အလှဆီ – အရေပြားကိုချောမွေ့စေပြီး အစိုဓါတ်ထိန်းပေးတဲ့ သဘာဝပစ္စည်းတစ်မျိုးပါ။
ဂျိုဂျိုးဘားဆီ – အရေပြားအတွက် အကောင်းဆုံးအာဟာရဖြည့်ပေးပါတယ်။။ အရေပြားကိုချောမွေ့နူးညံ့စေပါတယ်။
ဗီတာမင် အီး – ဓါတ်တိုးဆန့်ကျင်ပစ္စည်းတစ်ရပ်ဖြစ်သလို အရေပြားကိုလည်း အစိုဓါတ်ထိန်းပေးပါတယ်။ နှုတ်ခမ်းကိုလည်းနေရောင်ဒဏ်ကနေကာကွယ်ပေးနိုင်ပါတယ်။
အုန်းဆီ – အရေပြားခြောက်သွေ့ယားယံတာကို သက်သာစေပါတယ်။ နှုတ်ခမ်းသားကိုနူးညံ့စေပြီး အစိုဓါတ်ထိန်းပေးပါတယ်။
ပျားဖယောင်း – အရေပြားကို အာဟာရဓါတ်ဖြည့်ပေးပါ။ရောင်ရမ်းမှုကိုလျော့ကျစေနိုင်သလို ဘက်တီးရီးယားတွေကိုလည်းသေစေနိုင်တာကြောင့် အရေပြားမထိခိုက်အောင်လုပ်ဆောင်ပေးပါတယ်။
ဗီတာမင်အေ နဲ့ ဗီတာမင် ဒီ – ဒီဗီတာမင်တွေမှာ fatty acid ပါဝင်နေတာကြောင့် အရေပြားကလိုအပ်တဲ့ အာဟာရဓါတ်တွေကို အလွယ်တကူစုပ်ယူနိုင်စေပါတယ်။ အရေပြားကိုချောမွေ့စေပြီး အနာကျက်မြန်စေပါတယ်။
နှုတ်ခမ်းကွဲတာကို အိမ်သုံးပစ္စည်းတွေနဲ့ သက်သာအောင်လုပ်ဆောင်မယ်
မိမိအိမ်မှာ အလွယ်တကူရနိုင်တဲ့ ပစ္စည်းလေးတွေကို အသုံးပြုပြီးနှုတ်ခမ်းကွဲတာကို သက်သာအောင်လုပ်ဆောင်လို့ရပါတယ်။ နှုတ်ခမ်းကို အစိုဓါတ်ထိန်းပေးခြင်းက နှုတ်ခမ်းသားကိုခြောက်သွေ့ကွဲအက်တာတေါကနေကာကွယ်နိုင်မယ့် အကောင်းဆုံးသောနည်းလမ်းတစ်ရပ်ပါ။ နှုတ်ခမ်းအစိုဓါတ်ထိန်းပေးနိုင်မယ့် အိမ်သုံးအစစဉ်းလေးအချို့နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။
ပျားရည် – ပျားရည်က နှုတ်ခမ်းအစိုဓါတ်ကိုထိန်းပေးနိုင်တဲ့ အကောင်းဆုံးသော အစိုဓါတ်ထိန်းပစ္စည်းပါ။ ညအိပ်တဲ့အခါ နှုတ်ခမ်းမှာ ပျားရည်လူပြီး အိပ်ပေးပါ။ နှုတ်ခမ်းကိုနေရောင်ကြောင့် ညိုမဲမှုကနေသက်သာစေပြီး သန့်ရှင်းစေမှာဖြစ်ပါတယ်။
လက်ဖက်စိမ်းရေနွေးအိတ်လေးတွေ – အသုံးပြုပြီးသား လက်ဖက်စိမ်းရေနွေးအိတ်လေးကို နှုတ်ခမ်းပေါ်မှာ ၄ မိနစ်လောက်ဖိကပ်ပေးပါ။နေပတိုင်းလုပ်ပေးမယ်ဆိုရင် နှုတ်ခမ်းခြောက်သွေ့ ကွအြက်တာကို သက်သာစေမှာဖြစ်ပါတယ်။
သံပုရာရည် – နို့လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာကို သံပုရာရည် ၃ စက်နဲ့ရောပြီးရေခဲသေတ္တာထဲမှာ တစ်နာရီလောက်ထားပေးပါ။ မအိပ်ခင် နှုတ်ခမ်းမှာ အဆိုပါရောစပ်ထားတဲ့အရည်ကိုလူးပေးပါ။ နှုတ်ခမ်းသားကို တင်းရင်းပြည့်ဖြိုးစေမှာဖြစ်ပါတယ်။
ဂျိုဂျိုးဘားဆီ – နှုတ်ခမ်းကွဲတာကို သက်သာစေနိုင်တဲ့အာနိသင်ရှိပါတယ်။ နှုတ်ခမ်းကွဲတဲ့နေရာမှာ လူဒပေးမယ်ဆိုရင် နျှုတ်ခမ်းကွဲတာကို သက်သာစေမှာဖြစ်သလို နှုတ်ခမ်းကိုလည်းရေဓါတ်ပြည့်ဝစေမှာဖြစ်ပါတယ်။
သခွားသီး – နှုတ်ခမ်းကို အခွံနွှာထားတဲ့ သခွားသီးနဲ့ပွတ်ပေးပါ။ သခွားသီးအရည်ကို နှုတ်ခမ်းမှာစွတ်ပေးပြီး မိနစ် ၂၀လောက်ထားပေးပါ။ပြီးတဲ့နောက်ရေနဲ့ဆေးချလိုက်ပါ။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။