backup og meta

အမျိုးသမီးများတွင် ဘာကြောင့် မိန်းမကိုယ်ချောဆီများ သုံးရန် လိုအပ်ပါသလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. K Zin Thwe မှ ရေးသားသည်။ · 12/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသမီးများတွင် ဘာကြောင့် မိန်းမကိုယ်ချောဆီများ သုံးရန် လိုအပ်ပါသလဲ

    သင်သည် လိင်မှုဆိုင်ရာ စိတ်ပျော်ရွှင်များနှင့် ကာလအတော်ကြာ ကင်းကွာနေခဲ့သူဖြစ်ပါလျှင် ယခုချိန်တွင် လိင်စိတ်များ မနိုးကြွလာခြင်းကဲ့သို့သော ပြသနာများ ခံစားနေရနိုင်ပါသည်။

    ယင်းသည် ဖြစ်လေ့ဖြစ်ထရှိသော အခြေအနေဖြစ်ပြီး စိတ်ဓါတ်ကျဆင်းခြင်း၊ ပင်ပန်းခြင်း၊ ဟော်မုန်းပြောင်းလဲခြင်းနှင့် အခြားသော ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြသနာများနှင့် အထူးသဖြင့် အမျုးသမီးများတွင် ချောဆီထဲ့ရန် လိုအပ်နေခြင်းကြောင့် ဖြစ်နိုင်ပါသည်။

    အောက်ပါဆောင်းပါးသည် အမျိုးသမီးများသည် လိင်ဆက်ဆံစဉ် ချောဆီအသုံးပြုရန် အရေးကြီးကြောင်းနှင့် အသာယာဆုံးသော အချိန်များကို ပိုင်ဆိုင်နိုင်ကြောင်းဖော်ပြထားပါသည်။

    အမျိုးသမီးများသည် ဘာကြောင့် လိင်ဆက်ဆံစဉ် ချောဆီအသုံးပြုရန် လိုပါသလဲ။

    လိင်မှုကိစ္စများ စတင်ချိန်တွင် အမျိုးသမီးများ၏ လိင်စိတ်နှင့် အီထရိုဂျင်ဟော်မုန်းများ မြင့်တက်မှုကြောင့် မိန်းမကိုယ်မှ အနံ့မဲ့သော အရည်ကြည်တမျိုး ထွက်လာပါသည်။

    ထိုချောဆီသည် အမျိုးသမီးများ လိင်ဆက်ဆံစဉ်တွင် နာကျင်မှုများမဖြစ်စေရန်နှင့် အမျိုးသားလိင်အင်္ဂါနှင့် ထိတွေ့စဉ်တွင် အနာတရမဖြစ်စေရန် ကြားခံတစ်ခုအနေနှင့် ဆောင်ရွက်ပေးသည့်အတွက် အလွန် အရေးကြီးပါသည်။

    သို့သော် အမျိုးသမီးများသည် အကြောင်းအမျိုးမျိုးကြောင့် အီထရိုဂျင်ဟော်မုန်းများ မထုတ်လွှတ်နိုင်ကြသည့်အခါ ချောဆီ မရှိတော့ခြင်းကြောင့် လိင်မှုကိစ္စများ အဆင်မပြေဖြစ်လာနိုင်ပါသည်။ ထိုအခြေအနေမျိုးတွင် အစိုဓါတ်ဖြည့်တင်းပေးသာ ချောဆီမျိုးကို အသုံးပြုရန် အကြံပေးလိုက်ပါသည်။

    ချောဆီ အမျိုးအစားများ

    ရေကို အခြေခံထုတ်လုပ်ထားသောချောဆီ

    ယင်းသည် စိတ်ချရခြင်းနှင့် မပေမကွက်ခြင်းတို့ကြောင့် လူသုံးများပါသည်။ အသုံးပြုပြီးလျှင် ရေဖြင့်ဆေးကြောလိုက်ပါက အစွန်းအထင်းများ မရှိစေပါ။

    သို့သော် ယင်းသည် မိန်းမကိုယ်တွင် အထပ်ထပ်လိမ်းပေးရခြင်း၊ ကြာရည်စွာ မခံခြင်းကြောင့် ကြားဖြတ်ပြီး ထပ်လိမ်းရခြင်းတို့ကြောင့် စိတ်ကသိကအောင့် ဖြစ်စေနိုင်ပါသည်။

    ဆီကို အခြေခံထုတ်လုပ်ထားသောချောဆီ

    ထိုအမျိုးအစားသည် ဆီကို အခြေခံထားသည့်အတွက် လိမ်းပြီးလျှင် ကြာရှည်ခံခြင်း၊ ခရင်မ်ပုံစံ ဖြစ်ခြင်း စသည့် အချက်များရှိပါသည်။ သို့သော် အဆိုးရွားဆုံးအချက်မှာ ကွန်ဒုံးများကို ပေါက်ပြဲစေခြင်း၊ ယိုစိမ့်စေခြင်းတို့ ဖြစ်ပါသည်။ ထို့ကြောင်းယင်းကို မိမိဘာသာ လိင်စိတ်ဖြေဖျောက်ခြင်းများပြုလုပ်သည့်အခါမျိုးတွင်သာ အသုံးပြုသင့်ပါသည်။

    ဆီလီကွန်ကို အခြေခံထုတ်လုပ်ထားသောချောဆီ

    ထိုအမျိုးအစားသည် ကြာရှည်ခံပြီး စုပ်ယူနိုင်ခြင်း မရှိသောကြောင့် ရေချိုးခွက်များ၊ ရေကန်များတွင် အသုံးပြုနိုင်ပါသည်။ သို့သော် ချက်ချင်း ပြောင်အောင်ဆေးချရန် ခက်ခဲပါသည်။

    ရေနံကို အခြေခံထုတ်လုပ်ထားသောချောဆီ

    သင်သည် ထိုအမျိုးအစားကို အခြားသော အမျိုးအစားများ မရှိသည့်အခါမျိုးမှလွဲပြီး အသုံးမပြုသင့်ပါ။ ရေနံကို အခြေခံပြီး ပြုလုပ်ထားသည့်အတွက် မိန်းမကိုယ်နှင့် ဓါတ်မတည့်ခြင်း၊ မှိုရောဂါများဖြစ်ကာ မိန်းမကိုယ်ရောင်ရမ်းခြင်း၊ မိန်းမကိုယ်ရှိ အက်ဆစ်ဓါတ်များ ပြောင်းလဲခြင်းတို့ကို ဖြစ်စေနိုင်ပါသည်။

    မိမိအနေဖြင့်ချောဆီများကို သုံးသင့်ပါသလား။

    အများထင်နေကြသလို မဟုတ်ဘဲ ချောဆီများသည် လိင်စိတ်ကျဆင်းခြင်းနှင့် မိန်းမကိုယ်အစိုဓါတ်လျော့နည်းခြင်းတို့ ဖြစ်နေသူများအတွက် အသက်ကြီးငယ် ကျားမ မရွေး စိတ်ချစွာ အသုံးပြုနိုင်ပါသည်။

    ၂၀၁၃ တွင် ပြုလုပ်ခဲ့သော သုတေသန ပြုချက်များအရ အသက် ၁၆ နှစ်မှ ၆၈ နှစ်အတွင်းအမျိုးသမီး ၂၄၀၀ တွင် ၂၃၅၃ ယောက်သည် ချောဆီသည် လိင်မှုကိစ္စတွင် သာယာမှုကို မြင့်တက်စေကြောင်းနှင့် အမျိုးသမီး ၇၅ % ကမူ တစ်ပတ်တစ်ခါ ဈေးဝယ်တိုင်းချောဆီကို ပါဝယ်ကြောင်း ၊ ယင်းည် လိင်ကိစ္စများတွင် အရေးပါကြောင်း ပြောထားပါသည်။ ထို့ပြင် အိမ်ထောင်ဖက်များကလည်း ချောဆီအသုံးပြုခြင်းကို ပိုပြီး နှစ်သက်သဘောကျကြောင်း အမျိုးသမီး အများစုက ပြောထားပါသည်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. K Zin Thwe မှ ရေးသားသည်။ · 12/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement