backup og meta

ဆယ်ကျော်သက်တို့အတွက် အသားအရေထိန်းသိမ်းနည်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Wathun Myat Chal မှ ရေးသားသည်။ · 20/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆယ်ကျော်သက်တို့အတွက် အသားအရေထိန်းသိမ်းနည်း

    နှလုံး၊ အစာအိမ်နဲ့ ဦးနှောက်တို့လိုပဲ အရေပြား ဟာလည်း ခန္ဓာကိုယ်ရဲ့ အင်္ဂါတစ်ခုပါ။ အင်္ဂါမှ ခန္ဓာကိုယ်မှာ အကြီးဆုံး အင်္ဂါတစ်ခုမဟုတ်ပါလား။ လူသားတွေကို ပိုးဝင်ခြင်းတွေ၊ နာမကျန်းဖြစ်ခြင်းတွေကနေ ကာကွယ်ပေးနေတဲ့ အရေပြားရဲ့ လုပ်ဆောင်ချက်တွေကို အထင်မသေးလိုက်ပါနဲ့။

    တကယ်လို့များ အရေပြားကို ငယ်ငယ်လေးတည်းက ဂရုတစိုက်ထိန်းသိမ်းခဲ့မယ်ဆိုရင် သင့်ရဲ့ ဆယ်ကျော်သက်အရွယ်ကလေးအတွက် အနာဂတ်မှာဖြစ်လာနိုင်တဲ့ အရေပြား  ပြဿနာတွေကို လျှော့ချပေးနိုင်ပါလိမ့်မယ်။ ဥပမာ- အရေတွန့်ခြင်းနဲ့ အရေပြားကင်ဆာတို့လို ပြဿနာတွေပေါ့။

    ဆယ်ကျော်သက်တို့အတွက် အသားအရေထိန်းသိမ်းနည်း

    ဆယ်ကျော်သက်တို့အတွက် အသားအရေထိန်းသိမ်းနည်း တွေကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ သင်က သင့်ရဲ့ ဆယ်ကျော်သက်ကလေးကို တစ်ရက်မှာ ၂ကြိမ် မျက်နှာအသားအရေကို သန့်စင်ပေးဖို့ သင်ကြားပေးရပါလိမ့်မယ်။ နံနက် နိုးလာပြီးတဲ့အချိန် တစ်ခေါက်နဲ့ ညဘက် အိပ်ရာမဝင်ခင် တစ်ခေါက်ပေါ့။ မျက်နှာမသစ်ခင်နဲ့ သစ်ပြီးတဲ့အချိန်တိုင်းမှာ သူတို့လက်ကို ဆေးကြောဖို့ မမေ့ပါစေနဲ့။ ဒါ့အပြင် ရေကြက်သီးနွေးနဲ့ မျက်နှာသစ်တာ ပိုပြီးသင့်လျော်တဲ့အကြောင်းပြောပြပါ။

    သင့်ကလေးရည်ရွယ်တဲ့ ပန်းတိုင်ကို အခြေခံလို့ သူတို့ဟာ မျက်နှာသစ်ဆေး အများကြီးထဲက တစ်ခုကို ရွေးချယ်နိုင်ပါတယ်။

    ဥပမာ- ဝတ်ခြံထွက်လွယ်တဲ့ အသားအရေအတွက်ဆို သူတို့ဟာ anti-acne သို့မဟုတ် ဝက်ခြံအတွက် သီးသန့်ထုတ်ထားတဲ့ မျက်နှာသစ်ဆေးကို ရွေးချယ်နိုင်ပါတယ်။ တကယ်လို့များ သူတို့မှာ ထိခိုက်မခံတဲ့ အသားအရေရှိခဲ့ရင် အစိုဓာတ်ပါဝင်ပြီး နူးညံ့တဲ့ မျက်နှာသစ်ဆေးကို ရွေးချယ်နိုင်ပါတယ်။ ညစ်နေတဲ့ အသားအရေအတွက်ကတော့ ချေးချွတ်ပေးနိုင်တဲ့ မျက်နှာသစ်ဆေးကို ရွေးချယ်နိုင်ပါတယ်။

    ဓာတုပစ္စည်းပါဝင်တဲ့ ချေးချွတ်ဆေးကို သုံးမယ်ဆိုရင် သူတို့ရဲ့ ဆဲလ်သေတွေကို ဖယ်ရှားနိုင်ပြီး အရေပြား ကလည်း ချောမွတ်ဝင်းပနေပါလိမ့်မယ်။ ဒီလို ဓာတုချေးချွတ်ဆေးတွေမှာတော့ အရေပြား ကို အစိုဓာတ်ဖြည့်ပေးနိုင်တဲ့ အရာတွေ တွဲဖက် ပါဝင်လေ့ရှိပါတယ်။

    သန့်စင်လို့ ပြီးသွားပြီဆိုရင် သင့်ရဲ့ ဆယ်ကျော်သက်လေးကို အဆီ သို့မဟုတ် အစိုဓာတ်ထိန်းလိမ်းဆေး (serum or moisturizer ) ကို ထပ်လိမ်းဖို့ လမ်းညွှန်ပေးပါ။ သူတို့ရဲ့ အသားအရေ အမျိုးအစားကို လိုက်ပြီး ဆိုလိုတာက ပုံမှန်အသားအရေ၊ ခြောက်သွေ့တဲ့ အသားအရေ၊ ပေါင်းစပ် အသားအရေ သို့မဟုတ် အဆီပြန်တဲ့ အသားအရေ စသဖြင့်ပေါ်မူတည်ပြီး သင့်ကလေးဟာ ခရင်မ်၊ lotion သို့မဟုတ် ဂျယ်လ် စတဲ့ ပုံစံတစ်မျိုးမျိုးကို ရွေးချယ်နိုင်ပါတယ်။

    ဓာတ်မတည့်မှုတွေအတွက် သူတို့ကို မေးမြန်းဖို့လည်း မမေ့ပါနဲ့။ ဆပ်ပြာအသစ် သို့မဟုတ် အခြားသော အရေပြားဆိုင်ရာထုတ်ကုန်အသစ်တွေကို သုံးစွဲမိတဲ့အခါမှာ အရေပြားပျက်စီးတာ သို့မဟုတ် ဓာတ်မတည့်မှုဖြစ်တာတွေကို ခံစားရနိုင်ပါတယ်။ ဥပမာ- အဖုအပိန့်တွေ ထလာတာမျိုး ၊ ဒါမှမဟုတ် ယားယံခြောက်သွေ့ပြီး ပူလောင်တဲ့ခံစားချက်ရနေတာမျိုး စသဖြင့်ပေါ့။ ဒီလိုမျိုးတွေဖြစ်လာပြီဆိုရင်တော့ ဒီပစ္စည်းတွေ သုံးနေတာကို ချက်ချင်းရပ်ခိုင်းပါ။

    ထုတ်ကုန်အသစ်ကို စမ်းသုံးကြည့်မယ်ဆိုရင် ဓာတ်မတည့်မှုဖြစ်နိုင်ခြေတွေကို လျှော့ချနိုင်ဖို့အတွက် သူတို့တွေရဲ့ လက်ကောက်ဝတ်အတွင်းဘက် သို့မဟုတ် လက်မောင်းအတွင်းဘက်မှာ လိမ်းကြည့်ပြီး နောက်ထပ် ၂၄နာရီအတွင်း နီလာတာ၊ ရောင်ရမ်းလာတာမျိုး ဖြစ်မဖြစ် စောင့်ကြည့်စေတာမျိုးကို သင်ကြားပေးနိုင်ပါတယ်။

    အသားအရေ ပျက်စီးခြင်းကို ကာကွယ်ခြင်း

    နောက်ဆုံးနဲ့ အရေးအကြီးဆုံးအဆင့်ကတော့ နေရောင်ကာလိမ်းဆေးတွေ အသုံးပြုဖို့ပါပဲ။ ဒါဟာ သင့်ရဲ့ ဆယ်ကျော်သက်လေးကို သင်သင်ပေးနိုင်တဲ့ အရေးအကြီးဆုံးသော အသားအရေထိန်းသိမ်းတဲ့ သင်ခန်းစာပါ။ ဘာကြောင့်လဲဆိုတော့ ဒါက သူတို့ အသက်ကြီးလာတဲ့အခါ အရေပြား တွန့်တာတွေနဲ့ အရေပြားကင်ဆာတွေကို ကာကွယ်ပေးနိုင်လို့ပါ။

    သင့်ရဲ့ ဆယ်ကျော်သက် ကလေးဟာ သူတို့မျက်နှာနဲ့ ခန္ဓာကိုယ်အနှံ့မှာ နေရောင်ကာလိမ်းဆေးတွေ လိမ်းသင့်ပါတယ်။ အထူးသဖြင့်တော့ လည်ပင်းနဲ့ နေရောင်ရဲ့ အန္တရာယ်ရှိတဲ့ ရောင်ခြည်တွေနဲ့ ထိတွေ့မှုအများဆုံးနေရာတွေမှာပေါ့။ နေရောင်ကာလိမ်းဆေးကို မိုးရွာသည်ဖြစ်စေ၊ နေပူသည်ဖြစ်စေ နေ့တိုင်းအသုံးပြုသင့်ပါတယ်။ အပြင်မထွက်ခင် မိနစ်၂၀ ကြိုလိမ်းထားသင့်ပြီး နှစ်နာရီကြာတိုင်းမှာ (အနည်းဆုံး) ထပ်ပြီး လိမ်းပေးသင့်ပါတယ်။ တကယ်လို့ သူတို့က ရေကူးတဲ့သူတွေ သို့မဟုတ် ချွေးထွက်များတဲ့သူတွေဆို မကြာခဏ ပိုလို့ လိမ်းသင့်ပါတယ်။

    နေရောင်ကာလိမ်းဆေးကလည်း နို့ရည်၊ ဂျယ်လ်၊ လိုးရှင်း၊ ဖြန်းဆေး နဲ့ သုတ်လိမ်းရတာမျိုးတွေထိ ပုံစံအမျိုးမျိုးနဲ့ ရှိတတ်ပါတယ်။ ဒါကိုမှ SPF 30 သို့မဟုတ် 50 အနည်းဆုံးပါဝင်တာမျိုးကို ရွေးချယ်သင့်ပြီး ညီညီညာညာလေး လိမ်းပေးရမှာပါ။

    နေရောင်ကာလိမ်းဆေးဟာလည်း နေရောင်ကနေ အပြည့်အဝ ကာကွယ်မပေးနိုင်တာကြောင့် သင့်ရဲ့ ဆယ်ကျော်သက်လေးကို အချို့သော အချက်တွေကိုလည်း လိုက်နာစေသင့်ပါတယ်။

    ဥပမာ-

    • အနားကျယ် ဦးထုပ်ဆောင်းတာမျိုး
    • SPF ပါဝင်တဲ့ နှုတ်ခမ်းလိမ်းဆေးဆီ လိမ်းတာမျိုး (Lip balm)
    • လိုအပ်ရင် အင်္ကျီလက်ရှည် ဘောင်းဘီရှည်တွေ ဝတ်ဆင်တာမျိုး
    • နံနက် ၁၀နာရီမှ ညနေ၄နာရီအတွင်း နေရောင်နဲ့ တိုက်ရိုက်ထိတွေ့မှုကို ရှောင်တာမျိုး စတာတွေ လုပ်ပေးသင့်ပါတယ်။

    ဆယ်ကျော်သက်တို့အတွက် အသားအရေထိန်းသိမ်းနည်း လေးတွေကို သိလောက်ပြီ ထင်ပါတယ်နော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Wathun Myat Chal မှ ရေးသားသည်။ · 20/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement