ဖွားဖက်တော် သေးနေလို့ သင့်အဖော် စိတ်မကျေနပ်လောက်ဘူးလို့ ထင်နေပါသလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇူလိုင် 13, 2020 . 2 mins read
Share now

အမျိုးသားထုတွေကြားမှာ မကြာခဏ အမေးများတဲ့ မေးခွန်းကတော့ သူတို့ ငယ်ပါ အရွယ်အစား သေးလားဆိုတာပါပဲ။ အရွယ်အစား ပုံမှန်ရှိတဲ့သူကလည်း ထပ်ပြီး ကြီးချင်ကြတယ်။ ပုံမှန်ထက် အနည်းငယ်ကြီးနေတဲ့ အမျိုးသားတွေကလည်း ထပ်ပြီး ကြီးဖို့ ကြိုးစားကြတယ်။ အပြာရုပ်ရှင်တွေနဲ့ မကြာခဏ နှိုင်းယှဉ်ပြီး ကိုယ့်အရွယ်အစားကို သေးတယ်လို့ မြင်လာကြတယ်။ သိမ်ငယ်စိတ်တွေ ဝင်လာတယ်။ မိန်းကလေးတွေကလည်း လိင်တံအရွယ်ကြီးမှ စိတ်ကျေနပ်မှု အပြည့်အဝရနိုင်မယ်ဆိုပြီး စိတ်ထဲမှာ ယုံကြည်လက်ခံလိုက်ကြတာပေါ့။

ပုံမှန်လိင်တံအရွယ်အစားဆိုတာ ဘယ်လိုမျိုးလဲ။

အရှည်ဟာ ပျော့နေတဲ့အချိန်မှာ ၂.၈လက်မ မှ ၃.၉လက်မ (၇-၁၀ စင်တီမီတာ) ရှိပြီး မာနေတဲ့အချိန်မှာ ၄.၇လက်မ မှ ၆.၃လက်မ (၁၂-၁၆ စင်တီမီတာ) ရှိပြီး၊

လုံးပတ်အနေနဲ့ ပျော့နေရင် ၃.၅လက်မ မှ ၃.၉လက်မ (၉-၁၀ စင်တီမီတာ) ရှိပြီး ထောင်မတ်နေချိန်မှာ ၄.၇လက်မ (၁၂ စင်တီမီတာ) လုံးပတ်အရွယ်အစား ဆိုရင် ပုံမှန်အရွယ်အစားလို့ သတ်မှတ်နိုင်ပါတယ်။

လိင်တံအရွယ်အစား ပျော့နေချိန်နဲ့ ထောင်မတ်နေချိန်ဟာ တိုက်ရိုက်အချိုးမကျဘူးလို့လည်း ဆိုထားပါတယ်။ ပြောရမယ်ဆိုရင် ပျော့နေချိန်မှာ တော်တော်လေး သေးတယ်လို့ ထင်မှတ်ရတဲ့ လိင်တံဟာ ထောင်မတ်လာချိန်မှာ ပုံမှန်ထက် ပိုပြီး ကြီးလာနိုင်တာမျိုးလည်း ရှိပါတယ်။

ဘယ်လိုအရွယ်ကို သေးငယ်တယ်လို့ ယူဆလို့ ရလဲ။

ပျော့ခွေနေတဲ့အချိန်မှာ အရှည်ဟာ ၁.၆လက်မ (၄ စင်တီမီတာ) ထက်နည်းနေပြီး ထောင်မတ်နေချိန်မှာ ၃လက်မ (၇.၅ စင်တီမီတာ) ထက် တိုနေရင် လိင်တံအရွယ်အစား သေးတယ်လို့ ယူဆလို့ ရပါတယ်။

လိင်တံအရွယ်အစားနဲ့ ပတ်သက်ပြီး အမျိုးသမီးတွေ ဘယ်လောက်ထိ အလေးအနက်ထားလဲ။

အမျိုးသားတွေ ထင်နေသလို အမျိုးသမီးတွေဟာ လိင်တံအရွယ်အစား ကြီးမှ ကြိုက်နှစ်သက်တယ်ဆိုတာ မဟုတ်ပါဘူး။ စစ်တမ်းကောက်ယူချက်အရ ၈၅ ရာခိုင်နှုန်းသော မိန်းကလေးတွေဟာ ကိုယ့်ချစ်သူ၊ ခင်ပွန်းရဲ့ လိင်တံအရွယ်အစား မည်မျှပင်ရှိနေကာမူ စိတ်တိုင်းကျတယ်လို့ ဆိုထားပါတယ်။

အံ့သြစရာကောင်းတာက လိင်တံအရွယ်အစားနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်စိတ် အဖြစ်အများဆုံးသူတွေဟာ အမျိုးသားတွေကိုယ်တိုင် ဖြစ်နေတာပါပဲ။ ပုံမှန်အရွယ်အစား ရှိတဲ့ အမျိုးသားတွေဟာ သူတို့ရဲ့ ဖွားဖက်တော်ကို သေးငယ်တယ်လို့ ထင်မှတ်ထားကြပါတယ်။ တကယ်တော့ အပေါ်က မိမိရဲ့ လိင်တံကို ငုံ့ကြည့်တာနဲ့ ဘေးဘက်၊ အရှေ့ကနေ ကြည့်တဲ့ ရှုထောင့်အမြင်ဟာ ကွာခြားနိုင်ပါတယ်။

အမျိုးသမီးတွေဟာ အရွယ်အစားထက် လုံးပတ်ကိုတော့ ပိုသဘောကျတတ်ပြီး ကိုယ့်ချစ်သူရဲ့ ငယ်ပါ အရွယ်သေးငယ်မှုဆိုတာ သူတို့အတွက်တော့ သိပ်ပြီး မပြောပလောက်တဲ့ အသေးအဖွဲပြဿနာလို့ ဆိုထားပါတယ်။

အမျိုးသားတွေရဲ့ သိမ်ငယ်စိတ်ကို ဘယ်လိုအရာတွေက နှိုးဆွပေးနေလဲ။

အပြာရုပ်ရှင်တွေကို စွဲစွဲလမ်းလမ်းကြည့်ခြင်းဟာ အမျိုးသားတွေရဲ့ ကိုယ့်ရဲ့ ဖွားဖက်တော်အရွယ်အစားနဲ့ ပတ်သက်ပြီး သိမ်ငယ်စိတ်တွေ ဝင်လာစေနိုင်တဲ့အပြင် ရံဖန်ရံခါမှာ လိင်မှုကိစ္စ၊ အိမ်ထောင်ရေးမှာပါ ထိခိုက်လာနိုင်ပါတယ်။ ပတ်ဝန်းကျင်၊ လူတွေအမြင်မှာကလည်း လိင်တံကြီးမှ ယောက်ျားပီသတယ်ဆိုတဲ့ ခေတ်အလွဲတွေ ရှိနေတော့ ပုံမှန်အရွယ်အစား ရှိရင်တောင် သေးသလိုလို၊ ယောက်ျားမပီသတော့သလိုလို၊ ကိုယ်ကပဲ လူစဉ်မမီတော့သလို သိမ်ငယ်စိတ်တွေ၊ စိတ်မလုံခြုံမှုတွေ ဖြစ်လာမယ်။

ဈေးကွက်ထဲမှာကလည်း မကြာခဏဆိုသလို လိင်တံကြီးဆေး၊ ထွားဆေးဆိုပြီး ရောင်းတဲ့အခါ ပစ္စည်းရောက်ထွက်ဖို့ကို ဦးတည်ပြီး လိင်တံကြီးမှ အလုပ်ဖြစ်မယ်ဆိုတဲ့ သတင်းတွေ ပေးပို့နေတာဆိုတော့ ပုရိသတွေအနေနဲ့ ကိုယ့်ရဲ့ မွေးရာပါ ဖွားဖက်တော်နဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေ ဖြစ်လာမှာပေါ့။

ပုရိသတွေအနေနဲ့ သိထားသင့်တဲ့အရာတွေ

တကယ်တော့ လိင်တံအရွယ်အစားဆိုတာ မွေးလာကတည်းက ဘုရားပေးတဲ့ ဆုပါပဲ။ ဈေးကွက်ထဲက ကြီးဆေး၊ ထွားဆေးတွေ၊ လိင်တံ ထောင်မတ်စေတဲ့ စက်ကိရိယာတွေ အမှန်တကယ်အလုပ်ဖြစ်တယ်ဆိုတာ ဘယ်ဆေးပညာဌာနမှလည်း အာမခံချက်မျိုး မရှိပါဘူး။

နောက်ထပ်တစ်ချက်ကတော့ ဘဝဟာ ရုပ်ရှင်ထဲကလို ပုံပြင်ဇာတ်လမ်း မဆန်ဘူးဆိုတာပါပဲ။ အပြာရုပ်ရှင်တွေထဲမှာ မင်းသမီးတွေက လိင်တံကြီးတာကိုမှ သာယာတယ်၊ စိတ်တိုင်းကျတယ်ဆိုပြီး လိင်စိတ်ကို ထကြွစေဖို့ သက်သက် အမြင်ကို ဖြစ်စေပေမယ့် တကယ့်လက်တွေ့ဘဝ ကိုယ့်ရဲ့ ချစ်သူ၊ အိမ်ထောင်ဖက်ကတော့ ဒီလို ထင်ချင်မှ ထင်မှာပါ။ လိင်မှုကိစ္စမှာ ၂ဦး ၂ဖက် အပြည့်အဝ စိတ်တိုင်းကျဖို့၊ လိင်စိတ်ဆန္ဒ ပြီးမြောက်မှု ဖြစ်စေဖို့ ဒီ အရွယ်အစားဆိုတာကြီးက ထင်ထားသလောက် အရေးမပါပါဘူးဆိုတာကို ပုရိသတိုင်း သိထားသင့်တယ်နော်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဂျင်းထည့်နေတဲ့ လိင်တံကြီး နည်းလမ်းများ

အမျိုးသားတွေဟာ အနည်းနဲ့ အများတော့ လိင်တံကြီးဖို့၊ ရှည်ဖို့ကို စိတ်ဝင်စားကြပါတယ်။ အခုအပြင်မှာ ရေပန်းစားနေတဲ့  နည်းလမ်းတွေက အန္တရာယ်ရှိတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ချစ်ရမှာ စာမလိပ်တဲ့အခါ

လိင်ကိစ္စ လိင်တံအရွယ်အစာ မျှော့ အိပ်ရာပေါ် လိင်ဆက်ဆံဖော် ဘဝလက်တွဲဖော် သားဥကြွေ စအို စအို လက်မထပ်ခင်အတူနေ လိင်တံမထောင်မတ် လိင်တံသေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ကိုကိုတို့ရဲ့ ချွေးနံ့နဲ့ မမတွေရဲ့ အချစ်စိတ်ဟာ ဆက်စပ်နေသလား

ချွေးနံ့၊ နှာခေါင်း၊ ကိုယ်ခန္ဓာ၊ အပူချိန်၊ အဆိပ်အတောက်၊ အိပ်ပျော်၊ စိတ်ကြည်လင်၊ ဆန့်ကျင်ဘက်လိင်၊ Androstadienone၊ အချစ်၊ လိင်စိတ်ဆန္ဒ၊ စိတ်ဖိစီး၊ ဟိုမုန်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

ဘယ်အသက်အရွယ်အထိ လိင်ဆက်ဆံမှာလဲ

အသက်အရွယ်၊ လိင်ဆက်ဆံ၊ သဘာဝ၊ ခွန်အားပြည့်ဝမှု၊ လိင်စိတ်ကုန်၊ စိတ်ဆန္ဒ၊ စိတ်ဖိစီးမှု၊ အရက်သေစာ၊ မူးယစ်ဆေးဝါး၊ ဆေးလိပ်၊ ကွမ်းယာ၊ ပါးစပ်နဲ့လိင်ဆက်ဆံ၊ အာသာဖြေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

အပြောများတဲ့ Menstrual Cup နဲ့ ကျယ်လာမှာလား အပါအဝင် အမေးအများဆုံး မေးခွန်းများ

အပြောများတဲ့ Menstrual Cup နဲ့ ကျယ်လာမှာလား အပါအဝင် အမေးအများဆုံး မေးခွန်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 25, 2020 . 2 mins read
အမျိုးသမီးတွေရဲ့ လိင်စိတ်ဆန္ဒကို စေ့ဆော်ပေးနိုင်တဲ့ အစားအစာများ

အမျိုးသမီးတွေရဲ့ လိင်စိတ်ဆန္ဒကို စေ့ဆော်ပေးနိုင်တဲ့ အစားအစာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 11, 2020 . 2 mins read

ညအိပ်ညနေ လေဝင်လေထွက်ကောင်းအောင် ဘာဝတ်ကြမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 30, 2020 . 2 mins read
သုက်ရည်ကျဲလာခြင်းက အမျိုးသားတွေအတွက် စိုးရိမ်စရာရှိလား

သုက်ရည်ကျဲလာခြင်းက အမျိုးသားတွေအတွက် စိုးရိမ်စရာရှိလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 31, 2020 . 2 mins read