ကွန်ဒုံးသုံးတယ်ဆိုတာ ရည်ရွယ်ချက် နှစ်ခုနဲ့ပါ။ ကိုယ်ဝန်တားချင်တာရယ်၊ လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေရယ်က ကာကွယ်ဖို့ပါ။ ဒါပေမယ့် ဘယ်အရာကမှ ပြီးပြည့်စုံတယ်လို့ မရှိပါဘူး။ ကွန်ဒုံးက လိင်ကတဆင့်ကူးစက်ရောဂါ တွေကို ကာကွယ်ပေးနိုင်တယ်ဆိုပေမယ့် အကုန်လုံးတော့ မဟုတ်ပါဘူး။ သူကာကွယ်မပေးနိုင်တဲ့ တချို့ရောဂါလေးတွေ ရှိနေပါသေးတယ်။