အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားကင်ဆာ တွေကနေ ကာကွယ်ပေးမယ့် Sunscreen

နေရောင်ခြည်နဲ့ ထိတွေ့မှုများရင် နေလောင်တာ၊ အရေပြားတွေ ပျက်စီးတာကိုတော့ သိထားကြမှာပါ။ နောက်ထပ် ပိုအရေးကြီးတဲ့အချက်က နေရောင်ခြည်မှာပါတဲ့ UVလှိုင်းတွေက အရေပြားကင်ဆာ ဖြစ်စေနိုင်တယ်ဆိုတာပါပဲ။ အရေပြားကင်ဆာဖြစ်စေတဲ့ အချက်တွေထဲမှာ နေရောင်ခြည်က ထိပ်ဆုံးက ပါနေပါတယ်။ ဒါကြောင့် နေရောင်ခြည်ကို ကာကွယ်တာက အရေပြားကင်ဆာကို ကာကွယ်နေတာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ Sunscreenတွေက အရေးကြီးလာပါပြီ။ Sunscreenတွေက နေရောင်ခြည်က UVလှိုင်းတွေကို ကာကွယ်ပေးနိုင်တာကြောင့် Sunscreenတွေကို ပုံမှန်လိမ်းတာက အရေပြားကင်ဆာကို ကာကွယ်နည်းတစ်မျိုးပါပဲ။ Sunscreenလိမ်းတာအပြင် နေပူထဲသွားတဲ့အခါ ထီး၊ ဦးထုပ်ဆောင်းမယ်၊ အဝတ်အစားကို လုံလုံခြုံခြုံဝတ်မယ်ဆိုရင် အရေပြားကင်ဆာ ဖြစ်နိုင်ခြေက တော်တော်ကြီး နည်းသွားမှာ ဖြစ်ပါတယ်။ အရေပြားကင်ဆာ တွေကနေ ကာကွယ်ပေးမယ့် Sunscreen Sunscreenနဲ့ ပတ်သက်လာရင် သိထားဖို့လိုတဲ့ ‘W’ ၅လုံး ရှိပါတယ်။ WHO (ဘယ်သူတွေ လိမ်းဖို့လိုသလဲ) နေရောင်တဲ့ထိတွေ့တဲ့ ဘယ်သူမဆို […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

အသားအရေ ထိန်းသိမ်းခြင်း

လေဆာနှင့် မျက်ရစ်ပြင်ခြင်း

လေဆာအသုံးပြုပြီး မျက်ရစ်ပြုပြင်ခြင်းဟာ မျက်ရစ်တွဲကျခြင်းကို ပြုပြင်နိုင်ဖို့အတွက် မလိုအပ်တဲ့ အရေပြား၊ကြွက်သားနဲ့ အဆီတွေဖယ်ထုတ်ပစ်ခြင်းပဲ ဖြစ်ပါတယ်။ သင်အသက်ကြီးလာတာနဲ့အမျှ မျက်ခွံတွေဟာ လျော့ရဲလာပြီး ထောက်မပေးထားတဲ့ ကြွက်သားတွေကလည်း တဖြည်းဖြည်းနဲ့ အားနည်းလာပါပြီ။ တချိန်တည်းမှာပဲ မျက်ခွံရဲ့ အပေါ်နဲ့ အောက်ဖက်တွေမှာ အဆီတွေကလည်း စုပုံလာတာကြောင့် မျက်ခုံးရော၊မျက်ခွံကပါ အောက်ကို တွဲကျလာပါတယ်။ ပိုဆိုးတာက ဒီလိုမျိုးမျက်လုံးဘေးတဝိုက်မှာ အရေပြားတွဲကျနေတာကြောင့် သူတို့အနေနဲ့ ဘေးဖက်ကို ကောင်းကောင်းမမြင်ရတော့တဲ့အတွက် ပိုပြီးအိုမင်းနေသလို ဖြစ်လာရပါတယ်။ အခု ခွဲစိတ်ပြုပြင်မှုက ဒီပြဿနာတွေကို ဖြေရှင်းပေးနိုင်ပါတယ်။   မျက်ရစ်ပြင်တယ်ဆိုတာ ဘာလဲ။ ဆေးရုံတက်စရာမလိုဘဲ ပြင်ပလူနာအဖြစ်နဲ့ပဲ ဒီကုသမှုကို ခံယူနိုင်ပါတယ်။ မျက်ရစ်ပြင်ခြင်းဟာ သင့်အတွက်တကယ်သင့်တော်တဲ့ ကုသမှုဟုတ်မဟုတ်ကို သိရှိနိုင်ဖို့ အရင်ကြိုးစားရပါမယ်။ သင့်အနေနဲ့ ဒီကုသမှုကနေ ဘာတွေမျှော်လင့်ထားသလဲ။ မျက်ရစ်ပြင်ခြင်းရဲ့ ကောင်းကျိုးဆိုးပြစ်တွေက ဘာလဲ ဆိုတာကို သိရှိအောင် အရင်လုပ်ရပါမယ်။ လေဆာအသုံးပြုပြီး မျက်ရစ်ပြင်ခြင်းဟာ အပေါ်မျက်ခွံနဲ့ အောက်မျက်ခွံမှာရှိတဲ့ […]


အသားအရေ ထိန်းသိမ်းခြင်း

အလှအပရေးရာအတွက် ဗီတာမင် ကေ ရဲ့ ကောင်းကျိုးများ

သင့်အလှအပကို ထိန်းသိမ်းဖို့နဲ့ ကျန်းမာကောင်းမွန်တဲ့ အသားအရေကို ပိုင်ဆိုင်ဖို့အတွက် သင်နေ့စဉ်စားတဲ့ အစားအသောက်တွေထဲမှာ ဗီတာမင် K ပါဝင်ဖို့လည်း အရေးတကြီးလိုအပ်ပါတယ်။ ဟင်းနုနွယ်၊ဂေါ်ဖီစိမ်းတမျိုး၊ပင်စိမ်းနဲ့ တရုတ်နံနံ အစရှိတဲ့ ဟင်းသီးဟင်းရွက်အမျိုးမျိုးမှာ ဗီတာမင် K ကို တွေ့ရပြီး သူတို့တတွေရဲ့ အလှအပရေးရာနဲ့ ကျန်းမာရေးအပေါ် အကျိုးသက်ရောက်မှုက အံ့မခန်းပဲ ဖြစ်ပါတယ်။ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပြီး ဗီတာမင် K အကြောင်း ဆက်လက်လေ့လာလိုက်ရအောင်။ မျက်ကွင်းညိုတာကို ပျောက်စေတဲ့ ဗီတာမင် K ဒီခေတ်ကြီးမှာ လှုပ်ရှားသွားလာ လုပ်ကိုင်ရတာ ဖိအားတွေလည်း များသမို့ အမျိုးသမီးအတော်များများဟာ စိတ်ဖိစီးမှုတွေကို ခံစားရပြီး အိပ်ချိန်မမှန်တာမျိုးတွေ၊အိပ်မပျော်တာမျိုးတွေ ဖြစ်လာတတ်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ မျက်ကွင်းတွေညိုလာတတ်တဲ့အတွက် အလှအပကိုပါ ထိခိုက်စေပါတယ်။ ဒီလိုဖြစ်လာရင် သင့်အနေနဲ့ ဗီတာမင် K ပါဝင်တဲ့ အစားအစာတွေ ဒါမှမဟုတ် အလှကုန်ပစ္စည်းတွေကို သုံးစွဲမယ်ဆိုရင် မျက်ကွင်းညိုတာတွေ ပျောက်ကွယ်သွားမှာဖြစ်ပြီး […]


အသားအရေ ထိန်းသိမ်းခြင်း

လေဆာကုသမှုတွေနဲ့ အရေပြားကို ဘယ်လိုနုပျိုအောင် လုပ်မလဲ

အရေပြား ထိန်းသိမ်းခြင်းဟာ အမျိုးသမီးတွေ အတွက်သာမက အမျိုးသားတွေအတွက်ပါ အကျိုးရှိပါတယ်။ အထူးသဖြင့် အရေပြား အရေးအကြောင်း၊ အမာရွတ်ရှိသူတွေဟာ အရေပြားကို ပိုမို ငယ်ရွယ်ချောမွတ်အောင် ပြုလုပ်ကြပါတယ်။ ယခုခေတ်မှာတော့ နည်းပညာတွေ တိုးတက်လာတာကြောင့် အရေပြားကို ငယ်ရွယ်နုပျိုစေနိုင်မယ့် နည်းလမ်းများစွာ ရှိပါတယ်။ ယခုခေတ်မှာတော့ laser skin resurfacing နဲ့ laser skin tightening ကို လူကြိုက်များပါတယ်။ ၁။ Laser skin resurfacing ဟာ ဘယ်လိုအလုပ်လုပ်ပါသလဲ။ ဒီကုထုံးဟာ အရေးအကြောင်းတွေ၊ အသားအရေ မညီခြင်းတွေ၊ အမာရွတ်တွေ၊ အခြားအသက်ကြီးခြင်းကြောင့် ဖြစ်လာတဲ့ အစက်အပြောက်တွေကို ပြန်လည်ကောင်းမွန်စေဖို့ အလင်းတန်းကို အသုံးပြုပြီး အရေပြားအလွှာမျိုးစုံကို ကုသပေးတာဖြစ်ပါတယ်။ ကုသမှုအပြီး အချိန်အနည်းငယ်ကြာချိန်မှာ သင့်အရေပြားဟာ ပိုမိုနုပျို ချောမွေ့နေတာကို ခံစားရနိုင်ပါတယ်။ Laser skin resurfacing နည်းလမ်းနှစ်မျိုးရှိပါတယ်။ […]


အခြားအရေပြားပြဿနာများ

လေဆာကုထုံးနဲ့ melasma ကို ဘယ်လိုကုသမလဲ

အာရှအသားအရေဟာ ရောဂါအခြေအနေအမျိုးမျိုး ဖြစ်နိုင်ခြေရှိပြီး ရောဂါတစ်မျိုးကတော့ melasma လို့ခေါ်တဲ့ အရေပြားအရောင်ရင့်ခြင်း ပဲဖြစ်ပါတယ်။ သင့်မှာ melasma ရှိတာကြောင့် ရုပ်ရည်နဲ့ပတ်သက်ပြီး ယုံကြည်ချက်မရှိဘူးဆိုရင် သင့်ကို သတင်းကောင်းပေးလိုပါတယ်။ သိပ္ပံပညာရှင်တွေဟာ melasma ရဲ့ ကုသနည်းကို ရှာဖွေတွေ့ရှိခဲ့ကြပြီး ဒါကတော့ လေဆာကုထုံးပဲဖြစ်ပါတယ်။ Melasma ဆိုတာဘာလဲ။ သင့်အရေပြားရဲ့ အရောင်ကို melanin ပမာဏက ဆုံးဖြတ်ပေးပါတယ်။ melasma ဟာ melanin ပိုထုတ်ခြင်းကြောင့် ဖြစ်တတ်တဲ့ အသားအရောင်ရင့်ခြင်း တစ်မျိုးဖြစ်ပါတယ်။ သူတို့ဟာ နဖူး၊ ပါး၊ အပေါ်နှုတ်ခမ်းနဲ့ မေးရိုးတစ်လျှောက်မှာ အညိုရောင် အစက်အပြောက်တွေ အဖြစ်တွေ့မြင်ရပြီး နေရောင်၊ ဟော်မုန်းကြောင့် ဖြစ်တာများပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေဟာ ဟော်မုန်းအစားထိုးကုသမှု ခံယူနေသူတွေမှာ melasma ကို တွေ့ရတာဖြစ်ပါတယ်။ နေရောင်ခြည် ရရှိမှုများတဲ့ နေရာတွေ ဖြစ်တဲ့ အာရှနဲ့ […]


ဝက်ခြံ

ဝက်ခြံအမာရွတ်တွေကိုကုသကြမယ်

ဝက်ခြံတွေဟာ ဆယ်ကျော်သက်အရွယ်ရော၊ လူကြီးဘဝမှာပါ ကြုံရအများဆုံး အရေပြားပြဿနာတစ်ခုဖြစ်တယ်။ ဝက်ခြံတွေက ပြင်ပပုံပန်းသွင်ပြင်တင်မကဘဲ စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်စေပါတယ်၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနည်းစေတာမျိုးပေါ့။ ဝက်ခြံတွေပျောက်သွားသည့်တိုင်အောင် ထိုဝက်ခြံတွေကြောင့် အမာရွတ်တွေကျန်ခဲ့တာမျိုးဖြစ်တတ်ပါတယ်။ ဝက်ခြံအမာရွတ်အမျိုးအစား အမာရွတ်တွေဟာ ရောင်ရမ်းသွားတဲ့ဝက်ခြံတွေကြောင့် ပျက်စီးသွားတဲ့အရေပြားတစ်သျှူးတွေကို ပြန်လည်ပြင်ဆင်ရာမှဖြစ်ပေါ်လာတာပါ။ ပြည်တည်နေသော ဝက်ခြံဖုများကသာရောင်ရမ်းတတ်ပြီး ဆားဝက်ခြံတွေ၊ အမဲစက်တွေက မရောင်ရမ်းတာကြောင့် အမာရွတ်အဖြစ်ကျန်ခဲ့နိုင်ချေနည်းပါတယ်။ ပိတ်သွားတဲ့ချွေးပေါက်တွေဟာ ရောင်ရမ်းပြီး ပေါက်ထွက်သွားတဲ့အခါ ဆဲလ်အသေတွေ၊ အဆီတွေ၊ ဘတ်တီးရီးယားတွေဟာ အနားပတ်ဝန်းကျင်က ဆဲလ်တွေဆီပျံ့သွားပါတော့တယ်။ ထိခိုက်သွားတဲ့ အရေပြားဆဲလ်တွေ၊ တစ်သျှူးတွေ ပြန်လည်ပြင်ဆင်ရာမှ ပုံမှန်အရေပြားတစ်သျှူးနဲ့ မျက်နှာပြင်ရော၊ အမြင်အရပါ မတူတဲ့ အမာရွတ်တစ်သျူးတွေ ဖြစ်လာစေပါတယ်။   အမာရွတ်နှစ်မျိုးရှိပါတယ် ပထမတစ်မျိုးက ပုံမှန်အရေပြားထက်မြင့်တက်နေသော အမာရွတ်မျိုးတွေဖြစ်တယ်။ ရင်ဘတ်၊ ကျောဘက်တွေမှာ အဖြစ်များပြီး ဝက်ခြံကြောင့် အရေပြားတစ်သျှုးများပြန်လည်ကုစားရာမှာ ကော်လဂျင်(collagen) အများအပြားသုံးခြင်းကြောင့် ဖြစ်လာရပါတယ်။ နောက်တစ်မျိုးက ပုံမှန်အရေပြားထက် ချိုင့်သော အမာရွတ်မျိုးဖြစ်ပြီး မျက်နှာပေါ်မှာအဖြစ်များပါတယ်။ အရေပြားတစ်သျုးတွေပြန်ပြင်ရာမှာ ဆုံးရှုံးသွားသောတစ်သျုးများရှိတာကြောင့် […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဆံပင်ကျွတ်ခြင်းနှင့် မီဆိုကုထုံး

ဆံပင်ဖီးလိုက်တိုင်း ဆံပင်တွေကျွတ်နေပါသလား။ ဆံစပ်လေးနောက်ဆုတ်ဆုတ်သွားလို့ ဘာလုပ်ရမယ်မသိဖြစ်နေပြီလား။ ကြိုးစားကြည့်နိုင်တဲ့ သဘာဝဆေးနည်းတွေ၊ ဆေးခေါင်းလျှော်ရည်တွေ အများကြီးရှိပါတယ်။ Mesotherapy လို့ခေါ်တဲ့ အလှအပရေးရာကုသမှုတစ်မျိုးကိုလည်း ထည့်စဉ်းစားကြည့်နိုင်ပါတယ်။ Mesotherapy ကဘယ်လိုတွေလုပ်ပေးနိုင်လဲ ကြည့်လိုက်ရအောင်။ Mesotherapy ဆိုတာဘာလဲ Mesotherapy ဆိုတာ mesoderm လို့ခေါ်တဲ့ အရေပြားအလယ်လွှာဆီ လိုအပ်တဲ့ အာဟာရနဲ့ပစ္စည်းတွေကို မခွဲမစိတ်ဘဲ ထုံဆေးသုံးပြီး ပေးပို့တဲ့နည်းတစ်နည်းဖြစ်ပါတယ်။ ဘေးထွက်ဆိုးကျိုးနည်းနည်း၊ အန္တရာယ်နည်းနည်းနဲ့ လိုအပ်တဲ့နေရာကို လုံလောက်တဲ့ထိရောက်မှုရအောင် အတိအကျဦးတည်ကုသနိုင်သောနည်းဖြစ်တယ်။ Mesotherapy မှာ သင့်အခြေအနေ၊ ဒီမှာဆိုရင် ဆံပင်ကျွတ်တာကုဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေ၊ အာဟာရတွေပို့ဖို့ ဆေးထိုးအပ်သေးသေးလေးတွေသုံးပါလိမ့်မယ်။ အပ်တွေအစား အလင်းတန်းတွေသုံးတဲ့ needle-free mesotherapy လို့ခေါ်တဲ့ နည်းအသစ်လည်းပေါ်လာပါပြီ။ Mesotherapy ကဆံပင်ပေါက်ခြင်းကိုဘယ်လိုကောင်းစေနိုင်မလဲ Mesotherapy က ရုပ်ပိုင်းဆိုင်ရာရော၊ ဓါတ်ပိုင်းဆိုင်ရာနဲ့ပါ လှုံဆော်ပါတယ်။ အပ်လေးတွေကြောင့် အပေါက်ငယ်လေးတွေဖြစ်သွားတဲ့အခါ ပြန်လည်ကုဖို့အတွက် collagen နဲ့ elastin တွေထွက်လာပါတယ်။ ထို […]


ဝက်ခြံ

မီဆိုကုထုံးက ဝက်ခြံတွေအတွက်ဘယ်လိုထိရောက်သလဲ

ဝက်ခြံတွေဟာ ဆယ်ကျော်သက်ဘဝမှာရော၊ အသက်ကြီးသည်ထိတိုင်အောင် ကြုံရအများဆုံး အရေပြားပြဿနာတစ်ခုပါ။ မြန်မြန်ကုလေလေ၊ ပိုသက်သာလေလေဆိုတာသိပါသလား။ Mesotherapy ဆိုတာ ဝက်ခြံတွေအတွက် လွယ်ကူပြီး ထိရောက်မှုရှိတဲ့ ကုသနည်းတစ်ခုပါ။ လေ့လာကြည့်ရအောင်- ဝက်ခြံဖြစ်စေသောအရာများ ဝက်ခြံတွေဟာနာမည်ကြီးလွန်းပြီးသားပါ။ သင်လည်းသိပြီးသားဖြစ်မှာပေါ့။ ဒါပေမယ့် ဘာတွေက ဝက်ခြံတွေဖြစ်လာစေနိုင်လဲဆိုတာရော သိပါသလား။ သင့်ချွေးပေါက်၊ အဆီပေါက်တွေမှာ အဆီတွေ၊ ဆဲလ်အသေတွေနဲ့ ပြည့်သွားတဲ့အခါ ဝက်ခြံတွေဖြစ်လာတတ်ပါတယ်။ ဆဲအသေတွေဟာ အပေါက်ငယ်တွေထဲမှာပြည့်နေမယ်၊ ဒါမှမဟုတ် မျက်နှာပြင်ပေါ်လျှံတက်လာပါလိမ့်မယ်။ ဝက်ခြံဖြစ်စေတဲ့အချက်တချို့ကတော့- · ဟော်မုန်းတွေ- ဟော်မုန်းတွေက အဆီတွေထွက်စေပါတယ်။ ဒါကြောင့် သင့်ဟော်မုန်းတွေ မငြိမ်ချိန် ဆယ်ကျော်သက်ဘဝမှာ ဝက်ခြံတွေပေါက်လေ့ရှိတာပေါ့။ · အစားအသောက်- နို့ထွက်ပစ္စည်း၊ ကာဗွန်ဟိုက်ဒရိတ်ကြွယ်ဝတဲ့စားစရာတွေဟာ ဝက်ခြံတွေဖြစ်စေပါတယ်။ · ဆေးတွေ- တချို့ဆေးတွေဟာ ဝက်ခြံတွေပိုပေါက်စေတယ်။ ပိုသိရှိဖို့ ဆရာဝန်နဲ့တိုင်ပင်ကြည့်နိုင်ပါတယ်။ · အသားအရေညစ်ညမ်းတဲ့အခါ- ချွေးပေါက်၊ အဆီပေါက်တွေ လေမရတဲ့အခါ ဝက်ခြံတွေပိုဆိုးနိုင်ပါတယ်။ ချွေးထွက်ခြင်း၊ အရေပြားကိုထိတွေ့ကိုင်တွယ်ခြင်းတွေက ချွေးပေါက်၊ အဆီပေါက်တွေကိုမသန့်စေပါဘူး။ […]


အသားအရေ ထိန်းသိမ်းခြင်း

မျက်နှာပင့်တင်ခြင်းနည်းဖြင့် မျက်နှာပြုပြင်မယ်

အသက်ကြီးလာတဲ့အခါ အရေပြားတွေပျော့တွဲကျလာပါတော့တယ်။ ဒါပေမယ့် ထိုအိုမင်းသွားတဲ့ အရေပြားကို ကုသဖို့ နည်းတချို့တော့ရှိပါတယ်။ Thread lift လို့ခေါ်တဲ့ မျက်နှာပင့်တင်းခြင်းတစ်မျိုးက လတ်လောမှာ လူသုံးများ နာမည်ကြီးနေတဲ့နည်းတစ်ခုဖြစ်တယ်။ ဘယ်လိုသင့်မျက်နှာကိုပြန်လည်ပြုပြင်နိုင်မလဲ ကြည့်လိုက်ကြရအောင်- Thread lift ဆိုတာဘာလဲ လျော့ရဲတွဲကျနေသော အရေပြားတွေအတွက် အထူးတွယ်အပ်တစ်မျိုးကိုသုံးကာ ပြုပြင်သောနည်းဖြစ်တယ်။ ခွဲမှု စိတ်မှု ဖြတ်မှု ရှမှု တစ်ခုမှမရှိဘဲ Thread lift ဟာ ဥရောပ၊ အမေရိကနဲ့ အာရှတခွင်မှာ နာမည်ကြီးပါတယ်။ အိုမင်းနေသောအသားအရေကို တင်းရင်းလှပစေပြီး အရေးကြောင်းများလျော့ပါးစေပါတယ်။ ဘာကြောင့်အသားအရေလျော့ရဲလာရသလဲ အသက်ကြီးလာတာနဲ့အမျှ သင့်ခန္ဓါကိုယ်မှာ collagen နဲ့ elastine တွေအထွက်နည်းလာပါတော့တယ်။ ထို collagen နဲ့ elastine တွေဟာ သင့်အရေပြားတင်းရင်းစေဖို့ အဓိကလိုအပ်တဲ့အရာတွေပါ။ ဒါကြောင့်ထို collagen နဲ့ elastine တွေမလုံလောက်တော့တဲ့အခါ အရေးကြောင်းတွေဖြစ်လာတယ်၊ မျက်နှာကိုပိုအိုစေပါတော့တယ်။ thread lift နည်းကမျက်နှာကိုဘယ်လိုပြုပြင်နိုင်သလဲ thread […]


အသားအရေ ထိန်းသိမ်းခြင်း

မျက်နှာအရေပြားပင့်တင်ခြင်းများ၏အနာဂတ်

အရေပြားလျော့ရဲတွဲကျခြင်းဟာ အိုမင်းလာခြင်းရဲ့ လက္ခဏာတစ်ခုပါ။ ဒါပေမယ့် ဒါကို မျက်နှာပင့်တင်ခြင်းနည်းများဖြင့် ပြုပြင်နိုင်ပါတယ်။ Thread lift ဟုခေါ်သော မျက်နှာပင့်တင်ခြင်းနည်းဟာ ‘မျက်နှာပင့်တင်ခြင်းနည်းတွေရဲ့ အနာဂတ်’ လို့ခေါ်ရလောက်အောင်ထိ တစ်နေ့တခြားနာမည်ကြီးလာသော နည်းတစ်နည်းဖြစ်ပါတယ်။ ထိုနည်းနဲ့ပတ်သတ်လို့ ဘာကြောင့်နာမည်ကြီးခေတ်စားလာရသလဲ သိရဖို့ လေ့လာကြည့်လိုက်ရအောင်။ Thread lift ဆိုတာဘာလဲ အသက်အရွယ်အိုမင်းခြင်းကြောင့် အရေပြားလျော့ရဲခြင်းအတွက် ခွဲစိတ်စရာမလိုတဲ့ မျက်နှာပင့်တင်ပေးသောနည်းတစ်မျိုးဖြစ်တယ်။ ကုသလိုတဲ့ အရေပြားအောက်မှာ တွယ်အပ်များထည့်ပေးခြင်းဖြင့် ကုသသောနည်းဖြစ်ပါတယ်။ ခွဲစရာ၊စိတ်စရာမလိုဘဲ အပ်လေးထိုးရုံနဲ့ပြီးသွားတဲ့ နည်းတစ်နည်းပါ။ အရေပြားထဲကို ထိုးအပ်နဲ့ထည့်လိုက်တဲ့ တွယ်အပ်ငယ်လေးတွေက တွဲကျနေတဲ့ တစ်သျှူးများကို ထိန်းပေးပါလိမ့်မယ်။ ထိုနည်းဟာ အရေပြားကို တင်းရင်းစေပြီး အရေးကြောင်းများလျော့ပါးသွားစေနိုင်ပါတယ်။ နှစ်နည်းရှိပါတယ်။ သုံးတဲ့တွယ်အပ်ပေါ်မူတည်ပြီး ခွဲခြားတယ်- ပျော်ဝင်သောတွယ်အပ်နဲ့၊ မပျော်ဝင်သောတွယ်အပ်တို့ဖြစ်တယ်။ ကုသမှုပြီးလျှင် ရလဒ်က ၂ နှစ်ခန့်ခံပါတယ်။ ဥရောပ၊ အမေရိက၊ အာရှတခွင်မှာ ထိုနည်းကို အောင်မြင်စွာအသုံးပြုလျက်ရှိတယ်။ ဘာကြောင့်နာမည်ကြီးရသလဲ ပုံမှန်မျက်နှာပင့်တင်ခြင်းနည်းများနှင့် ယှဉ်ကြည့်ပါက အကျိုးကျေးဇူးများတွေ့ရမည်ဖြစ်တယ်။ ခွဲစိတ်ကုသမှုလောက် ရလဒ်မရပေမယ့် […]


အသားအရေ ထိန်းသိမ်းခြင်း

လေဆာဖြင့်အရေပြားစားခြင်းနည်း ၅ မျိုး

လေဆာဖြင့်အရေပြားမျက်နှာပြင်စားခြင်းဟာ ဝက်ခြံအမာရွတ်တွေ၊ အဆီပေါက်၊ ချွေးပေါက်များကျယ်ခြင်းတွေအတွက် အထိရောက်ဆုံးနည်းများမှ တစ်နည်းဖြစ်တယ်။ သုံးနေကျနည်းလမ်းတွေအပြင် နည်းအသစ်တွေပါ ထပ်မံတွေ့ရှိလာကြပါတယ်။ နည်းအမျိုးမျိုးကိုသိရှိပြီး သင့်အတွက်အသင့်တော်ဆုံးနည်းကိုရှာတွေ့ဖို့အတွက် ဒီအချက်လေးတွေကိုကြည့်လိုက်ရအောင်-   လေဆာဖြင့်အရေပြားစားခြင်းနည်းလမ်းအမျိုးမျိုးကို မသိရှိမီ အရင်နားလည်ထားသင့်တဲ့ အခေါ်အဝေါ်လေးတွေရှိပါတယ်။ · လှိုင်းအလျား - သင့်အရေပြားဆီပို့လွှတ်မယ့် အလင်းသွားမည့် အကွာအဝေးဖြစ်တယ်။ နာနိုမီတာနှင့်တိုင်းတာပြီး လှိုင်းအလျားရှည်လေလေ၊ သင့်အရေပြားပိုနက်ရာဆီဖောက်နိုင်လေလေပါပဲ။ · စုတ်ယူခြင်း - သင့်အရေပြားက ကုသမည့်အလင်းကို မည်မျှကောင်းကောင်းစုတ်ယူနိုင်သလဲ ဆိုတာကိုဖော်ပြဖို့သုံးပါတယ်။ · အလင်းပြန်ခြင်း၊ အလင်းကွဲခြင်း - လှိုင်းအလျားတိုလေလေ၊ အရေပြားကော်လဂျင်တွေကြောင့် အလင်းပြန်သွား၊ ကွဲသွားဖို့နည်းလေလေပါပဲ။ စိတ်ဝင်စားစရာကောင်းအောင်ပဲ လှိုင်းအလျား ၅၃၂-၁၀၆၄ နာနိုမီတာရှိတဲ့ laser Q-switch ကလှိုင်းအလျား ၁၀၆၀၀ ရှိတဲ့ laser CO2 ထက်ပိုနက်နက်ဖောက်နိုင်ပါတယ်။ နည်းလမ်း ၅ မျိုးရှိတယ်- ၁။ Q-switch Laser ဒီနည်းဟာ လှိုင်းအလျားအမျိုးမျိုးရှိသော အလင်းတန်းများကိုသုံးပြီး သင့်အသားအရေကိုကုသတယ်။ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Hello Sayarwon Medical Panel

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း