တက်တူးဆိုတာက ခန္ဓါကိုယ်ပေါ်မှာ မင်ရည်နဲ့အပ်ကိုအသုံးပြုပြီး အရေပြားအလယ်လွှာထဲထိရောက်အောင် ထိုးသွင်းတဲ့ဖန်တီးမှုအနုပညာတစ်ရပ်ပါ။ တက်တူးထိုးတာက အခုခေတ်မှာလူငယ်တွေအကြားရေပန်စား လာနေတဲ့ ဝါသနာတစ်ခုလည်းဖြစ်ပါတယ်။ အလှအပပိုင်းမှာအသုံးပြုနေတဲ့ Permanent makeup ဆိုတာကလည်းတက်တူး ထိုးမှုတစ်ရပ်ပါပဲ။ မပျက်တဲ့မင်တွေကို မျက်လုံးလိုင်နာ(eye liner)၊ နှုတ်ခမ်းလိုင်နာ (lip liner) ၊ မျက်ခုံးမွှေးဆွဲတံတွေနဲ့ အခြားအလှပြင်ပစ္စည်းတွေ မှာပါထည့်သွင်းအသုံးပြုလာနေကြပါတယ်။
တက်တူးမင်တွေက ကိုယ်ခံအားစနစ်နဲ့ ရောဂါစစ်ဆေးမှုရလဒ်တွေအပေါ်မှာ သက်ရောက်မှုရှိသလို အခြားခန့်မှန်း ရခက်တဲ့ နောက်ဆက်တွဲရောဂါတွေကိုဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။
အဆိပ်ဖြစ်တဲ့မင် – တက်တူးမင်အချို့မှာ ကင်ဆာဖြစ်စေနိုင်တဲ့ဒြပ်ပေါင်းတွေပါဝင်နေတာကြောင့် ခန္ဓါကိုယ်ကို အဆိပ်အတောက်ဖြစ်စေပါတယ်။ တက်တူးထိုးရာမှာ အသုံးပြုနေတဲ့မင်ရည် ၅ မျိုးထဲက တစ်မျိုးမှာ ကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့ ကင်ဆာဖြစ်စေနိုင်တဲ့ ဓါတုဗေဒပစ္စည်းတွေပါဝင်နေပါတယ်လို့ သြစတြေးလျအစိုးရက ထောက်ပံ့ပေးထားတဲ့ လေ့လာမှုတစ်ရပ်မှာဖော်ပြထားပါတယ်။ တက်တူးထိုးရာမှာ လူကြိုက်အများဆုံးအရောင်ဖြစ်တဲ့ အနက်ရောင်မင်မှာ ကင်ဆာဖြစ်စေနိုင်တဲ့ဓါတုပစ္စည်းက ၈၃ ရာခိုင်နှုန်း အထိပါဝင်နေပါတယ်။
တက်တူးမင်တွေက ရောဂါစစ်ဆေးမှုရလဒ်တွေကိုမှားယွင်းစေနိုင်တယ် – ဖြစ်တောင့်ဖြစ်ခဲဆိုပေမယ့် သတ္တုပေါ် မှာအခြေခံပြီး ထုတ်ထားတဲ့တက်တူးမင်တွေက ရောဂါစစ်ဆေးမှုရလဒ်တွေကိုမှားယွင်းတာမျိုးတွေဖြစ်စေနိုင်ပါ တယ်။ ၂၀၁၅ ခုနှစ်ကဖြစ်ရပ်တစ်ခုမှာ ဆရာဝန်တွေကအမျိုးသမီးတစ်ဦးမှာ သားအိမ်ခေါင်းကင်ဆာဖြစ်နေပြီး ကင်ဆာဆဲလ်တွေက lymph node တွေထဲအထိပြန့်နှံ့နေပြီလို့ယူဆခဲ့ပါတယ်။ နောက်ဆုံးမှာသိရှိလိုက်တာက သူထိုးထားတဲ့ တက်တူးကမင်တွေရဲ့ ခန္ဓါကိုယ်တွင်းဓါတ်ပြုမှုကြောင့်ဆိုတာကိုသိခဲ့ရပါတယ်။
ကူးစက်ရောဂါတွေကူးစက်ခံရနိုင်ပါတယ် – တက်တူးထိုးတဲ့အခါ အရေပြားသန့်ရှင်းမှုမရှိတာကြောင့်နဲ့ တက်တူး ထိုးရာမှာသုံးတဲ့ကိရိယာတွေကသန့်ရှင်းမှုမရှိတာကြောင့် အရေပြားကနေတဆင့်ပိုးဝင်ရောက်မှုတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ တက်တူးထိုးတာကြောင့် ပြင်းထန်တဲ့အရေပြားကတဆင့်ပိုးကူးစက်ဝင်ရောက်တဲ့ရောဂါ ကိုခံစားရနိုင်သလို အသက်အန္တရာယ်ရှိတဲ့အထိတောင်ဖြစ်ပေါ်နိုင်ပါတယ်။
တက်တူးထိုးတာကြောင့် sarcoidosis ရောဂါ၊ lichen planis ရောဂါနဲ့ အခြားသောအရေပြားဝေဒနာတွေကို ခံစားရစေနိုင်ပါတယ်။ ဒီဝေဒနာတွေကိုခံစားရတာအချိန်ကြာမြင့်လာတဲ့အခါ အရေပြားပေါ်မှာ အနာရွတ်တွေ စွဲကျန်ခဲ့ပါတယ်။
တက်တူးထိုးတာကနေတဆင့် အိတ်ခ်ျအိုင်ဗွီရောဂါကူးစက်ခံရနိုင်သလို အသည်းရောင်အသားဝါ စီ ပိုးလည်းကူးစက်ခံနိုင်ပါတယ်။ တက်တူးထိုးရာမှာသုံးတဲ့ အပ်ကနေတဆင့် အသည်းရောင်အသားဝါရောဂါပိုး ကူးစက်ခံရနိုင်ခြေအရမ်းများပါတယ်။
တက်တူးထိုးဖို့စဉ်းစားထားရင် ဒီအချက်လေးတွေသတိထားပေးပါ။
တက်တူးထိုးထားတဲ့ နေရာမှာနီမြန်းတာ၊ရောင်ရမ်းတာနဲ့ ဖျားနာတာ၊ပြည်တည်တာမျိုးတွေဖြစ်လာရင်ပဲဖြစ်ဖြစ် အနာကိုပိုးဝင်တယ်၊လို့ယူဆရင်ဖြစ်ဖြစ် ဆရာဝန်နဲ့ချက်ချင်းပြသပါ။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။