backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

သင်မသိရှိနိုင်တဲ့ ယောက်ျားလေးတွေရဲ့ လိင်စိတ်ဖြေဖျောက်ခြင်း နဲ့ ပတ်သက်တဲ့ လျှို့ဝှက်ချက်လေးခု

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr . Phyu Mon Latt မှ ရေးသားသည်။ · 23/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

သင်မသိရှိနိုင်တဲ့ ယောက်ျားလေးတွေရဲ့ လိင်စိတ်ဖြေဖျောက်ခြင်း နဲ့ ပတ်သက်တဲ့ လျှို့ဝှက်ချက်လေးခု

လိင်စိတ်ဖြေဖျောက်ခြင်း ဆိုတာ ယောက်ျားလေးတိုင်း ကျွမ်းကျင်ကြတဲ့ အရာဖြစ်ပါတယ်။ ဒါပေမယ့် သူတို့မှာလည်း လျှို့ဝှက်ချက်လေးတွေ ရှိပါတယ်၊၊ အောက်ဖော်ပြပါ လျှို့ဝှက်ချက်တွေကို သိရဲ့လားလို့ ကြည့်လိုက်ကြရအောင်။

အမျိုးသားတွေက ကိုယ့်ရဲ့ လိင်စိတ်ဖြေဖျောက်ခြင်းဟာ ပုံမှန်ဟုတ်ရဲ့လားဆိုတာ တွေးတောတတ်ကြပါတယ်။ ဒါပေမယ့် ကျွမ်းကျင်သူတွေကတောင် ပုံမှန်ဟုတ်ခြင်းနဲ့ ပုံမှန်မဟုတ်ခြင်းကို တိကျတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ မပေးနိုင်ပါဘူး။ ဒါဟာ ဘာလို့လဲဆိုတော့ အမျိုးသားတွေကြားမှာ လိင်စိတ်ဖြေဖျောက်တဲ့ အကြိမ်အရေအတွက်နဲ့ ပြုလုပ်ပုံကွာခြားလို့ပဲ ဖြစ်ပါတယ်။

နောက်တစ်နည်းပြောရရင် လိင်စိတ်ဖြေဖျောက်ခြင်းဆိုတာ ပုံစံအမျိုးမျိုးရှိနိုင်တဲ့အတွက် ပုံသေသတ်မှတ်ထားလို့မရပါဘူး။ အမျိုးသားတစ်ယောက်ဟာ ကြိုက်တဲ့နေရာမှာ၊ ကြိုက်တဲ့အရာနဲ့ သူ့ဟာသူလိင်စိတ်ဖြေဖျောက်နိုင်ပါတယ်။

(၁) လိင်စိတ်ဖြေဖျောက်ခြင်း မှာ လိင်ဆက်ဆံခြင်းလိုမျိုး ကျန်းမာရေးအကျိုးကျေးဇူးတွေ မရှိပါဘူး။

ဟုတ်ပါတယ်။ လိင်ဆက်ဆံခြင်းကတော့ သွေးဖိအား၊ နှလုံးနဲ့ ဆီးကျိတ်စတာတွေအပေါ် ပုံစံအမျိုးမျိုးနဲ့ အကျိုးပြုပါတယ်။ ဒါပေမယ့် လိင်အထွတ်အထိပ်ရောက်ခြင်းပုံစံအားလုံးကတော့ အကျိုးရရှိပုံခြင်းမတူပါဘူး။ တကယ်တော့ လိင်စိတ်ဖြေဖျောက်ခြင်း ဟာ လိင်ဆက်ဆံခြင်းလိုမျိုး ကျန်းမာရေးအကျိုးကျေးဇူးတွေ မရှိပါဘူး။

ဒါဆို ဘာတွေကွာခြားပါသလဲ။ တိကျသေချာတဲ့ သက်သေတော့ မရှိပေမယ့် သင့်ခန္ဓာကိုယ်ဟာ လိင်ဆက်ဆံစဉ်ပြုမူသလိုမျိုး လိင်စိတ်ဖြေဖျောက်မှုမှာ ပြုမူမှာမဟုတ်ပါဘူး။

(၂) လိင်စိတ်ဖြေဖျောက်ခြင်း ဟာ အန္တရာယ် မရှိတာတော့ မဟုတ်ပါဘူး။

လိင်စိတ်ဖြေဖျောက်ခြင်းဟာ အန္တရာယ်အနည်းငယ် ရှိတယ်လို့တော့ ဆိုနိုင်ပါတယ်။ ယေဘုယျအားဖြင့်တော့ လိင်ဆက်ဆံမှုတွေကြားမှာ အလုံခြုံဆုံးပုံစံတစ်မျိုး ဖြစ်ပါတယ်။ လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေနဲ့ ကိုယ်ဝန်ရရှိခြင်းတွေ မဖြစ်ပွားနိုင်ပါဘူး။

ဒါပေမယ့် အန္တရာယ်အနည်းငယ်တော့ ရှိနေဆဲပါ။ မကြာခဏ (သို့) ပြင်းထန်စွာ လိင်စိတ်ဖြေဖျောက်ခြင်း ဟာ အရေပြားပွတ်တိုက်ထိခိုက်မှုကို ဖြစ်စေနိုင်ပါတယ်။ ထောင်မတ်နေတဲ့ လိင်တံကို အားသုံးပြီး ကွေးလိုက်ခြင်းက အခန့်မသင့်ရင် လိင်တံကျိုးတဲ့ အခြေအနေမျိုးကို ဖြစ်စေနိုင်ပါတယ်။

(၃) အချို့ လိင်စိတ်ဖြေဖျောက်တဲ့ ပုံစံတွေဟာ လိင်မှုဆိုင်ရာမစွမ်းဆောင်နိုင်ခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။

လိင်စိတ်ဖြေဖျောက်တဲ့ အမျိုးသားတွေဟာ လိင်ဆက်ဆံပုံနဲ့ မတူတဲ့ ပုံစံတွေကို ပြုလုပ်ကြပါတယ်။ ဥပမာ အမြန်အဆန်ပြုခြင်း၊ အလွန်အကျွံ ပွတ်ဆွဲခြင်းတွေ လုပ်တတ်ပါတယ်။ ဒီလိုပုံစံတွေကြောင့် သုက်ပိုးထွက်ခြင်းကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ လိင်ဆက်ဆံစဉ်မှာတောင် လိင်စိတ်အထွတ်အထိပ် မရောက်တော့တာမျိုး ဖြစ်နိုင်ပါတယ်။

လိင်စိတ်ဖြေဖျောက်နေတဲ့ နည်းလမ်းဟာ လိင်ဆက်ဆံဖက်နဲ့ ဆက်ဆံတဲ့ပုံစံနဲ့ ကွဲပြားနေသလားဆိုတာ ကိုယ့်ကိုကိုယ် ပြန်မေးသင့်ပါတယ်။ ချစ်သူနဲ့ လိင်ဆက်ဆံတာနဲ့ တူတဲ့ပုံစံမျိုး ပြောင်းလဲပြီး လိင်စိတ်ဖြေဖျောက်နိုင်ပါတယ်။

(၄) လိင်ဆက်ဆံတဲ့သူတွေဟာ လိင်မဆက်ဆံတဲ့သူတွေထက် လိင်စိတ်ဖြေဖျောက်မှုကို ပိုမိုလုပ်တတ်ကြပါတယ်။

တကယ်က ပြောင်းပြန်လိုဖြစ်နေပြီး ပုံမှန် လိင်ဆက်ဆံတဲ့သူတွေဟာ လိင်မဆက်ဆံတဲ့သူတွေထက် လိင်စိတ်ဖြေဖျောက်မှုကို ပိုမိုလုပ်တတ်ကြပါတယ်။ သီအိုရီကတော့ သူတို့ကိုယ်သူတို့ သာယာတတ်သူတွေဟာ သူတို့ရဲ့ လိင်မှုကိစ္စနဲ့ ပတ်သက်ရင် ပိုပြီးအချိန်ကိုက်တတ်ကြပါတယ်။ ဒါက ဘာကိုဆိုလိုလဲဆိုတော့ သူတို့ဟာ လိင်စိတ်မဖြေဖျောက်သူတွေနဲ့ ယှဉ်ရင် လိင်ဆက်ဆံမှုလည်း ပိုမိုများပြားတယ်လို့ ဆိုလိုပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Dr . Phyu Mon Latt မှ ရေးသားသည်။ · 23/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement