လိင်မဆက်ဆံခင်မှာ တစ်ဦးရဲ့ နောက်ကြောင်းရာဇဝင်ကို တစ်ဦးက သိဖို့ အထူးပဲ အရေးကြီးပါတယ်။ ကွန်ဒုံးဟာ ကိုယ်ဝန်နဲ့ ရောဂါတွေကို တားဆီးရာမှာ ရာနှုန်းပြည့် စိတ်ချရတယ်လို့ မပြောနိုင်ပေမယ့် သူတို့ကို မှန်ကန်စွာ စနစ်တကျသုံးရင် အရမ်းအကျိုးရှိထိရောက်ပါတယ်။ မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်ရလေအောင် ကွန်ဒုံးမှန်ကန်စွာ အသုံးပြုနည်းကို သိရှိအောင် လုပ်ထားပါ။
အမျိုးသားအတွက်ရော အမျိုးသမီးအတွက်ပါ ကွန်ဒုံးရှိပေမယ့် အမျိုးသားသုံး ကွန်ဒုံးကိုပဲ တွင်ကျယ်စွာ သုံးကြပါတယ်။ ပါးစပ်နဲ့ ဒါမှမဟုတ် ယောနိနဲ့ ဒါမှမဟုတ် စအိုနဲ့ လိင်ဆက်ဆံတော့မယ့် အကြိမ်တိုင်းမှာ ကွန်ဒုံးအသစ်ကို အမြဲတမ်း အသုံးပြုပါ။
တကယ်လို့ သင်ဟာ latex ရာဘာနဲ့ ဓာတ်မတည့်သူတယောက် ဖြစ်ခဲ့မယ်ဆိုရင် latex မပါဝင်တဲ့ အထူးပြုလုပ်ထားသော ကွန်ဒုံးတွေကို သုံးရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် သိထားရမှာက ဒီ latex မပါဝင်တဲ့ ကွန်ဒုံးတွေဟာ latex ကွန်ဒုံးတွေထက် ပေါက်ပြဲဖို့ အခွင့်အလမ်း ပိုများတယ်ဆိုတာပါပဲ။
Natural membrane condom တွေဟာ ကိုယ်ဝန်ကိုပဲ ကာကွယ်ပေးနိုင်ပြီး လိင်ကတဆင့်ကူးစက်တဲ့ ရောဂါတွေကို ကာကွယ်မပေးနိုင်တဲ့အတွက် မသုံးသင့်ပါဘူး။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။