backup og meta

လိင်ဆက်ဆံပြီး ရင် ဒီလိုခံစားရတာ ပုံမှန်ပါ။

Written by Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


4 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လိင်ဆက်ဆံပြီး ရင် ဒီလိုခံစားရတာ ပုံမှန်ပါ။

    လိင်ဆက်ဆံပြီး ရင် တစ်ခါတလေမှာ ထူးခြားတဲ့ လက္ခဏာလေးတွေ ခံစားရတတ်ပါတယ်။ လိင်ကိစ္စ မို့လို့ တစ်ယောက်နဲ့ တစ်ယောက် ပြောဆိုဆွေးနွေးတာမျိုးတွေ မရှိတာကြောင့် ဒါတွေက ကိုယ်တစ်ယောက်တည်းမှာများ ဖြစ်နေတာလားဆိုပြီး စဉ်းစားနေမိရင် ဒီအချက်တွေကို စစ်ဆေးကြည့်လိုက်ပါ။

    လိင်ဆက်ဆံပြီး ရင် ဒါတွေ ခံစားရတတ်ပါတယ်။ 

  • အဖော်ကို ပိုပြီး ခင်တွယ်လာတယ်။
  • ပြီးမြောက်သွားတဲ့အခါ မိမိအဖော်ကို ပိုပြီးခင်တွယ်လာတာ သဘာဝပါ။ ဒီလို ဖြစ်ရတာ Love hormoneလို့ ခေါ်တဲ့ အောက်စီတိုစင် ထွက်လာလို့ပါ။ ဒီဟော်မုန်းက အဖော်တွေကြားမှာ ခင်တွယ်မှုကို ဖြစ်စေပါတယ်။ ဒါကြောင့် သွေးအေးနေပြီဆိုရင် အတူမနေဖြစ်တာ ကြာလို့များလားဆိုတာ စဉ်းစားကြည့်ပါ။

    • မိန်းမကိုယ်ကနေ သုက်ရည်ဆင်းနိုင်ပါတယ်။

    ကွန်ဒုံးမသုံးထားဘူးဆိုရင်တော့ လိင်ဆက်ဆံပြီးရင် မိန်းမကိုယ်ကနေ သုက်ရည်အနည်းငယ် ဆင်းနိုင်ပါတယ်။ ခန္ဓာကိုယ်ကနေ သုက်ရည်ကို မစုပ်ယူတဲ့အတွက် အပြင်ကို ဆင်းလာရုံအပြင် တခြားနည်းလမ်း မရှိပါဘူး။

    ဆီးသွားရင်း သွားရင်းနဲ့ အလိုလို ထွက်သွားပါလိမ့်မယ်။ မိန်းမကိုယ်ကို ဆေးကြောလို့ ရပေမယ့် အတွင်းထဲထိ နှိုက်ဆေးတာတော့ မလုပ်သင့်ပါဘူး။

    • မျက်နှာတွေ ရဲလာပါတယ်။

    အမျိုးသမီးတွေသာမကဘဲ အမျိုးသားတွေပါ လိင်ဆက်ဆံပြီးရင် မျက်နှာ၊ ရင်ဘတ် စတာတွေ ရဲတက်လာပါတယ်။ ဒါက သွေးလည်ပတ်မှု ကောင်းလို့ ဖြစ်တာပါ။ တချို့တွေမှာ နာရီပိုင်းလောက် ကြာတတ်ပေမယ့် အများစုက မိနစ်အနည်းငယ်လောက်ဆိုရင် ပုံမှန်ပြန်ဖြစ်သွားပါတယ်။

    • ကြွက်တက်နိုင်ပါတယ်။

    အထူးသဖြင့် အမျိုးသမီးတွေက ပြီးမြောက်သွားတဲ့အခါမှာ အတွင်းထဲကနေ ညှစ်ထားသလို ခံစားရတတ်ပါတယ်။ ရာသီလာလို့ ဗိုက်အောင့်သလိုမျိုး ခံစားရပါတယ်။ တချို့ကတော့ ဆီးစပ်ကိုက်ပါတယ်။ အများစုက မပြင်းထန်ဘဲ ခဏလောက်နေရင် သက်သာသွားပါတယ်။ အမြဲတမ်းဖြစ်တယ်။ မသက်သာဘဲ ပိုဆိုးလာရင်တော့ ဆရာဝန်နဲ့ ပြသင့်ပါတယ်။

    • အိပ်ငိုက်လာတယ်။

    လိင်ဆက်ဆံပြီးတဲ့နောက်မှာ အိပ်ချင်သလို ဖြစ်လာရင် ဒါပုံမှန်ပါပဲ။ အတူနေတာက ကယ်လိုရီလောင်ကျွမ်းစေတဲ့ လေ့ကျင့်ခန်းတစ်ခုကို လုပ်ရသလို ဖြစ်တဲ့အတွက် ပင်ပန်းပြီး အိပ်ချင်လာပါတယ်။

    ဒါ့ပြင် အန်ဒိုဖင်းလို့ခေါ်တဲ့ ဓာတ်ပစ္စည်းတစ်မျိုး ထွက်ပါတယ်။ သူက မော်ဖင်းလိုမျိုး ငြိမ်စေတဲ့သတ္တိရှိတဲ့အတွက် အိပ်ငိုက်လာတာပဲ  ဖြစ်ပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေက ပိုပြီး အိပ်ချင်တာကို တွေ့ရပါတယ်။

    လိင်ဆက်ဆံပြီး ရင် ဒီလိုခံစားရတာ ပုံမှန်ပါ။

    လိင်ဆက်ဆံပြီးတဲ့နောက်မှာ လိင်အင်္ဂါတွေကနေ ယားသလို ခံစားရတတ်ပါတယ်။ ဖြစ်နိုင်တာတွေကတော့

    -လိင်အင်္ဂါချင်း ပွတ်တိုက်မှုတွေ ဖြစ်တာ

    -ဆီးခုံမွေးတွေ ပွတ်တိုက်မိတာ

    -သုံးတဲ့ ချောဆီတွေ၊ ကွန်ဒုံးတွေနဲ့ ဓာတ်မတည့်တာကြောင့် ဖြစ်နိုင်ပါတယ်။

    ဓာတ်မတည့်တာကြောင့်လို့ ယူဆရင် ပြောင်းသုံးကြည့်ပါ။ ယားတာ မသက်သာရင် ဆရာဝန်နဲ့ ပြကြည့်ပါ။ အများစုကတော့ အနည်းငယ်ယားပြီး ခဏနေရင် ပျောက်သွားပါတယ်။

    ဒီလိုဖြစ်ရတာက pHနည်း (အက်စစ်ဓာတ်များ)တဲ့ မိန်းမကိုယ်အရည်နဲ့ pHများ (အယ်ကာလီများ)တဲ့ သုက်ရည်တို့ ပေါင်းပြီး အနံ့သစ်ထွက်လာလို့ပါ။ ဒါ့ပြင် ပေါင်ခြံကလည်း ချိုင်းလိုပဲ ချွေးဂလင်းတွေရှိတဲ့အတွက် ချွေးနံ့လည်း ထွက်နိုင်ပါတယ်။

    ဒါက သန့်ရှင်းရေး လုပ်လိုက်ရင် ပျောက်သွားပါတယ်။ ဆက်တိုက် ငါးညှီနံ့လိုလို၊ အနံ့ဆိုးတွေ ထွက်နေရင်တော့ ဆရာဝန်နဲ့ ပြပြီး ပိုးဝင်တာလားဆိုတာ စစ်ဖို့ လိုပါတယ်။

    ဒါက အတူနေလိုက်လို့ မိန်းမကိုယ် ချောင်သွားတာ မဟုတ်ပါဘူး။ မိန်းမကိုယ်က အဲ့လို လွယ်လွယ်နဲ့ မချောင်တတ်ပါဘူး။ ကြီးတယ်လို့ ထင်ရတာက အတူနေချိန်မှာ ပွတ်တိုက်မှု များလို့ပါ။ ပွတ်တိုက်မှုကြောင့် ရောင်ရမ်းတာမျိုးပါ။

    နောက်တစ်ခုက နှိုးဆွတာကြောင့်ပါ။ လိင်စိတ်ကြွရင် အမျိုးသားတွေ လိင်တံထောင်မတ်သလို အမျိုးသမီးတွေလည်း မိန်းမကိုယ်ဖောင်းလာတတ်ပါတယ်။ ခဏနေရင် သက်သာသွားပါလိမ့်မယ်။

    • လိင်အင်္ဂါတွေ နာတာ

    အတူနေပြီးရင် အမျိုးသားရော အမျိုးသမီးပါ လိင်အင်္ဂါတွေ နာတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကတော့ ဖြစ်တတ်ပါတယ်။ ဒီလို နာတာက ထိခိုက်ဒဏ်ရာကြောင့် နာတာနဲ့ မတူဘူး။ မခံနိုင်အောင် နာတာလည်း မဟုတ်ဘူးဆိုရင်တော့ ပုံမှန်ပါပဲ။

    အထူးသဖြင့် အကြာကြီး အတူနေတယ်။ ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံတယ်။ ချောဆီသိပ်မထွက်ဘူးဆိုရင်တော့ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် အတူနေတိုင်း နာနေမယ်။ တော်တော်နဲ့လည်း မပျောက်ဘူး။ နာမှာကြောက်လို့ အတူတောင် မနေတော့ဘူးဆိုရင်တော့ ဆရာဝန်နဲ့ ပြဖို့ လိုနေပါပြီ။

    အထူးသဖြင့်တော့ မိန်းမကိုယ် ခြောက်သွေ့နေမယ်။ ပွတ်တိုက်မှုလည်း များမယ်ဆိုရင် အတူနေပြီး သွေးဆင်းတာ ဖြစ်တတ်ပါတယ်။ နည်းနည်းပါးပါးဆိုရင် စိုးရိမ်စရာ မရှိပါဘူး။

    ဒါပေမယ့် နေတဲ့အကြိမ်တိုင်း သွေးဆင်းနေမယ်။ များလည်း များမယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသင့်ပါတယ်။

    လိင်ဆက်ဆံပြီးချိန်မှာ ဒီပြဿနာတွေ ကြုံတွေ့ရတာ သဘာဝပါ။ တချို့ကိစ္စတွေက ဖြစ်လေ့ဖြစ်ထမို့လို့ စိုးရိမ်စရာ မဟုတ်ပေမယ့် သတိထားရမယ့် အခြေအနေတွေကိုလည်း သိထားသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    4 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement