ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကလူတိုင်းအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ်ပါ။ လုံခြုံဘေးကင်းတဲ့ လိင်ဆက်ဆံခြင်း အကြောင်းအရာတွေကို ဆွေးနွေးခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို ဆွေးနွေးတယ်ဆိုတာထက် ပိုပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး နဲ့ ကျန်းမာပျော်ရွှင်သော လိင်မှုဘဝ လမ်းညွှန်ကဏ္ဍမှာ လိင်ပညာပေး၊ လိင်ပိုင်းဆိုင်ရာ ရောဂါတွေ ကာကွယ်ခြင်း၊ အကာအကွယ်အသုံးပြုခြင်း၊ လိင်မှုစွမ်းဆောင်ရည် ကျဆင်းခြင်းနဲ့ အခြားသော ကျန်းမာပျော်ရွှင်စေမည့် လိင်မှုဘဝ လမ်းညွှန်ချက်များကို ဖော်ပြပေးထားပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ

HIVပိုးက သွေးကနေ၊ လိင်ဆက်ဆံရာက ထွက်လာတဲ့ အရည်တွေ (ဥပမာ သုက်ရည်၊ မိန်းမကိုယ်အရည်) တွေကနေ အဓိက ကူးတယ်ဆိုတာ သိထားပြီး ဖြစ်မှာပါ။ တစ်ခါတလေ သူများရဲ့ သွေးက စားပွဲပေါ်မှာ ပေနေမယ်။ အဲ့တာကို မတော်တဆ သွားထိမိသွားမယ်။ ဒီလိုဆိုရင်ရော ကူးနိုင်လားလို့ မေးစရာရှိပါတယ်။ ဒါကို ပြောဖို့အတွက် HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ ဆိုတာကို သိဖို့လိုပါတယ်။ HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ အချိန်အတိအကျရယ်တော့ ပြောလို့မရပေမယ့် HIVပိုးက ခန္ဓာကိုယ်ပြင်ပမှာ ကြာကြာမရှင်နိုင်ပါဘူး။ သူဝင်ပွားစရာ ဆဲလ်မရှိတဲ့အတွက် အပြင်ရောက်ပြီး ခဏနေတာနဲ့ သေသွားမှာ ဖြစ်ပါတယ်။ ပတ်ဝန်းကျင် အခြေအနေပေါ် မူတည်ပြီး အချိန်နည်းနည်းကြာကြာ ရှင်ကောင်းရှင်နိုင်ပေမယ့် ကူးစက်နိုင်စွမ်းကတော့ မရှိသလောက်ပါပဲ။ HIVပိုးက ခန္ဓာကိုယ်ပြင်ပမှာ ဘယ်လောက်ကြာကြာရှင်နိုင်လဲဆိုတာကို သိဖို့ လေ့လာထားကြတာတွေ ရှိပါတယ်။ […]

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကို ရှာဖွေမည်။

HIV နှင့် AIDS ရောဂါ

HIV ကူးစက်ရောဂါနှင့်ပတ်သက်ပြီး သတိပြုစရာ လက္ခဏာ ၁၀ ချက်

HIV ကူးစက်ရောဂါနှင့်ပတ်သက်ပြီး သတိပြုစရာ လက္ခဏာ ၁၀ ချက် ကို ဗဟုသုတရအောင် ဖော်ပြပေးလိုက်ပါတယ်။ HIV ပိုးဟာ သုက်ရည်၊ မိန်းမကိုယ်မှထွက်တဲ့အရည်နဲ့ သွေးမှတစ်ဆင့်အများဆုံး ကူးစက်တဲ့ ရောဂါပိုးဖြစ်ပါတယ်။ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာတွေမှာဆိုရင် ဖြစ်ပွားသူလူနာ ၈ယောက်မှာ ၁ယောက်ဟာ သူကူးစက်ပုံကို သတိမထားမိကြပါဘူး။ ဒါ့အပြင် HIV ပိုးဟာ ကုသလို့ အပြီးမပျောက်ဘဲ virus မပြန့်ဖို့နဲ့ အသက်ရှည်အောင်သာ ထိန်းလို့ရတဲ့ရောဂါဖြစ်ကြောင်း သင်သိဖို့လိုပါတယ်။ ဒါကြောင့် သင် HIV ပိုးအကြောင်းကို သိပြီး အမြန်ဆုံးကုသမှုခံယူရန်လိုအပ်ပါတယ်။ အခုဖော်ပြမှာတွေကတော့ HIV ရှိသူလူနာတွေ အစပိုင်းမှာခံစားရတဲ့ တူညီတဲ့ လက္ခဏာ ( ၁၀)ချက်ဖြစ်ပါတယ်။ HIV ကူးစက်ရောဂါနှင့်ပတ်သက်ပြီး သတိပြုစရာ လက္ခဏာ ၁၀ ချက် HIV ကူးစက်ရောဂါနှင့်ပတ်သက်ပြီး သတိပြုစရာ လက္ခဏာ ၁၀ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

ကလေးမွေးပြီးနောက် လိင်ဆက်ဆံခြင်း

ကလေးမွေးပြီးတဲ့အချိန်မှာ သင့်ကလေးကိစ္စတွေပြီးမှ လိင်ကိစ္စကို နောက်ဆုံးထားပြီး စဉ်းစားတတ်ကြပါတယ်။ သို့သော် လိင်ကိစ္စဟာ သင့်နှင့် သင့်အဖော်အတွက် အရေးပါတဲ့ဘ၀ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ သင်ဟာ ဘယ်အချိန်မှာ ပြန်ပြီး လိင်ဆက်ဆံလို့ရမလဲ။ ဘယ်လိုဆက်ဆံရင် သက်တောင့်သက်သာရှိမလဲ။ သင်ဟာ ဒီဖော်ပြထားတဲ့အချက်တွေကို ထည့်သွင်းစဉ်းစားနိုင်တယ်။ ကလေးမွေးပြီး ဘယ်အချိန်မှာ လိင်ဆက်ဆံလို့ရမလဲ။ သင့်ကလေးက သင့်အတွက်အံ့အားသင့် ဝမ်းသာစရာဖြစ်တယ်။ ဒါပေမယ့် ကလေးကို ထိန်းကျောင်းနေခြင်းက သင့်ရဲ့လိင်ကိစ္စကို ထိခိုက်စေတတ်ပါတယ်။ ကလေးမွေးပြီးချိန်တွင် သင်နှင့် သင့်အဖော်၂ယောက်စလုံးက လိင်ဆက်ဆံချိန်အတွက် ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ အသင့်ဖြစ်နေဖို့ အရေးကြီးတယ်။ သင်တို့ ၂ယောက်စလုံး လိင်ဆက်ဆံလိုစိတ်ရှိမှ သာယာတဲ့ ဆက်ဆံရေးကို ရရှိနိုင်မှာပါ။ ကလေးမွေးပြီးချိန်တွင် သင့်စိတ်အနေအထားကလည်း ပုံမှန်အခြေအနေပြန်ဖြစ်လာဖို့ ၊ မိန်းမကိုယ်ပြန်ကျဉ်းလာဖို့ နဲ့ ကလေးမွေးပြီး သွေးဆင်းတာတွေရပ်သွားဖို့ အချိန်တစ်ခုတော့ လိုပါတယ်။ သွေးဆင်းတာမရပ်ခင် လိင်ဆက်ဆံလျှင် […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

အမျိုးသမီးများတွင် လိင်စိတ်ဆန္ဒ ပြန်ရအောင် ဘယ်လိုလုပ်မလဲ

အမျိုးသမီးများမှာ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများကြောင့် လိင်စိတ်ဆန္ဒဟာ အချိန်ကြာလာတာနဲ့အမျှ ပြောင်းလဲလာတတ်ပါတယ်။ တကယ်လို့ သင်က လိင်စိတ်ဆန္ဒ လျော့နည်းလာတာကို သတိထားမိရင် အဲဒီ အခြေအနေကို ပြောင်းလဲဖို့ လုပ်ဆောင်နိုင်တာတွေ ရှိပါတယ်။ သင့်မှာ သာယာကျေနပ်ဖွယ် လိင်မှုကိစ္စ ရှိရင် ပိုပြီး နေပျော်လာနိုင်တာကြောင့် လိင်စိတ်ဆန္ဒ ပျောက်ဆုံးနေတဲ့ အမျိုးသမီးများတွင် လိင်စိတ်ဆန္ဒ ပြန်ရအောင် ဘယ်လိုလုပ်မလဲ ဆိုတာ ပြောပြပေးချင်ပါတယ်။ အမျိုးသမီးတွေရဲ့ လိင်စိတ်ဆန္ဒအပေါ်  သက်ရောက်မှုရှိတဲ့အရာတွေက ဘာလဲ။ လိင်ဆက်ဆံလိုစိတ်ရှိခြင်းဆိုတာ လူတစ်ယောက်ရဲ့ ကျန်းမာခြင်း မကျန်းမာခြင်းကို ထင်ဟပ်နေပါတယ်။ အမျိုးသမီးတွေမှာ အဖြစ်အများဆုံး လိင်နဲ့ဆိုင်တဲ့ပြဿနာကတော့ လိင်စိတ်ကျဆင်းခြင်း (သို့) လိင်ဆက်ဆံလိုစိတ် မရှိခြင်းဖြစ်ပါတယ်။ ဥပမာ သွေးဆုံးကိုင်တဲ့အခါ သင့်ကိုယ်ထဲက အီစထရိုဂျင် (Estrogen)နဲ့ ပရိုဂျက်စတိုဂျင် (Progesterone) ဟော်မုန်းတွေကို ကျစေတဲ့အတွက် သင့်လိင်စိတ်ကို ကျဆင်းစေနိုင်တယ်။ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

ဖြည့်စွက်စာတွေက သင့်ကို လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် ပိုမိုမြင့်မားစေသလား

အံ့ဩသွားလား။ ဟုတ်ပါတယ် လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကျဆင်းနေသူတွေ၊စိတ်မပါလက်မပါ ဖြစ်နေသူတွေ မပူပါနဲ့တော့။ ဘာလို့လဲဆိုတော့ သင့်လက်တကမ်းအကွာမှာ ရှာဖွေရလွယ်ကူပြီး အရသာရှိလှတဲ့ အစားအစာတွေက သင့်ကို ကယ်တင်ဖို့ စောင့်ဆိုင်းနေလို့ပါပဲ။ ဒီဆောင်းပါးလေးကို ဆုံးအောင်ဖတ်ကြည့်ပြီး သင့်ရဲ့ စွမ်းဆောင်ရည်တွေကို အဆုံးစွန်ထိ မြှင့်တင်ပေးမယ့် အစားအစာငါး၅မျိုးအကြောင်း လေ့လာလိုက်ပါ။   ၁။ ချောကလက် အမည်း ချောကလက်စားတာဟာ ခံတွင်းလိုက်စေရုံသာမက သင့်ရဲ့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကိုလည်း မြှင့်တင်ပေးပါလိမ့်မယ်။ ချောကလက် အမည်းတွေရဲ့ ၇၀ရာခိုင်နှုန်းမှာ ကိုကာ ပါဝင်ပါတယ်။ ကိုကာဟာ ဒိုပါမင်းဓါတ် အလျှံပယ်ပါဝင်တာကြောင့် ချောကလက်အမည်းကို လုံလောက်စွာ စားပေးမယ်ဆိုရင် သင့်ဦးနှောက်ထဲမှာ ဒိုပါမင်းပမာဏ မြင့်မားနေပါလိမ့်မယ်။ ဒိုပါမင်းရဲ့ နောက်နာမည်တမျိုးက "သာယာမှုကို ပေးနိုင်တဲ့ ဓါတုပစ္စည်း" ဖြစ်ပါတယ်။ ဒီနာမည်အတိုင်းပဲ ဒိုပါမင်းဟာ သင့်ကို စိတ်တက်ကြွစေ၊စိတ်လက်သက်တောင့်သက်သာရှိစေပြီး သင့်ခန္ဓါကိုယ်ရဲ့ တုန့်ပြန်မှုကို […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုတွေကနေ ဘယ်လိုကာကွယ်မလဲ

လူမျိုးဘာသာမရွေး၊အသက်အရွယ်မရွေး၊ကျားမ မရွေး လူတိုင်းလူတိုင်းဟာ လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုရဲ့ သားကောင်တွေ ဖြစ်နိုင်ပါတယ်။ ဒီလို ဆိုးရွားလှတဲ့ အဖြစ်ဆိုးမျိုးနဲ့ မကြုံတွေ့ရလေအောင် ကိုယ့်ကိုယ်ကို ဘယ်လိုကာကွယ်ကြမလဲ။ ဒီဆောင်းပါးက သင့်ကို အဖြေတခုခုပေးနိုင်မှာပါ။   (၁) ပတ်ဝန်းကျင်ကို သတိမူပါ။ သင်လမ်းလျှောက်သွားတဲ့အခါ ipod လေးနားထောင်သွားမယ်၊နားကြပ်လေးနားထဲထိုးပြီး သင်ကြိုက်တဲ့ EDM သီချင်းတွေနားထောင်သွားမယ်၊မိုးရေထဲလမ်းလျှောက်ရင်း ဟိုတွေးဒီတွေး တွေးမယ်၊မနက်စောစော ထပြေးမယ် ဒါမှမဟုတ် ကားတွေပိတ်နေလို့ စိတ်ညစ်နေမယ် အစရှိသဖြင့် ဒီအခြေအနေတွေဟာ အင်မတန်မှကို ပုံမှန်လှတဲ့၊လူတိုင်းနေ့စဉ်ကြုံတွေ့နေကျ အခြေအနေတွေပါ။ သင်ကြိုက်တဲ့ သီချင်းလေးတွေနားထောင်တာ ဒါမှမဟုတ် တောင်တောင်အီအီ တွေးနေတာဟာ အချိန်ဖြုန်းဖို့ ဒါမှမဟုတ် လမ်းလျှောက်ရင်း အပျင်းပြေစေဖို့ အကောင်းဆုံး အရာတွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလို လုပ်ရင်းလုပ်ရင်းနဲ့ ပတ်ဝန်းကျင်ကို သတိမထားမိတတ်တော့တာမျိုး၊ဘေးဘီကို အကဲမခတ်မိတာမျိုး ဖြစ်သွားနိုင်ပါတယ်။ ဒါဆိုရင် လိင်ပိုင်းဆိုင်ရာ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

လိင်မှတစ်ဆင့်ကူးစက်တဲ့ ရောဂါတွေကို ဘယ်လိုကာကွယ်မလဲ

လိင်မှတစ်ဆင့်ကူးစက်တဲ့ ရောဂါတွေဟာ အရမ်းအန္တရာယ်ကြီးပြီး သူ့နာမည်အတိုင်းပဲ လိင်ဆက်ဆံရာကတစ်ဆင့် တစ်ဦးက နောက်တစ်ဦးဆီ ကူးသွားနိုင်တယ်ဆိုတာ ပြောနေစရာတောင်လိုမယ် မထင်ပါဖူး။ ဆိုတော့ ဒီရောဂါတွေကို ဘယ်လိုကာကွယ်ရမလဲ။ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပေးပါ။ လိင်မှတစ်ဆင့်ကူးစက်တဲ့ ရောဂါတွေကို ဘယ်လိုကာကွယ်မလဲ ဆိုတာ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ လိင်မှတစ်ဆင့်ကူးစက်တဲ့ ရောဂါတွေကို ဘယ်လိုကာကွယ်မလဲ လိင်မှတစ်ဆင့်ကူးစက်တဲ့ ရောဂါတွေကို ဘယ်လိုကာကွယ်မလဲ ဆိုတော့ တစ်လင်တစ်မယားစနစ်ကို ကျင့်သုံးပါ။ ကာမပိုင် လင်မယား အချင်းချင်းကလွဲပြီး တခြားသူတွေနဲ့ လိင်ပိုင်းဆိုင်ရာ စပ်ယှက်မှု မရှိအောင် နေထိုင်ရပါမယ်။ ကိုယ့် အိမ်ထောင်ဖက်မှာလည်း လိင်ကတစ်ဆင့်ကူးစက်တဲ့ ရောဂါတွေမရှိဘူး။ ပြီးတော့ တစ်လင်တစ်မယားစနစ်ကိုလည်း ကျင့်သုံးမယ်ဆိုရင် ဒီလိုကူးစက်ရောဂါတွေကနေ ကာကွယ်နိုင်ဖို့ စိတ်အချရဆုံးသော နည်းလမ်းဖြစ်မှာပါ။ ဒါပေမယ့် လင်မယား နှစ်ယောက်လုံးမှာ လိင်ကတစ်ဆင့်ကူးစက်တဲ့ ရောဂါတွေ ရှိမနေဖို့တော့ အရမ်း အရေးကြီးပါတယ်။ ဒါကြောင့် အိမ်ထောင်ဖက်အချင်းချင်း […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

အမျိုးသားများ ကျန်းမာသော သုက်ရည် ရှိ၊ မရှိ သိနိုင်သော လက္ခဏာ ၆ ရပ်

သင့်ရဲ့ လိင်ဆက်ဆံသူမှာ ကျန်းမာတဲ့ သုက်ရည်ရှိပါသလား။ ဒါဟာ အမျိုးသမီးတိုင်းရဲ့ စိတ်ထဲမှာ ရှိနေတဲ့ မေးခွန်းပဲဖြစ်ပါလိမ့်မယ်။ သုက်ပိုးရဲ့ အရည်အသွေးကို စစ်ဆေးကြည့်နိုင်တဲ့ ရိုးရှင်းတဲ့နည်းလမ်းမရှိပါဘူး။ အကောင်းဆုံးကတော့ ဆရာဝန်ကို သွားပြသင့်ပြီး စစ်ကြည့်တာပါပဲ။ အောက်ဖော်ပြပါ အချက်အလက်တွေကတော့ သင့်ကိုအမျိုးသားများ ကျန်းမာသော သုက်ရည် ရှိ၊ မရှိ ခန့်မှန်းဖို့အတွက် ကူညီပေးပါလိမ့်မယ်။ အမျိုးသားများ ကျန်းမာသော သုက်ရည် ရှိ၊ မရှိ သိနိုင်သော လက္ခဏာ ၆ ရပ် အမျိုးသားများ ကျန်းမာသော သုက်ရည် ရှိ၊ မရှိ ခန့်မှန်းနိုင်သော လက္ခဏာ ၆ ရပ် ကတော့ ၁။ သူဟာ ငါးကြိုက်ပါတယ်။ ငါးဟာ သူ့အကြိုက်ဆုံး အစားအစာဖြစ်တယ်ဆိုရင် သူ့သုက်ပိုး အရည်အသွေးဟာ မြင့်မားဖို့ ရာခိုင်နှုန်းများတယ်လို့ လေ့လာမှုတစ်ခုက ဆိုပါတယ်။ ဟားဗတ်တက္ကသိုလ်က လေ့လာမှုတစ်ခုအရ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

အေးစက်နေတဲ့ ဆက်ဆံရေးကို ဘယ်လို ပြန်လည် ကြည်နူးလာအောင် လုပ်မလဲ

ဆက်ဆံမှု တစ်ခုမှာ သင်တို့ နှစ်ယောက်ဟာ တစ်ယောက် နဲ့ တစ်ယောက် စိတ်ဝင်စားမှု လျော့နည်းသွားပြီးနောက် အသည်းအသန် ပြန်လည် ချစ်ခင်ချင်ကြတာမျိုး ရှိနိုင်ပါတယ်။ နောက်တစ်မျိုး ပြောရရင် စစချစ်တုံးကလို ခံစားမှုမျိုး ပြန်လည် ရရှိချင်ကြပါတယ်။ ဒါကို ဘယ်လို လုပ်ယူမလဲ။ ဒီဆောင်းပါးမှာတော့ ဒီကိစ္စပေါ်မှာ အကြံဉာဏ်တွေ ပေးသွားမှာ ဖြစ်ပါတယ်။ ကဲ .... ဒီတော့ အေးစက်နေတဲ့ ဆက်ဆံရေးကို ဘယ်လို ပြန်လည် ကြည်နူးလာအောင် လုပ်မလဲ ဆိုတာလေး ကြည့်လိုက်ရအောင်နော်။ အေးစက်နေတဲ့ ဆက်ဆံရေးကို ဘယ်လို ပြန်လည် ကြည်နူးလာအောင် လုပ်မလဲ အေးစက်နေတဲ့ ဆက်ဆံရေးကို ဘယ်လို ပြန်လည် ကြည်နူးလာအောင် လုပ်မလဲဆိုတော့ သေချာ နားထောင်နော် သင့်ရဲ့ ပျောက်ဆုံးနေတဲ့ အချစ်ကို ပြန်လည် တွေ့ရှိဖို့ အဓိက […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

စော်ကားခံရပြီးနောက် ပြစ်တင်ဝေဖန်ခံစားရခြင်းတွေကို ဘယ်လိုဖြေရှင်းမလဲ။

လိင်ပိုင်းဆိုင်ရာ စော်ကားခံစားပြီးရင် လူတွေဟာ သူတို့ကိုယ်သူတို့ victimization လို့ ခေါ်တဲ့ မတရားဖိနှိပ်ခံရမှု အခြေအနေတစ်ခုကို ကျော်ဖြတ်ကြရပါတယ်။ ပြန်ကောင်းတဲ့အဆင့်ဟာ ရက်သတ္တတ်ပေါင်း၊ လပေါင်း၊ နှစ်ပေါင်းများစွာ ကြာမြင့်နိုင်ပြီး လူတစ်ယောက်နဲ့တစ်ယောက် ကွာခြားမှု ရှိပါတယ်။ ဒီဆောင်းပါးမှာတော့ ဒီအဆင့်ကို ဘယ်လိုကျော်ဖြတ်ရမလဲဆိုတဲ့ အချက်အလက်တွေ ဖေါ်ပြထားပါတယ်။ ရှော့ခ်ရခြင်းနဲ့ ထုံထိုင်းသွားခြင်း ရှော့ခ်ရခြင်းနဲ့ ထုံထိုင်းသွားခြင်း ဟာ အနိုင်ကျင့်ခံရပြီးပြီးချင်း စတင်ကြုံတွေ့ရတဲ့ အခြေအနေပဲဖြစ်ပါတယ်။ ကြောက်စရာကောင်းပြီး ဘာမှ မတတ်နိုင်တဲ့ အခြေအနေတစ်ခုကို ကျော်ဖြတ်ပြီးရင် အချို့ စော်ကားခံရသူတွေဟာ ရုတ်တရက် ရှော့ခ်ရသွားတတ်ပြီး အချိန်အတိုင်းအတာ တစ်ခုအထိ ဘာဖြစ်သွားမှန်းကို မသိတော့ပါဘူး။ ပြီးတော့ စော်ကားခံရသူတွေမှာ flight or flight (သဘာဝတရားအရ အလိုအလျောက်တုံ့ပြန်မှု) လို့ခေါ်တဲ့ ရောဂါအခြေအနေတစ်ခုကိုလည်း ခံစားရပါတယ်။ ဒီအခြေအနေဟာ ထိုသူက ထိန်းချုပ်လို့မရတဲ့ […]


လိင်အင်္ဂါကြွက်နို့များ

ံHuman Papilloma virus ဗိုင်းရပ်စ်ပိုးဝင်ခြင်းလက္ခဏာ

Human papillomavirus လို့ ခေါ်တဲ့ HPV ပိုး (လိင်အင်္ဂါကြွက်နို့ပိုး) ဟာ အရွယ်ရောက်ပြီးတဲ့ အမျိုးသားရော အမျိုးသမီးမှာပါ တွေ့ရများပါတယ်။ HPV ဟာ အန္တရာယ်များပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်စေရုံသာမက နောက်ဆုံးမှာ ကင်ဆာတောင် ဖြစ်နိုင်ပါတယ်။ ဒီဆောင်းပါးမှာတော့ ကြွက်နို့ရောဂါပိုးရဲ့ လက္ခဏာတွေက ဘာတွေလဲဆိုတာကို ဖေါ်ပြသွားမှာ ဖြစ်ပါတယ်။ •HPV ပိုးအကြောင်း ဘာသိပါသလဲ။ Human papilloma virus လို့ ခေါ်တဲ့ HPV (လိင်အင်္ဂါကြွက်နို့ပိုး )ရောဂါပိုးဟာ လိင်အင်္ဂါ အတွင်းပိုင်းနဲ့ အနီးတစ်ဝိုက်မှာ ရောဂါဖြစ်စေပါတယ်။ ဒီရောဂါပိုးဟာ အရွယ်ရောက်ပြီးသူ အမျိုးသားရော အမျိုးသမီးမှာပါ တွေ့ရများတတ်ပါတယ်။ တကယ်တော့ လိင်ဆက်ဆံမှု များတဲ့သူတွေရဲ့ ထက်ဝက်လောက်ဟာ HPV ရောဂါပိုးကို သူတို့ဘဝမှာ တစ်ခါတော့ ရရှိမှာပဲဖြစ်ပါတယ်။ အံ့သြဖို့ကောင်းတာကတော့ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း