backup og meta

အမျိုးသားများ ကျန်းမာသော သုက်ရည် ရှိ၊ မရှိ သိနိုင်သော လက္ခဏာ ၆ ရပ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel


Hello Sayarwon Panel မှ ရေးသားသည်။ · 20/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသားများ ကျန်းမာသော သုက်ရည် ရှိ၊ မရှိ သိနိုင်သော လက္ခဏာ ၆ ရပ်

    သင့်ရဲ့ လိင်ဆက်ဆံသူမှာ ကျန်းမာတဲ့ သုက်ရည်ရှိပါသလား။ ဒါဟာ အမျိုးသမီးတိုင်းရဲ့ စိတ်ထဲမှာ ရှိနေတဲ့ မေးခွန်းပဲဖြစ်ပါလိမ့်မယ်။ သုက်ပိုးရဲ့ အရည်အသွေးကို စစ်ဆေးကြည့်နိုင်တဲ့ ရိုးရှင်းတဲ့နည်းလမ်းမရှိပါဘူး။ အကောင်းဆုံးကတော့ ဆရာဝန်ကို သွားပြသင့်ပြီး စစ်ကြည့်တာပါပဲ။ အောက်ဖော်ပြပါ အချက်အလက်တွေကတော့ သင့်ကိုအမျိုးသားများ ကျန်းမာသော သုက်ရည် ရှိ၊ မရှိ ခန့်မှန်းဖို့အတွက် ကူညီပေးပါလိမ့်မယ်။

    အမျိုးသားများ ကျန်းမာသော သုက်ရည် ရှိ၊ မရှိ သိနိုင်သော လက္ခဏာ ၆ ရပ်

    အမျိုးသားများ ကျန်းမာသော သုက်ရည် ရှိ၊ မရှိ ခန့်မှန်းနိုင်သော လက္ခဏာ ၆ ရပ် ကတော့

    ၁။ သူဟာ ငါးကြိုက်ပါတယ်။

    ငါးဟာ သူ့အကြိုက်ဆုံး အစားအစာဖြစ်တယ်ဆိုရင် သူ့သုက်ပိုး အရည်အသွေးဟာ မြင့်မားဖို့ ရာခိုင်နှုန်းများတယ်လို့ လေ့လာမှုတစ်ခုက ဆိုပါတယ်။ ဟားဗတ်တက္ကသိုလ်က လေ့လာမှုတစ်ခုအရ ငါးအလွန်စားတဲ့ အမျိုးသားတွေဟာ မစားသူတွေထက်စာရင် သုက်ပိုးပါဝင်နှုန်း ၆၅ ရာခိုင်နှုန်း ပိုများကြတယ်လို့ ဆိုပါတယ်။ တကယ်လို့ သင့်ချစ်သူဟာ ငါးကြိုက်တယ်ဆိုရင်တော့ သူ့သုက်ရည်ဟာ အရည်အသွေးမြင့်မားနိုင်ပါတယ်။

    ၂။ သူဟာ အသင့်စားအသားတွေကို အစားနည်းပါတယ်။

    သူဟာ အသင့်စားအသားတွေကို သိပ်မစားဘူးဆိုရင် ကောင်းမွန်တဲ့ သုက်ရည်ရှိဖို့ အခွင့်အရေး များပြားပြီး ဒါအတွက် သုတေသန တစ်ခုလည်း ရှိပါတယ်။ ဟားဗတ်တက္ကသိုလ် ရဲ့ သုတေသန တစ်ခုအရ တာရှည်ခံအသားတွေကို အစားဆုံးသူတွေဟာ မစားတဲ့သူတွေနဲ့ ယှဉ်ရင် ပုံမှန်သဏ္ဍာန်ရှိတဲ့ သုက်ပိုး အရေအတွက် နည်းပါးတယ်လို့ ဆိုပါတယ်။

    ၃။ သူ့မှာ တွဲကျနေတဲ့ ဗိုက်မရှိပါ။

    နယ်သာလန် က သုတေသီတွေက ခါး လက်မ ၄၀နဲ့ အထက်ရှိတဲ့ အမျိုးသားတွေဟာ သုက်ပိုးအရည်အတွက် နည်းပြီး ပုံမှန်အတိုင်း လှုပ်ရှားနိုင်တဲ့ သုက်ပိုးပမာဏလည်း နည်းပါးတယ်လို့ ဆိုပါတယ်။ သုတေသီတွေက ကိုယ်ခန္ဓာ အလယ်ပိုင်းမှာ ဒီလောက် ကိုယ်အလေးချိန်အများကြီး သယ်ဆောင်ထားရခြင်းဟာ သုက်ပိုး ထုတ်လုပ်မှုနဲ့ အရည်အသွေးကို လျော့ကျစေတယ်လို့ ဆိုပါတယ်။

    ၄။ တင်းကျပ်တဲ့ အောက်ခံဘောင်းဘီတွေကို မဝတ်ဘူး။

    အမျိုးသားတစ်ယောက်ဟာ အရည်အသွေးကောင်းတဲ့ သုက်ပိုးတွေကို လိုချင်တယ်ဆိုရင် သူ့ရဲ့ ကပ္ပာယ်အိတ် အပူချိန်က အရေးကြီးပါတယ်။ ချောင်ချောင်ချိချိရှိတဲ့ အောက်ခံဘောင်းဘီတွေဟာ ကျပ်တာတွေထက်စာရင် ကပ္ပာယ်အိတ် အပူချိန်ကို လျော့ကျစေပါတယ်။

    အင်္ဂလန်က လေ့လာမှုတစ်ခုက ဘောင်းဘီအပွ ဝတ်သူတွေဟာ အကျပ်ဝတ်သူတွေထက် အရည်အသွေးမကောင်းတဲ့ သုက်ရည်ထုတ်လုပ်မှုပိုနည်းစေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် သူဝတ်တဲ့ အတွင်းခံဘောင်းဘီတွေဟာ လည်း အရေးကြီးပါတယ်။

    ၅။ အားကစားရုံဟာ သူအကြိုက်ဆုံး နေရာပါပဲ။

    သင့်ချစ်သူဟာ လေ့ကျင့်ခန်းလုပ်သူဆိုရင် သူ့မှာ အရည်အသွေးကောင်းတဲ့ သုက်ရည် ရှိနေနိုင်ပါတယ်။ ဟားဗတ်က သုတေသီတွေက အလယ်အလတ် (သို့) အပြင်းအထန် တစ်ပတ်ကို ၁၅ နာရီထက်ပိုပြီး လေ့ကျင့်ခန်းပြုလုပ်သူတွေဟာ လုံးဝ လေ့ကျင့်ခန်း မလုပ်သူတွေနဲ့ စာရင် သုက်ပိုးပမာဏဟာ ၇၃ ရာခိုင်နှုန်း ပိုမိုမြင့်မားတယ်လို့ ဆိုပါတယ်။

    ၆။ သူဟာ ကြည့်လို့မကောင်းပါဘူး။

    ယောက်ျားပီသတဲ့ ရုပ်ရည်ဟာ ခါးအောက်ပိုင်းအလုပ်တွေအတွက် မကောင်းပါဘူးလို့ လေ့လာမှု အသစ်တစ်ခုက ဆိုပါတယ်။ စပိန် နဲ့ ပြင်သစ် သုသေတီတွေက လူအများလိုချင်တဲ့ ရုပ်ရည် ရှိသူတွေဟာ ပုံမှန် မိန်းမဆန်တဲ့ ရုပ်ရည် ရှိသူတွေထက် သုက်ရည် အရည်အသွေးပိုမို နိမ့်ပါးတယ်လို့ ဆိုပါတယ်။

    ဖြစ်နိုင်ခြေတစ်ခုကတော့ tradeoff hypothesis လို့ ခေါ်တဲ့ သီအိုရီတစ်ခုဖြစ်ပါတယ်။ အရှင်းလင်းဆုံးပြောရမယ်ဆိုရင် မျိုးပွားနိုင်တဲ့ အရင်းအမြစ်အတွက် အမျိုးသားတွေမှာ သတ်မှတ်ထားပြီးသား စွမ်းအင်ပမာဏ ရှိပါတယ်။ ဒီစွမ်းအင်ဟာ မတူညီတဲ့ အစိတ်အပိုင်းတွေဆီကို ခွဲဝေပေးရပါတယ်။

    အမျိုးသားတစ်ယောက်ဟာ သုက်ရည် ထွက်ရှိမှုပေါ်မှာ အရင်းအမြစ်တွေ ပိုသုံးနေခဲ့တယ်ဆိုရင် သူဟာ လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှု ရှိတဲ့ ရုပ်ရည် ရှိဖို့ အခွင့်အလမ်းနည်းပါးပါတယ်လို့ Jukka Kekäläinen က ဆိုပါတယ်။

    ဆောင်းပါးအစမှာ ပြောခဲ့တဲ့အတိုင်း ဒါက ခန့်မှန်းရုံပဲ ဖြစ်ပြီး ကိုယ့်သုက်ရည်အကြောင်း သိချင်ရင်တော့ ဓာတ်ခွဲခန်းမှာ စစ်ဆေးတာက အကောင်းဆုံးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Hello Sayarwon Panel


    Hello Sayarwon Panel မှ ရေးသားသည်။ · 20/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement