backup og meta

ကော့ပါး IUD နဲ့ ဟော်မုန်းIUD ဘာကွာသလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 09/12/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကော့ပါး IUD နဲ့ ဟော်မုန်းIUD ဘာကွာသလဲ

    IUD ဆိုတာ သားအိမ်ထဲထည့်တဲ့ ပစ္စည်းရယ်လို့ အသိများကြပါတယ်။ သူ့မှာ ဟော်မုန်းပါတာရယ်၊ မပါတာရယ်ဆိုပြီး ၂မျိုးရှိပါတယ်။ ဟော်မုန်းမပါဘူးဆိုတာက ကော့ပါးနဲ့ လုပ်ထားတာပါ။ ဟော်မုန်းပါတာက ပရိုဂျက်စတင် (ပရိုဂျက်စတုန်း) ပါတာပါ။ သားအိမ်ထဲထည့်တဲ့ နည်းနဲ့ သန္ဓေတားမယ်ဆိုရင် ဒီနှစ်ခုထဲက ဘယ်ဟာကို ရွေးချယ်သင့်သလဲဆိုတာကို ပြောပြပေးပါမယ်။

  • ကော့ပါး IUD
  • ကော့ပါး  IUDက ကော့ပါးလို့ခေါ်တဲ့ ကြေးနီနဲ့ ပလတ်စတစ်နဲ့ လုပ်ထားတာပါ။ ကြေးနီက သုက်ပိုးကို သေစေတဲ့ သတ္တိရှိပါတယ်။ သုက်ကောင်က မမျိုးဥနဲ့ မတွေ့ခင် ကော့ပါးနဲ့ အရင်ထိတွေ့မိတဲ့အတွက် သေသွားပြီး မျိုးမအောင်နိုင်တော့ပါဘူး။ မတော်တဆ မျိုးအောင်သွားခဲ့ရင်တောင် သားအိမ်မှာ သွားတွယ်လို့မရအောင် တားဆီးပေးပါတယ်။

    ပရိုဂျက်စတင်ဟော်မုန်းအမျိုးအစား ( levonorgestrel) ပါဝင်ပါတယ်။ သူက အာနိသင်ပြဖို့ တစ်ပတ်လောက်စောင့်ရပါတယ်။ ဒါကြောင့် ရာသီစလာတဲ့ရက်ကနေ တစ်ပတ်ကျော်မှ ထည့်မယ်ဆိုရင် ၇ရက်တိတိ ရက်ရှောင်တာ ဒါမှမဟုတ် အတူနေမယ်ဆိုရင် ကွန်ဒုံးသုံးတာ လုပ်ရပါတယ်။ ပရိုဂျက်စတင်က သားအိမ်ခေါင်း အချွဲကို ထူစေပြီး သားအိမ်နံရံကို ပါးစေပါတယ်။ ဒါကြောင့် သုက်ကောင်နဲ့ မမျိုးဥနဲ့ ပေါင်းစပ်မှာကို ကာကွယ်ပေးပါတယ်။ သားဥကြွေတာကိုလည်း တားဆီးပေးပါတယ်။

    IUD တစ်မျိုးချင်းစီရဲ့ အာားသာချက်များ

    • ကော့ပါးIUD

    -ဟော်မုန်းပါတာကို မသုံးချင်တဲ့ အမျိုးသမီးတွေအတွက် သင့်တော်ပါတယ်။

    -ကျန်းမာရေးအခြေအနေအရ ဟော်မုန်းပါတာကို ရှောင်ဖို့လိုရင်လည်း ကော့ပါးIUDကို သုံးနိုင်ပါတယ်။

    -ကော့ပါး IUDက ချက်ချင်း သန္ဓေတားပေးနိုင်တဲ့ သတ္တိရှိတဲ့အတွက် အရေးပေါ်သန္ဓေတားနည်းလမ်းအနေနဲ့လမ်း သုံးလို့ရပါတယ်။ ဒါ့ပြင် ရာသီရက်ဝန်းရဲ့ ဘယ်အချိန်မှာမဆို ထည့်နိုင်ပြီး ထပ်ဆောင်းသန္ဓေတားနည်းလမ်း မလိုပါဘူး။

    -တစ်ခါထည့်ပြီးရင် ၁၀နှစ်လောက် သန္ဓေတားနိုင်ပါတယ်။

    -ဟော်မုန်းမပါတဲ့အတွက်  ရာသီလာတာကို အပြောင်းအလဲမဖြစ်စေပါဘူး။

    • ဟော်မုန်းIUD

    -ဟော်မုန်းပါတဲ့အတွက် ရာသီစက်ဝန်းကို ထိန်းညှိပေးနိုင်ပါတယ်။

    -ရာသီလာချိန်မှာ နာကျင်ကိုက်ခဲတာတွေကို သက်သာစေနိုင်ပါတယ်။

    -ရာသီသွေးဆင်းများတာကို သက်သာစေပါတယ်။

    -တစ်ခါထည့်ပြီးရင် ပစ္စည်းအမျိုးအစားပေါ် မူတည်ပြီး ၃-၅နှစ်အထိ ခံပါတယ်။

    IUD တစ်မျိုးချင်းစီရဲ့ အားနည်းချက်တွေက

    • ကော့ပါးIUD

    ရာသီသွေးဆင်းများနိုင်ပါတယ်။

    -ရာသီလာချိန်မဟုတ်ဘဲ သွေးဆင်းနိုင်ပါတယ်။

    -ရာသီချိန်မှာ ပိုပြီး ကိုက်ခဲနိုင်ပါတယ်။

    ကော့ပါး IUD နဲ့ ဟော်မုန်းIUD ဘာကွာသလဲ

    • ဟော်မုန်းIUD

    -ခေါင်းကိုက်တာ

    -ဝက်ခြံထွက်တာ

    -ဝလာတာ

    -ရင်သားတင်းတာ

    -စထည့်ထည့်ချင်း ပထမ၆လမှာ ရာသီမမှန်တာ

    -စိတ်အတက်အကျမြန်တာ စတာတွေ ဖြစ်တတ်ပါတယ်။

    သန္ဓေတားနိုင်စွမ်း

    သန္ဓေတားနိုင်စွမ်းက သေချာအသုံးပြုမယ်ဆိုရင် ဟော်မုန်း IUDက လူ ၁၀၀၀မှာ ၂ယောက်ပဲ မတော်တဆ ကိုယ်ဝန်ရနိုင်ခြေ ရှိပါတယ်။ ကော့ပါး IUD ကတော့ လူ၁၀၀၀မှာ ၈ယောက်ရနိုင်ခြေ ရှိပါတယ်။

    တူညီတဲ့ အချက်တွေက

    တူညီတဲ့ အချက်က နှစ်ခုလုံးက လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကို ကာကွယ်ပေးနိုင်စွမ်း မရှိပါဘူး။

    စျေးနှုန်းတွေ၊ ထည့်တဲ့၊ ထုတ်တဲ့ နည်းတွေကတော့ ၂ခုလုံးမှာ တူတူပဲ ဖြစ်ပါတယ်။ ထုတ်ပြီးရင်လည်း နှစ်ခုလုံးက သိပ်မစောင့်ရဘဲ ကိုယ်ဝန်ပြန်ရနိုင်ပါတယ်။

    သိစေချင်တာကတော့ သားအိမ်တဲ ထည့်တဲ့ ပစ္စည်းက နှစ်မျိုးရှိတယ်ဆိုတဲ့ အကြောင်းရယ်၊ မိမိ လိုအပ်ချက်အလိုက် နှစ်သက်ရာကို ရွေးချယ်နိုင်တယ်ဆိုတဲ့ အကြောင်းရယ်ပဲ ဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 09/12/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement