ဒါက နောက်ထပ် နည်းလမ်းတစ်ခုပါ။ အမျိုးသား လိင်တံကို စိတ်ကြွပြီး ပြီးမြောက်ခါနီးအထိ နှိုးဆွပေးလိုက်ပါ။ ပြီးတော့မယ်ဆိုရင် ရပ်ပြီး သုက်လွှတ်ချိန်စိတ်ကို လုံးဝပျောက်သွားတဲ့အထိ စောင့်လိုက်ပါ။
ပြီးရင် ပြန်ဆွ၊ ပြီးခါနီးရင် ရပ်ပြီး ထပ်စောင့်ပါ။ ၃ကြိမ်လောက်ထိ လုပ်ပြီး ၄ကြိမ်မြောက်မှာ သုက်လွှတ်လိုက်ပါ။
တင်ပဆုံကွင်းထဲမှာ ရှိနေတဲ့ ကြွက်သားတွေကို သန်မာအောင် လုပ်တဲ့ လေ့ကျင့်ခန်းပါ။ ဒီကြွက်သားတွေ သန်မာနေရင် သုက်လွှတ်မြန်တာ ကို ပိုပြီး ထိန်းရတာ လွယ်ပါတယ်။
လေ့လာချက်တစ်ခုမှာ အမျိုးသားတွေကို ၁၂ပတ်ကြာအောင် တင်ပဆုံလေ့ကျင့်ခန်း လုပ်ခိုင်းပြီးတဲ့နောက်မှာ အမျိုးသားတွေက သူတို့ရဲ့ သုက်လွှတ်တဲ့ အာရုံကြောကို ပိုထိန်းနိုင်ပြီး ပြီးမြောက်ဖို့ အချိန်ပိုကြာတာ တွေ့ရပါတယ်။
Kegel exercises ကို လုပ်မယ်ဆိုရင် အရင်ဆုံး ကြွက်သားတွေကို သိဖို့ လိုပါတယ်။ ကြွက်သားတွေကို သိဖို့ဆိုရင် ဆီးသွားရင်း အားနဲ့ အောက်ပိုင်းကြွက်သားတွေကို ညှစ်ကြည့်လိုက်ပါ။ ဆီးရပ်သွားရင် ကိုယ်လေ့ကျင့်ချင်တဲ့ ကြွက်သားတွေကို ညှစ်မိနေလို့ပါ။ (ဒါပေမယ့် ဒီလေ့ကျင့်ခန်းကို ဆီးသွားရင်းနဲ့ မလုပ်ရပါဘူး)
ကြွက်သားတွေကို သိသွားပြီဆိုရင် ကြမ်းပြင်မှာလှဲပြီး ခုနက ကြွက်သားတွေကို အားနဲ့ ညှစ်ကြည့်ပါ။ ၅စက္ကန့်လောက်ကြာအောင် ညှစ်ပြီး ပြန်လျှော့ပါ။ ညှစ်လိုက် လျှော့လိုက်နဲ့ ၁၀ကြိမ် ၂ကျော့လုပ်ပါ။

အားဆေးများ
ဇင့်ဓာတ်က သုက်လွှတ်မြန်တာကို တိုက်ရိုက်သက်သာစေတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဇင့်ပါတဲ့ အားဆေးတွေက လိင်ပိုင်းဆိုင်ရာ ပြဿနာတွေကို သက်သာစေပြီး သွေးထဲက တက်စတိုစတီရုန်း ပမာဏကို တက်စေပါတယ်။ လိင်စိတ်ကို တက်စေပြီး လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို တက်စေပါတယ်။ ဒါက သွယ်ဝိုက်နဲ့ နည်းလမ်းနဲ့ သုက်လွှတ်မြန်တာကို သက်သာစေမှာပါ။
မဂ္ဂနီဆီယမ်က သုက်ကောင်တွေ ထုတ်လုပ်မှုကို ကောင်းစေပါတယ်။ လေ့လာချက်တစ်ခုမှာ မဂ္ဂနီဆီယမ်နည်းတာက သုက်လွှတ်စောတာနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။ အကြောင်းက မဂ္ဂနီဆီယမ်က ပြီးမြောက်ဖို့ လိုအပ်တဲ့ ကြွက်သားတွေ ကျုံ့ဆန့်တာကို ထိန်းချုပ်ပေးလို့ပဲ ဖြစ်ပါတယ်။
တခြားလိုအပ်တဲ့ ဓာတ်တွေကတော့ ကယ်ဆီယမ်၊ ကော့ပါး၊ မဂ္ဂနိစ်နဲ့ ဆီလီနီယမ်တို့ပဲ ဖြစ်ပါတယ်။
ဒီအားဆေးတွေက သုက်လွှတ်မြန်တာ ကို ကုသပေးတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် တချို့အမျိုးသားတွေမှာ သက်သာလာတာကိုတော့ တွေ့ရပါတယ်။
ဆေးဝါးတွေမှာ သောက်ဆေးနဲ့ လိမ်းဆေးဆိုပြီး ရှိပါတယ်။
လိမ်းဆေးအနေနဲ့ကတော့ lidocaine, prilocaine, benzocaine စတာတွေကို သုံးနိုင်ပါတယ်။ အတူနေခင် နာရီဝက်အလိုမှာ လိင်တံထိပ်မှာ လိမ်းထားနိုင်ပါတယ်။ အတူနေဖို့ ၅မိနစ်အလိုလောက်ဆိုရင် ရေဆေးချပြီး နေနိုင်ပါတယ်။ သူက ထုံဆေးတွေ ဖြစ်တာကြောင့် လိင်တံကို ခံစားမှု လျော့နည်းစေပါတယ်။ ဒါက ယာယီပဲ ဖြစ်ပါတယ်။
သောက်ဆေးတွေကတော့ စိတ်ကျရောဂါတွေမှာ ကုသတဲ့ ဆေးတွေပဲ ဖြစ်ပြီး ဆရာဝန်ညွှန်ကြားနဲ့မှ မှီဝဲသင့်ပါတယ်။
သုက်လွှတ်မြန်တာကို ကိုယ်တိုင်ဖြေရှင်းနိုင်ဖို့
သုက်လွှတ်မြန်တာကို ကိုယ်တိုင်ဖြေရှင်း ကြည့်ချင်တယ်ဆိုရင်
- သုက်ထိန်းနိုင်တဲ့ နည်းလမ်းတွေ
- လေ့ကျင့်ခန်းတွေ
- အားဆေးတွေ
- လိမ်းဆေးတွေ အသုံးပြုနိုင်ပါတယ်။
ဒါတွေနဲ့ မသက်သာဘူးဆိုရင်တော့ ဆရာဝန်ပြကြည့်ပါ။ ရောဂါအခံတစ်ခုခုကြောင့် သုက်လွှတ်မြန်နေတာ ဖြစ်နိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။