backup og meta

မိန်းမကိုယ်ထဲသို့ ကွင်းထည့်ခြင်းဖြင့် ကိုယ်ဝန်တားခြင်း ဆိုတာဘာလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. K Zin Thwe မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိန်းမကိုယ်ထဲသို့ ကွင်းထည့်ခြင်းဖြင့် ကိုယ်ဝန်တားခြင်း ဆိုတာဘာလဲ

    သင်သည် အမျိုးသမီးဆိုပါက အိမ်ထောင်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကိုယ်ဝန်တားသည့် နည်းလမ်းများကို သိရှိထားသင့်ပါသည်။ ကိုယ်ဝန်တားနည်းများသည် မှန်းခြေအားဖြင့် ၁၅ နည်းခန့်ရှိသည့်အနက် မိန်းမကိုယ်ထဲသို့ ကွင်းထည့်ခြင်း နည်းသည်လည်း တစ်ခုအပါအဝင် ဖြစ်ပါသည်။

    မိန်းမကိုယ်ထဲသို့ ကွင်းထည့်ခြင်းဖြင့် ကိုယ်ဝန်တားခြင်း ဆိုတာဘာလဲ

    မိန်းမကိုယ်ထဲသို့ ကွင်းထည့်ခြင်းဖြင့် ကိုယ်ဝန်တားခြင်း ဆိုတာဘာလဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

    မိန်းမကိုယ်ထဲသို့ ကွင်းထည့်ခြင်း ဆိုတာ

    မိန်းမကိုယ်ထဲသို့ အီစထရိုဂျင်နှင့် ပရိုဂျက်စထရုန်း ဟော်မုန်းများပါဝင်သော ပလတ်စတစ်ကွင်းအကြည်ရောင်လေးကို ထည့်ထားခြင်းဖြင့် မျိုးဥကြွေခြင်းကို တားပေးခြင်းဖြစ်ပါသည်။ ထို့ပြင် သားအိမ်နံရံများ ပါးလာစေခြင်း၊ မိန်းမကိုယ်ချွဲမြှေးများ ထူပျစ်လာခြင်း အချက်များကြောင့် သုက်ကောင်သည် မျိုးဥနှင့် ထိတွေ့မှု နှောင့်နှေးစေခြင်းတို့ဖြစ်ပြီး ကိုယ်ဝန်ကို တားပေးခြင်းဖြစ်ပါသည်။

    မိန်းမကိုယ်ထဲသို့ ကွင်းထည့်ခြင်းဖြင့် ၃ပတ်ကြာအထိ ဟော်မုန်းများအလုပ်လုပ်မည်ဖြစ်ပါသည်။ ထိုကွင်းကို မိန်းမကိုယ်ထဲသို့ ၃ ပတ်ကြာအောင် ထည့်ထားရမည်ဖြစ်ပါသည်။ ထိုအခါ သွေးထဲတွင် ဟော်မုန်းဓာတ်များ လည်ပတ်နေမည်ဖြစ်ပြီး ၂၁ရက်မြောက်တွင် ထုတ်ပစ်လိုက်နိုင်ပါသည်။ ၇ရက်ကြာအောင် ထုတ်ထားနိုင်ပြီး ရက်ပြည့်သည့်အခါ ပြန်လည်ထည့်ရင် လိုအပ်ပါသည်။ ထုတ်ထားသည့်ရက်များအတွင်း ရာသီသွေးဆင်းနိုင်ပါသည်။

    ထိုကွင်းသည် အရွယ်အစားတစ်ခုသာ ထုတ်လုပ်ထားသော်လည်း အများစုသော အမျိုးသမီးများနှင့် တော်ပါသည်။

    မိန်းမကိုယ်ထဲသို့ ကွင်းထည့်ခြင်း၏ အကျိုးကျေးဇူးများကဘာလဲ။

    အကျိုးထိရောက်မှု မြင့်မားခြင်း

    မိန်းမကိုယ်ထဲသို့ ကွင်းထည့်ခြင်းဖြင့် ကိုယ်ဝန်တားနိုင်မှု ရာခိုင်နှုန်းသည် ၉၉.၇ %ရှိပါသည်။ (ညွှန်ကြားချက်များအတိုင်း အသုံးပြုမှသာ) သို့သော် ညွှန်ကြားချက်များအတိုင်း အသုံးမပြုလျှင် ကိုယ်ဝန်တားနိုင်မှု ရာခိုင်နှုန်းသည် ၉၁ % သာရှိကြောင်း တွေ့ရသည်။

    လိင်မှုဆိုင်ရာ စိတ်ကျေနပ်မှုရရှိခြင်း

    အမျိုးသားများသည် မိမိနှင့် လိင်ဆက်ဆံသည့် အမျိုးသမီးတွင် ကွင်းထည့်ထားမှန်းပင် မသိသာသောကြောင့် ဖြစ်ပါသည်။

    • နေ့စဉ်သောက်ရသော ကိုယ်ဝန်တားဆေးများကို မေ့သောသူများ၊ ဆေးမထိုးချင်သော၊ လက်မောင်းထဲထည့်သောပစ္စည်းကို မသုံးချင်သူများ၊ သားအိမ်ထဲ ပစ္စည်းထည့်ပြီး ကိုယ်ဝန်တားခြင်းကို မကြိုက်သူအမျိုးသမီးများအတွက် အဆင်ပြေခြင်း
    • မျိုးဥအိမ်တွင် ရေအိတ်တည်ခြင်း၊ အလုံးများဖြစ်ခြင်း၊ ရင်သားတွင် ကင်ဆာမဟုတ်သော အလုံးများဖြစ်ခြင်းကို လျော့နည်းစေခြင်း
    • အများစုသော အမျိုးသမီးများသည် ကွင်းထည့်ထားလျှင် ရာသီမှန်လာခြင်း၊ ရက်တိုသွားခြင်း၊ ရာသီနည်းသွားခြင်း
    • ကွင်းမှ ထုတ်လွှတ်သော ဟော်မုန်းများသည် အမျိုးသမီးများ၏ အရိုးများကို ပိုသန်မာလာစေပြီး ဝက်ခြံများထွက်ခြင်းကို သက်သာစေခြင်းတို့ဖြစ်ပါသည်။

    မိန်းမကိုယ်ထဲသို့ ကွင်းထည့်ခြင်း၏ ဖြစ်နိုင်သော ဘေးထွက်ဆိုးကျိုးများက ဘာတွေလဲ။

  • ထည့်ထားသောကွင်းသည် လိင်ဆက်ဆံချိန်နှင့် ဝမ်းချုပ်သော အချိန်များတွင် အပြင်ကို ထွက်ကျနိုင်ခြေ ရှိခြင်း
  • ရာသီသွေး မဟုတ်ဘဲ အခြားအချိန်များတွင် သွေးဆင်းခြင်း
  • မိန်းမကိုယ်တွင် ခိုးလိုးခုလုဖြစ်ခြင်း
  • ခေါင်းကိုက်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်း
  • ကိုယ်အလေးချိန် တိုးလာခြင်း
  • စိတ်အခြေအနေများ ပြောင်းလဲခြင်း
  • ကွန်ဒုံးများနှင့် မတူသော အချက်မှာ ထိုကွင်းများသည် လိင်မှတဆင့် ကူးစက်သော ရောဂါများကို မကာကွယ်နိုင်ခြင်း တို့ဖြစ်ပါသည်။
  • မိန်းမကိုယ်ထဲ ကွင်းထည့်ခြင်း အပြင် အခြား မည်သည့်နည်းများဖြင့် ကိုယ်ဝန်တားသင့်သလဲ။

    မိန်းမကိုယ်ထဲ ကွင်းထည့်ခြင်းသည် အောက်ဖော်ပြပါ အချက်များနှင့် ကိုက်ညီသော အမျိုးသမီးများတွင် နှလုံးရောဂါဖြစ်နိုင်ခြေ၊ လေဖြတ်ခြင်းနှင့် အဆုတ်၊ နှလုံးနှင့် ဦးနှောက်ထဲတွင် သွေးခဲများပိတ်ဆို့နိုင်ခြေကို မြင့်တက်စေပါသည်။

    • ဆေးလိပ်သောက်သူများ၊ နှစ်ရှည်လများ ဆေးလိပ်သောက်ခြင်း အကျင့်ရှိခဲ့သူများ
    • ကိုယ်အလေးချိန်များသူများ
    • ဆိးချိုရောဂါရှိသူများ၊ သွေးထဲတွင် အဆီဓာတ်များသူများ
    • နှလုံးနှင့် သွေးလည်ပတ်မှု အားမကောင်းခြင်း၊ သွေးတိုးရောဂါရှိခြင်း
    • မျိုးရိုးစဉ်ဆက်အလိုက် သွေးပျစ် သွေးခဲသောရောဂါရှိသူများ
    • အထက်ဖော်ပြပါရောဂါများသည် မိသားစုဝင်များတွင် တစ်ယောက်နှင့် အထက်ဖြစ်ဖူးခြင်း
    • အသက် ၃၅ ကျော်သူများ

    သို့သော် သင့်တွင် အထက်ပါအချက်များမရှိပါက အသက် ၅၀ အရွယ်အထိ မိန်းမကိုယ်ထဲ ကွင်းထည့်ခြင်းနည်းဖြင့် ကိုယ်ဝန်တားနိုင်ပါသည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. K Zin Thwe မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement