ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကလူတိုင်းအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ်ပါ။ လုံခြုံဘေးကင်းတဲ့ လိင်ဆက်ဆံခြင်း အကြောင်းအရာတွေကို ဆွေးနွေးခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို ဆွေးနွေးတယ်ဆိုတာထက် ပိုပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး နဲ့ ကျန်းမာပျော်ရွှင်သော လိင်မှုဘဝ လမ်းညွှန်ကဏ္ဍမှာ လိင်ပညာပေး၊ လိင်ပိုင်းဆိုင်ရာ ရောဂါတွေ ကာကွယ်ခြင်း၊ အကာအကွယ်အသုံးပြုခြင်း၊ လိင်မှုစွမ်းဆောင်ရည် ကျဆင်းခြင်းနဲ့ အခြားသော ကျန်းမာပျော်ရွှင်စေမည့် လိင်မှုဘဝ လမ်းညွှန်ချက်များကို ဖော်ပြပေးထားပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ

HIVပိုးက သွေးကနေ၊ လိင်ဆက်ဆံရာက ထွက်လာတဲ့ အရည်တွေ (ဥပမာ သုက်ရည်၊ မိန်းမကိုယ်အရည်) တွေကနေ အဓိက ကူးတယ်ဆိုတာ သိထားပြီး ဖြစ်မှာပါ။ တစ်ခါတလေ သူများရဲ့ သွေးက စားပွဲပေါ်မှာ ပေနေမယ်။ အဲ့တာကို မတော်တဆ သွားထိမိသွားမယ်။ ဒီလိုဆိုရင်ရော ကူးနိုင်လားလို့ မေးစရာရှိပါတယ်။ ဒါကို ပြောဖို့အတွက် HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ ဆိုတာကို သိဖို့လိုပါတယ်။ HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ အချိန်အတိအကျရယ်တော့ ပြောလို့မရပေမယ့် HIVပိုးက ခန္ဓာကိုယ်ပြင်ပမှာ ကြာကြာမရှင်နိုင်ပါဘူး။ သူဝင်ပွားစရာ ဆဲလ်မရှိတဲ့အတွက် အပြင်ရောက်ပြီး ခဏနေတာနဲ့ သေသွားမှာ ဖြစ်ပါတယ်။ ပတ်ဝန်းကျင် အခြေအနေပေါ် မူတည်ပြီး အချိန်နည်းနည်းကြာကြာ ရှင်ကောင်းရှင်နိုင်ပေမယ့် ကူးစက်နိုင်စွမ်းကတော့ မရှိသလောက်ပါပဲ။ HIVပိုးက ခန္ဓာကိုယ်ပြင်ပမှာ ဘယ်လောက်ကြာကြာရှင်နိုင်လဲဆိုတာကို သိဖို့ လေ့လာထားကြတာတွေ ရှိပါတယ်။ […]

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကို ရှာဖွေမည်။

လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

စိတ်လှုပ်ရှားစရာကောင်းတဲ့ လိင်ဆက်ဆံမှုပုံစံများ

လိင်မှုဘဝကို အမြဲ စိတ်လှုပ်ရှားစရာ ဖြစ်အောင် လုပ်ထားနိုင်ခြင်းက ကိုယ်နဲ့ ကိုယ့်အဖော်ကြားမှာပျော်ရွှင်တဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်ထားဖို့အတွက် နည်းလမ်းကောင်း တစ်ခုပါပဲ။ ကိုယ်တွေရဲ့ ချစ်ခရီးကို သမားရိုးကျ ဘောင်တွေထဲကနေ ဆွဲထုတ်ပြီး ပျော်ရွှင်နိုင်ဖို့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ ခုပြောမယ့် လိင်ဆက်ဆံမှု ပုံစံတွေကတော့ ကိုယ့်ရဲ့ လိင်မှုဘဝကို ပိုပြီး ရင်ခုန်စိတ်လှုပ်ရှားစေပါလိမ့်မယ်။ စိတ်လှုပ်ရှားစရာကောင်းတဲ့ လိင်ဆက်ဆံမှုပုံစံများ အကြောင်း ဗဟုသုတ အနေနဲ့ လေ့လာလိုက်နော်။ စိတ်လှုပ်ရှားစရာကောင်းတဲ့ လိင်ဆက်ဆံမှုပုံစံများ စိတ်လှုပ်ရှားစရာကောင်းတဲ့ လိင်ဆက်ဆံမှုပုံစံများ ကတော့ ၁။ မြန်ဆန်စွာဆက်ဆံခြင်း မြန်ဆန်တဲ့ လိင်ဆက်ဆံမှုဟာ သွေးထဲမှာAdrenalieဟော်မုန်းကိုရုတ်တရက် အများကြီးတက်စေပါတယ်။ အဲဒါက ကိုယ်ရော ကိုယ့်အဖော်ကိုပါ ငလျင်တစ်ခုလိုလှုပ်ခတ်သွားစေနိုင်ပြီး ဆက်ဆံမှုအပြီးမှာ ဒူးတွေ အားနည်းပြီး ဖြစ်ကျန်နေခဲ့တတ်ပါတယ်။ ခပ်သွက်သွက် ဆက်ဆံခြင်းက ကိုယ့်အဖော်ကို ကိုယ်ကဘယ်လောက်ထိ တပ်မက်တယ်ဆိုတာကို ပြသလိုက်တာ ဖြစ်လို့ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

အသက်အရွယ်အရ လိင်တံ ဘယ်လိုပြောင်းလဲလာသလဲ

အမျိုးသားတွေဟာ အသက်ကြီးလာတဲ့အခါမှာ သူတို့ရဲ့ လိင်တံပြောင်းလဲမှုတွေ ကြုံရတယ်ဆိုတာ သဘာဝပဲဖြစ်ပါတယ်။ သူတို့ ကိုယ်ခန္ဓါထဲမှာ ယောက်ျားဟော်မုန်း ကျဆင်းလာတဲ့အတွက် အရွယ်အစား၊ ပုံသဏ္ဍာန်နဲ့ လိင်ပိုင်းဆိုင်ရာ လုပ်ဆောင်မှုတို့ဟာ ပြောင်းလဲလာတာ ဖြစ်ပါတယ်။   အရွယ်အစား အကြီးအကျယ်မဟုတ်ပေမယ့် လင်တံဟာ အသက်ကြီးလာတဲ့အခါမှာ အရှည်ရော အထူပါ ပြောင်းလဲလာတယ်ဆိုတာကို အမျိုးသားတွေ သတိထားမိမှာပါ။ ဒီလို ကျုံ့လာရခြင်းရဲ့ အဓိက အချက်တွေကတော့ - လိင်တံရဲ့ သွေးလွှတ်ကြောအတွင်းမှာ အဆီပိတ်ခြင်း လိင်တံထောင်မတ်ခြင်းကို ဖြစ်စေတဲ့ အခန်းက အမျှင်လွှာအောက်မှာ ဆွဲဆန့်နိုင်ခြင်းမရှိတဲ့ collagen တွေ တဖြည်းဖြည်း ဖြစ်ပေါ်လာမှု တု့ိဖြစ်ပါတယ်။ လိင်တံအရွယ်အစားပြောင်းလဲလာစေတဲ့ နောက်တစ်ချက်ကတော့ ကိုယ်အလေးချိန်တက်လာလို့ပဲဖြစ်ပါတယ်။ ဗိုက်အောက်ပိုင်းမှာ အဆီစုဝေးလာတာဟာလည်း လိင်တံကို တိုတယ်လို့ ထင်ရစေပါတယ်။ လိင်တံတင်မကပဲ၊ ဝှေးစေ့တွေနဲ့ ကပ်ပယ်အိပ်ကပါ အသက်ကြီးလာတာနဲ့အမျှ အရွယ်အစားသေးလာမှာပါ။ ယောက်ျားဟော်မုန်း ပမာဏ နည်းလာတာကြောင့် […]


ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

ပျော်ရွှင်သာယာဖွယ်ကောင်းတဲ့ အိမ်ထောင်ရေးဖြစ်စေဖို့ လျို့ဝှက်ချက် လေးချက်

သာယာပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံမှုတစ်ခုရဲ့ လျှို့ဝှက်ချက်တွေဟာ ဘာတွေလဲဆိုတာ သင့်ကိုယ်သင် မေးကြည့်ဖူးပါသလား။ အပြင်မှာ အများကြီး ပြောနေကြပေမယ့် ချစ်ခြင်းမေတ္တာကို ကြာရှည်အောင် ထိန်းသိမ်းနိုင်ဖို့ဆိုရင် အရမ်းအရေးကြီးတဲ့ အချက်လေးချက် ရှိပါတယ်။   ၁။ အမြဲ ထိတွေ့ဆက်သွယ်နေမှုဟာ အရာရာပါပဲ။ ဆက်ဆံမှုတစ်ခုမှာ သင်နဲ့ သင့်ချစ်သူနဲ့ရဲ့ တစ်ဦးနဲ့ တစ်ဦီး လိုချင်တာတွေ၊ လိုအပ်ချက်တွေကို နားလည်မှုဟာလည်း အရမ်းအရေးပါ ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် သိကျွမ်းအောင် လုပ်ရုံတင်သာမက ပြဿနာတွေ၊ အခက်အခဲတွေကို အတူဖြေရှင်းဖို့အတွက် အမြဲ ဆက်သွယ်နေဖို့က အရေးကြီးပါတယ်။ ဒီနည်းထက်ပိုကောင်းတာ ဘာရှိအုံးမှာလဲ။ တကယ်တော့ လေ့လာမှုအတော်များများက စကားပြောဖြစ်တဲ့ စုံတွဲတွေဟာ နောက်ဆုံးမှာ ကွာရှင်းဖြစ်တာ (သို့) ကွဲသွားတာ ဖြစ်စေတဲ့ ရန်ဖြစ်မှုတွေကို ဖြစ်ပွားမှုနှုန်းနည်းတယ်လို့ ပြောပါတယ်။   ၂။ သင်လက်ထပ်မယ့်သူ ဘယ်သူလဲဆိုတာ သေချာစွာ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

သင်ဟာ လိင်စိတ်အထွတ်အထိပ်ရောက်ပြီး အချိန်ဘယ်လောက်အကြာတွင် နောက်တစ်ကြိမ် ပြန်စနိုင်သလဲ

အမျိုးသားနှင့် အမျိုးသမီးများတွင် ဘယ်သူက လိင်ပိုင်းဆိုင်ရာနှင့် ပတ်သက်ပြီး ပိုစိတ်ဝင်စားမှု ရှိတယ်ဆိုတာကို ပြောရခက်ပါတယ်။ လိင်တစ်ခါဆက်ဆံတိုင်းမှာ အကြိမ်များစွာ ဆန္ဒပြီးမြောက်နိုင်တယ်လို့ လိင်ပိုင်းဆိုင်ရာ အတွေ့အကြုံရှိသူ အမျိုးသမီး အချို့ကပြောလေ့ရှိကြပါတယ်။ အချို့အမျိုးသားများကတော့ သူတို့ရဲ့ လိင်တံ ထောင်မတ်မှု ဆုံးရှုံးသွားခြင်းမရှိဘူးဆိုရင် အကြိမ်ပေါင်းများစွာ စိတ်ဆန္ဒ ပြီးမြောက်နိုင်တယ်လို့ ဆိုကြပါတယ်။ အခြားသူများကတော့ လိင်စိတ်အထွတ်အထိပ် နောက်ထပ် မဖြစ်ခင် အချိန်စောင့်ရတယ်လို့ ဆိုကြပါတယ်။ လိင်ဆန္ဒပြီးမြောက်သွားတဲ့နောက် အမျိုးသားနှင့် အမျိုးသမီးတွေ နောက် တစ်ကြိမ်ပြန်စဖို့ အချိန်ယူရသော ကာလ။   အမျိုးသားများဟာ ဒီ ပြန်စောင့်ရသော အချိန်ကာလသည် အနည်းဆုံး မိနစ် ၃၀ မှ ၄၀ ကြား လိုအပ်တယ်လို့ လူအများက ယုံကြည်ကြပါတယ်။ သို့သော် လွတ်လပ်စွာ တွေးခေါ်နိုင်ပါတယ်။ ကျွန်ုပ်တို့မှာ ၎င်းနှင့် ပတ်သက်ပြီး […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

လိင်မဆက်ဆံခင် ရှောင်ရှားသင့်သော အချက်၅ချက်

လိင်မှုကိစ္စဟာ စိတ်စွမ်းရည်ကို တိုးတက်ကောင်းမွန် စေရုံသာမက မိမိ ကျန်းမာရေးကိုလည်း ကောင်းမွန်စေတဲ့အတွက် လိုအပ်တယ်လို့ သိပ္ပံပညာရှင်များက သက်သေပြခဲ့ကြပါတယ်။ ကျွန်ုပ်တို့ လူအများစုရဲ့ ဘဝမှာ သဘာဝဗီဇ လိုအပ်ချက်အနေနဲ့ လိင်မှုကိစ္စ လိုအပ်ပါတယ်။ လိင်မှုကိစ္စမပြုလုပ်ခင် အမှန်တကယ်ကို ရှောင်ရှားသင့်တဲ့ အရာများစွာရှိပါတယ်။ ၎င်းတို့အနက်မှ ၅ခုအကြောင်းကို ယခု ဆောင်းပါးတွင် ကျွန်ုပ်တို့ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ အစားအများကြီး မစားပါနဲ့ သင့်ဗိုက်ထဲမှာ အစာတွေအများကြီး (အထူးသဖြင့် ကစီဓါတ်နဲ့ အမျှင်ဓါတ်များတဲ့ အစာ) ရှိခြင်းဟာ သင့်ကို အိပ်ငိုက်စေပြီး လေးလံထိုင်းမှိုင်းစေပါတယ်။ အသီးအရွက်တွေနဲ့ သက်သတ်လွတ် အစာတွေဟာ သင့်ကျန်းမာရေးအတွက် ကောင်းစေသော်လည်း လိင်မှုကိစ္စမပြုလုပ်မီ ၂နာရီ ၃နာရီအလိုမှာ ကစီဓါတ်နဲ့ အမျှင်ဓါတ်ပါတဲ့ အစာတွေကို အလွန်အကျွံ မစားသင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ မရည်ရွယ်ဘဲ ဗိုက်ထဲမှာ လေပွပြီး […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

ဗီတာမင်ဓါတ်များနှင့် လိင်ကျန်းမာရေး

ငယ်ရွယ်တဲ့ အမျိုးသားအားလုံးနီးပါးဟာ ချစ်တင်းနှော လိုစိတ် ဆန္ဒခွန်အားပြင်းထန်မှုနှင့် လိင်မှုကိစ္စတွင် ယောက်ျားပီသစွာ စွမ်းဆောင်နိုင်စွမ်း စတာတွေကို အမှန်တကယ် အလိုရှိနေကြပါတယ်။ သို့သော် အမျိုးသားများဟာ သူတို့ရဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိန်းသိမ်းဖို့ရာ ခက်ခဲပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အမျိုးမျိုးသော အချက်တွေဖြစ်တဲ့ ပတ်ဝန်းကျင်ဆိုင်ရာ၊ အသက်အရွယ် ဆိုင်ရာ သို့မဟုတ် ဖျားနာခြင်း စတဲ့ အကြောင်းအရာ အချက်အလက်တွေဟာ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကို အမြဲတမ်းလွှမ်းမိုးနေပါတယ်။ ဒီတစ်ခေါက်တော့ ဗီတာမင်ဓါတ်များနှင့် လိင်ကျန်းမာရေး အကြောင်းလေး နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။ ဗီတာမင်ဓါတ်များနှင့် လိင်ကျန်းမာရေး ဗီတာမင်ဓါတ်များနှင့် လိင်ကျန်းမာရေး အကြောင်း အတူတူ ကြည့်လိုက်ရအောင်နော်။ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးအပေါ် လွှမ်းမိုးနေတဲ့ အသက်အရွယ်နှင့် မျိုးရိုးဗီဇကဲ့သို့ ရှောင်လွှဲလို့ မရသော အချက်တွေ မှလွဲ၍ သင့်ရဲ့ လိင်ပိုင်းဆိုင်ရာ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

တစ်ပတ် ဘယ်နှစ်ကြိမ်လောက် တစ်ကိုယ်တော် လိင်စိတ်ဆန္ဒဖြေဖျောက်ခြင်း ပြုလုပ်သင့်သလဲ

အမျိုးမျိုးသော လေ့လာတွေ့ရှိချက်များအရ တစ်ကိုယ်တော် လိင်စိတ်ဖြေဖျောက်ခြင်းဟာ အတူနေချစ်သူ မရှိသူများအဖို့တော့ အခြေခံလိုအပ်ချက် အများကြီးထဲမှာ တစ်ခု အပါအဝင်ဖြစ်ပါတယ်။ ဒါဟာလည်းပဲ တစ်ကမ္ဘာလုံးမှာ ကျင့်သုံးနေကြတဲ့ လိင်ပိုင်းဆိုင်ရာ အပြုအမူ တစ်မျိုး ဖြစ်ပါတယ်။ အမျိုးသမီးများရော အမျိုးသားများရော နှစ်ဦးစလုံးပါ တစ်ကိုယ်တော် လိင်စိတ် ဖြေဖျောက်လေ့ရှိကြပါတယ်။ သို့သော် လူအချို့ကတော့ ဒါကို ဝန်ခံလေ့ရှိပြီး အများစုကတော့ ဝန်ခံလေ့ မရှိပါဘူး။ တစ်ကိုယ်တော် လိင်စိတ်ဖြေဖျောက်ခြင်းဟာဆိုရင် လိင်ပိုင်းဆိုင်ရာ တက်ကြွလှုပ်ရှားမှုတွေထဲမှာမှ လူသိအများဆုံး တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် ၎င်းနဲ့ ပတ်သက်ပြီး မှားယွင်းစွာ ယုံကြည်နေကြတဲ့ အချက်တွေလည်း ပတ်ဝန်းကျင်မှာ အများကြီး ရှိပါတယ်။ တစ်ကိုယ်တော် လိင်စိတ်ဖြေဖျောက်တဲ့ အခါမှာ အသုံးပြုတဲ့ ပစ္စည်းတွေပေါ် အခြေခံပြီး လိင်စိတ်ဖြေဖျောက်ခြင်း အမျိုးအစား ပေါင်းများစွာ ရှိပါတယ်။ သို့သော် […]


သားဆက်ခြားခြင်း

အသုံးများသော ကိုယ်ဝန်တားနည်း ၅မျိုး

သန္ဓေတားခြင်း ဆိုတာ အစီအစဉ်မချဘဲ ကိုယ်ဝန်ရသွားမှာကို ကာကွယ်ချင်တာကြောင့် ကိုယ်ဝန်တားခြင်းကို ဆိုလိုပါတယ်။ ကိုယ်ဝန်တားနည်း များစွာရှိပါတယ်။ ဆေးသောက်ခြင်း၊ ကိုယ်ဝန်တားသည့် ပစ္စည်းများကို ထည့်၍ ကိုယ်ဝန်တားခြင်း သို့မဟုတ် အသေးစားခွဲစိတ်မှု များပြုလုပ်ခြင်း စသဖြင့် အမျိုးမျိုးရှိပါတယ်။ သင့်ရဲ့အသက်အရွယ်၊ ကိုယ်အလေးချိန်၊ နောက်ပိုင်းလိုချင်သော ကလေးအရေအတွက်၊ သင့်ရဲ့ ကျန်းမာရေး အခြေအနေနဲ့ အခြားသောအချက်များအပေါ် မူတည်ပြီး ကိုယ်ဝန်တား နည်းလမ်းတစ်မျိုး သို့မဟုတ် နှစ်မျိုးပေါင်းပြီး ရွေးချယ်နိုင်ပါတယ်။ အောက်မှာ အသုံးများတဲ့ ကိုယ်ဝန်တားနည်း ၅မျိုးအကြောင်းကို ဖော်ပြပေးထားပါတယ်။ အသုံးများသော ကိုယ်ဝန်တားနည်း ၅မျိုး အသုံးများသော ကိုယ်ဝန်တားနည်း တွေကတော့ ကိုယ်ဝန်တားဆေးများ သင့်ရဲ့ ကျန်းမာရေး အခြေအနေပေါ် မူတည်ပြီး ဒီဆေးတွေ မသောက်ခင်မှာ သင့်ရဲ့ မိသားစု ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ ကိုယ်ဝန်တားဆေးသောက်တဲ့ နည်းလမ်းဟာ အလွယ်ကူဆုံးဖြစ်ပြီး လူများစွာ […]


HIV နှင့် AIDS ရောဂါ

သွေးအမျိုးအစားများ နဲ့ ၎င်းတို့နှင့် ဆက်စပ်လျက်ရှိသော လိင်ပိုင်းဆိုင်ရာကျန်းမာရေးဗဟုသုတများ

ထူးဆန်းတယ်လို့ထင်ရပေမယ့် သွေးအမျိုးအစားများနှင့် လိင်ပိုင်းဆိုင်ရာ မျိုးပွားမှု ကျန်းမာရေးဟာ ဆက်နွယ်မှုရှိပါတယ်။ သွေးအမျိုးအစားပေါ်မူတည်ပြီး လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ဘယ်လို သက်ရောက်မှုရှိတယ်ဆိုတာကို အောက်ဖော်ပြပါအချက်အလက်များဖြင့် သိရှိနိုင်ပါတယ်။ နောက်ခံသမိုင်း ၂၀၀၅ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း Tehran-Iron ရှိ သွေးဌာနတွင် လှူဒါန်း ထားသောသွေးများတွင် ABO နှင့် Rh သွေးအမျိုးအစားများနှင့် သွေးမှတစ်ဆင့် ကူးစက်တတ်သောရောဂါများကြား ဆက်နွယ်မှုရှိမရှိ လေ့လာမှု (၁)ခု ပြုလုပ်ခဲ့ပါတယ်။ ဒီလေ့လာမှုရဲ့ ရည်ရွယ်ချက်ကတော့ သွေးအမျိုးအစားများနှင့် သွေးမှတစ်ဆင့်ကူးစက်သောရောဂါများကြား ဆက်နွယ်မှုရှိ/မရှိကို လေ့လာခြင်းပဲဖြစ်ပါတယ်။ လေ့လာမှုမှာ ပါဝင်တဲ့ ကူးစက်ရောဂါတွေကတော့ အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုး၊ HIV (ခုခံအားကျဆင်းမှုကူးစက်ရောဂါ) နှင့် ကာလသား ရောဂါတို့ ဖြစ်ပါတယ်။ လေ့လာမှုနည်းလမ်းများ လေ့လာမှုကို Tehran Blood transfusion Centre (TBTC) မှာနောက်ပြန်ခြေရာကောက်စစ်ဆေးမှုပုံစံနှင့် […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

သုက်လွှတ်စောခြင်း ဖြစ်နေပါသလား။ ဒါကို ဘယ်လို ကုသမလဲ။

အိပ်ခန်းထဲမှာ သုက်အလွှတ်မြန်လို့ ရှက်ရွံ့မှုကို ခံစားနေရပါသလား။ ဒါကို အချိန်မတိုင်မီ သုက်လွှတ်ခြင်း သို့မဟုတ် သုက်လွှတ်စောခြင်း လို့ ခေါ်ပါတယ်။ သုက်လွှတ်စောခြင်း ဘာကြောင့်ဖြစ်တာလဲ။ လှုံ့ဆော်မှု လွန်ကဲတဲ့အခါ အချိန်မတိုင်မီ သုက်လွှတ်ခြင်း အဖြစ်များပါတယ်။ ဒါပေမယ့် အချိန်မတိုင်မီ သုက်လွှတ်တတ်တဲ့ လူတွေဟာ လှုံ့ဆော်မှု အနည်းငယ်နဲ့တောင်မှ ဖြစ်တတ်တာကို တွေ့ရပါတယ်။ ဒါဟာ စိတ်ကျေနပ်ဖွယ်မကောင်းတဲ့ လိင်ဆက်ဆံမှုကို ဖြစ်ပေါ်စေပြီး နှစ်ဖက်လုံး စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။ ဒီအခြေအနေကို စိတ်ခံစားမှုတွေက ပိုမိုဆိုးဝါးစေပါတယ်။ စိတ်ပူပန်မှု၊ အပြစ်တင်မှု၊ စိတ်ကျမှုတွေဟာ ဒါကို ပိုဆိုးစေပါတယ်။ သုက်လွှတ်စောခြင်းက အမျိုးသားတွေအတွက် အဖြစ်များတဲ့ လိင်ပိုင်းဆိုင်ရာ မစွမ်းဆောင်နိုင်ခြင်းတစ်မျိုး ဖြစ်ပါတယ်။ ဒါက အမျိုးသားတွေရဲ့ ဘဝတလျှောက်မှာ တစ်ချိန်ချိန်မှာ ကြံရနိုင်ပေမယ့် အမျိုးသားတွေဟာ အသက်အရွယ်နဲ့ အတွေ့အကြုံအရ လိင်ဆက်ဆံစဉ်မှာ သုက်လွှတ်စောခြင်း ကို ဘယ်လိုထိန်းချုပ်ရမယ်ဆိုတာ […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)