အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားကင်ဆာ တွေကနေ ကာကွယ်ပေးမယ့် Sunscreen

နေရောင်ခြည်နဲ့ ထိတွေ့မှုများရင် နေလောင်တာ၊ အရေပြားတွေ ပျက်စီးတာကိုတော့ သိထားကြမှာပါ။ နောက်ထပ် ပိုအရေးကြီးတဲ့အချက်က နေရောင်ခြည်မှာပါတဲ့ UVလှိုင်းတွေက အရေပြားကင်ဆာ ဖြစ်စေနိုင်တယ်ဆိုတာပါပဲ။ အရေပြားကင်ဆာဖြစ်စေတဲ့ အချက်တွေထဲမှာ နေရောင်ခြည်က ထိပ်ဆုံးက ပါနေပါတယ်။ ဒါကြောင့် နေရောင်ခြည်ကို ကာကွယ်တာက အရေပြားကင်ဆာကို ကာကွယ်နေတာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ Sunscreenတွေက အရေးကြီးလာပါပြီ။ Sunscreenတွေက နေရောင်ခြည်က UVလှိုင်းတွေကို ကာကွယ်ပေးနိုင်တာကြောင့် Sunscreenတွေကို ပုံမှန်လိမ်းတာက အရေပြားကင်ဆာကို ကာကွယ်နည်းတစ်မျိုးပါပဲ။ Sunscreenလိမ်းတာအပြင် နေပူထဲသွားတဲ့အခါ ထီး၊ ဦးထုပ်ဆောင်းမယ်၊ အဝတ်အစားကို လုံလုံခြုံခြုံဝတ်မယ်ဆိုရင် အရေပြားကင်ဆာ ဖြစ်နိုင်ခြေက တော်တော်ကြီး နည်းသွားမှာ ဖြစ်ပါတယ်။ အရေပြားကင်ဆာ တွေကနေ ကာကွယ်ပေးမယ့် Sunscreen Sunscreenနဲ့ ပတ်သက်လာရင် သိထားဖို့လိုတဲ့ ‘W’ ၅လုံး ရှိပါတယ်။ WHO (ဘယ်သူတွေ လိမ်းဖို့လိုသလဲ) နေရောင်တဲ့ထိတွေ့တဲ့ ဘယ်သူမဆို […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

အသားအရေ ထိန်းသိမ်းခြင်း

ချွေးပေါက်ကျယ်နေရတဲ့ အကြောင်းရင်းကို အဖြေရှာကြမယ်

အရေပြားပေါ်မှာ ရှိတဲ့ ချွေးပေါက်တွေဆိုတာ ကျန်းမာရေးရှုထောင့်က ကြည့်မယ်ဆိုရင် ကိုယ်ခန္ဓာထဲက မကောင်းတဲ့ချွေးပုပ်တွေနဲ့ အညစ်အကြေးတွေကို အပြင်ကို စွန့်ထုတ်ပေးဖို့အတွက် အဓိက ကူညီပေးနိုင်တာ သိထားကြမှာပါ။ ဒါပေမယ့် အလှအပအနေနဲ့ ကြည့်မယ်ဆိုရင် လိုတာထက် ပိုပြီး ချွေးပေါက်ကျယ်လွန်းတဲ့အခါ လူတစ်ယောက်ရဲ့ မျက်နှာက အစက်အပျောက်တွေနဲ့ အရမ်းကို ကြည့်ရဆိုးစေပြီး မိမိကိုယ်ကိုယ် ယုံကြည်မှုကို ထိခိုက်စေနိုင်တယ်။ အဆီ၊ ဖုန်မှုန့်နဲ့ အညစ်အကြေးတွေ ပိတ်ဆို့ဖို့လည်း လွယ်ကူတာကြောင့် ဝက်ခြံ၊ အဆီဖု၊ ဆားဝက်ခြံအစရှိတဲ့ အရေပြားပြဿနာတွေ ပိုပြီးဖြစ်လာနိုင်ပါတယ်။ အထူးသဖြင့် အလှအပနဲ့ ပတ်သက်ပြီး အရမ်းဂရုစိုက်တဲ့ ပျိုမေလေးတွေအတွက်ဆိုရင်တော့ ချွေးပေါက်ကျယ်တာ သိပ်ကို စိတ်ညစ်ဖို့ ကောင်းတဲ့ပြဿနာတစ်ခုလိုပါပဲ။ ဒါဆို ဘာကြောင့် ချွေးပေါက်ကျယ်လာရတာလဲဆိုတာကို အရင်ဆုံးပြောပြပေးမယ်နော်။ • အဆီပြန်တဲ့ အသားအရေပိုင်ရှင်ဖြစ်နေတာ • အသက် ၃၀ နောက်ပိုင်း အရေပြားအိုမင်းရင့်ရော်လာခြင်း • […]


ဝက်ခြံ

အမျိုးသားတွေမှာပေါက်တဲ့ ဝက်ခြံ သက်သာစေဖို့

အမျိုးသားတွေရော အမျိုးသမီးတွေမှာရော ကလေးတွေပါ မကျန် ဖြစ်တတ်တဲ့ အရေပြားပြဿနာ တစ်မျိုးရှိပါတယ်။ ဒါကတော့ ဝက်ခြံပါ။  ဝက်ခြံက အသက်အရွယ် မရွေး ဖြစ်နိုင်သလို အရေပြားရဲ့ ဘယ်နေရာမှာမဆို ဖြစ်နိုင်ပါတယ်။ ဒီတစ်ခေါက်တော့ လေဒီလေးတွေမှာမဟုတ်ဘဲ ဘရိုတို့မှာဖြစ်တဲ့ဝက်ခြံတွေကို သက်သာစေမယ့် နည်းလမ်းလေးတွေ အကြောင်း ပြောပြပေး ပါရစေနော်။ အမျိုးသားတွေမှာပေါက်တဲ့ ဝက်ခြံ ဒီလိုသက်သာအောင်လုပ်ပါ ဝက်ခြံပေါက်နေလို့ဖြစ်ဖြစ် ဝက်ခြံ မဖြစ်အောင် ကာကွယ်ချင်လို့ဖြစ်ဖြစ် ဒီ နည်းလမ်းလေးတွေကို အသုံးပြုပေးလို့ ရပါတယ်။ ကဲ ဘယ်လိုများလဲ တူတူကြည့်လိုက်ရအောင်လား။ အရေပြားကို သန့်ရှင်းအောင်ထားပါ မျက်နှာကို ပုံမှန် သန့်စင်ပေးတာက ဝက်ခြံမဖြစ်အောင် အထိရောက်ဆုံး ကာကွယ်ပေးနိုင် ပါတယ်။ အလုပ် အရမ်းများ နေရင်တောင် မျက်နှာကို တစ်နေ့ ၂ ကြိမ်တော့ သန့်စင်ပေးပါ။ ဆပ်ပြာ မသုံးချင်ရင်တောင် အနည်းဆုံး ရေအေးအေးလေးနဲ့ […]


အသားအရေ ထိန်းသိမ်းခြင်း

ပျိုမေတို့ ဒူးခေါင်းမည်းနေတဲ့ပြဿနာကို ဒီလိုကုစားကြမယ်

ကောင်မလေးတချို့ ကြည့်လိုက်ရင် အသားလေးက ဖြူဖွေးပြီးတော့ ချစ်စရာလေး၊ ပေါင်တို၊ ပေါင်ပြတ်ဘောင်းဘီတွေ စကပ်အတိုတွေ ဝတ်လိုက်တော့မှ ဒူးခေါင်းက ကွက်ပြီးမည်းနေရင် သိပ်ကြည့်ရဆိုးတာနော်။ ယောက်ျားလေးတွေအတွက်တော့ တံတောင်ဆစ်တွေ၊ ဒူးခေါင်းတွေ မည်းတာက သိပ်ဂရုစိုက်စရာမလိုတဲ့ ကိစ္စလို့ထင်ထားပေမယ့် အလှကြိုက်တဲ့မိန်းကလေးတွေအတွက်ကတော့ ကိုယ့်ရဲ့ ယုံကြည်မှုကို ထိခိုက်စေနိုင်ပြီး မလုံမလဲဖြစ်ရလောက်တဲ့အထိ အရှက်ရစေနိုင်ပါတယ်။ များသောအားဖြင့် ဒူးခေါင်းမည်းတယ်ဆိုတာ ကျန်းမာရေးပြဿနာတစ်ခုခုရှိလို့ မဟုတ်ဘဲ တစ်ကိုယ်ရေသန့်ရှင်းမှုမရှိတာ၊ ကိုယ့်ရဲ့ ငယ်စဉ်ကတည်းက နေထိုင်မှုပုံစံ မှားယွင်းတာကြောင့် ဒူးခေါင်းအရေပြားမှာ ဆဲလ်အသေတွေ စုပုံလာပြီး ကြာလာတော့ အမည်းကွက်လို ဖြစ်သွားတာပါ။ အဓိကဖြစ်စေတဲ့ အကြောင်းရင်းတွေကတော့ • ဒူးခေါင်းကို အမြဲကွေးပြီး ပဆစ်တုပ်ထိုင်တတ်တဲ့ အကျင့်ရှိတာ • ပေါင်၊ ခြေသလုံးတွေပေါ်တဲ့ ဘောင်းဘီတို၊ စကပ်တွေ အမြဲဝတ်ပြီး အရေပြားကို နေလောင်ကာခရင်မ် Sunscreen မလိမ်းပေးတာ • အစိုဓာတ်ထိန်းခရင်မ် (Moisturizer) […]


အသားအရေ ထိန်းသိမ်းခြင်း

ညိုချောလေးနဲ့ပျိုမေတွေ ဆောင်းရာသီမှာ ခုလိုအသားအရေထိန်းသိမ်းကြမယ်

“ညိုသူချော၊ ဖြူသူလှ” ဆိုတဲ့စကား ကြားဖူးကြမှာပါ။ အာရှလူမျိုးတွေရဲ့ စံနှုန်းမှာက ဖြူတဲ့သူကိုမှ လှတယ်၊ ဒါကြောင့် လူတိုင်းအသားဖြူဖို့ လိုတယ်လို့ တရားသေ သတ်မှတ်ထားတတ်ကြပေမဲ့ လူတိုင်းမှာ ကိုယ့်အသားအရောင်ပေါ် မူတည်ပြီး မတူညီစွာ လှပတဲ့ အလှတရားကိုယ်စီ ရှိတတ်ကြပါတယ်။ အဓိကကတော့ ကိုယ့်အသားအရောင်၊ အသားအရေအမျိုးအစား၊ အပြင်က ရာသီဥတုအခြေအနေပေါ် မူတည်ပြီး အသားအရေထိန်းသိမ်းတဲ့နည်းလမ်းတွေကို သိထားဖို့ပဲ လိုပါတယ်။ ဒါဆို ခုဆောင်းပါးလေးမှာ အသားညိုညက်ညက်လေးနဲ့ လှချင်တဲ့ပျိုမေတွေအတွက် ဆောင်းရာသီမှာ ဘယ်လို အသားအရေထိန်းသိမ်းကြမလဲ၊ အသားအရေမပျက်စီးအောင် ဘယ်လိုဂရုစိုက်သင့်လဲဆိုတဲ့ အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။ အသားညိုခြင်းရဲ့ ကောင်းကျိုးနဲ့ ပြစ်ချက်တွေ အသားညိုတဲ့သူတွေက ဖြူတဲ့သူတွေထက်စာရင် နေရောင်ခြည်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခံရတာ အဖြစ်နည်းပါတယ်။ အဓိကကတော့ အသားအရောင်ကို စွန်းထင်စေတဲ့ မယ်လနင်ဓာတ်တွေကို ကိုယ်ခန္ဓာက အများအပြားထုတ်လုပ်ပေးနေတာကြောင့်ပါပဲ။ ဒီမယ်လနင်ဓာတ်က အသားအရောင်ကို အဖြူရောင်ကနေ […]


အခြားအရေပြားပြဿနာများ

ကိုယ့်အသားအရေက ထိခိုက်လွယ်၊ တုံ့ပြန်လွယ်အမျိုးအစားမှန်း ဘယ်လိုသိနိုင်မလဲ

မျက်နှာလေး လှဖို့၊ ကြည်လင်နေစေဖို့ အသားအရေထိန်းပစ္စည်းတွေ အမျိုးမျိုးသုံးကြတယ်နော်။ လူကြိုက်များတဲ့ အမှတ်တံဆိပ်တွေကို ရွေးချယ်ဝယ်ယူကြတယ်။ ဘယ်နှရက်အတွင်း အသားဘယ်လိုဖြူသွားမယ်၊ ဘယ်လိုချောမွတ်လှပသွားမယ်ဆိုတဲ့ အာမခံချက်တွေ ရှိကြတာလည်း အများသားရယ်။ ဒါပေမယ့် ကိုယ့်အသားအရေနဲ့ အကိုက်ညီဆုံးကိုပဲ ရွေးသုံးနိုင်ဖို့က အဓိကသော့ချက်ဆိုတာလေး မမေ့စေချင်ပါဘူး။ တခြားသူတွေနဲ့ အာနိသင် ဘယ်လောက်ကောင်းနေပါစေ၊ ကိုယ့်အသားအရေနဲ့မကိုက်ညီရင် မကောင်းတဲ့အပြင် ပိုဆိုးသွားနိုင်ပါတယ်။ ထိခိုက်လွယ်၊တုံ့ပြန်လွယ်တဲ့ အသားအရေသာဆို ဓာတ်မတည့်တာတစ်ခုခုပါတာနဲ့ ချက်ချင်းပြဿနာပေါ်တတ်ပါတယ်။ ဒါပေမယ့် ပြဿနာက ကိုယ်က ထိခိုက်လွယ်အသားအရေဖြစ်နေတာကို မသိတာပါပဲ။ ထိခိုက်လွယ်တဲ့ အသားအရေပိုင်ရှင်တွေဟာ - (၁) အရေပြားမှာ နီမြန်းတာ ဖြစ်လွယ်တတ်တယ်။ အရေပြားမှာ ထိတွေ့လိုက်တဲ့ အသားအရေထိန်းပစ္စည်းတစ်ခုခုရဲ့ပါဝင်ပစ္စည်းနဲ့ဓာတ်မတည့်တာကြောင့် ချက်ချင်း နီမြန်းတာ ဖြစ်လာတတ်ပါတယ်။ တကယ်ဆို ဖုန်မှုန့်နဲ့ထိတွေ့မိရင်တောင် အသားအရေမှာ နီမြန်းလာတာမျိုး။ (၂) အနီကွက်လေးတွေ၊ အဖုလေးတွေ ဖြစ်လေ့ရှိတယ်။ မျက်နှာလေးက တကယ်တော့ ဘာမှအပြစ်အဆာမရှိပေမယ့် အနီကွက်ထတာ၊ အဖုသေးသေးလေးတွေထွက်တာ မကြာမကြာဖြစ်နေရတာ […]


အသားအရေ ထိန်းသိမ်းခြင်း

စမတ်ဖုန်းက လူ့အရေပြားကို ဘယ်လို ဒုက္ခပေးသလဲ

စမတ်ဖုန်း လှလှလေးတွေဟာ ဆွဲဆောင်မှုရှိလှပြီးတော့ နေ့စဉ်လူနေမှုဘဝအတွက် မရှိမဖြစ် ကုန်ပစ္စည်းတစ်ခုဖြစ်သလို တန်ဖိုးရှိတဲ့ အဆင်တန်ဆာတစ်ခုလို့လည်းဆိုလို့ရပါတယ်။ လူတိုင်းဟာ စမတ်ဖုန်း လှလှလေးတွေကို ကိုင်ဆောင် အသုံးပြုနေကြပေမယ့် ဒီဖုန်းတွေကနေပေးတဲ့ ဘေးထွက်ဆိုးကျိုးတွေကိုတော့ သတိမူမိကြတာနည်းပါတယ်။ စမတ်ဖုန်းက လူ့အရေပြားကို ဘယ်လို ဒုက္ခပေးသလဲ သိကြလား။ တကယ်တမ်းအားဖြင့် စမတ်ဖုန်းတွေဟာ လေထုထဲက ဘက်တီးရီးယားပိုးမွှားတွေ ကပ်ညှိနိုင်ချေက အလွန်မြင့်မားတဲ့ ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ လေ့လာချက်တွေအရဆိုရင်တော့ စမတ်ဖုန်း တစ်လုံးဟာ ပျမ်းမျှ တစ်လက်မ ပတ်လည်ကို ဘက်တီးရီးယား ၂၅၀၀၀ လောက်ကပ်ညိနေနိုင်ပါတယ်။ မီးဖိုချောင်၊ အိမ်သာ၊ တိရစ္ဆာန်တွေနဲ့ ဆက်စပ်နေရင် ဒီထက်ပိုများနိုင်ပါသေးတယ်။ ဒီပမာဏဟာ အိမ်သာကမုတ်ခွက်ထက် ပိုညစ်ပတ်တယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ စမတ်ဖုန်းတွေဟာ အလှအပကို ချစ်မြတ်နိုးသူတွေအတွက် အန္တရာယ်တွေကို ဖိတ်ခေါ်နေတဲ့ အရာတစ်ခုလို့ဆိုလို့ရပါတယ်။ ဒါကြောင့် အရေပြားအလှအပကို မြတ်နိုးသူတွေအနေနဲ့ စမတ်ဖုန်းလှလှလေးတွေကြောင့် ဖြစ်လာနိုင်တဲ့ […]


အသားအရေ ထိန်းသိမ်းခြင်း

အသားအရေအတွက် ကောင်းမွန်တဲ့ skincare တွေထဲက ဗီတာမင် C

အသားအရေလေးကို အမဲစက်တွေ ကင်းပြီး ကြည်ကြည်လင်လင်လေး လှပစေချင်တာ လေဒီလေးတိုင်းရဲ့ စိတ်ကူးအိပ်မက်ပါ။ မိတ်ကပ်ပြင်ရတာကို နှစ်ခြိုက်တဲ့ လေဒီလေးတွေရှိပေမယ့် အချို့ လေဒီလေးတွေကတော့ skincare ကောင်းကောင်းလုပ်ထးတဲ့ မူလ အသားအရေ ကြည်ကြည်လင်လင်လေးပေါ်မှာ sunscreen လေးလောက် လိမ်းပြီး နေ့စဉ်ဘဝမှာ သွားလာ လှုပ်ရှားနေရတာကို သဘောကျတတ်ကြပါတယ်။ စစ်တမ်းတွေအရလည်း အမျိုးသားတွေက မိတ်ကပ်ပြင်ဆင်ထားတဲ့ မိန်းကလေးတွေထက် အသားအရေကောင်းတဲ့ မိတ်ကပ်မလိမ်းခြယ်ထားတဲ့ လေဒီလေးတွေကို ပိုသဘောကျတတ်​ကြပါသတဲ့။ အသားလေးကို ကြည်လင်ဝင်းပနေစေမယ့် လျှို့ဝှက်ချက်တစ်ခု လေဒီလေးတွေရဲ့ အသားအရေကို အနာအဆာကင်းစွာနဲ့ ကြည်ကြည်လင်လင် လှပစေမယ့် အရာလေးတစ်ခုရှိပါတယ်။ ဒါကတော့ ဗီတာမင် C ပါ။ ဗီတာမင် C ကို ကိုယ်ခံအား ဗီတာမင်လို့ သိကြပေမယ့် အလှအပအတွက်လည်း တကယ်ကို ထောက်ကူပေးပါတယ်။ ဗီတာမင် C နဲ့ အသားအရေ ဗီတမင် C […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဗောက်ထတာက ဆံပင်ကျွတ်စေနိုင်လား....

ကုတ်လိုက်တိုင်း ဗောက်တွေက ဖွေးဖွေးလှုပ်။ ခေါင်းဖြီးလိုက်တိုင်း ဆံပင်တွေကျွတ်နဲ့ စိတ်ကိုညစ်နေတာပဲ။ ဗောက်ထတာက ဆံပင်ကျွတ်စေနိုင်လား.... ဘာလုပ်လို့လုပ်ရမလဲသိဘူးဆိုတဲ့သူတွေများရှိလား.... ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဗောက်ဆိုတာ ကမ္ဘာ့လူဦးရေ ၅၀ ရာခိုင်နှုန်းလောက်က ဗောက်ပြဿနာကိုခံစားနေရပါတယ်။ ဒါကြောင့် ဗောက်ပြဿနာခံစားနေရတာ သင်တစ်ယောက်တည်းလို့ မထင်စေချင်ပါဘူး။ ဗောက်က ဦးရေပြား ပြဿနာတစ်ခုပါ။ ဦးရေပြားခြောက်သွေ့မှုကနေဖြစ်ပေးလာတဲ့ အရေပြားပြဿနာတစ်ခုပေါ့။ ဗောက်က ဘာတွေဖြစ်စေနိုင်လဲ..... ဗောက်ဖြစ်တဲ့အခါ ဦးရေပြားက ယားယံမယ် ခြောက်သွေ့မယ် နီမြန်းရောင်ရမ်းမယ်။ ဗောက်ဖြစ်စေတဲ့အကြောင်းအရင်း ဗောက်ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းက တစ်ခုမကရှိနေပါတယ်။ ဦးရေပြားက အဆီပြန်တာ ခေါင်းသေချာမလျှော်တာ မှိုပိုးကူးစက်ခံရတာ အသားအရေခြောက်သွေ့တာ ဆံသားသုံး ပစ္စည်းတွေနဲ့ မတည့်တာ အရေပြားပြဿနာတစ်ခုခု ခံစားနေရတာ အသက်အရွယ်ကြောင့်ဖြစ်တာ ရောဂါအခံတစ်ခုခုရှိနေတာကြောင့် ဗောက်ထနိုင်ပါတယ်။ ဗောက်ထတာက ဆံပင်ကျွတ်စေနိုင်လား.... ဗောက်ထတာက ဆံပင်ကျွတ်စေနိုင်လား.... ဆိုတော့ တိုက်ရိုက်ကျွတ်စေတာမျိုးတော့ မဟုတ်ပါဘူး။ ဆိုလိုတာက ဗောက်ရှိတိုင်း ဆံပင်ကျွတ်တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဗောက်ဖြစ်တဲ့အခါ ဦးရေပြားက ယားယံတယ်။ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဆံပင် ဖြောင့်တဲ့အခါ

ဆံပင် ဖြောင့်တဲ့အခါ ဘာတွေ သိထားရမလဲ ပြောပြပေးချင်ပါတယ်။ အမျိုးသမီးတစ်ယောက်ရဲ့ ဆံကေသာ အလှ ဟာ နဂိုကောင်းတာကြောင့်ဆိုတာထက် ဆံပင် ကို သူဘယ်လိုစောင့်ရှောက်ပေးသလဲ ဆိုတာနဲ့ ပိုသက်ဆိုင်ပါတယ်။ ဆံပင် ဖြောင့်တဲ့အခါ ဆံပင်ဆိုတာ ဘာအရေးကြီးလို့လဲ ဆိုသူတွေကိုပြောချင်တာက ဆံပင်ဟာ လူတစ်ယောက်အတွက်တော့ ဒုတိယ မျက်နှာပါပဲ။ ဆံကေသာ အလှ လို့ဆိုတဲ့နေရာမှာ ဆံသားရဲ့ ကျန်းမာသန်စွမ်းလှပမှု အပြင် ဆံပင်ပုံစံကိုလည်း ထည့်စဉ်းစားကြရပါတယ်။ ကမ္ဘာအနှံ့က တချို့သောအမျိုးသမီးတွေက လှပသန်စွမ်းပြီး နူးညံ့တဲ့ ဆံပင် အပြင် သူတို့နဲ့ လိုက်ဖက်မယ်ထင်တဲ့  ရှည်ပြီးဖြောင့်တဲ့ ဆံပင်ရဖို့ စိတ်ကူးယဉ်ကြပါတယ်။ ဘာကြောင့် ဆံပင်အဖြောင့်ကို ကြိုက်တာလဲ ကြည့်ကြည့်ရအောင်။ အမျိုးသမီးတွေက ဆံပင်ပုံစံအမျိုးမျိုးနဲ့ မွေးဖွားလာကြတာပါ။ အကောက်၊ လှိုင်းတွန့်၊ အရှည်၊ အတို အစုံပေါ့။ ဒါပေမဲ့ တချို့အမျိုးသမီးတွေရဲ့အဆိုအရ ဆံပင်အဖြောင့်ထက် ကောင်းတာ […]


အသားအရေ ထိန်းသိမ်းခြင်း

မျက်နှာလေး အမွေးအမျှင် ကင်းစင်လှပဖို့ရာ နည်းအဖြာဖြာ

“နှုတ်ခမ်းမွေးလေးရေးတေးတေးနဲ့မှ လှတဲ့  ခေတ်ကုန်သွားပါပြီ” ဆိုတဲ့ မေလေးတို့ရေ…။ တချို့ မေလေး တွေဟာ အမျိုးသားဟော်မုန်းဓာတ်အားကောင်းတာကြောင့် မျက်နှာလေး မှာ အမွေးအမျှင်ပေါက်တာ များတတ်ပါတယ်။ မျက်ခုံးကောင်းတာလေး ကို သဘောကျပေမယ့် နှုတ်ခမ်းမွေးတွေ မုတ်ဆိတ်မွေးတွေပါထွက်နေရင်တော့ ဘယ်လိုပဲ ခပ်ပါးပါးလေး ထွက်တာပါဆိုဆို စိတ်ထဲမှာ ဘဝင်မကျတတ်ကျဘူးမဟုတ်လား။ ဒီတော့ သည် အမွေးအမျှင်တွေကို  ရရာနည်းတွေနဲ့ ဖယ်ရှားဖို့ ကြိုးစားကြတယ်ပေါ့နော်….။ အဲဒီမှာ မေလေးတို့ အများဆုံးလုပ်ကြတာက ရိတ်ပစ်တာပါ။ လွယ်တာကိုး …နော်။ ဒါပေမဲ့ ဒီနည်းဟာ မျက်နှာ အတွက်သာမက တခြားနေရာ အတွက်ပါ မရွေးချယ်သင့်ဆုံး နည်းပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ရိတ်တယ်ဆိုတာ အောက်က hair sac လို့ခေါ်တဲ့ အမြစ်မပါပဲ အပေါ်ယံပဲ ဖြစ်တဲ့ အပြင် သွားဆွ လိုက်သလို ဖြစ်တာကြောင့် […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Hello Sayarwon Medical Panel

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း