backup og meta

ဝယ်ထားတဲ့ အလှကုန်ပစ္စည်းတွေကို ဘယ်အချိန်ရောက်ရင် မသုံးသင့်တော့ဘူးလဲ

ဝယ်ထားတဲ့ အလှကုန်ပစ္စည်းတွေကို ဘယ်အချိန်ရောက်ရင် မသုံးသင့်တော့ဘူးလဲ

ဝယ်ထားတဲ့ အလှကုန်ပစ္စည်းတွေကို ဘယ်အချိန်ရောက်ရင် မသုံးသင့်တော့ဘူးလဲ ဆိုတာကို သိပြီးပြီလား ….မိန်းကလေးတွေအနေနဲ့ တစ်ခါတစ်လေ ဝယ်လာပြီးမှ မကြိုက်လို့ ချောင်ထိုးထားတဲ့ အလှပစ္စည်းတွေ ရှိနေမှာပါ။ စိတ်ကူးပေါက်မှပဲ ပြန်သုံးကြည့်မယ်ဆိုတဲ့ ပျိုပျိုမေလေးတွေလည်း တပုံကြီးပါပဲ။

နေ့တိုင်း မိတ်ကပ်လိမ်းပြီး မိတ်ကပ်ပစ္စည်းတွေ ကုန်လို့ ခဏခဏအသစ်လဲတယ်ဆိုရင်တော့ ကိစ္စမရှိပေမယ့် နေ့တိုင်းအသုံးမပြုဘဲ အလှပြင်ဖို့လိုမှ မိတ်ကပ်ပစ္စည်းတွေကို သုံးတယ်ဆိုရင်တော့ ပြဿနာ နည်းနည်းရှိနေနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ်သုံးတဲ့အချိန်မှာ ပစ္စည်းက စွန့်ပစ်ဖို့ အချိန်တန်နေပြီ ဖြစ်မှာစိုးတာကြောင့်ပါ။ စွန့်ပစ်ဖို့လိုတဲ့ ပစ္စည်းတွေကို သုံးမိမယ်ဆိုရင် ကိုယ့်ရဲ့ အသားအရေမှာ ထိခိုက်တာတွေ ဖြစ်လာနိုင်ပါတယ်နော်။

ဝယ်ထားတဲ့ အလှကုန်ပစ္စည်းတွေကို ဘယ်အချိန်ရောက်ရင် မသုံးသင့်တော့ဘူးလဲ

ဝယ်ထားတဲ့ အလှကုန်ပစ္စည်းတွေကို ဘယ်အချိန်ရောက်ရင် မသုံးသင့်တော့ဘူးလဲ ဆိုတော့ မိတ်ကပ်လိမ်းတဲ့အခါမှာ မပါမဖြစ် သုံးတဲ့ တို့ဖတ်၊ sponge တွေကတော့ တစ်လလောက်ပဲ သုံးသင့်တာပါနော်။ သူတို့လေးတွေက ဈေးလည်း အရမ်းမကြီးတာမို့ ဖြစ်နိုင်ရင်တော့ ပျိုပျိုမေတို့ တစ်လတစ်ကြိမ် လဲလှယ်ပေးဖို့ လိုပါတယ်။

မျက်လုံးဆိုတာ ခန္ဓါကိုယ်အစိတ်အပိုင်းတွေထဲမှာ အရေးအကြီးဆုံးမလား။ ဒီတော့ မျက်လုံးကို ထိခိုက်စေမယ့် အလှကုန်ပစ္စည်းတွေနဲ့ မျက်စိကို ပေးပြီး မထိတာ အကောင်းဆုံးပါ။ မျက်တောင်လေးတွေကို ဆိုးတဲ့ Mascara လေးတွေ အချိန်ကြာလာရင် မျက်စိကို ထိခိုက်တာမျိုး ဖြစ်စေနိုင်ပါတယ်။ အနည်းဆုံး(၃) လလောက်ကို တစ်ကြိမ် အသစ်လဲပေးပါ။

မျက်ခုံးမွေးဆိုးဆွဲတံကိုလည်း မကုန်သေးလို့ အကြာကြီးခံတယ် မထင်လိုက်နဲ့နော်။ အန္တရာယ် ကင်းစေဖို့ မျက်ခုံးမွေးဆွဲတံ တစ်ချောင်းကို (၆) လကနေ (၁၂) လကြားမှာ တစ်ကြိမ် အသစ်လဲနော်။

ပျိုပျိုမေတို့ရေ နှုတ်ခမ်းနီကို မှိုမတက်မချင်း၊ အနံ့ဆိုးမထွက်မချင်း ဆိုးနေတယ်ဆိုရင်တော့ ဒီအကျင့်ကို စွန့်လွှတ်လိုက်ပါနော်။ နူးညံ့လွန်းတဲ့ ပျိုပျိုမေတို့ရဲ့ နှုတ်ခမ်းသားလေး မထိခိုက်ချင်ဘူးဆိုရင်တော့ Lip gloss လေးတွေကို (၆) လကနေ (၁) နှစ်ကြားလဲပေးနော်။

မိတ်ကပ်အမြဲတမ်း လိမ်းတဲ့ မိန်းကလေးတွေကတော့ ဒီအချက်ကို ပူစရာမလိုပါဘူးလေနော်။ ဘာလို့လဲဆိုတော့ အောက်ခံမိတ်ကပ်က တစ်နှစ်ကို တစ်ဗူးတော့ အနည်းဆုံး ကုန်နိုင်တာပါပဲ။ အမြဲမလိမ်းတဲ့ ပျိုပျိုမေတွေကတော့ အောက်ခံမိတ်ကပ် တစ်နှစ်ကျော်ပြီဆိုရင် ဆက်မလိမ်းနဲ့တော့နဲ့နော်။

Gloss lip မဟုတ်တဲ့ နှုတ်ခမ်းနီတွေဆိုရင်လည်း (၁) နှစ်လောက်နေတာနဲ့ ဆက်မသုံးသင့်တော့ပါဘူးနော်။ ဘာလို့လဲဆိုတော့ နှစ်ကြာတဲ့ နှုတ်ခမ်းနီတွေက နှုတ်ခမ်း ခြောက်သွေ့ခြင်းနဲ့ နှုတ်ခမ်းသား မည်းညစ်ခြင်းတွေကို ဖြစ်စေတာကြောင့်ပါ။

လက်သည်းနီ ကြိုက်တဲ့သူတွေ ရှိလား။ တချို့လက်သည်းနီတွေကတော့ ခမ်းလွယ်ပြီး တချို့ကတော့ တော်တော်လေး အဆိုးခံကြပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် လက်သည်းနီ တစ်ပုလင်းကို တစ်နှစ်ပဲ ဆိုးပါနော်။ မဟုတ်ရင် လက်သည်းထိပ်နားမှာ ပိုးဝင်ပြီး ယားယံတာနဲ့ လက်သည်းဝါတာတွေ နှစ်ဆ ဖြစ်စေတာကြောင့်ပါ။

ပေါင်ဒါမိတ်ကပ်လေးတွေကတော့ တစ်နှစ် ကနေ နှစ်နှစ်လောက်အထိ အသုံးခံပါတယ်နော်။ မျက်လုံးပေါ်မှာ ခြယ်တဲ့ eye shadow တွေကတော့ နှစ်နှစ်လောက် နောက်ဆုံးထားပြီး သုံးပါ။ ဒီထက်အချိန်ကြာရင် မျက်လုံးထိခိုက်နိုင်ပါတယ်။ ပါးနီကတော့ မျက်နှာမှာ အပေါ်လွင်ဆုံး ခြယ်သတဲ့နေရာပါ။ ပါးနီဗူးလေးတွေကိုတော့ (၁) နှစ်ကနေ (၂) နှစ်အတွင်းပဲ သုံးနော်။ မဟုတ်ရင် အလာ့ဂျစ် ဖြစ်နိုင်ပါတယ်။

ပျိုပျိုမေတို့အတွက် ဝမ်းသာစရာ ကောင်းတဲ့အချက်တော့ ရှိပါတယ်။ အဲဒါကတော့ မိတ်ကပ်ဘရက်ရှ်ရဲ့ သက်တမ်းပါ။ မိတ်ကပ်ဘရက်ရှ်လေးတွေကို ပုံမှန်လေး သန့်စင်ဆေးကြောမယ်ဆိုရင်တော့ (၁) နှစ်ကနေ (၅) နှစ်အထိ သုံးလို့ရတယ်နော်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

When do you need to replace beauty products https://i.pinimg.com/originals/dc/1c/f6/dc1cf657be680e96e4b6601fe0d84d2b.jpg Accessed Date Feb 6, 2018

What is the shelf life of cosmetics? https://www.fda.gov/cosmetics/resources-consumers-cosmetics/cosmetics-safety-qa-shelf-life#:~:text=The%20shelf%20life%20for%20eye,mascara%20becomes%20dry%2C%20discard%20it. Accessed Date Feb 6, 2018

Your Guide to Makeup Expiration Dates https://www.makeup.com/makeup-tutorials/makeup-tutorials/save-or-toss-makeup-expiration-dates-defined-explained#:~:text=Liquid%20eyeliners%20present%20the%20same,use%20to%20keep%20it%20fresh. Accessed Date Feb 6, 2018

An overview of the period after opening & cosmetic shelf life. https://cptclabs.com/2018/period-after-opening-cosmetics/ Accessed Date Feb 6, 2018

Shelf life and expiration dates. https://cosmeticsinfo.org/shelf-life-and-expiration-dates Accessed Date Feb 6, 2018

 

ယခုပုံစံ

24/05/2023

Eaindray Kha မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ပျိုပျိုမေလေးရဲ့ ဆံပင်ကို Hair Rebonding လုပ်မယ်လို့ စဉ်းစားထားရင်

အသားအရေခြောက်တဲ့သူတွေ ရွေးချယ်သင့်တဲ့ မျက်နှာသစ်ဆေး၊ အစိုဓါတ်ထိန်းခရင်မ်နဲ့ အစားအစာ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Eaindray Kha မှ ရေးသားသည်။ · 24/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement