ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကလူတိုင်းအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ်ပါ။ လုံခြုံဘေးကင်းတဲ့ လိင်ဆက်ဆံခြင်း အကြောင်းအရာတွေကို ဆွေးနွေးခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို ဆွေးနွေးတယ်ဆိုတာထက် ပိုပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး နဲ့ ကျန်းမာပျော်ရွှင်သော လိင်မှုဘဝ လမ်းညွှန်ကဏ္ဍမှာ လိင်ပညာပေး၊ လိင်ပိုင်းဆိုင်ရာ ရောဂါတွေ ကာကွယ်ခြင်း၊ အကာအကွယ်အသုံးပြုခြင်း၊ လိင်မှုစွမ်းဆောင်ရည် ကျဆင်းခြင်းနဲ့ အခြားသော ကျန်းမာပျော်ရွှင်စေမည့် လိင်မှုဘဝ လမ်းညွှန်ချက်များကို ဖော်ပြပေးထားပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ

HIVပိုးက သွေးကနေ၊ လိင်ဆက်ဆံရာက ထွက်လာတဲ့ အရည်တွေ (ဥပမာ သုက်ရည်၊ မိန်းမကိုယ်အရည်) တွေကနေ အဓိက ကူးတယ်ဆိုတာ သိထားပြီး ဖြစ်မှာပါ။ တစ်ခါတလေ သူများရဲ့ သွေးက စားပွဲပေါ်မှာ ပေနေမယ်။ အဲ့တာကို မတော်တဆ သွားထိမိသွားမယ်။ ဒီလိုဆိုရင်ရော ကူးနိုင်လားလို့ မေးစရာရှိပါတယ်။ ဒါကို ပြောဖို့အတွက် HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ ဆိုတာကို သိဖို့လိုပါတယ်။ HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ အချိန်အတိအကျရယ်တော့ ပြောလို့မရပေမယ့် HIVပိုးက ခန္ဓာကိုယ်ပြင်ပမှာ ကြာကြာမရှင်နိုင်ပါဘူး။ သူဝင်ပွားစရာ ဆဲလ်မရှိတဲ့အတွက် အပြင်ရောက်ပြီး ခဏနေတာနဲ့ သေသွားမှာ ဖြစ်ပါတယ်။ ပတ်ဝန်းကျင် အခြေအနေပေါ် မူတည်ပြီး အချိန်နည်းနည်းကြာကြာ ရှင်ကောင်းရှင်နိုင်ပေမယ့် ကူးစက်နိုင်စွမ်းကတော့ မရှိသလောက်ပါပဲ။ HIVပိုးက ခန္ဓာကိုယ်ပြင်ပမှာ ဘယ်လောက်ကြာကြာရှင်နိုင်လဲဆိုတာကို သိဖို့ လေ့လာထားကြတာတွေ ရှိပါတယ်။ […]

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကို ရှာဖွေမည်။

လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

မကြာခဏလိင်စိတ်ဖြေခြင်းက မျိုးအောင်မှုကို အနှောင့်အယှက်ဖြစ်စေသလား

အမျိုးသားတွေ လုပ်လေ့ရှိတဲ့ လိင်စိတ်ဖြေခြင်း ဆိုတာက သူတို့ရဲ့ လိင်အင်္ဂါကို လိင်ပိုင်းဆိုင်ရာ နှိုးဆွမှု လုပ်ပြီး ဆန္ဒပြီးမြောက်တဲ့အထိ လုပ်ဆောင်တာကို ခေါ်တာပါ။ အဲဒီလို စိတ်ဖြေပြီးသွားရင် သုက်ရည်တွေ ထွက်လာပါတယ်။ စုံတွဲတစ်တွဲက ကလေးယူဖို့ ကြိုးစားနေမယ်ဆိုရင်တော့ အမျိုးသားအနေနဲ့ သူရဲ့ သုက်ရည်တွေကို မျိုးအောင်နိုင်တဲ့ ပမာဏကျန်နေအောင် သူ့ရဲ့ လိင်စိတ်ဖြေမှုကို ထိန်းချုပ်ဖို့ လိုပါတယ်။ ဒါပေမယ့်လည်း မကြာခဏ လိင်စိတ်ဖြေခြင်းဟာ ကိုယ့်ရဲ့မျိုးအောင်နိုင်စွမ်းအပေါ် ကြီးမားတဲ့ အနှောင့်အယှက်တော့ မပေးပါဘူး။ တချို့သော အချက်အလက်တွေအရ သုက်ထွက်မှု (၂)ရက် သို့မဟုတ် (၃)ရက်ကြာ မရှိဘူးဆိုရင် သုက်ရည်တွေရဲ့ အရည်အသွေးဟာ ပုံမှန်အနေအထား ပြန်ရောက်သွားပါတယ်။ တချို့သုတေသန တွေ့ရှိချက်တွေမှာဆိုရင် နေ့စဉ် သုက်ထွက်မှုရှိနေရင်တောင်မှ သုက်ကောင်တွေရဲ့ လှုပ်ရှားမှုနဲ့ ပမာဏဟာ ပုံမှန်အတိုင်းပဲ ရှိနေတယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

အားလပ်ရက်မှာ သာယာကြည်နူးစရာဖိုမကိစ္စဖြစ်အောင် ဘယ်လိုဆောင်ရွက်မလဲ

အားလပ်ရက်တွေဆိုတာ စုံတွဲတွေအတွက် ပျော်စရာအချိန်တွေပါ။ ဒါကြောင့် သင်နေရောင်ကာ ခရမ်တွေ၊ ရေကူးဘောင်းဘီတွေနဲ့ သဘက်တွေထည့်နေတာနဲ့အတူ ဒီတစ်ပတ်ရဲ့ အားလပ်ရက်မှာလိင်ကိစ္စသာယာမှု ဘယ်လိုလုပ်မလဲဆိုတာ ဖော်ပြပေးမယ့် ဒီဆောင်းပါးကို ကော်ပီလေးတော့ကူးယူထားသင့်ပါတယ်။ ၁။ ကြိုတင်ပြင်ဆင်ထားပါ။ အန္တရာယ်အကင်းဆုံးနည်းကို ရွေးလိုက်ကြရအောင်။ တကယ်လို့သင်က လိင်ကနေကူးစက်တဲ့ရောဂါတွေ (STDs) မကူးစက်နိုင်တာ ၁၀၀% မသေချာဘူးဆိုရငိ ကွန်ဒုံး ဆောင်ထားပါ။ ပြီးတော့ ကွန်ဒုံးဘယ်လောက်ရှိလဲ သိထားပါ။ ဒါမှမဟုတ်ရင်တော့ အစီအစဉ်မရှိဘဲ ကိုယ်ဝန်ရတာတွေဖြစ်သွားနိုင်တယ်။ ၂။ ဟိုတယ်မှာရတဲ့ ဝန်ဆောင်မှုတွေကို လေ့လာပါ။ သင့်ဟော်တယ်ခန်းက တောက်ပြောင်သန့်ရှင်း ရိုမန်တစ်ဆန်ပြီး လိင်မှုကိစ္စလုပ်ဖို့ အဆင်ပြေနေပါစေ။ အသံလုံတဲ့ ဟော်တယ်အခန်းမျိုးကို ကြိုတင်ဘွတ်ကင်လုပ်ထားတာ ပိုကောင်းပါတယ်။ ၃။ Foreplay (အစပျိုး)ပါ Foreplay ဆိုတာ သင်အကျီချွတ်မချလိုက်ခင်က စပါတယ်။Foreplay ကလိင်ဆက်ဆံမှုကောင်းအောင်လုပ်မယ့် ပထမအဆင့်ဖြစ်ပါတယ်။ လိင်ဆက်ဆံတယ်ဆိုတာကလည်း လိင်မှုကိစ္စ ရဲ့ သေးငယ်တဲ့အစိတ်ပိုင်းလေးတစ်ခုသာဖြစ်ပါတယ်။ အိမ်ထောင်ပြုတဲ့အခါ ဒီထက်ပိုရင်းနီးအောင်နေစရာတွေအများကြီးရှိတဲ့အတွက် ဘာလို့ဒီတစ်ခုတည်းကိုပဲ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်စိတ်ဆန္ဒကို ကျဆင်းစေသော အဖြစ်များသည့် အချက် ၁၀ချက်

တစ်ခါတစ်လေ သင့်အနေနှင့် လိင်မဆက်ဆံလိုတဲ့ အချိန်တွေရှိနိုင်တယ်။ သင်နှင့် သင့်အဖော်ကြားမှာ လိင်ဆက်ဆံဖို့ စိတ်မပါတဲ့အချိန်မျိုး ရှိတတ်တယ်။ သင့်လိင်စိတ်ကိုလျော့နည်းစေတဲ့ အချက်တွေများစွာရှိတယ်။ ဒီထဲက အဖြစ်များတဲ့ ၁၀ချက်ကို အောက်တွင်ဖော်ပြထားပါသည်။ စိတ်ဖိစီးမှု အလုပ်အကိုင်၊ ငွေကြေး၊ အိမ်နှင့် အိမ်နီးချင်းတွေကြောင့် စိတ်ဖိစီးမှုဖြစ်ပေါ်တတ်တယ်။ စိတ်ဖိစီးမှုများနေချိန်တွင် သင်ဟာ အရာရာကို အဆိုးမြင်နေတတ်တယ်။ ဒါကြောင့် စိတ်ဖိစီးမှု ဖြစ်နေချိန်မှာ သင်ဟာလိင်မှုကိစ္စမှ ရှောင်ဖယ်နေတတ်တယ်။ သင့်စိတ်ဖိစီးမှုကို ထိန်းချုပ်နိုင်ဖို့ အရေးကြီးတယ်။ ဒီလိုအခြေအနေမှာ သင့်ကျန်းမာရေး စောက်ရှောက်သူနှင့် ဆွေးနွေးဖို့လိုအပ်တယ်။ အိပ်ရေးပျက်ခြင်း သင်ဟာ လုံလောက်စွာအိပ်မပျော်ရင် ပင်ပန်းနွယ်နယ်ခြင်းကို ခံစားရနိုင်တယ်။ ပင်ပန်းနွယ်နယ်နေတဲ့အခါ လိင်စိတ်ကျစေနိုင်တယ်။ သင်အရမ်းပင်ပန်းနေတဲ့အချိန်မှာ အိပ်တာကလွဲပြီး တခြားအရာတွေကို စိတ်မဝင်စားနိုင်တော့ပါဘူး။ ကလေးရှိခြင်း သင့်မှာကလေးရှိတဲ့အခါ သူတို့ကိုပြုစုဖို့၊ သူတို့နဲ့ကစားပေးဖို့၊ အစားအသောက်ကျွေးဖို့အတွက် သင့်အချိန်တွေကို သုံးရပါတယ်။ ထို့ကြောင့် သင့်မှာလိင်ဆက်ဆံဖို့အတွက် အချိန်မပေးနိုင်တာဖြစ်သွားတတ်ပါတယ်။ ကလေးထိန်းခေါ်တာက အကြံကောင်းဖြစ်ပါတယ်။ ကလေးကို ကလေးထိန်းကကြည့်ပေးခြင်းဖြင့် […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

ချောဆီ နှင့် ပတ်သတ်ပြီး သိထားသင့်သော အချက်၆ချက်

ချောဆီ ဆိုတာ လိင်ဆံဆက်ဆံခြင်းကို သက်သောင့်သက်သာနဲ့ ချောမွတ်နေအောင် လုပ်ပေးတဲ့ အရာပါ။ အထူးသဖြင့် လိင်ဆက်ဆံချင်စိတ် ဖြစ်လာပေမယ့်လည်း မအင်္ဂါ မစိုစွတ်နိုင်တဲ့ သူတွေအတွက်ပေါ့။ ဒါ့အပြင် လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကို ကာကွယ်ဖို့ ကွန်ဒုံးသုံးတဲ့အခါမှာလည်း ချောဆီက လွယ်လွယ်ကူကူနဲ့ ဆက်ဆံနိုင်စေပြီး ခံစားမှုအပြည့် ရနိုင်အောင် ကူညီပေးမှာပါ။ ချောဆီတွေက ဘယ်လို အလုပ်လုပ်တာလဲ။ ချောဆီတွေမှာ ဂျယ်ပုံစံနဲ့ အရည်ပုံစံ ဆိုပြီး ရှိပါတယ်။ ချောဆီကို လိင်မဆက်ဆံမီ မိန်းမအင်္ဂါအတွင်းအပြင်နဲ့ လိင်တံတို့ မှာ သုတ်လိမ်းကြပါတယ်။ ပြီးနောက်မှာ အရေပြားက စုပ်ယူသွားပါတယ်။ ရေအခြေခံ၊ အဆီအခြေခံနဲ့ ဆီလီကွန်အခြေခံဆိုပြီး ချောဆီသုံးမျိုးရှိပါတယ်။ ရေအခြေခံ၊ ဆီလီကွန်အခြေခံကတော့ အခြေအနေ တော်တော်များများအတွက် အသုံးတည့်ပြီး အဆီအခြေခံကတော့ ကွန်ဒုံးနဲ့တွဲသုံးမယ်ဆိုရင်တော့ အဆင်မပြေပါဘူး။ ချောဆီ နဲ့ ဆင်တူတဲ့ အခြားအရာတွေကော […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

သုက်လှူတယ် ဆိုတာဘယ်လိုလဲ။

သုက်လှူတယ် ဆိုတာဘယ်လိုလဲ။ သုက်ရည် လှူဒါန်းတယ်ဆိုတာ လွယ်ကူသလိုထင်ရပါတယ်။ ဆေးခန်းကိုသွား၊ စာရင်းပေး၊ ပြီးရင် ခွက်လေးထဲထည့်မယ်။ ဒါပေမယ့် ဒီလောက်မရိုးရှင်းပါဘူး။ လှူဒါန်းတဲ့ ကိစ္စတစ်ခုလုံးဟာ သင်ထင်တာထက်ပိုပြီး ရှုပ်ထွေးသလို အချိန်လည်းကုန်ပါတယ်။ သုက်လှူမယ်ဆိုရင် သင်အင်တာဗျူးအောင်ရပါမယ် သုက်ပိုး လှူတယ်ဆိုတာ အလုပ်လျှောက်တာနဲ့တောင် တူပါတယ်။ ပထမဆုံးသင့်ကို စစ်ဆေးပါမယ်။ ဆရာဝန်က သင့်ကိုယ်အလေးချိန် အရပ်ကိုတိုင်းမယ်။ နောက် သင်ကဆေးလိပ် ဒါမှမဟုတ် အရက်သောက်သူလား၊ သင့်ရောဂါရာဇဝင်နဲ့ မိသားစုမျိုးရိုးလိုက်တဲ့ ရောဂါတွေ ရှိ၊ မရှိမေးခွန်းတွေ မေးပါမယ်။ သွေးစစ်တာနဲ့ ဗီဇ DNA စစ်ဆေးပြီး သုက်ပိုး အလှူရှင်ဖြစ်ဖို့ ကျန်းမာရေးစံမီ၊ မမီကိုကြည့်ပါမယ်။ ဒါ့အပြင် သုက်ရည် အနည်းငယ်ကိုလည်း နမူနာစမ်းသပ်ဖို့ ပေးရပါဦးမယ်။ ဆေးခန်းပေါ်မူတည်ပြီးတော့ သင့် သုက်ပိုး မှာ ရောဂါရှိ၊ မရှိ သေချာအောင်လုပ်တဲ့အတွက် နမူနာ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်စိတ်ဆန္ဒကို ပြန်လည် တက်ကြွစေမယ့် အလေ့အကျင့် ၁၅ ခု

လိင်စိတ်ဆန္ဒနည်းတယ်ဆိုတာ ချစ်သူ လင်မယားတွေကြားမှာတော့ ပုံမှန်လို့ပဲ ပြောနိုင်ပါတယ်။ ၃၀ ရာခိုင်နှုန်းသော မိန်းမတွေနဲ့ ၁၅ ရာခိုင်နှုန်းသော ယောက်ျားတွေဟာ အဲဒီအခြေအနေကို ကြုံတွေ့နေကြပါတယ်။ နဂိုလိင်စိတ်ကို ပြန်ရနိုင်မယ့် လွယ်ကူရိုးရှင်းတဲ့ အချက် ၁၅ချက်ကို ဖော်ပြပါ့မယ်။ များများ ချိန်းတွေ့ပေးပါ။ ပိတ်ရက်တွေမှာ အိမ်မှာမနေပါနဲ့။ အဲဒါက သင့်လိင်စိတ်ကို လျော့နည်းစေပါလိမ့်မယ်။ အိမ်မှာနေမယ့် အစား စားသောက်ဆိုင် တစ်ဆိုင်မှာ ချိန်းတွေ့ပြီး ရိုမန်တစ်ဆန်တဲ့ ညတစ်ညကို ဖန်တီးလိုက်ပါ။ အချစ်စိတ်တွေနဲ့ ပြည့်နှက်နေတဲ့ ပတ်ဝန်းကျင်တစ်ခုက သင့်လိင်စိတ်ကို ပြန်လည် မြင့်မားစေပါလိမ့်မယ်။ တားဆေး ပြောင်းသုံးပေးပါ။ တားဆေးတွေကြောင့် ဟော်မုန်းပြောင်းလဲခြင်းက တက်စတိုစတီရုန်းဟော်မုန်းကို နည်းစေခြင်းအားဖြင့် လိင်စိတ်ကို လျော့နည်းစေပါလိမ့်မယ်။ အခြားဆေးတွေကြောင့်လား ဆန်းစစ်ကြည့်ပါ။ သင်လိင်စိတ်နည်းနေပြီဆိုရင်တော့ သွေးတိုး၊ စားချဉ့်ပြန်ရောဂါ ၊ စိတ်လှုပ်ရှားခြင်းနှင့် စိတ်ဓာတ်ကျခြင်း တို့အတွက် ပေးထားသော ဆေးများကြောင့် ဖြစ်နိုင်ပါတယ်။ ထိုအတွက် […]


ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

မိန်းမရောဂါများ အတွက် ဖိုတိုနာ လေဆာကုထုံး

မွေးလမ်းကြောင်း ဒါမှမဟုတ် သားအိမ်ခေါင်းမှာ ပြဿနာ ရှိနေပါသလား။ ဖိုတိုနာလေဆာ (Fotana Laser) အကြောင်း ကြားဖူးပါသလား။ ဖိုတိုနာလေဆာ က မိန်းမရောဂါတွေကို ကုသပေးနိုင်တယ်ဆိုတာ သိပါသလား။ မှော်ဆန်တဲ့ သူ့အစွမ်းကို သိဖို့ အောက်ပါ ဆောင်းပါးကို ဖတ်ရှုပေးပါ။ ဖိုတိုနာလေဆာ (Fotona Laser) ဆိုတာ ဘာလဲ။ Fotona Laser ဆိုတာ မေ့ဆေး၊ထုံဆေးပေးခြင်းနှင့် ခွဲစိတ်ခြင်း၊ မိန်းမရောဂါများ၊ သွားရောဂါများနဲ့ အရေပြားရောဂါများ စတဲ့ ဆေးပညာနယ်ပယ်တွေမှာ သုံးနေတဲ့ အဆင့်မြင့်နည်းပညာတစ်ခုပါ။ မိန်းမရောဂါတွေမှာသုံးတဲ့ Fotona Laser နှစ်မျိုးရှိပါတယ်။ ယင်းတို့မှာ Er:YAG နဲ့ Nd:YAG တို့ပဲ ဖြစ်ပါတယ်။ ထိုလေဆာများကို ကွန်ပျူတာစက်ခလုပ်များဖြင့် ထိန်းချုပ်နိုင်ပါတယ်။ သင့်အခြေအနေပါ် မူတည်ပြီး သင့်တော်တဲ့ ကုသနည်းကို ဆရာဝန်က ရွေးချယ်ပေးပါလိမ့်မယ်။ Single […]


ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

ဆီးစွန့်ပြွန်ကျဉ်းခြင်းနှင့် ပတ်သက်ပြီး သိသင့်သိထိုက်သော အချက်(၅)ချက်

သင့်ဆီးလမ်းကြောင်းမှ သွေးဒါမှမဟုတ် မူမမှန်တဲ့အရည်တွေ ထွက်လာဖူးပါသလား။ အဒါဆိုရင်တော့ သင် ဆီးလမ်းကြောင်းကျဉ်းခြင်းကို ခံစားနေရတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဆီးလမ်းကြောင်းကျဉ်းခြင်းနှင့် ပတ်သက်တဲ့ အချက်၅ချက်ကို ဖော်ပြပါ့မယ်။ ဆီးလမ်းကြောင်းကျဉ်းတယ်ဆိုတာ ဘာလဲ။ ဆီးလမ်းကြောင်းကျဉ်းတယ်ဆိုတာ ဆီးကိုခန္ဓါကိုယ်အပြင်ဘက် စွန့်ထုတ်ဖို့ ပို့ဆောင်ပေးသောပြွန် ကျဉ်းနေတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ အဲဒီပြွန်က သင့်ဆီးအိမ်နဲ့ ခန္ဓါကိုယ်အပြင်ဘက်ကို ဆက်သွယ်ပေးထားပါတယ်။ ဆီးလမ်းကြောင်းကျဉ်းတယ်ဆိုဟာ မိန်းမတွေထက် ယောက်ျားတွေမှာ ပိုအဖြစ်များပါတယ်။ ယင်းအခြေအနေကနေ ပိုဆိုးတဲ့ ဆီးလမ်းကြောင်းပိုးဝင်ခြင်းနဲ့ ကျောက်ကပ်ရောဂါတွေ အထိ ဖြစ်သွားတတ်ပါတယ်။ ဆီးလမ်းကြောင်းကျဉ်းရသည့် အကြောင်းအရင်းများ ဆီးလမ်းကြောင်းကျဉ်းတာဟာ ဆီးပြွန်အတွင်းမှာ အသားတက်လာတာကြောင့်ဖြစ်ပါတယ်။ ခွဲစိတ်မှုခံယူခဲ့ခြင်းကြောင့် ဒါမှမဟုတ် ရောဂါအနာတရ ရခဲ့လို့ အသားတက်ရတာပါ။ ဖြစ်တောင့်ဖြစ်ခဲကတော့ ဆီးလမ်းကြောင်းမှာ အကျိတ် ဖြစ်တာပါပဲ။ ဆီးလမ်းကြောင်းကျဉ်းစေတဲ့ အခြေအနေတွေကတော့ • လိင်မှတစ်ဆင့်ကူးစပ်တတ်သော ရောဂါများ ခံစားနေရခြင်း • ဆီးပြွန်ထဲသို့ ကိရိယာများ ထည့်သွင်းရခြင်း ဥပမာ- ဆီးလမ်းကြောင်းအား စစ်ဆေးရန် မှန်ပြောင်းထည့်သွင်းခြင်း […]


HIV နှင့် AIDS ရောဂါ

HIV ကူးစက်ရောဂါနှင့်ပတ်သက်ပြီး သတိပြုစရာ လက္ခဏာ ၁၀ ချက်

HIV ကူးစက်ရောဂါနှင့်ပတ်သက်ပြီး သတိပြုစရာ လက္ခဏာ ၁၀ ချက် ကို ဗဟုသုတရအောင် ဖော်ပြပေးလိုက်ပါတယ်။ HIV ပိုးဟာ သုက်ရည်၊ မိန်းမကိုယ်မှထွက်တဲ့အရည်နဲ့ သွေးမှတစ်ဆင့်အများဆုံး ကူးစက်တဲ့ ရောဂါပိုးဖြစ်ပါတယ်။ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာတွေမှာဆိုရင် ဖြစ်ပွားသူလူနာ ၈ယောက်မှာ ၁ယောက်ဟာ သူကူးစက်ပုံကို သတိမထားမိကြပါဘူး။ ဒါ့အပြင် HIV ပိုးဟာ ကုသလို့ အပြီးမပျောက်ဘဲ virus မပြန့်ဖို့နဲ့ အသက်ရှည်အောင်သာ ထိန်းလို့ရတဲ့ရောဂါဖြစ်ကြောင်း သင်သိဖို့လိုပါတယ်။ ဒါကြောင့် သင် HIV ပိုးအကြောင်းကို သိပြီး အမြန်ဆုံးကုသမှုခံယူရန်လိုအပ်ပါတယ်။ အခုဖော်ပြမှာတွေကတော့ HIV ရှိသူလူနာတွေ အစပိုင်းမှာခံစားရတဲ့ တူညီတဲ့ လက္ခဏာ ( ၁၀)ချက်ဖြစ်ပါတယ်။ HIV ကူးစက်ရောဂါနှင့်ပတ်သက်ပြီး သတိပြုစရာ လက္ခဏာ ၁၀ ချက် HIV ကူးစက်ရောဂါနှင့်ပတ်သက်ပြီး သတိပြုစရာ လက္ခဏာ ၁၀ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

ကလေးမွေးပြီးနောက် လိင်ဆက်ဆံခြင်း

ကလေးမွေးပြီးတဲ့အချိန်မှာ သင့်ကလေးကိစ္စတွေပြီးမှ လိင်ကိစ္စကို နောက်ဆုံးထားပြီး စဉ်းစားတတ်ကြပါတယ်။ သို့သော် လိင်ကိစ္စဟာ သင့်နှင့် သင့်အဖော်အတွက် အရေးပါတဲ့ဘ၀ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ သင်ဟာ ဘယ်အချိန်မှာ ပြန်ပြီး လိင်ဆက်ဆံလို့ရမလဲ။ ဘယ်လိုဆက်ဆံရင် သက်တောင့်သက်သာရှိမလဲ။ သင်ဟာ ဒီဖော်ပြထားတဲ့အချက်တွေကို ထည့်သွင်းစဉ်းစားနိုင်တယ်။ ကလေးမွေးပြီး ဘယ်အချိန်မှာ လိင်ဆက်ဆံလို့ရမလဲ။ သင့်ကလေးက သင့်အတွက်အံ့အားသင့် ဝမ်းသာစရာဖြစ်တယ်။ ဒါပေမယ့် ကလေးကို ထိန်းကျောင်းနေခြင်းက သင့်ရဲ့လိင်ကိစ္စကို ထိခိုက်စေတတ်ပါတယ်။ ကလေးမွေးပြီးချိန်တွင် သင်နှင့် သင့်အဖော်၂ယောက်စလုံးက လိင်ဆက်ဆံချိန်အတွက် ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ အသင့်ဖြစ်နေဖို့ အရေးကြီးတယ်။ သင်တို့ ၂ယောက်စလုံး လိင်ဆက်ဆံလိုစိတ်ရှိမှ သာယာတဲ့ ဆက်ဆံရေးကို ရရှိနိုင်မှာပါ။ ကလေးမွေးပြီးချိန်တွင် သင့်စိတ်အနေအထားကလည်း ပုံမှန်အခြေအနေပြန်ဖြစ်လာဖို့ ၊ မိန်းမကိုယ်ပြန်ကျဉ်းလာဖို့ နဲ့ ကလေးမွေးပြီး သွေးဆင်းတာတွေရပ်သွားဖို့ အချိန်တစ်ခုတော့ လိုပါတယ်။ သွေးဆင်းတာမရပ်ခင် လိင်ဆက်ဆံလျှင် […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း