ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကလူတိုင်းအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ်ပါ။ လုံခြုံဘေးကင်းတဲ့ လိင်ဆက်ဆံခြင်း အကြောင်းအရာတွေကို ဆွေးနွေးခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို ဆွေးနွေးတယ်ဆိုတာထက် ပိုပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး နဲ့ ကျန်းမာပျော်ရွှင်သော လိင်မှုဘဝ လမ်းညွှန်ကဏ္ဍမှာ လိင်ပညာပေး၊ လိင်ပိုင်းဆိုင်ရာ ရောဂါတွေ ကာကွယ်ခြင်း၊ အကာအကွယ်အသုံးပြုခြင်း၊ လိင်မှုစွမ်းဆောင်ရည် ကျဆင်းခြင်းနဲ့ အခြားသော ကျန်းမာပျော်ရွှင်စေမည့် လိင်မှုဘဝ လမ်းညွှန်ချက်များကို ဖော်ပြပေးထားပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ

HIVပိုးက သွေးကနေ၊ လိင်ဆက်ဆံရာက ထွက်လာတဲ့ အရည်တွေ (ဥပမာ သုက်ရည်၊ မိန်းမကိုယ်အရည်) တွေကနေ အဓိက ကူးတယ်ဆိုတာ သိထားပြီး ဖြစ်မှာပါ။ တစ်ခါတလေ သူများရဲ့ သွေးက စားပွဲပေါ်မှာ ပေနေမယ်။ အဲ့တာကို မတော်တဆ သွားထိမိသွားမယ်။ ဒီလိုဆိုရင်ရော ကူးနိုင်လားလို့ မေးစရာရှိပါတယ်။ ဒါကို ပြောဖို့အတွက် HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ ဆိုတာကို သိဖို့လိုပါတယ်။ HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ အချိန်အတိအကျရယ်တော့ ပြောလို့မရပေမယ့် HIVပိုးက ခန္ဓာကိုယ်ပြင်ပမှာ ကြာကြာမရှင်နိုင်ပါဘူး။ သူဝင်ပွားစရာ ဆဲလ်မရှိတဲ့အတွက် အပြင်ရောက်ပြီး ခဏနေတာနဲ့ သေသွားမှာ ဖြစ်ပါတယ်။ ပတ်ဝန်းကျင် အခြေအနေပေါ် မူတည်ပြီး အချိန်နည်းနည်းကြာကြာ ရှင်ကောင်းရှင်နိုင်ပေမယ့် ကူးစက်နိုင်စွမ်းကတော့ မရှိသလောက်ပါပဲ။ HIVပိုးက ခန္ဓာကိုယ်ပြင်ပမှာ ဘယ်လောက်ကြာကြာရှင်နိုင်လဲဆိုတာကို သိဖို့ လေ့လာထားကြတာတွေ ရှိပါတယ်။ […]

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကို ရှာဖွေမည်။

အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

ငယ်ရွယ်စဉ်အချိန်မှာ လိင်ဆက်ဆံမှု ကြောင့် ဖြစ်နိုင်သော အန္တရာယ်များ

ငယ်ရွယ်စဉ်အချိန်မှာတော့ ဆယ်ကျော်သက်တွေအတွက် အမှန်နဲ့ အမှားကို ခွဲခြားဖို့တွေ သူတို့အပြုအမူတွေရဲ့ ပြင်းထန်မှုတွေကို သတိပြုမိဖို့တွေဆိုတာ ခက်ခဲလှပါတယ်။ ဒါကပဲ ငယ်ရွယ်စဉ်အချိန်မှာ လိင်ဆက်ဆံမှု က ဘာကြောင့် ငြင်းဆန်ရခက်ခဲလဲဆိုတာရဲ့ အဖြေလည်းဖြစ်နိုင်သလို အန္တရာယ်အလွန်များတဲ့ ကိစ္စတစ်ခုလည်းဖြစ်နိုင်ပါတယ်။ မရင့်ကျက်သေးတဲ့အရွယ်မှာ လိင်ဆက်ဆံခြင်းက ရုပ်ပိုင်းဆိုင်ရာကိုသာမက စိတ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ကျွန်တော့်သူငယ်ချင်းတွေအားလုံး လိင်ဆက်ဆံနေကြပြီ။ ကျွန်တော်ရော လုပ်သင့်လား။ လိင်ကိစ္စနဲ့ ပတ်သက်လို့ ပတ်ဝန်းကျင်ရဲ့ဖိအားတွေကို ဂရုစိုက်မနေပါနဲ့။ သင့်ခန္ဓါကိုယ်ကို ဘာလုပ်လိုက်ပါတို့ ဘယ်အချိန်မှာလုပ်ပါတို့ စသဖြင့် ဘယ်သူမှ ပြောပိုင်ခွင့်မရှိပါဘူး။ လိင်ဆက်ဆံတယ်ဆိုတာလည်း အခြားသူတွေနဲ့ ဝင်ဆံ့ဖို့ နည်းလမ်းတစ်ခုမဟုတ်ပါဘူး။ မိုက်တယ်ဟ ဆိုတဲ့ ခံစားချက်မျိုးရစေမှာမဟုတ်သလို ချက်ချင်းကြီး ရင့်ကျက် အရွယ်ရောက်သွားစေမှာလည်း မဟုတ်တာ သေချာပါတယ။် လူတိုင်းကလုပ်နေတာပဲလို့ ယူဆပြီး သင့်ကိုယ်သင်လည်း ဖိအားတွေပေးမနေပါနဲပ။ သင့်သူငယ်ချင်းတွေကတော့ သူတို့လိင်ဆက်ဆံနေကြပြိဆိုတာ ကြွားကောင်းကြွားနေပါလိမ့်မယ်။ ဒါပေမဲ့ ဒါဟာ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

ကိုယ်ဝန်ဆောင်စဉ် လိင်ဆက်ဆံမှု ပြုသင့်မပြုသင့်နှင့်ပတ်သက်၍ သိကောင်းစရာများ

ကိုယ်ဝန်ဆောင်ခြင်းဟာ အမျိုးသမီးတွေ တန်ဖိုးထားသင့်တဲ့ အံ့သြဖွယ် အတွေ့အကြုံ ဖြစ်ပါတယ်။ ဒါပေမယ့် စုံတွဲများ ကိုယ်ဝန်ဆောင်စဉ် လိင်ဆက်ဆံမှု ကို ရှောင်ရှားဖို့ အကြောင်းရင်း ဖြစ်လာသင့် ပါသလား? အချို့အချို့သော အခြေအနေများမှာ မိခင်နှင့် သူမ၏ ကလေး နှစ်ဦးစလုံး၏ လုံခြုံရေးအတွက် လိင်ဆက်ဆံမှု အကြိမ်ရေများနှင့်လိင်ပိုင်းဆိုင်ရာ လှုပ်ရှားမှု ကိုယ်ဟန်အနေအထားတွေကို ပြုပြင်ဖို့ လိုသော်လည်း ကိုယ်ဝန်ဆောင်စဉ်အတွင်း လိင်ကိစ္စကို လုံးဝ တားမြစ်ထားခြင်း မရှိပါဘူး လိင်ဆက်ဆံခြင်းက ကိုယ်ဝန်ပျက်ကျစေပါသလား? အများစုသော ကျန်းမာတဲ့ ပုံမှန်ကိုယ်ဝန်များမှာ လိင်ပိုင်းဆိုင်ရာ ကိစ္စတွေက အန္တရာယ် မရှိပါဘူး။ အော်ဂဇင်ခေါ် စိတ်ကျေနပ်မှု ရနေစဉ်အတွင်း သင့်ရဲ့ သားအိမ်က တစ်နာရီလောက်ထိ အားကောင်းစွာ ကျုံ့နေတယ် ဆိုတာ မှန်ပါတယ်။ အထွတ်အထိပ် ရောက်ချိန်ကလည်း သိသိသာသာ ပြင်းထန်နိုင်ပါတယ်။ ကံကောင်းတာက […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

သန္ဓေအောင်စေနိုင်တဲ့ လိင်ဆက်ဆံပုံ အနေအထားများ

အချို့သော လိင်ဆက်ဆံမှု ပုံစံတွေက အခြားပုံစံတွေထက် ကလေးရနိုင်ခြေ ပိုများတယ်လို့ သင်ကြားဖူးထားပါလိမ့်မယ်။ အများစုကတော့ ယုံတမ်းစကားတွေသာ ဖြစ်ပြီး သိပ္ပံနည်းကျ သက်သေအထောက်အထားလည်း မရှိသေးပါဘူး။ သို့သော် သုတေသန အတော်များများအရ အချို့လိင်မှု ပုံစံတွေနဲ့ ဆက်ဆံတဲ့အခါ သင့်ခန္ဓာကိုယ်ထဲမှာ အမှန်တကယ် ဘာတွေ ဖြစ်ပျက်နေသလဲ ဆိုတာတော့ ရှင်းပြနိုင်ပါတယ်။ ဒီလို သုတေသနတွေအရဆိုရင်တော့ အချို့ပုံစံတွေက ကလေးရစေနိုင်ဖို့ အခွင့်အလမ်း ပိုများစေပါတယ်။ ဘာလို့ဆိုတော့ သူတို့က မိန်းမကိုယ်ထဲကို နက်ရှိုင်းစွာ ထိုးဖောက်နိုင်မှုကို ပိုဖြစ်စေနိုင်လို့ပါ။ ဒီတော့ သန္ဓေအောင်စေနိုင်တဲ့ လိင်ဆက်ဆံပုံ အနေအထားများ က ဘာတွေ ဖြစ်မလဲဆိုတာကို ဆက်ကြည့်လိုက်တော့နော်။ သန္ဓေအောင်စေနိုင်တဲ့ လိင်ဆက်ဆံပုံ အနေအထားများ ရိုးရိုး အနေအထား (missionary position ) နဲ့ လေးဘက်ကုန်းပုံစံ ( doggy style […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

ကလေးများကို အတူသိပ်တဲ့အတွက် အတူနေဖို့ ခက်ခဲသော မိဘများအတွက် အကြံပြုချက်များ

အတူသိပ်ခြင်းဆိုတာ မိဘများဟာ ကလေးကို တခြားနေရာမှာ ခွဲမသိပ်ဘဲ မိမိတိုရဲ့ အိပ်ရာမှာပဲ အတူသိပ်ခြင်းကို ဆိုလိုပါတယ်။ အဲဒီအခါမှာ ကလေးကို ဂရုစိုက်ရပြီး မိမိတို့ လိင်မှုကိစ္စမှာလည်း အဆင်မပြေဖြစ်လာတတ်ပါတယ်။ ဒါပေမယ့် ကလေးကို အတူသိပ်ပြီး မိမိတို့လိင်မှုကိစ္စအတွက် အားထုတ်ခြင်းဟာ လုံးဝဖြေရှင်းမရတဲ့ ပြသနာတော့ မဟုတ်ပါဘူး။ ကြားနေကြစကားများကို မယုံစားပါနှင့် ကလေးကို အတူသိပ်ရင် လိင်မှုကိစ္စ အဆင်မပြေတော့ဘူးဆိုတာ ယုံတမ်းစကားပဲ ဖြစ်ပါတယ်။ အားလုံးဟာ အိပ်ရာတခုတည်းမှာတင် ပျော်ရွှင်နေပြီး လိင်မှုအရသာကို ခံစားနိုင်တာ မဟုတ်ပါဘူး။ အများစုပြောနေသလို ကလေးကို ဂရုစိုက်နိုင်ဖို့ ကလေးရဲ့ အမေဟာ အဖေကို အိပ်ရာပေါ်မှာ အလိုမရှိဘူးဆိုတာ မဟုတ်ပါဘူး။ အမှန်တော့ အားလုံး အတူတကွ အိပ်နိုင်ပါတယ်။ ဒါကြောင့် ဒီအချိန်မျိုးမှာ သာယာတဲ့ လိင်မှုဘဝကို ခံစားနိုင်ဖို့ရာမှာ လုပ်ဆောင်တဲ့အဆင့် မှန်ကန်ဖို့ပဲ […]


သားဆက်ခြားခြင်း

ကျွန်မ လစဉ်သုံးသန္ဓေတားဆေး သောက်ဖို့မေ့သွားရင် ဘာဆက်လုပ်ရမလဲ

သင် လစဉ်သုံးသန္ဓေတားဆေး သောက်ဖို့မေ့သွားရင် သတိရတဲ့ အချိန်မှာ ချက်ခြင်း ပြန်သောက်ပါ။ နောက်နေ့အထိ မေ့သွားရင် သတိရရခြင်းပဲ မေ့သွားတဲ့ ဆေးလုံးကို သောက်ပါ။ ပြီးရင် အဲ့နေ့ သောက်ရမယ့် ဆေးကို သောက်ပါ။၂ ရက်လောက် ဆေးသောက်ဖို့ မေ့သွားရင် သတိရတဲ့ ရက်မှာ မေ့သွားတဲ့ ဆေးလုံးကိုသောက်ပါ။ ပြီးရင် အဲ့နေ့ သောက်ရမယ့် ဆေးကို သောက်ပါ။  ရှေ့၂ရက်မေ့လို့ ၃လုံးသောက်စရာ မလိုပါ။ ဒါပေမယ့် ပြီးရင်တော့ ၇ရက်တိတိ ရက်ရှောင်တာ ဒါမှမဟုတ် အတူနေမယ်ဆို ကွန်ဒုံးသုံးပေးပါ။ ၂ ရက်ကျော်ပြီးမှ သတိရတယ် ဆိုရင်တော့ ဆရာဝန်နဲ့ သွားတွေ့ဖိုလိုလာပါပြီ။ သင်အနေနဲ့ တစ်နေ့တစ်ခါ ဆေးကို တစ်ပတ်အထိ ပုံမှန်သောက်ဖို့ လိုအပ်သလို ဆေးပတ်လည်အောင် ပြန်လည်မှီဝဲဖို့ လိုပါလိမ့်မယ်။ ဒါမှမဟုတ် […]


သားဆက်ခြားခြင်း

အမြဲတမ်း သန္ဓေတားခြင်း နည်းလမ်းတွေကို ယောက်ျားလေးလုပ်သင့်သလား၊ မိန်းကလေးလုပ်သင့်သလား

အိမ်ထောင်သက် ၃ နှစ်လောက်ကြာအပြီးမှာ အလန်ဇန်ဒရာပေါလ် နဲ့ သူမရဲ့ခင်ပွန်း အန် တို့ဟာ သန္ဓေတားဆေးတွေကို ငြီးငွေ့လာပါပြီ။ ဒါကြောင့် သူတို့ ဇနီးမောင်နှံ ၂ ဦး ပိုကောင်းတဲ့ သန္ဓေတားနည်းမျိုးရှိလားဆိုတာကို စုံစမ်းခဲ့ကြပါတယ်။ ပေါလ်ကိုယ်တိုင်ကလည်း သန္ဓေတားဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ကြောက်လာတာကြောင့် diaphragm လို့ခေါ်တဲ့ သားအိမ်အတွင်းသို့ သုက် မဝင်အောင်သုံးသော ရော်ဘာ (သို့) ပလတ်စတစ်ပစ္စည်း ကိုပြောင်းသုံးကြည့်ခဲ့ပါသေးတယ်။ ဒါပေမဲ့ diaphragm မှာလိမ်းထားတဲ့ သန္ဓေမရအောင် တားဆီးပေးတဲ့ ဂျယ်လ်တွေကြောင့် သူမ ကူးစက်ရောဂါတွေကို ခံစားရခဲ့တဲ့နောက်မှာ diaphragm လည်း အဆင်မပြေဘူးဆိုကာ ဒါကို ဆက်မသုံးတော့ပါဘူး။ ဒါပေမဲ့ သန္ဓေတားနည်းမရှိတဲ့ သူတို့ရဲ့ အိမ်ထောင်ရေးဟာ သူတို့အတွက် ပျော်ရွှင်အမှု အတိပြည့်ဝနေတဲ့ အိမ်ထောင်ရေးတော့ မဟုတ်ခဲ့ပါဘူး။ သူတို့ […]


သားဆက်ခြားခြင်း

တစ်ခါသုံးသန္ဓေတားဆေးတွေ သုံးရင် ဝလာနိုင်သလား

တစ်ခါသုံးသန္ဓေတားဆေးတွေ သုံးရင် ဝလာနိုင်သလား တစ်ခါသုံး သန္ဓေတားဆေးတွေက ဝလာစေနိုင်သလားဆိုတဲ့ မေးခွန်းတွေက ဒီဆေးဝါးကို သုံးစွဲကြတဲ့သူတော်တော်များများ မေးလေ့ရှိတဲ့ မေးခွန်း ဖြစ်ပါတယ်။ ဒီမေးခွန်းရဲ့ အဖြေကို ဖြေရမယ်ဆိုရင်တော့ တစ်ခါသုံးသန္ဓေတားဆေးတွေ သုံးလို့ ဝလာတဲ့ မိန်းကလေး အရည်အတွက် ဟာ ရှားပါတယ်။ ဒါပေမဲ့ တစ်ချို့သော မိန်းကလေးတစ်ချို့ကတော့ တစ်ခါသုံးသန္ဓေတားဆေးကို စတင်သုံးစွဲတဲ့အခါ ဝလာကြောင်းပြောဆိုကြပါတယ်။ ဒါဟာ ခန္ဓါကိုယ်တွင်း အရည်ဓါတ်တစ်ချို့ကို ထိန်းသိမ်းထားရတာကြောင့် (fluid retention) ဖြစ်တဲ့ယာယီ Side effect ဘေးထွက်ဆိုးကျိုးတစ်ခုမျှသာ ဖြစ်ပြီး အဆီပိုတွေ မဟုတ်ပါဘူး။ စစ်တမ်းပေါင်း ၄၄ ခုရဲ့ လေ့လာချက်အရ တစ်ခါသုံးသန္ဓေတားဆေးတွေသုံးလို့ ဝလာတယ်ဆိုတဲ့ သက်သေအထောက်အထားမရှိဘူးလို့သိရပါတယ်။ ဒါပေမဲ့ တစ်ခါသုံးသန္ဓေတားဆေးတွေရဲ့ ဖြစ်နိုင်တဲ့ ဘေးထွက်ဆိုးကျိုး ဖြစ်မယ်ဆိုရင်တော့ မိန်းကလေးတွေဟာ အနည်းငယ်ပိုမိုဝလာနိုင်ပြီး ၂ လ ကနေ […]


သားဆက်ခြားခြင်း

ကျွန်တော်တို့ရဲ့ ဘိုးဘေးဘီဘင်တွေ ဘယ်လို သန္ဓေတားခဲ့ကြသလဲ

ကျွန်တော်တို့ရဲ့ ဘိုးဘေးဘီဘင်တွေ ဘယ်လို သန္ဓေတားခဲ့ကြသလဲ ကျွန်တော်တို့ရဲ့ ဘိုးဘေးဘီဘင်တွေဟာ သန္ဓေတားဖို့အတွက် နည်းမျိုးစုံသုံးပြီး ကြိုးစားခဲ့ကြပါတယ်။ သူတို့သုံးခဲ့တဲ့ ပစ္စည်းတွေထဲမှာ တိရစ္ဆာန် အညစ်အကြေးတွေ၊ အဆိပ်ရည်တွေ၊ ရှောက်သံပုရာမျိုးနွယ်ဝင်အသီးတွေက စလို့ သစ်သားအတုံးတွေ အထိပါဝင်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ မျက်မှောက်ခေတ်ဆေးပညာက သန္ဓေသားနည်းတွေကို မတီထွင်ရသေးတဲ့ အချိန်တုန်းက လူသားတွေဟာ ပုံမှန်မဟုတ်တဲ့ သန္ဓေသားနည်းမျိုးစုံကို အသုံးပြုခဲ့ရတာပါ။ ဒါကြောင့် မျက်မှောက်ခေတ်မှာ ခေတ်မှီဆေးဝါးအစုံအလင် အသုံးပြုခွင့်ရတာ ဟာ တော်တော်ကံကောင်းတယ်လို့ ဆိုရမှာပါ။   ၁။ သံအတွင်းခံ chastity belt ဆိုတာကိုကြားဖူးကြလား။ chastity ဆိုတာ ဗြဟ္မစရိယကျင့်ခြင်းလို့ အဓိပ္ပါယ်ရပြီး အလယ်ခေတ်ကအမျိုးသမီးတွေ သူမရဲ့ခင်ပွန်းဖြစ်သူကလွဲပြီး တခြားသူနဲ့ လိင်ဆက်ဆံလို့ မရအောင် ဝတ်ကြတဲ့ ခါးပတ်တစ်မျိုး ဖြစ်ပါတယ်။ ဒီသံခါးပတ်တွေဟာ အလယ်ခေတ်ကာလလောက်က ညှင်းပန်းနှိပ်စက်တဲ့ နေရာတွေမှာလည်း သုံးလေ့ရှိပါတယ်။ ဒါပေမဲ့ တကယ်တမ်းက […]


Trichomoniasis ရောဂါပိုးဝင်ခြင်း

Trichomoniasis (ထရိုင်ခိုမိုနီရေးစစ်)

အဓိပ္ပါယ်ဖွင့်ဆိုချက်Trichomoniasis (ထရိုင်ခိုမိုနီရေးစစ်) ကဘာလဲ။ လိင်ဆက်ဆံရာမှတဆင့် ကူးစက်နိုင်သောရောဂါမျိုးဖြစ်ပြီး မိန်းမအင်္ဂါရှိ ထရိုင်ခိုမိုနပ်စ် ဟုခေါ်သော အကောင်ငယ်လေးမှ ဖြစ်ပွားသည်။ အများအားဖြင့် အမျိုးသမီးများတွင်သာ ဖြစ်ပွားတတ်သော်လည်း ရောဂါရှိသောလိင်ဆက်ဆံဘက်များကြောင့် ယောင်္ကျားများတွင်လည်းဖြစ်ပွားတတ်သည်။ ထိုရောဂါဖြစ်ပါက မိန်းမအင်္ဂါမှ အနံ့ဆိုးဆိုးအရည်များကျဆင်းခြင်း၊ဆီးသွားရာတွင်နာကျင်ခြင်း၊မိန်းမကိုယ်ယားယံခြင်းတို့ ဖြစ်ပွားနိုင်ပါသည်။ ထိုရောဂါဖြစ်သော အမျိုးသားများတွင်ကား လက္ခဏာမပြတတ်ပေ။ ထရိုင်ခိုမိုးနပ်စ်ရောဂါရှိသော ကိုယ်ဝန်ဆောင်မိန်းမသည် ကလေးကို လမစေ့ပဲစောစီးစွာမွေးဖွားရန်အလားအလာကောင်းနေတတ်သည်။ Trichomoniasis (ထရိုင်ခိုမိုနီရေးစစ်) က ဘယ်လောက်အဖြစ်များသလဲ အဖြစ်များဆုံးသော ကုသ၍ပျောက်ကင်းနိုင်သည့် လိင်ဆက်ဆံရာမှ ကူးစက်နိုင်သည့်ရောဂါတမျိုးဖြစ်သည်။ အမေရိကန်နိုင်ငံတွင် 3.7သန်းသော လူဦးရေသည် ထိုရောဂါရှိနေကြောင်းသိရသည်။ သို့သော်လည်း 30%သာ လက္ခဏာများပြတတ်ကြသည်။ အသက်အရွယ်ကြီးရင့်သောအမျိုးသမီးများသည် ငယ်ရွယ်သောအမျိုးသမီးများထက်စာလျှင်ပိုမို၍ ဖြစ်ပွားနိုင်ချေရှိကြောင်းသိရှိရသည်။ ထပ်မံသိရှိလိုပါက ဆရာဝန်ှနှင့် ဆက်သွယ်မေးမြန်းပါ။ လက္ခဏာများTrichomoniasis (ထရိုင်ခိုမိုနီရေးစစ်) ရဲ့လက္ခဏာတွေကဘာတွေလဲ ကူးစက်ခံရပြီး 5 ရက် မှ 28 ရက်အတွင်း လက္ခဏာများ ဖြစ်ပေါ်လာနိုင်သည်။ အချို့သောသူများတွင်လက္ခဏာပြရန် ပို ၍အချိန်ကြာမြင့်နိုင်သည်။ အများဆုံးတွေ့ရသော လက္ခဏာများမှာ အဖြူ၊မီးခိုးရောင်၊အဝါရောင် […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

Painful intercourse (dyspareunia) (လိင်ဆက်ဆံချိန် နာကျင်ခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Painful intercourse (dyspareunia) (လိင်ဆက်ဆံချိန် နာကျင်ခြင်း ) ကဘာလဲ။ လိင်ဆက်ဆံချိန် နာကျင်ခြင်းဆိုတာ အကြောင်းရင်း အမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ လိင်အင်္ဂါရဲ့ပုံသဏန်မမှန်တာကြောင့်ဖြစ်နိုင်သလို စိတ်ကြောင့်လည်းအများကြီးဖြစ်နိုင်ပါတယ်။ အမျိုးသမီးတော်တော်များများဟာ လိင်ဆက်ဆံချိန်နာကျင်ခြင်းကို တစ်ကြိမ်သို့မဟုတ် တစ်ကြိမ် ကြုံဖူးကြပါတယ်။ လိင်ဆက်ဆံချိန်နာကျင်ခြင်းကို ဆေးပညာအရ ဒစ်(စ) ပါ ရိုး နီး အား (dyspareunia) လို့ခေါ်ပါတယ်။ လိင်ဆက်ဆံချိန်၊ မဆက်ဆံမီ နဲ့ ဆက်ဆံပြီး နာကျင်ခြင်း အားလုံးအကျုံးဝင်ပါတယ်။ လိင်ဆက်ဆံချိန် နာကျင်နေပြီဆိုရင် သင့်ဆရာဝန်နဲက သွားရောက်ပြီး ဆွေးနွေးသင့်ပါတယ်။ ဖြစ်ပွားရတဲ့ အကြောင်းရင်း၊ နဲ့ ကြုံတွေ့ရတဲ့ အဆင်မပြေမှု ပြသနာတွေကို သက်သာအောင်၊ ပျောက်ကင်းအောင် အဓိက ထားပြီး ကုသမှုတွေပေးရမှာပါ။ Painful intercourse (dyspareunia) (လိင်ဆက်ဆံချိန် နာကျင်ခြင်း ) က ဘယ်လောက်အဖြစ်များသလဲ အမျိုးသမီးတွေမှာသာ အဖြစ်များတတ်ပေမဲ့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း