backup og meta

ပါးစပ်နဲ့လိင်ဆက်ဆံတဲ့အခါ သုက်ရည်တွေကို မျိုချသင့်သလား

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr . Phyu Mon Latt မှ ရေးသားသည်။ · 13/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပါးစပ်နဲ့လိင်ဆက်ဆံတဲ့အခါ သုက်ရည်တွေကို မျိုချသင့်သလား

    ပါးစပ်နဲ့လိင်ဆက်ဆံတဲ့အခါ သုက်ရည်တွေကို မျိုချသင့်သလား …… သုက်ပိုးတွေဟာ လူအချို့အတွက် ရမ္မက် နှိုးဆွဖွယ် ဖြစ်ပေမယ့် ကျန်တဲ့သူတွေအတွက်တော့ ရွံစရာဖြစ်ပါတယ်။ ဒီလိုအပြုအမူတွေထဲမှာ လိင်ဆက်ဆံစဉ်မှာ လိင်ဆက်ဆံဖက်ရဲ့ မျက်နှာပေါ် (သို့) ပါးစပ်ထဲကို သုက်လွှတ်ခြင်းလည်း ပါဝင်ပါတယ်။ လိင်ဆက်ဆံသူဟာ သူ့ရဲ့ သုက်ပိုးတွေကို အကုန်ထွက်သွားပြီး အကုန်ပြန်ယူသွားတာကို လိုချင်တာဖြစ်ပါတယ်။ ဒီလိုရွေးချယ်မှုကတော့ လူပေါ်မူတည်ပါတယ်။ သို့သော်လည်း လုံခြုံစိတ်ချရတဲ့ လိင်ဆက်ဆံမှုနဲ့ လိင်ဆက်ဆံဖက်နဲ့ နားလည်မှုရှိခြင်းအားဖြင့် သုက်ပိုး မျိုချမှုနဲ့ ပတ်သက်တဲ့ ကိုယ်ပိုင်အတွေးအခေါ်တွေကို ရှာဖွေနိုင်ပါတယ်။

    ပါးစပ်နဲ့လိင်ဆက်ဆံတဲ့အခါ သုက်ရည်တွေကို မျိုချသင့်သလား

    ပါးစပ်နဲ့လိင်ဆက်ဆံတဲ့အခါ သုက်ရည်တွေကို မျိုချသင့်သလား ဆိုတော့ သုက်ရည်တွေကို မျိုချနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုမလုပ်ခင် သင်ရော လိင်ဆက်ဆံသူပါ လိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါတွေ မရှိဖို့ အရေးကြီးပါတယ်။ ဘယ်သူမှ မစစ်ဆေးထားရသေးရင်တာ့ အကာအကွယ်သုံးသင့်ပါတယ်။

    သုက်ရည်ဆို တာ ရေလိုမျိုးပါပဲ။ Amino Acids၊ ပရိုတင်း၊ သကြား၊ ဇင့်နဲ့ ကယ်လ်ဆီယမ်လိုမျိုး သတ္တုဓာတ်များ၊ ဗီတာမင်စီ နဲ့ အခြားအာဟာရတွေ ပါဝင်ပါတယ်။ သုက်ရည် ထဲက ၁% လောက်ကပဲ သုက်ပိုး ပါဝင်တာဖြစ်ပြီး သားကြောဖြတ်ထားတဲ့ အမျိုးသားတွေမှာဆို သုက်ပိုး မပါဝင်ပါဘူး။ သုက်ရည်ကို မျိုချလိုက်ရင် သင့်အစာပြွန်တစ်လျှောက် ဆင်းသွားပြီး အခြားအစာတွေစုပ်ယူသလိုမျိုး အစာအိမ်က စုပ်ယူသွားမှာပါ။

    သုက်ရည်မျိုချခြင်းဟာ ကျန်းမာရေးအတွက် ကောင်းမွန်ပါသလား

    အတော်များများကတော့ သုက်ရည် မျိုချခြင်းဟာ ကျန်းမာရေးအတွက် ကောင်းမွန်တယ်လို့ ပြောပါတယ်။ ဒါပေမယ့် အကျိုးကျေးဇူးဆိုတာတွေဟာ ယုံတမ်းစကားတွေနဲ့ လေ့လာမှုတွေကို မှားယွင်းစွာ ဘာသာပြန်ချက်တွေက ဆင်းသက်လာတာ ဖြစ်ပါတယ်။

    အချို့ဒဏ္ဍာရီတွေကတော့ သုက်ရည်ဟာ သွားဖြူစေဖို့ အစွမ်းထက်တဲ့ အရာဖြစ်ပြီး ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အာဟာရတွေ ပါဝင်တယ်လို့ ဆိုကြပါတယ်။ တကယ်တော့ သုက်ရည်ဟာ သွားကို မဖြူစေပါဘူး။ ဒါ့အပြင် သုက်ရည်ကို အများကြီး မမျိုချ မချင်း သင့်ကျန်းမာရေးပေါ်မှာ ဘယ်လိုအကျိုးသက်ရောက်မှုမှ မရှိပါဘူး။ စိတ်ပူနေတဲ့သူတွေ အတွက်ကတော့ ပုံမှန် သုက်ရည်ဟာ ၁ (သို့) ၂ ကယ်လိုရီနဲ့ ပရိုတင်း ဂရမ်ဝက်ပဲ ပါဝင်ပါတယ်။

    ၂၀၀၂ မှာ လုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုကတော့ သုက်ရည်ဟာ မိန်းမကိုယ်ထဲမှာ စုပ်ဝင်သွားရင် စိတ်ကျမှုကို သက်သာစေပါတယ်လို့ဆိုပါတယ်။ အခြားလေ့လာမှုတွေကလည်း သုက်ရည် နဲ့ အထိအတွေ့ရှိခြင်းဟာ ရင်သားကင်ဆာ ဖြစ်ပွားနှုန်းကို လျှော့ချပေးပြီး လိင်ကွဲဆက်ဆံသူ အမျိုးသမီးတွေအတွက် ယေဘုယျကျန်းမာရေး ပိုမိုကောင်းမွန် စေပါတယ်လို့ ဆိုကြပါတယ်။

    ဘာအရသာ ရှိပါသလဲ

    အရသာကတော့ ကွာခြားမှု ရှိပါတယ်။ သုက်ရည်ရဲ့ alkaline ဂုဏ်သတ္တိကြောင့် ခါးသက်တဲ့ အရသာရှိပါတယ်။ သူ့မှာ Fractose သကြားပါဝင်တာကြောင့် ချိုတဲ့အရသာလည်း ရှိပါတယ်။ ဒါပေမယ့် သကြားဓာတ်ပါဝင်တာဟာ ဆီးချိုရှိတဲ့ အမျိုးသားရဲ့ သုက်ရည်မှာလည်း ဖြစ်နိုင်ပါတယ်။ သူ့မှာ ဇင့်ဓာတ် ပါဝင်ပြီးတော့ သတ္တုအရသာ (အချို့သူတွေကတော့ ငန်ကျိကျိ အရသာ) ရှိပါတယ်။ သုက်ရည်ရဲ့အရသာဟာ ကောင်းမွန်တယ်၊ အရသာမရှိဘူး ကနေပြီးတော့ ရွံစရာကောင်းတယ် ဆိုတဲ့အထိ ပြောကြပါတယ်။ တကယ်လို့သိချင်တယ်ဆိုရင်တော့ လုပ်စရာနည်း တစ်နည်းပဲ ရှိပါတယ်။ အမျိုးသားတွေဟာလည်း ဘယ်လိုအရသာရှိလဲ သိချင်တယ်ဆိုရင် အရသာခံကြည့်နိုင်ပါတယ်။

    သုက်ရည် ရဲ့အရသာကို အဓိက ထိန်းချုပ်တာကတော့ အစားအသောက်ပဲ ဖြစ်ပါတယ်။ အချို့အစားအသောက်တွေကို စားသောက်ဖို့ အကြံပေးချက်တွေ ရှိပါတယ်။ သို့သော်လည်း အရသာကို ကောင်းမွန်အောင်လုပ်ဖို့ကတော့ စမ်းသပ်ကြည့်ဖို့ပါပဲ။ ဒါကြောင့်အစားအသောက်ကို ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသောက်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 13/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement