backup og meta

မျိုးအောင်ခြင်းကို အထောက်အကူပြု အားပေးတဲ့ ယောဂပုံစံများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 02/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မျိုးအောင်ခြင်းကို အထောက်အကူပြု အားပေးတဲ့ ယောဂပုံစံများ

    ယောဂလို့ပြောလိုက်တာနဲ့ စိတ်ဖိစီးမှုတွေကို လျှော့ချပေးတာ နဲ့ ခန္ဓါကိုယ်ကို သွယ်လျလှပစေတဲ့ အချက်တွေကိုပဲ သူ့ရဲ့ ကောင်းကျိုးတွေအဖြစ် ချက်ချင်းပြေးမြင်လေ့ရှိပါတယ်။ တကယ်တမ်းကျတော့ ယောဂကျင့်ခြင်းဟာ ခန္ဓါကိုယ်ကျစ်လစ်လှပစေတာအပြင် အခြားသော အကျိုးကျေးဇူးများစွာကိုလည်း ပေးစွမ်းနိုင်ပါသေးတယ်။ စိတ်ဖိစီးမှုနဲ့ ခန္ဓါကိုယ်မှာရှိတဲ့ အဆီပိုတွေကို လျှော့ချပေးခြင်းအားဖြင့် ကိုယ်ဝန်ရှိဖို့အခွင့်အလမ်းကို ပိုများလာစေတယ်ဆိုတာ အတော်များများ မသိကြပါဘူး။ ယောဂဟာ ကိုယ်ဝန်ဆောင်ကာလအတွက် ပြင်ဆင်ဖို့ အကောင်းဆုံး ကိုယ်လက်လှုပ်ရှားမှုတွေထဲက တခုလို့ယူဆထားကြပါတယ်။ ကဲ …. မျိုးအောင်ခြင်းကို အထောက်အကူပြု အားပေးတဲ့ ယောဂပုံစံများ အကြောင်း လေ့လာလိုပ်ရအောင်နော်။

    ဒါကြောင့် မျိုးအောင်ခြင်းကို အထောက်အကူပြု အားပေးနိုင်တဲ့ ယောဂလေ့ကျင့်ခန်းပုံစံအချို့ကို အောက်မှာဖော်ပြပေးထားပါတယ်။

    မျိုးအောင်ခြင်းကို အထောက်အကူပြု အားပေးတဲ့ ယောဂပုံစံများ

    မျိုးအောင်ခြင်းကို အထောက်အကူပြု အားပေးတဲ့ ယောဂပုံစံများ ကတော့

  • Staff pose
  • ပထမဆုံး စမ်းကြည့်သင့်တဲ့ ပုံစံကတော့ လွယ်ကူရိုးရှင်းတဲ့ ပုံစံဖြစ်တဲ့ Staff pose ပဲ ဖြစ်ပါတယ်။ ဒီပုံစံဟာ ခြေထောက်နဲ့ ခြေကျင်းဝတ်ကို သွေးပူလေ့ကျင့်ခန်းလုပ်ပေးတဲ့ ပုံစံဖြစ်ပြီး သင့်ခန္ဓါကိုယ်ကို ပြေလျော့စေကာ သွေးလည်ပတ်သွားလာမှုကို တိုးတက်ကောင်းမွန်စေတဲ့ ပုံစံဖြစ်ပါတယ်။ ဒါကြောင့် Staff pose ဟာ မျိုးအောင်နိုင်တဲ့ အခွင့်အလမ်းကို များပြားစေပါတယ်။

    အောက်ဖော်ပြပါ အချက်လေးတွေအတိုင်း ပြုလုပ်သွားပါ။

    · ယောဂဆော့တဲ့ ဖျာ သို့မဟုတ် စောင်ပေါ်မှာ သက်တောင့်သက်သာထိုင်လိုက်ပါ။ ခြေထောက်တွေကို ရှေ့သို့ ဖြောင့်တန်းစွာ ဆင်းထားပါ။ ဒူးနဲ့ ခါးကို မတ်မတ်ရှိနေပါစေ။

    · သင့်ခြေကျင်းဝတ်နှစ်ဖက်လုံးကို နာရီလက်တံလည်တဲ့ပုံစံအတိုင်း ငါးမိနစ်လောက် စက်ဝိုင်းသဏ္ဍာန် လှည့်ပါ။ ပြီးရင် နာရီလက်တံပြောင်းပြန်လည်တဲ့ ပုံစံအတိုင်း ထပ်လှည့်ပါ။

    · ခါးကွေးပြီး သင့်ခြေဖျားလေးတွေကို ဆယ်ခါလောက်ထိပါ။

    · ခြေချောင်းလေးတွေကို လှုပ်ခါပါ။

    · ခြေကျင်းဝတ်ကို ပတ်ချာလည်လှည့်ပါ။ ပြီးရင် ကွေးပါ။

    · ဒူးကို အပေါ်မြှောက်လိုက်အောက်ချလိုက်လုပ်ခြင်းအားဖြင့် သင့်ခြေထောက်ကို ညင်သာစွာ လှုပ်ခါပါ။

    • ခြေကျင်းဝတ်ကို ဒူးပေါ်တင်တဲ့ ပုံစံ

    ခန္ဓါကိုယ်တခုလုံးရဲ့ အလေးချိန်၊ဖိအား နဲ့ ဝန်တို့ကို ထမ်းထားရတဲ့ သင့်တင်ပါးတဝိုက်နဲ့ ပေါင်တို့ကို ဒီလေ့ကျင့်ခန်းပုံစံက သက်သာစေမှာဖြစ်တဲ့အတွက် ဆီးခုံတဝိုက်က အင်္ဂါတွေကို ထောက်ပံ့အားပေးပါလိမ့်မယ်။ အောက်ပါအချက်လေးတွေအတိုင်း ပြုလုပ်ပါ။

    · ရှေ့မှာ ပြောခဲ့တဲ့ staff pose အတိုင်းထိုင်ပါ။ ညာဒူးကို ကွေးပြီး ညာခြေကျင်းဝတ်ကို ဘက်ဖက်ဒူးပေါ် တင်ပါ။ ညာခြေထောက်နဲ့ ဘယ်ဖက်ပေါင်က ထောင့်မတ်ဖြစ်နေပါစေ။ ဘယ်ဖက်ခြေထောက်တဖက်တည်းကို အားပြုရပ်ရမှာဖြစ်တဲ့အတွက် တည်ငြိမ်အောင် ဘယ်ဖက်ခြေထောက်ကို အနည်းငယ် ကွေးပါ။

    · ညာခြေထောက်ကို ကွေးပြီး ဘယ်ဖက်လက်ဖဝါးနဲ့ ညာဖက်ခြေဖဝါးကို ဆုပ်ကိုင်ပါ။ ပြီးရင် အစက အတိုင်း ဘက်ပြောင်းပြန် ပြန်လုပ်ပါ။

    · ညာဖက်လက်နဲ့ ပေါင်ကို အသာအယာဖိပါ။ အသက်ပြင်းပြင်း သုံးခါရှုပါ။

    · ဒူးကို ဖြည်းညင်းစွာ ကွေးလိုက်ဆန့်လိုက်လုပ်ပါ။ ဒီအဆင့်ဟာ ဒူးခေါင်းတွင်းရှိ ချောဆီသဖွယ်ပြုလုပ်ပေးတဲ့ အရည်တွေကို အားပေးကူညီပါတယ်။

    · ရှေ့ကို ဖြည်းဖြည်းချင်း ကိုင်းပါ။

    · ပြီးရင် ဘက်ပြောင်းပြန် ပြန်လုပ်ပါ။

    • ဒူးနှင့် ရင်ဘတ်ကို တလှည့်စီထိခြင်း ပုံစံ

    တနေကုန် စားပွဲမှာ ထိုင်ပြီး အလုပ်လုပ်နေရတဲ့ အမျိုးသမီးတွေအတွက် ဒီပုံစံက အသုံးဝင်ပါတယ်။ တနေကုန်အညောင်းမိပြီး ထိုင်နေရခြင်းဟာ တင်ပါးနဲ့ ပေါင်တွေကို တင်းကြပ်စေတဲ့အတွက် သင့်သွေးလည်ပတ်မှုအတွက် မကောင်းပါဘူး။ ဒီပုံစံဟာ သင့်ခန္ဓါကိုယ်ရဲ့ တင်းကြပ်မှုတွေကို ဖြေလျှော့ပေးနိုင်ပြီး ကိုယ်နေဟန်ထားကိုလည်း မှန်စေပါလိမ့်မယ်။ အောက်ပါအချက်လေးတွေအတိုင်း ပြုလုပ်ပါ။

    · ယောဂကျင့်ဖို့အထူးစီမံထားတဲ့ အခင်း/ဖျာပေါ်မှာ ပက်လက်လှန်အိပ်လိုက်ပါ။ ခြေထောက်တချောင်းလုံးကို ဆန့်တန်းပါ။

    · ဒူးခေါင်းနားကို သင့်လက်တွေနဲ့ အုပ်ကိုင်ပြီး ညာဒူးကို ကွေးကာ သင့်ရင်ဘတ်ဆီ ဆွဲတင်ရပါမယ်။

    · အဆိုပါ ပုံစံအတိုင်းထိန်းထားပြီး အသက်ပြင်းပြင်းငါးခါ ရှုရပါမယ်။ ပြီးရင် လွှတ်လိုက်ပါ။

    · ဒူးနှစ်ဖက်လုံးကို ရင်ဘတ်ဆီဆွဲတင်ပါ။ ဒူးခေါင်းတွေကို လက်နဲ့ အုပ်ကိုင်ထားပါ။ ခြေထောက်နှစ်ချောင်းလုံးကို ပူးကပ်ထားပါ။ အသက်ပြင်းပြင်း ငါးခါရှုပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 02/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement