စစ်တမ်းတွေအရလည်း အမျိုးသားတွေက မိတ်ကပ်ပြင်ဆင်ထားတဲ့ မိန်းကလေးတွေထက် အသားအရေကောင်းတဲ့ မိတ်ကပ်မလိမ်းခြယ်ထားတဲ့ လေဒီလေးတွေကို ပိုသဘောကျတတ်ကြပါသတဲ့။
အသားလေးကို ကြည်လင်ဝင်းပနေစေမယ့် လျှို့ဝှက်ချက်တစ်ခု
လေဒီလေးတွေရဲ့ အသားအရေကို အနာအဆာကင်းစွာနဲ့ ကြည်ကြည်လင်လင် လှပစေမယ့် အရာလေးတစ်ခုရှိပါတယ်။ ဒါကတော့ ဗီတာမင် C ပါ။ ဗီတာမင် C ကို ကိုယ်ခံအား ဗီတာမင်လို့ သိကြပေမယ့် အလှအပအတွက်လည်း တကယ်ကို ထောက်ကူပေးပါတယ်။
ဗီတာမင် C နဲ့ အသားအရေ
ဗီတမင် C ကို အရေပြားရဲ့ အပေါ်ယံလွှာမှာ တွေ့ရနိုင်သလို အတွင်းလွှာမှာလည်း တွေ့ရပါတယ်။ ဗီတာမင် C က ဓာတ်တိုးဆန့်ကျင်အာနိသင်ရှိသလို ကင်ဆာတိုက်ဖျက်ပေးပြီး အရေပြား ကျန်းမာစေဖို့လည်း အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။
ဗီတာမင် C က အသားအရေ ထိန်းသိမ်းမှုပစ္စည်းတွေ အများစုမှာ မပါမဖြစ်ပါဝင်နေတဲ့ ပါဝင်ပစ္စည်းလေးတစ်မျိုးပါ။ ဗီတာမင် C က အသားအရေကို
- အရွယ်တင်နုပျိုစေတယ်
- နေရောင်ဒဏ်ကြောင့်ဖြစ်တဲ့ နေလောင်ဒဏ်ကနေလည်း အထိရောက်ဆုံး ကာကွယ်ပေးနိုင်တယ်
- အသက်အရွယ်ကြောင့်ဖြစ်တဲ့ အစက်အပြောက်တွေကို သက်သာစေနိုင်တယ်
- အရေပြားပေါ်က အနာတွေကို ကျက်စေနိုင်တယ်
- အရေပြားဆဲလ်တွေ အသစ်ဖြစ်ပေါ်စေတယ်
- အရေပြားကို ခြောက်သွေ့မှု ကင်းစေတယ်
- ဝက်ခြံသက်သာစေတယ်
- ဝက်ခြံအမာရွတ်တွေကို သက်သာစေတယ်
- အရေပြားကို ကြည်လင်စေတယ်
- ညစ်ညမ်းမှုတွေကနေ ကာကွယ်ပေးတယ်။
အသားအရေလှပစေဖို့အတွက် ဗီတာမင် C ကြွယ်ဝတဲ့ သံပုရာသီး၊ လိမ္မော်သီး၊ စတော်ဘယ်ရီ၊ ဂရိတ်ဖရုစ် စတာတွေကို စားပေးလို့ရသလို နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်ဒဏ်ကနေ ကာကွယ်ပေးမယ့် ဗီတာမင် C ကို Skincare လိမ်းပေးတာကနေတဆင့်လည်း ရယူလို့ရပါတယ်။ ဒီလို skincare ကနေတဆင့် ဗီတာမင် C ကို ရယူမယ်ဆိုရင် သတိထားရမှာလေး တစ်ချက်က သဘာဝ ဗီတာမင် C စစ်စစ် ဖြစ်ဖို့ပါ။ (ဥပမာ လိမ္မော်သီးကနေ ထုတ်ထားတာမျိုးပါ)