အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားကင်ဆာ တွေကနေ ကာကွယ်ပေးမယ့် Sunscreen

နေရောင်ခြည်နဲ့ ထိတွေ့မှုများရင် နေလောင်တာ၊ အရေပြားတွေ ပျက်စီးတာကိုတော့ သိထားကြမှာပါ။ နောက်ထပ် ပိုအရေးကြီးတဲ့အချက်က နေရောင်ခြည်မှာပါတဲ့ UVလှိုင်းတွေက အရေပြားကင်ဆာ ဖြစ်စေနိုင်တယ်ဆိုတာပါပဲ။ အရေပြားကင်ဆာဖြစ်စေတဲ့ အချက်တွေထဲမှာ နေရောင်ခြည်က ထိပ်ဆုံးက ပါနေပါတယ်။ ဒါကြောင့် နေရောင်ခြည်ကို ကာကွယ်တာက အရေပြားကင်ဆာကို ကာကွယ်နေတာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ Sunscreenတွေက အရေးကြီးလာပါပြီ။ Sunscreenတွေက နေရောင်ခြည်က UVလှိုင်းတွေကို ကာကွယ်ပေးနိုင်တာကြောင့် Sunscreenတွေကို ပုံမှန်လိမ်းတာက အရေပြားကင်ဆာကို ကာကွယ်နည်းတစ်မျိုးပါပဲ။ Sunscreenလိမ်းတာအပြင် နေပူထဲသွားတဲ့အခါ ထီး၊ ဦးထုပ်ဆောင်းမယ်၊ အဝတ်အစားကို လုံလုံခြုံခြုံဝတ်မယ်ဆိုရင် အရေပြားကင်ဆာ ဖြစ်နိုင်ခြေက တော်တော်ကြီး နည်းသွားမှာ ဖြစ်ပါတယ်။ အရေပြားကင်ဆာ တွေကနေ ကာကွယ်ပေးမယ့် Sunscreen Sunscreenနဲ့ ပတ်သက်လာရင် သိထားဖို့လိုတဲ့ ‘W’ ၅လုံး ရှိပါတယ်။ WHO (ဘယ်သူတွေ လိမ်းဖို့လိုသလဲ) နေရောင်တဲ့ထိတွေ့တဲ့ ဘယ်သူမဆို […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

အသားအရေ ထိန်းသိမ်းခြင်း

အရေပြားထိန်းသိမ်းမှုဆိုင်ရာဗဟုသုတများ

နုပျိုလတ်ဆတ်သောအသားအရေကိုနေ့တိုင်းပိုင်ဆိုင်လိုပါ ကအရေပြားကိုအနည်းငယ်ဂရုစိုက်သင့်ပါတယ်။ မနက်ခင်း အသားအရေအခြေအနေသည်ညရှိအသားအရေထိန်းသိမ်း ထားမှုပေါ်တွင်မူတည်ပါတယ်။ ထို့ကြောင့်မနက်ဖြစ်စေည ဖြစ်စေအရေပြားကိုဂရုစိုက်သင့်ပါတယ်။ Cleansing လုပ်ပါ။ သင့်အရေပြားနှင့်ကိုက်ညီသော facial cleanser နှင့်သန့် စင်ပါ။ သင့်မျက်နှာကိုစက်ဝိုင်းပုံစံနှိပ်နယ်ရန်မမေ့ပါနှင့်။ မျက်နှာကိုသာမန်ဆပ်ပြာနှင့်သစ်ပါကအသားခြောက် စေသောကြောင့်မသစ်သင့်ပါဘူး။ အသားခြောက်ပါကသင့် တော်သော cleanser သို့ cleansing မလုပ်ဘဲရေနွေးနွေး နှင့်သစ်သင့်ပါတယ်။ ညဘက်တွင်မျက်နှာသစ်ပါကအရေပြားဆဲလ်အသေများ၊ မိတ်ကပ်နှင့် ဖုန်အညစ်အကြေးများကိုသန့်စင်ပေးနိုင် သဖြင့်အရေးပါသောအဆင့်ဖြစ်ပါတယ်။ cleansing လုပ် ခြင်းဖြင့်အရေပြားပြဿနာများကိုကာကွယ်နိုင်ပြီးskincare လိမ်းလျှင်အရေပြားအတွင်းသို့စိမ့်ဝင်လွယ်စေပါတယ်။ cleansingလုပ်ပါကသန့်ရှင်းနူးညံ့သောအဝတ်နှင့်လုပ်ရန်မ မေ့ပါနှင့်။ Serums Water-based serum များသည်အသားခြောက်ခြင်း၊ အိုမင်းရင့်ရော်ခြင်းနှင့် ပတ်ဝန်းကျင်အညစ်အကြေးများမှ ကာကွယ်ပေးပါတယ်။ ထို့ပြင်အရေပြားထဲသို့စိမ့်ဝင်လွယ် စေပါတယ်။ သင့်အရေပြားသည်ဓါတ်မတည့်ဖြစ်တတ်ပါက အရေပြားခြောက်မှ serum လိမ်းသင့်ပါတယ်။ ညနေခင်းအချိန်သည်serumလိမ်းရန်အကောင်းဆုံးအချိန် ဖြစ်ပါတယ်။ retinol ပါသော serum များသည်အလင်း ရောင်ရှိပါကပျက်စီးနိုင်သောကြောင့်အပြင်သွားမည်ဆိုပါက မလိမ်းသင့်ပါဘူး။ retinol ပါသော serum များကိုကိုယ်ဝန် ဆောင်ချိန်၊ နို့တိုက်ချိန်နှင့် […]


ဝက်ခြံ

ဘယ်လိုဝက်ခြံအမျိုးအစားတွေရှိသလဲ

ဝက်ခြံဆိုတာဘာလဲ? ဝက်ခြံဟာဆယ်ကျော်သက်လူငယ်နှင့်သက်လတ်ပိုင်းအများစုမှာတွေ့ရလေ့စှိတဲ့အရေပြားပြသနာတစ်ခုပင်ဖြစ်သည်။ ချွေးပေါက်ထဲတွင်ဆဲလ်သေနှင့်အဆီများစုဝေးလာသောအခါ ချွေးပေါက်ပိတ်ဆို့ပြီး ဝက်ခြံဖြစ်ပေါ်လာသည်။   ဘာကြောင့်ဝက်ခြံပေါက်လာသလဲ? ဝက်ခြံဖြစ်ပေါ်စေသော အဓိကအကြောင်းရင်း နှစ်ခုမှာ ဟိုမုန်းအပြောင်းအလဲနှင့် ဘက်တီးရီးယားကြောင့်ပင်ဖြစ်သည်။ လူငယ်များ အပျို/လူပျိုဝင်စအချိန်တွင် ဟိုမုန်းအပြောင်းအလဲကြောင့်အဆီဂလင်းမှ အဆီထုတ်မှုပိုများလာသည်။ ထိုအဆီနှင့်ဆဲလ်သေပိတ်ဆို့မှုဟာ ဘက်တီးရီးယားပေါက်ပွားမှုကိုအားပေးပြီး ရောင်ရမ်းဝက်ခြံများကိုဖြစ်ပေါ်စေနိုင်ပါတယ်။ အခြားဝက်ခြံကိုပိုဆိုးစေသောအရာများကတော့ အရေပြားညစ်ပတ်ခြင်း၊ ဝက်ခြံညစ်ခြင်း၊ အစားအစာမျှတမှုမရှိခြင်း၊ ပင်ပန်းခြင်းတို့ပါဝင်သည်။ ဘယ်လိုဝက်ခြံအမျိုးအစားတွေရှိသလဲ? ● ဆားဝက်ခြံခေါင်းဖြူ ချွေးပေါက်ရှိဆဲလ်သေ၊အဆီပိုများနှင့် ဘတ်တီးရီးယားများစုပေါင်းပြီး အရေပြားပေါ်သို့ အဖြူရောင်အစေ့သေးသေးများအဖြစ်ထွက်ပေါ်လာတတ်ပြီး အရေပြားကြမ်းတမ်းလာတတ်သည်။ ● ဆားဝက်ခြံခေါင်းမဲ ဆားဝက်ခြံခေါင်းဖြူကဲ့သို့ပင် ဖြစ်ပုံခြင်းတူညီပြီး ချွေးပေါက်ပွင့်၍အောက်ဆီဂျင်နှင့်ထိတွေ့ကာ မဲလာခြင်းဖြစ်သည်။ နှစ်ခုစလုံးမှာ သေချာကုသမှုမခံယူပါက ဝက်ခြံအကြီးစားထိဖြစ်သွားနိုင်သည်။ အနာဖတ် ဝက်ခြံပေါက်သွားသောအခါအထဲမှ ဘက်တီးရီးယားများအနားရှိအရေပြားကိုရောင်ရမ်းနီရဲစေသည်။ အနာဖု အတွင်းထဲထိလှိုက်စားရောင်ရဲနေသော အနာဖုများသည် ထိလိုက်သည့်အခါတိုင်းတွင် နာနေတတ်သည်။ ပြည်ဖု ဝက်ခြံတွင် ပြည်စုလာသောအခါ ပြည်ဖုဖြစ်လာသည်။ အရည်ကြည်ဖု ဝက်ခြံရောင်ရမ်းမှုအရမ်းဆိုးဝါးလာသောအခါ သားငန်ရည်၊ ပြည်များစုသွားပြီး အရည်ကြည်ဖုအဖြစ်ပြောင်းလဲသွားသည်။ ဝက်ခြံပျောက်အောင်ဘယ်လိုလုပ်ကြမလဲ? ပုံမှန်အရမ်းမဆိုးသော ဝက်ခြံများကို ဝက်ခြံပျောက်ဆေးလိမ်းပေးရင်ပျောက်တတ်ပါသည်။ သို့သော် အရမ်းရောင်ရမ်းနေသောဝက်ခြံများ၊ ဝက်ခြံပျောက်ဆေးနှင့်မသက်သာသောဝက်ခြံများကို အရေပြားဆရာဝန်နှင့်တိုင်ပင်ကုသဆွေးနွေးသင့်သည်။ ဝက်ခြံကိုကုသနိုင်သောတခြားနည်းလမ်းကုထုံးများမှာ ● အရေပြားအားဖြည့်ဆေးများထိုးခြင်း ● အရေပြားပြုပြင်ခြင်း ● လေဆာပစ်ခြင်း တို့ဖြစ်ကြသည်။ Hello Health Group […]


အသားအရေ ထိန်းသိမ်းခြင်း

ဆယ်ကျော်သက်တို့အတွက် အသားအရေထိန်းသိမ်းနည်း

နှလုံး၊ အစာအိမ်နဲ့ ဦးနှောက်တို့လိုပဲ အရေပြား ဟာလည်း ခန္ဓာကိုယ်ရဲ့ အင်္ဂါတစ်ခုပါ။ အင်္ဂါမှ ခန္ဓာကိုယ်မှာ အကြီးဆုံး အင်္ဂါတစ်ခုမဟုတ်ပါလား။ လူသားတွေကို ပိုးဝင်ခြင်းတွေ၊ နာမကျန်းဖြစ်ခြင်းတွေကနေ ကာကွယ်ပေးနေတဲ့ အရေပြားရဲ့ လုပ်ဆောင်ချက်တွေကို အထင်မသေးလိုက်ပါနဲ့။ တကယ်လို့များ အရေပြားကို ငယ်ငယ်လေးတည်းက ဂရုတစိုက်ထိန်းသိမ်းခဲ့မယ်ဆိုရင် သင့်ရဲ့ ဆယ်ကျော်သက်အရွယ်ကလေးအတွက် အနာဂတ်မှာဖြစ်လာနိုင်တဲ့ အရေပြား  ပြဿနာတွေကို လျှော့ချပေးနိုင်ပါလိမ့်မယ်။ ဥပမာ- အရေတွန့်ခြင်းနဲ့ အရေပြားကင်ဆာတို့လို ပြဿနာတွေပေါ့။ ဆယ်ကျော်သက်တို့အတွက် အသားအရေထိန်းသိမ်းနည်း ဆယ်ကျော်သက်တို့အတွက် အသားအရေထိန်းသိမ်းနည်း တွေကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ သင်က သင့်ရဲ့ ဆယ်ကျော်သက်ကလေးကို တစ်ရက်မှာ ၂ကြိမ် မျက်နှာအသားအရေကို သန့်စင်ပေးဖို့ သင်ကြားပေးရပါလိမ့်မယ်။ နံနက် နိုးလာပြီးတဲ့အချိန် တစ်ခေါက်နဲ့ ညဘက် အိပ်ရာမဝင်ခင် တစ်ခေါက်ပေါ့။ မျက်နှာမသစ်ခင်နဲ့ သစ်ပြီးတဲ့အချိန်တိုင်းမှာ သူတို့လက်ကို ဆေးကြောဖို့ မမေ့ပါစေနဲ့။ […]


အသားအရေ ထိန်းသိမ်းခြင်း

Oatmeal အစွမ်းနဲ့ မျက်နှာလေး လှစေဖို့

Oatmeal အစွမ်းနဲ့ မျက်နှာလေး လှစေဖို့ နည်းလမ်းလေးတွေ ကြည့်လိုက်ရအောင်နော်။ ပျိုပျိုမေတို့ရေ ဆိုင်မှာ ပေါင်းတင်တာထက် အိမ်မှာ သဘာဝပစ္စည်းလေးနဲ့ ပေါင်းတင်တာကို ပိုပြီး ကြိုက်တယ်ဆိုရင်တော့ ထိရောက်တဲ့နည်းလမ်းလေးနဲ့ ပေါင်းတင်ဖို့တော့ လိုတာပေါ့နော်။ ကိုယ့်ရဲ့ မျက်နှာလေး လှစေဖို့ဆိုရင်တော့ Oatmeal ရဲ့ အစွမ်းကတော့ အံ့မခန်းပါပဲ။ Oatmeal အစွမ်းနဲ့ မျက်နှာလေး လှစေဖို့ Oatmeal ကို အာရှမှာတော့ အသုံးပြုတာ နည်းပေမယ့် အနောက်နိုင်ငံတွေမှာတော့ မနက်စာအဖြစ် စားသုံးကြပါတယ်။ အုတ်ဂျုံလို့ ပြောပြီး ဝယ်လို့ရတယ်နော်။ ကွေကာအုပ်မှာ ပါတဲ့ အဖတ်လေးတွေ လိုပါပဲ။ Oatmeal မှာ အမျှင်ဓာတ်တွေ ပါဝင်ပြီး ကျန်းမာရေးအတွက် အထူးကောင်းမွန်သလို အလှအပအတွက်လည်း အရမ်းကို အသုံးဝင်ပါတယ်။Oatmeal မှာ အမိုင်နိုအက်စစ်ပါဝင်တာမို့ အသားအရေတွေ ကြည်လင်စေပါတယ် ။ […]


အသားအရေ ထိန်းသိမ်းခြင်း

ပြစ်မျိုးမှဲ့မထင် မျက်နှာလေးရဖို့ ငှက်ပျောသီးခွံလေးနဲ့ လုပ်ဆောင်ကြမယ်

ပြစ်မျိုးမှဲ့မထင် မျက်နှာလေးရဖို့ ငှက်ပျောသီးခွံလေးနဲ့ လုပ်ဆောင်ကြမယ် .... ဘယ်လိုလုပ်ရမလဲဆိုတာကို ဆက်ပြောပြပေးပါမယ်။ ပြစ်မျိုးမှဲ့မထင် မျက်နှာလေးရဖို့ ငှက်ပျောသီးခွံလေးနဲ့ လုပ်ဆောင်ကြမယ် ပျိုမဒီလေးတို့ရေ ငှက်ပျောသီး စားပြီးရင် အခွံလေးကို ဒီအတိုင်း လွှင့်ပစ်လိုက်တယ်ဆိုရင်တော့ အရမ်းနှမြောစရာ ကောင်းသွားပါပြီ။ ကိုယ့်ရဲ့ မျက်နှာလေး နုပျိုလှပပြီး အနာအဆာတွေ မရှိဖို့ဆိုတာ ဈေးကြီးတဲ့ skin care ထုတ်ကုန်တွေ သုံးနိုင်မှ မဟုတ်ပါဘူးနော်။ လက်လှမ်းမီတဲ့ အသီးလေးတွေနဲ့တင် ရနိုင်တာပါ။ ငှက်ပျောသီး အတွင်းသား အခွံဖြူက မျက်နှာလေး လှဖို့ ဘာတွေ အသုံးဝင်တယ်ဆိုတာ မျှဝေပေးမယ်နော်။ ကြည်လင်တဲ့ အသားအရေ  ငှက်ပျောသီးခွံက ယားယံပြီး အနီရောင် အဖုအဖိန့်တွေ ထတာကို သက်သာစေပါတယ်။ ငှက်ပျောသီး အတွင်းသား အဖြူခွံက တင်းတိပ်တွေကို ပျောက်ကင်းစေပြီး အသားအရေကို ကြည်လင်တောက်ပစေပါတယ်။ ငှက်ပျောသီး အခွံမှာ ပိုတက်စီယမ်၊ […]


လက်သည်းခြေသည်း ထိန်းသိမ်းခြင်း

လက်သည်းရှည်ထားမရဘဲ လက်သည်းခဏခဏ ကျိုးလို့ စိတ်ညစ်နေရလား

ပြီးပြည့်စုံတဲ့ လက်တစ်စုံပိုင်ဆိုင်ဖို့တာ ကျန်းမာပြီး လှပတဲ့ လက်သည်းလေးတွေရဲ့ အကူအညီမပါဘဲ မရနိုင်ပါဘူး။ ကြည်လင်တဲ့ လက်သည်းလေးတွေ ပါဝင်မှသာ လက်ရဲ့ အလှ ပြည့်စုံမှာပါ။ ဒါပေမဲ့ တချို့ မိန်းကလေးတွေမှာတော့ လက်သည်းရှည်လေး ရဖို့ အတော်ခက်ပါတယ်။ ဘာလို့လဲဆိုတော့ လက်သည်းက ကြွပ်ဆတ်ပြီး လက်သည်းရှည်ထားမရဘဲ လက်သည်းခဏခဏ ကျိုးလို့ ပါ။ ဒါမျိုးတွေ ကင်းဝေးဖို့ဆိုရင်တော့ လက်သည်းကျိုးရတဲ့အကြောင်းရင်းနဲ့ လက်သည်းတွေ သန်မာအောင် လုပ်လို့ရမယ့် နည်းလမ်းလေးတွေ သိထားဖို့ လိုပါတယ်။ ဖတ်ကြည့်ပါဦးနော်။ လက်သည်းဆိုတာ ကျန်းမာတဲ့ လက်သည်းဆိုတာ အရောင်အသွေးတွေ စိုပြေပြီးလက်သည်းရှည်ထွက်လာတဲ့ ပုံသဏ္ဍာန်လေးလည်း တူညီနေခြင်းပါ။ ပြင်ပ ထိခိုက်မှုတွေ ရှိလာရင်လည်း တော်တန်ရုံ မကျိုးပါဘူး။ ကိုယ့်ရဲ့ လက်သည်းဟာ ပျော့ပြောင်းပြီး အားနည်းတယ်ဆိုရင်တော့ ကျိုးလွယ်နေမှာ ဖြစ်ပြီး လက်သည်းရှည်လည်း အရမ်းကို နှေးနေမှာပါ။ ပြီးရင် […]


အသားအရေ ထိန်းသိမ်းခြင်း

ကိုယ်နဲ့လိုက်ဖက်တဲ့ ပါးနီအရောင်လေးရဖို့ ဘယ်လိုရွေးမလဲ

ကိုယ်နဲ့လိုက်ဖက်တဲ့ ပါးနီအရောင်လေးရဖို့ ဘယ်လိုရွေးမလဲ မိတ်ကပ်လေးတွေလိမ်း၊ မျက်လုံးလေးတွေခြယ်လို့ မျက်နှာတပြင်လုံး နီးပါး ပြင်ပြီးပြီဆိုရင်တော့ ပါးနီလေး အရောင်လှလှ ခြယ်ရမယ့် အလှည့်ကို ရောက်လာပါပြီ။ မိန်းကလေးတွေအနေနဲ့ မိတ်ကပ်ပစ္စည်းတွေ ရောင်းတဲ့ဆိုင်ရောက်ရင် ပါးနီဝယ်ဖို့ တွေးမိကြမှာပါ။ ပါးနီရဲ့ အရောင်ကလည်း အမျိုးမျိုးရှိတာမို့ ရွေးရအခက်သား ဖြစ်နေမှာပါ။ ကိုယ့်ရဲ့မျက်နှာအသား အရောင်နဲ့ လိုက်ဖက်ပြီး ပါးမို့မို့လေးပေါ်မှာ အလှဆုံးအရောင်ဖြစ်နေစေဖို့ Hello Sayarwon က ကူရွေးပေးမယ်နော်။ ပါးနီမှာ အရောင်တွေကို သေချာကြည့်မယ်ဆိုရင် ပန်းရောင်၊ လိမ္မော်ရောင်နဲ့ မက်မွန်ရောင်ဆိုပြီးတော့အုပ်စု(၃) မျိုး ရှိပါတယ်။ ပေါင်ဒါအမျိုးအစား ပါးနီတွေထက် ခရင်မ်ပုံစံ ပါးနီတွေက ပိုပြီးတော့ သဘာဝဆန်တယ်ဆိုတာတော့ သိထားပေးနော်။ ပျိုပျိုမေတို့အနေနဲ့ ကိုယ့်ရဲ့ပါးမှာ အလက်လက်လေးတွေ ဖြစ်ချင်တယ်ဆိုရင်တော့ အလက်ပါဝင်တဲ့ပါးနီကို ရွေးချယ်ရမှာပါ။ တစ်ခုသတိထားရမှာက အလက်လက်ပါတဲ့ ပါးနီကိုရွေးမယ်ဆိုရင်တော့ ခြယ်ပြီးတဲ့အခါမှာ အရောင်ဖျော့ပါတယ်။ […]


အသားအရေ ထိန်းသိမ်းခြင်း

ဘယ်မိတ်ကပ်လေးကို မျက်နှာရဲ့ ဘယ်နေရာမှာ လိမ်းရမလဲ

မိတ်ကပ်လေးတွေ နဲ့ လှချင်တဲ့ မိန်းကလေးတွေ အများကြီးပါပဲ။ တစ်နေ့တစ်နေ့ မရိုးနိုင်အောင် ထွက်တဲ့ မိတ်ကပ်ပစ္စည်းတွေကလည်း မနည်းမနောပါ။ မျက်နှာမှာ မိတ်ကပ်နဲ့ Highlight လုပ်တာ၊ မေးရိုးချတာတွေနဲ့ ပြောင်ပြောင်လက်လက်လေး လှနေအောင်လိမ်းတာတွေ ရှိသလို မျက်နှာပေါ်က ဝက်ခြံ၊ တင်းတိပ်နဲ့ အမာရွတ်တွေ ဖုံးသွားအောင် Concealer လေး သုံးတာတွေလည်း ရှိပါတယ်။ ဒီတစ်ခါမှာတော့ ဘယ်လိုမိတ်ကပ်ကို မျက်နှာပေါ်မှာ ဘယ်လိုလေး လိမ်းမယ်ဆိုတာ ပြောပြပေးလိုက်တယ်နော်။ Concealer ကိုယ့်မျက်နှာမှာ မိတ်ကပ်အရောင် ထင်းထင်းလေး ပေါ်နေချင်တယ်၊ ကိုယ့်မျက်နှာရဲ့ အလှအပတွေကို သေသေချာချာလေး ပြချင်တယ်ဆိုရင်တော့ Concealer လေး သုံးကြည့်ပါ။ Concealer လေးကို နှာတံလေးပေါ်အောင် ဖော်တဲ့အခါနဲ့ မျက်ကွင်းညိုတာတွေ ဖုံးအောင် အဓိက ထားကြပါတယ်နော်။ Concealer ကို နှာခေါင်း (T-ZONE) နေရာ၊ […]


အသားအရေ ထိန်းသိမ်းခြင်း

ဝယ်ထားတဲ့ အလှကုန်ပစ္စည်းတွေကို ဘယ်အချိန်ရောက်ရင် မသုံးသင့်တော့ဘူးလဲ

ဝယ်ထားတဲ့ အလှကုန်ပစ္စည်းတွေကို ဘယ်အချိန်ရောက်ရင် မသုံးသင့်တော့ဘူးလဲ ဆိုတာကို သိပြီးပြီလား ....မိန်းကလေးတွေအနေနဲ့ တစ်ခါတစ်လေ ဝယ်လာပြီးမှ မကြိုက်လို့ ချောင်ထိုးထားတဲ့ အလှပစ္စည်းတွေ ရှိနေမှာပါ။ စိတ်ကူးပေါက်မှပဲ ပြန်သုံးကြည့်မယ်ဆိုတဲ့ ပျိုပျိုမေလေးတွေလည်း တပုံကြီးပါပဲ။ နေ့တိုင်း မိတ်ကပ်လိမ်းပြီး မိတ်ကပ်ပစ္စည်းတွေ ကုန်လို့ ခဏခဏအသစ်လဲတယ်ဆိုရင်တော့ ကိစ္စမရှိပေမယ့် နေ့တိုင်းအသုံးမပြုဘဲ အလှပြင်ဖို့လိုမှ မိတ်ကပ်ပစ္စည်းတွေကို သုံးတယ်ဆိုရင်တော့ ပြဿနာ နည်းနည်းရှိနေနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ်သုံးတဲ့အချိန်မှာ ပစ္စည်းက စွန့်ပစ်ဖို့ အချိန်တန်နေပြီ ဖြစ်မှာစိုးတာကြောင့်ပါ။ စွန့်ပစ်ဖို့လိုတဲ့ ပစ္စည်းတွေကို သုံးမိမယ်ဆိုရင် ကိုယ့်ရဲ့ အသားအရေမှာ ထိခိုက်တာတွေ ဖြစ်လာနိုင်ပါတယ်နော်။ ဝယ်ထားတဲ့ အလှကုန်ပစ္စည်းတွေကို ဘယ်အချိန်ရောက်ရင် မသုံးသင့်တော့ဘူးလဲ ဝယ်ထားတဲ့ အလှကုန်ပစ္စည်းတွေကို ဘယ်အချိန်ရောက်ရင် မသုံးသင့်တော့ဘူးလဲ ဆိုတော့ မိတ်ကပ်လိမ်းတဲ့အခါမှာ မပါမဖြစ် သုံးတဲ့ တို့ဖတ်၊ sponge တွေကတော့ တစ်လလောက်ပဲ […]


အခြားအရေပြားပြဿနာများ

Keratosis pilaris (ကြာဆူး)

အဓိပ္ပါယ်ဖွင့်ဆိုချက်ကြာဆူးဆိုတာ ဘာလဲ Keratosis pilaris (ကြာဆူး) ဆိုတာ လက်၊ခြေထောက်နဲ့တင်ပါးတို့မှာ အသားခြောက်ပြီး ခပ်ကြမ်းကြမ်းအဖုလေးတွေဖြစ်လာတတ်တဲ့ အန္တရာယ်မရှိတဲ့အရေပြားပြဿနာတစ်ခုဖြစ်ပါတယ်။မွေးညင်းပေါက်လေးတွေမှာ ကြက်သီးထသလို ခပ်မာမာ အဖုချွန်ချွန်လေးတွေဖြစ်လာတတ်ပေမယ့် တစ်ခါတလေ အနည်းငယ်ယားယံတာကလွဲလို့ ပိုဆိုးလာတာ၊ ထိခိုက်နာကျင်စေတာမျိုးမရှိပါဘူး။ ကြာဆူးဟာ အန္တရာယ်မရှိတဲ့ သာမန်အရေပြားပြဿနာဖြစ်ပြီး အထူးတလည်ကုသစရာမလိုပါဘူး။ အရေပြားမခြောက်သွေ့အောင်moisturizer နဲ့creamလေးတွေသုံးပေးရင်သက်သာပျောက်ကင်းနိုင်ပါတယ်။ ကလေးတွေနဲ့ ဆယ်ကျော်သက်တွေမှာ အဖြစ်များပြီး အသက်ကြီးလာတဲ့အခါပျောက်ကင်းသွားတတ်ပါတယ်။   လက္ခဏာများကြာဆူးရဲ့လက္ခဏာတွေက – ကြမ်းတမ်းခြောက်သွေ့ပြီး ခပ်စူးစူး အဖုလေးတွေဖြစ်လာခြင်း အရေပြားမှာ ကြက်သီးထသလိုဖြစ်လာခြင်း ဆောင်းတွင်း သို့မဟုတ်ခြောက်သွေ့တဲ့ရာသီဥတုမှာ ပိုသိသာလာခြင်း အနည်းငယ် ယားယံခြင်း တို့ဖြစ်ပါတယ်။ တချို့တွေမှာတော့ သိသာထင်ရှားတဲ့အဖုလေးတွေအစုလိုက်ဖြစ်လာပြီး အရေပြားအနီကွက် အပျဉ်လိုက်ဖြစ်နေတတ်ပါတယ်။   အကြောင်းရင်းများ အရေပြားမှာရောဂါပိုးဝင်ခြင်းနဲ့တခြားထိခိုက်မှုတွေမဖြစ်အောင်ကာကွယ်ပေးတဲ့ keratinပရိုတင်းတွေများပြားစုပုံလာမှုကြောင့် ကြာဆူးဖြစ်လာတာပါ။ ဒီပရိုတင်းအစုကမွေးညင်းပေါက်ကိုပိတ်ဆို့စေတာဖြစ်ပါတယ်။ ဒါပေမယ့် ပိတ်ဆို့ရတဲ့အကြောင်းရင်းကို အတိအကျမသိသေးပါဘူး။ ကိုယ်ကအသားအရေခြောက်သွေ့တတ်သူဖြစ်ရင် ကြာဆူးပိုဖြစ်လွယ်နိုင်ပါတယ်။ ကြာဆူးက လေထုတွင်းစိုထိုင်းမှုနည်းတဲ့ ဆောင်းတွင်းမှာ ပိုသိသာတတ်ပြီးနွေရာသီမှာပျောက်ကင်းတတ်ပါတယ်။ ကြာဆူးက အသားအရေခြောက်သွေ့မှု၊ ဗီတမင် A နဲ့ ခန္ဓါကိုယ်အတွက်လိုအပ်တဲ့fatty acid တို့ချို့တဲ့မှုနဲ့လည်း […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Hello Sayarwon Medical Panel

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း