မျက်နှာလေး လှဖို့၊ ကြည်လင်နေစေဖို့ အသားအရေထိန်းပစ္စည်းတွေ အမျိုးမျိုးသုံးကြတယ်နော်။ လူကြိုက်များတဲ့ အမှတ်တံဆိပ်တွေကို ရွေးချယ်ဝယ်ယူကြတယ်။ ဘယ်နှရက်အတွင်း အသားဘယ်လိုဖြူသွားမယ်၊ ဘယ်လိုချောမွတ်လှပသွားမယ်ဆိုတဲ့ အာမခံချက်တွေ ရှိကြတာလည်း အများသားရယ်။ ဒါပေမယ့် ကိုယ့်အသားအရေနဲ့ အကိုက်ညီဆုံးကိုပဲ ရွေးသုံးနိုင်ဖို့က အဓိကသော့ချက်ဆိုတာလေး မမေ့စေချင်ပါဘူး။