နည်းလမ်းတွေကတော့…

– ပိုနေသောအရေပြားများကို ထုတ်ပစ်ခြင်း ။

ဆရာဝန်ဟာ ထူနေတဲ့မျက်နှာပြင်များကိုညှိခြင်း သို့ အသားမာချွန်များကို ခွဲစိတ်ဓါးဖြင့် လှီးထုတ်ပစ်ခြင်း ။

– အသားမာဖယ်ရှားသောကုသမှုများ ။

အသားမာဖယ်တဲ့ဆေးပညာတွင် salicylic acid ကိုအများဆုံးတွေ့ရမှာဖြစ်ပါတယ် ။ ဒါကိုသင်ဟာ ညွှန်ကြားချက်မရှိဘဲ လုပ်နိုင်ပါတယ် ။ ကြီးမားသော အသားမာနေရာများအတွက် salicylic acid gel ကိုသုံးရန် ခွင့်ပြုချက်ရယူနိုင်ပါတယ် ။

– ကူးစက်မှုများကိုသက်သာစေသော ကုသမှုများ ။

သင့်ဆရာဝန်ညွှန်ကြားတဲ့ပိုးသတ်ဆေးလိမ်းဆေးကို ပိုးဝင်ခြင်းမှာကာကွယ်ရန်လိမ်းရပါမည် ။

– ခြေထောက်တွင် အထောက်အကူပြု ဖိနပ်များဝတ်ဆင်ခြင်း ။

အကယ်၍သင့်မှာခြေထောက်ပုံစံမမှန်ခြင်းတွေရှိလျှင် ဆရာဝန်ညွှန်ကြားထားတဲ့အသင့်စီးရှူးဖိနပ်များကို အသားမာများ ပြန်မဖြစ်စေရန်အသုံးပြုရပါမည်ဘ။

– ခွဲစိတ်မှုခံယူခြင်း။

အချို့ရှားပါးကိစ္စများတွင် ပွတ်တိုက်မှုများဖြစ်ပေါ်နေစေသော အရိုးလွဲနေခြင်းများကိုတည့်ဖို့အတွက် ခွဲစိတ်ရန်လိုအပ်ပါတယ် ။

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုသမှုများ ။

ဘယ်လိုနေထိုင်မှုပူံစံတွေနဲ့ အိမ်တွင်းကုသမှုတွေက အသားမာတွေကို သက်သာစေသလဲ။

– အသားမာတက်သောနေရာကို ကာကွယ်ရန် OTC pad များအသုံးပြုခြင်း ၊ သင်သည်ထိုအရာကို ဆရာဝန်ညွှန်ကြားသည့်အတိုင်းလည်း အသုံးပြုနိုင်ပါတယ် ။

– သင့်ရဲ့လက်တွေ၊ခြေထောက်တွေကိုပူနွေးတဲ့ဆပ်ပြာရေထဲမှာစိမ်ခြင်းဟာလည်း အသားမာတွေကိုပျော့ပြောင်းစေပါတယ် ။ ဒါဟာသင့်ရဲ့ထူနေတဲ့အရေပြားကိုဖယ်ရှားဖို့ပိုမိုလွယ်ကူပါလိမ့်မယ်။

– ရေချိုးစဉ်တွင်ကြမ်းတမ်းသည့်အရေပြားကို ဖယ်ရှားရန်အတွက် ရေမြှုပ်ကျောက်၊ လက်သည်းတိုက်တံစဉ်း ၊ ရေပတ်ဝတ်တွေနဲ့အရေပြားကိုပွတ်တိုက်ရပါမယ်။ သို့သော်လည်း သင့်အရေပြားကိုပြုပြင်ရန် ချွန်သောအရာများမသုံးမိစေရန် အရေးကြီးပါတယ်။

အကယ်၍ သင့်မှာ ဆီးချိုသွေးချိုရှိလျှင်တော့သင့်ရဲ့အရေပြားဟာရောဂါပိုးဝင်လွယ်တဲ့အတွက်ရေမြှုပ်ကျောက်ကိုအသုံးပြုရပါမည်။

– သင့်ရဲ့အရေပြားတွေကို အသားမာတက်ခြင်းမှာကာကွယ်ရန် moisturizer သုံး၍ အရေပြားကိုစိုစွတ်ပျော့ပြောင်းနေအောင် ထိန်းသိမ်းထားရန်လိုအပ်ပါတယ် ။

– သက်တောင့်သက်သာရှိစေမယ့် ရှူးဖိနပ်တွေ၊ခြေအိတ်တွေကိုပဲဝတ်ဆင်ရပါမယ် ။ ရှူးဖိနပ်ကျပ်ကျပ်များ ၊ဒေါက်ဖိနပ်မြင့်မြင့်စီးခြင်းများကိုရှောင်ရှားရပါမည် ။

အကယ်၍သင့်တွင်မေးခွန်းများရှိသေးလျှင်တော့ အသေးစိတ်သိရဖို့အတွက်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးသင့်ပတယ် ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Phyo Wai Yan မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement