အသားအရေအတွက် ခက်ခဲတဲ့ ကာလဖြစ်တဲ့ ဆောင်းရာသီမှာ အသားအရေကို ထိခိုက်မှု မရှိစေဘဲ ဆဲလ်သေတွေကို ဖယ်ရှားချင်တယ်ဆိုရင် ဒီနည်းလမ်းလေးတွေက အဆင်ပြေစေမှာပါ။
ပတ်ဝန်းကျင်က အေးမြ ခြောက်သွေ့တဲ့ ဆောင်းရာသီမှာ ဓာတုပစ္စည်း အပြင်းစားတွေပါတဲ့ ဆဲလ်သေဖယ်ရှားတဲ့ ပစ္စည်းတွေ သုံးပြီး ဆဲလ်သေဖယ်ရှားတာက အသားအရေကို ခြောက်သွေ့ ပျက်စီးစေနိုင်ပါတယ်။
ဒါကြောင့် ဆောင်းရာသီမှာ ဆဲလ်သေ ဖယ်ရှားမယ်ဆိုရင် ဒီအချက်လေးကို သတိထားပေးပါ။ သဘာဝပစ္စည်းလေးတွေကို သုံးပေးပါ။
သင်္ဘောသီး မှည့်မှည့်လေးကို ကြိတ်ခြေလိုက်ပါ။ ပြီးရင် ပျားရည် လက်ဖက်ရည်ဇွန်း တဝက်စာ ထည့်ပြီး သမအောင် မွှေပါ။ ရလာတဲ့ အရောကို သန့်စင်ထားတဲ့ မျက်နှာပေါ် လိမ်းပေးပြီး ၁၅မိနစ်လောက် ထားပါ။ ပြီးရင် ရေဆေးချလိုက်ပါ။
ကော်ဖီ အကြမ်းမှုန့်တစ်ခွက်စာထဲကို သံလွင်ဆီ အနည်းငယ်ထည့်ပြီး သမအောင် မွှေပါ။ ရလာတဲ့ အရောကို မျက်နှာပေါ်မှာ စက်ဝိုင်းပုံစံ ခပ်ဖွဖွလေး ပွတ်ပြီး လိမ်းပေးရုံပါ။
ပြီးရင် သုံးနေကျ မျက်နှာသစ်ဆေးလေးနဲ့ သန့်စင်လိုက်ရုံပါ။
- ပျားရည်၊ သံပုရာသီး နဲ့ သကြား
သံပုရာသီးကို အရည်ညှစ်ပြီး ပျားရည်နည်းနည်း ထည့်ပါ။ ပြီးရင် သကြားထည့်ပြီး ရောမွှေလို့ စက်ဝိုင်းပုံစံ ပွတ်ပေးပါ။ ပြီးရင်တော့ ပုံမှန်အတိုင်း သန့်စင်ပေးပါ။
ဒီလို ဆဲလ်သေတွေ ဖယ်ရှားပြီးတဲ့အခါ အစိုဓာတ်ထိန်းခရင်မ် တစ်ခုခု ပြန်လိမ်းဖို့ မမေ့ပါနဲ့။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။