backup og meta

ပြစ်မျိုးမှဲ့မထင် မျက်နှာလေးရဖို့ ငှက်ပျောသီးခွံလေးနဲ့ လုပ်ဆောင်ကြမယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Eaindray Kha မှ ရေးသားသည်။ · 03/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပြစ်မျိုးမှဲ့မထင် မျက်နှာလေးရဖို့ ငှက်ပျောသီးခွံလေးနဲ့ လုပ်ဆောင်ကြမယ်

    ပြစ်မျိုးမှဲ့မထင် မျက်နှာလေးရဖို့ ငှက်ပျောသီးခွံလေးနဲ့ လုပ်ဆောင်ကြမယ် …. ဘယ်လိုလုပ်ရမလဲဆိုတာကို ဆက်ပြောပြပေးပါမယ်။

    ပြစ်မျိုးမှဲ့မထင် မျက်နှာလေးရဖို့ ငှက်ပျောသီးခွံလေးနဲ့ လုပ်ဆောင်ကြမယ်

    ပျိုမဒီလေးတို့ရေ ငှက်ပျောသီး စားပြီးရင် အခွံလေးကို ဒီအတိုင်း လွှင့်ပစ်လိုက်တယ်ဆိုရင်တော့ အရမ်းနှမြောစရာ ကောင်းသွားပါပြီ။ ကိုယ့်ရဲ့ မျက်နှာလေး နုပျိုလှပပြီး အနာအဆာတွေ မရှိဖို့ဆိုတာ ဈေးကြီးတဲ့ skin care ထုတ်ကုန်တွေ သုံးနိုင်မှ မဟုတ်ပါဘူးနော်။

    လက်လှမ်းမီတဲ့ အသီးလေးတွေနဲ့တင် ရနိုင်တာပါ။ ငှက်ပျောသီး အတွင်းသား အခွံဖြူက မျက်နှာလေး လှဖို့ ဘာတွေ အသုံးဝင်တယ်ဆိုတာ မျှဝေပေးမယ်နော်။

  • ကြည်လင်တဲ့ အသားအရေ 
  • ငှက်ပျောသီးခွံက ယားယံပြီး အနီရောင် အဖုအဖိန့်တွေ ထတာကို သက်သာစေပါတယ်။ ငှက်ပျောသီး အတွင်းသား အဖြူခွံက တင်းတိပ်တွေကို ပျောက်ကင်းစေပြီး အသားအရေကို ကြည်လင်တောက်ပစေပါတယ်။ ငှက်ပျောသီး အခွံမှာ ပိုတက်စီယမ်၊ lutein တွေ ပါဝင်တာက မျက်နှာလေးကို ကြည်လင်စေဖို့ အစွမ်းဆောင်နိုင်ဆုံးပါ။

    • အရေးအကြောင်း

    ငှက်ပျောသီးခွံရဲ့ အတွင်းသား အဖြူဟာ ရေဓာတ်တွေ အပြည့်အဝ ပေးစွမ်းနိုင်တာကြောင့် အသားအရေ ခြောက်သွေ့တာတွေ မဖြစ်စေပါဘူး။ ငှက်ပျောသီးရဲ့ အတွင်းမှာရှိတဲ့ အဖြူတွေကို ခြစ်ပြီး ကြက်ဥအနှစ်လေးနဲ့ ရောလိုက်ပါ။ သမအောင် မွှေပြီးပြီဆိုရင်တော့ မျက်နှာမှာ ငါးမိနစ်လောက် လိမ်းထားပါ။ ငါးမိနစ်ကျော်ပြီဆိုမှ ရေဆေးချပေးနော်။ အရေးအကြောင်း ဖြစ်တာတွေ သက်သာမှာ အသေအချာပါပဲ။

    • အဖုအပိမ့်

    မျက်နှာ အကောင်ကိုက်တာ၊ ဓာတ်မတည့်မှုကြောင့် အဖုအဖိန့်တွေဖြစ်တယ်ဆိုရင်တော့ ငှက်ပျောသီး အခွံကို လှီးဖြတ်ပြီး အတွင်းဘက်အဖြူသားလေးနဲ့ အဖုအဖိန့်တွေပေါ် ကပ်ထားလိုက်ပါ။ အခွံလေး ညိုသွားပြီဆိုရင်တော့ ဖယ်လိုက်ပါ။ အဖုအဖိန့်နဲ့ နာကျင်တာတွေ သက်သာသွားပါလိမ့်မယ်။

    • UV ကာကွယ်ပေးခြင်း

    UV တွေထိရင် မျက်နှာအသားအရေ ပျက်စီးစေတယ်ဆိုတာ သိထားပြီးသား ဖြစ်မှာပါ။ ပျိုမေတို့မျက်နှာမှာ UVတွေ ထိပြီး မျက်နှာမှာ နေလောင်ဒဏ်တွေ ဖြစ်နေတယ်ဆိုရင်တော့ ငှက်ပျောသီး အတွင်းသားအဖြူလေးတွေနဲ့ ထိတွေ့လိုက်ပါ။

    မျက်နှာမှာ  (၁၀) မိနစ်လောက် ကပ်ထားပေးနော်။ နေ့တိုင်းလုပ်မယ်ဆိုရင် နေလောင်ဒဏ်ကြောင့် မျက်နှာမှာ စပ်ဖျဉ်းဖျဉ်း ဖြစ်တာတွေကအစ သက်သာသွားမှာပါ။

    • မျက်ကွင်းညိုခြင်း

    မျက်ကွင်းညိုလို့ ပန်ဒါလေးလို ဖြစ်နေပြီဆိုရင်တော့ ငှက်ပျောသီး အခွံလေးကို သတိရပါ။ ငှက်ပျောသီး အခွံဟာ မျက်လုံးနားတဝိုက်က မျက်ကွင်းညိုတာကို သက်သာစေပြီး နဂို ဖြူတာလေး ပြန်လည် ရရှိအောင် စွမ်းဆောင်နိုင်ပါတယ်။

    ငှက်ပျောသီး အခွံအတွင်းသားလေးတွေကို ခြစ်ပြီး ရှားစောင်းလက်ပပ် အတွင်းသားဂျယ်လ်လေးနဲ့ ရောပါ။ ပြီးရင် မျက်လုံးနားတဝိုက်မှာ ခပ်ပါးပါးလေး လိမ်းပါ။ ခြောက်သွားရင်တော့ ရေဆေးလိုက်ပါ။ မျက်စိထဲ မဝင်ဖို့ အထူး(အထူး) ဂရုပြုပါ။ ငှက်ပျောသီး အခွံမှာ ပိုတက်စီယမ် ပါဝင်တာမို့ အစိုဓါတ်ကို ထိန်းပေးပြီး မျက်ကွင်းညိုတာတွေကို သက်သာစေပါတယ်။

    • ဝက်ခြံ

    နီရဲပြီး အဖြူဆံတွေ ထွက်တဲ့ ဝက်ခြံတွေ ယောင်ရမ်းနေလို့ ညှစ်လို့လည်း မရ ၊ နာကျင်တာတွေလည်း ခံစားရနေရင်တော့ ငှက်ပျောသီး အခွံက ကူညီပေးနိုင်ပါတယ်။ ဝက်ခြံရှိတဲ့ နေရာတွေမှာ ငှက်ပျောသီး အခွံလေးကို ပါးပါးလေး လှီးပြီး ကပ်ထားလိုက်ပါ။ အခွံလေး ညိုလာတဲ့အထိ ကပ်နော်။ တစ်ပတ်ကို (၂) ကြိမ်လောက် ပြုလုပ်နိုင်ပြီး ဝက်ခြံတွေ ချပ်သွားမှာပါ။

    သတိထားရမှာက ကိုယ်က ထိခိုက်လွယ်တဲ့အသားအရေပိုင်ရှင် ဖြစ်နေမယ်၊ အရေပြားအခြေအနေဆိုးနေမယ်ဆိုရင်တော့ ငှက်ပျောသီးခွံနဲ့ ကုသမနေဘဲ အရေပြားဆရာဝန်နဲ့ ပြသဖို့ပါ။ ငှက်ပျောသီးခွံကို အသုံးပြုတဲ့အခါမှာလည်း အစေးမလောင်အောင် သတိထားဖို့ လိုပါတယ်။

    ငှက်ပျောသီး အခွံက ပေးစွမ်းနိုင်တဲ့ မျက်နှာပေါ်က အလှတရားတွေကို သိရပြီတော့ နောက်တခါ ငှက်ပျောသီး စားပြီးတိုင်း အခွံလေးတွေ လွှင့်မပစ်ဘဲ မျက်နှာအလှတရားလေးတွေ ဖော်ဆောင်လိုက်နော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Eaindray Kha မှ ရေးသားသည်။ · 03/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement