backup og meta

အမျိုးသမီးများတွင် လိင်စိတ်ဆန္ဒ ပြန်ရအောင် ဘယ်လိုလုပ်မလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Phyo Wai Yan မှ ရေးသားသည်။ · 14/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသမီးများတွင် လိင်စိတ်ဆန္ဒ ပြန်ရအောင် ဘယ်လိုလုပ်မလဲ

    အမျိုးသမီးများတွင် ရုပ်ပိုင်းဆိုင်ရာ နှင့် စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများကြောင့် လိင်စိတ်ဆန္ဒဟာ အချိန် ကြာလာတာနှင့်အမျှ ပြောင်းလဲလာတတ်ပါတယ်။ အကယ်၍ သင်ဟာ လိင်စိတ်ဆန္ဒ လျော့နည်းလာတာကို သတိထားမိရင် အဲဒီ အခြေအနေကိုပြောင်းလဲရန် လုပ်ဆောင်နိုင်တာတွေ ရှိပါတယ်။ သင့်မှာ သာယာကျေနပ်ဖွယ် လိင်မှုကိစ္စ ရှိလျှင် ပိုပြီး နေပျော်လာနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ လိင်စိတ်ဆန္ဒ ပျောက်ဆုံးနေတဲ့ အမျိုးသမီးများတွင် လိင်စိတ်ဆန္ဒ ပြန်ရအောင် ဘယ်လိုလုပ်မလဲ ဆိုတာ ပြောပြပေးချင်ပါတယ်။

    လိင်ကိစ္စဟာ သင့်ရဲ့ကယ်လိုရီတွေလောင်ကျွမ်းဖို့ကူညီရုံသာမက စိတ်ဖိစိမှုများပြီး စိတ်ဓါတ်ကျခြင်းနှင့် ကျန်းမာရေးအခြေအနေ ယိုယွင်းခြင်းတွေမှလည်း ကူညီပေးနိုင်ပါတယ်။ သက်လတ်ပိုင်းအမျိုးသမီးတွေမှာ လိင်ဆက်ဆံမှုရှိတဲ့ အမျိုးသမီးတွေက ပိုပြီးကျန်းမာတယ်လို့ ဆိုကြတယ်။

    အမျိုးသမီးများတွင် လိင်စိတ်ဆန္ဒ ပြန်ရအောင် ဘယ်လိုလုပ်မလဲ

    လိင်ဆက်ဆံလိုစိတ်ရှိခြင်းဟာ လူတစ်ယောက်ကျန်းမာခြင်း မကျန်းမာခြင်းကို ပြနိုင်တယ်။ အဖြစ်အများဆုံး လိင်နှင့်ဆိုင်တဲ့ပြဿနာကတော့ အမျိုးသမီးများတွင် လိင်စိတ်ကျဆင်းခြင်း (သို့) လိင်ဆက်ဆံလိုစိတ် မရှိခြင်းဖြစ်တယ်။ ဒါပေမယ့် သင့်ကျန်းမာရေး၊ သွေးဆုံးကိုင်ခြင်း၊ အသက်အရွယ်၊ ခန္ဓါကိုယ်ပြောင်းလဲခြင်းတို့က သင့်ရဲ့လိင်စိတ်ကိုလုံးဝမရပ်တန့်စေနိုင်ပါဘူး။ သင့်ရဲ့ လိင်စိတ်ဆန္ဒကိုပြန်လည် ရရှိအောင် လွယ်ကူရိုးရှင်းတဲ့နည်းတွေသုံးနိုင်ပါတယ်။

    အမျိုးသမီးများတွင် လိင်စိတ်ဆန္ဒ ပြန်ရအောင် ဘယ်လိုလုပ်မလဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

    အမျိုးသမီးတွေရဲ့လိင်စိတ်ဆန္ဒ အပေါ် သက်ရောက်မှုရှိတဲ့အရာတွေက ဘာလဲ။

    လိင်စိတ်ဟာ ကိုယ်ခန္ဓါထဲက ဆက်သွယ်မှုတွေထက် ပိုပါတယ်။ သင့်အနေနှင့် စိတ်ခံစားမှု၊ ရစ်ပတ်ဆက်သွယ်မှု နှင့်ရုပ်ပိုင်းဆိုင်ရာကဲ့သို့ တခြားအရာတွေနဲ့ ရောနှောနေသလို ခံစားရနိုင်တယ်။ ဒါ့ကြောင့် အမျိုးသမီးတွေရဲ့ ကျန်းမာရေး၊ အသက်အရွယ်၊အဆင့်အတန်း၊ကျွမ်းကျင်မှုအရာတွေ တူသော်လည်း လိင်စိတ်ဆန္ဒပိုင်းမှာခြားနားနိုင်တယ်။ တနည်းအားဖြင့်ဆိုသော် သင့်ဘဝရဲ့အပြောင်းအလဲတွေက သင့်လိင်စိတ်ဆန္ဒကိုသက်ရောက်မှုရှိနိုင်တယ်။

    သွေးဆုံးကိုင်တာဟာ သင့်ကိုယ်ထဲရှိအီစထရိုဂျင် (Estrogen)နှင့် ပရိုဂျက်စတိုဂျင် (Progesterone) ဟော်မုန်းတွေကို ကျစေတဲ့အတွက် သင့်လိင်စိတ်ကို ကျဆင်းစေနိုင်တယ်။ သင့်ကိုယ်ထဲရှိ ဟော်မုန်းတွေ လျော့နည်းသွားသောအခါ သင့်မိန်းမကိုယ် ခြောက်သွေ့ပြီး လိင်ဆက်ဆံလိုစိတ် မရှိဖြစ်တတ်တယ်။ ဒါ့ပြင် တချို့သော ရိုးရာယုံကြည်မှုတွေအရ သွေးဆုံးတာဟာ လိင်ကိစ္စရဲ့ နောက်ဆုံး အခြေအနေလို့ ယူဆကြတယ်။

    အမျိုးသမီးတွေရဲ့ လိင်စိတ်ဆန္ဒပြန်ရအောင် လုပ်ပေးနိုင်တဲ့အချက်တွေများစွာ ရှိပါတယ်။

    သင့်မိန်းမကိုယ် ခြောက်သွေ့တာအတွက် ချောဆီအသုံးပြု ပြီး လိင်ဆက်ဆံလို့ ရပါတယ်။ ဒါ့ပြင်ချောဆီအသုံးပြု ခြင်းက သင်လိင်ဆက်ဆံရာတွင် ပိုပြီးနှစ်သက် စိတ်ဝင်စားစရာ ကောင်းပါတယ်။

    တခြားလိင်စိတ်တက်ကြွစေတဲ့ စကားလုံးတွေ ဂရုစိုက်မှုတွေနဲ့လည်း သင့်အဖော်နှင့် ဆက်သွယ်ပြီး လိင်စိတ် တိုးပွားအောင်လုပ်နိုင်ပါတယ်။ ဒါပေမယ့် သင့်အဖော်နှင့်သင့်ကြားမှာ ပြဿနာရှိနေပြီး လိင်စိတ်ပြန်လည် တက်ကြွအောင် မလုပ်နိုင်ရင် နှစ်သိမ့်ဆွေးနွေးသူ သို့ ဆရာဝန်နှင့် တွေ့ဆုံပြီး အကြံဉာဏ်ရယူနိုင်ပါတယ်။

    သင်အနေနဲ့ လိင်စိတ်ကြွစေနိုင်တဲ့ ဆေးတွေလည်း အသုံးပြုနိုင်ပါတယ်။ သုတေသနပညာရှင် အချို့ရဲ့ အဆိုအရ ဆေးတွေက အမျိုးသမီးတွေရဲ့ တက်စထိုစတီရုန်း (testosterone) ဟော်မုန်းပမာဏကို မြင့်တက်စေပြီး စိတ်ကျေနပ်မှုကို ပေးစွမ်းနိုင်တယ်။

    သင်ဟာတစ်ကိုယ်တည်းသမား ဖြစ်နေပါသလား။

    သင့်မှာ ချစ်သူမရှိဘဲနဲ့ လိင်စိတ်တက်ကြွလာတဲ့အခါ ဘယ်လိုလုပ်မလဲ။ တချို့တစ်ကိုယ်တည်းသမား အမျိုးသမီးတွေက သူတို့ လိင်စိတ်ကို ရပ်တန့်ရမယ်လို့ တွေးမိပေမယ့် သူတို့စိတ်မှာ လိင်ဆက်ဆံလိုစိတ်ပြင်းပြင်းပြပြ ကျန်ရှိနေပြီး မချင့်မရဲ ဖြစ်နေတတ်တယ်။ သင်ဟာ လိင်ဆက်ဆံဖော် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လိင်ကိစ္စကို အပြည့်အဝ ခံစားနိုင်ပါတယ်။ သင့်ကိုယ်သင် ထိတွေ့နိုင်တယ်။ စိတ်ခံစားမှု ကောင်းတဲ့ အဝတ်တွေကို ဝတ်နိုင်တယ်။ အလိုရှိလျှင် လိင်စိတ်အာသာဖြေခြင်း လုပ်နိုင်တယ်။

    သင့်လိင်စိတ်ကို လျော့နည်းစေတဲ့ အကြောင်းရင်းကို သိပြီး သင့်လိင်စိတ်ကို ပြန်လည်ရရှိအောင် နည်းလမ်းပေါင်းများစွာ နှင့် ကြိုးစားခြင်းဟာ သင့်အတွက် အကောင်းဆုံး အဖြေ ဖြစ်ပါလိမ့်မယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Phyo Wai Yan မှ ရေးသားသည်။ · 14/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement