ဒီ အဆုတ်ရောင် ရောဂါက ဘာကြောင့် ဖြစ်တာလဲ။
- ဘက်တီးရီးယား
- ဗိုင်းရပ်စ်
- မှို
- ဓာတုပစ္စည်း
- အစာသီးတာ စသဖြင့်ပေါ့။
ဒီ Walking pneumonia ကို ဖြစ်စေတာတော့ Mycoplasma pneumoniae ဆိုတဲ့ ဘက်တီးရီးယားပါ။
ထွက်မှာ သေချာပြီလား။
ဒီ Walking pneumonia ကို ဖြစ်စေတာတော့ Mycoplasma pneumoniae ဆိုတဲ့ ဘက်တီးရီးယားပါ။
ဘယ်သူမဆို ဖြစ်နိုင်ပါတယ်။ ကလေးတွေ၊ အသက်၄၀အောက် အရွယ်တွေမှာ ပိုတွေ့ရတတ်ပါတယ်။ နောက်ပြီး အစုအဖွဲ့နဲ့ နေတဲ့သူတွေ ( ဥပမာ- ကျောင်း၊ စစ်တန်းလျား ) စတဲ့ နေရာမှာလည်း တွေ့ရတတ်ပါတယ်။ ဘယ်အချိန်မဆို ဖြစ်နိုင်ပေမယ့် ဆောင်းဦးပေါက်မှာ ပိုတွေ့ရတတ်ပါတယ်။
ကူးနိုင်ပါတယ်။ အထူးသဖြင့် နှာချေ၊ ချောင်းဆိုးတဲ့ အချိန်မှာပေါ့။ ဒါပေမယ့် ကူးတာနှေးပါတယ်။ သင့်ဆီမှာ ရောဂါရှိနေရင် သူများကို ၁၀ရက်အထိ ရောဂါကူးနိုင်ပါတယ်။ ပညာရှင်တွေ အဆိုအရတော့ ရောဂါရှိသူတွေနဲ့ အနီးကပ် ထိတွေ့မှုရှိမှသာ ကူးနိုင်ချေ ပိုများတာပါတဲ့။ ဒါပေမယ့် ၄နှစ် ဒါမှမဟုတ် ၈နှစ်ခြား တစ်ခါလောက်တော့ outbreak (ရောဂါကြွတတ်) ဖြစ်တတ်ပါတယ်။
တချို့ သူတွေမှာ နားပြည်ယိုတာ၊ သွေးအားနည်းတာ၊ အရေပြားမှာ အနီကွက်တွေ ထွက်တာ စတာတွေနဲ့ တွဲတွေ့နိုင်ပါတယ်။
လက္ခဏာတွေကို ကြည့်မယ်ဆိုရင် သာမန် တုပ်ကွေးနဲ့ ခပ်ဆင်ဆင်ပါ။ ဆေးရုံတက်ရလောက်အောင်၊ အလုပ်ပျက် အကိုင်ပျက်ရလောက်အောင် ပြင်းထန်တာမျိုး မဟုတ်တာကို တွေ့ရမှာပါ။
သင် အရင်သုံးနေကြ အအေးမိ၊ တုပ်ကွေး ပျောက်ဆေးတွေက ရောဂါလက္ခဏာတွေ အားလုံးကို သက်သာစေချင်မှ သက်သာမှာပါ။ လိုအပ်ရင် ပိုးသတ်ဆေး သောက်ရပါမယ်။ ဒါကြောင့် လိုအပ်ရင် ဆရာဝန် ပြပါ။ စပ်ဆေးတွေ မသောက်ပါနဲ့။
တစ်ခါဖြစ်ပြီးသွားရင် ခုခံအားတော့ ကျန်ခဲ့ပါတယ်။ ဒီခုခံအားက ဘယ်လောက်ခံမလဲ ဆိုတာ မသိပါဘူး။ ဒါပေမယ့် ထပ်ဖြစ်ရင်တောင် ရှေ့တစ်ခေါက်ကလောက် ဆိုးမှာ မဟုတ်ပါဘူး။
ဒီရောဂါပိုးအတွက် ကာကွယ်ဆေး မရှိပါဘူး။ ဒါကြောင့် လုံးဝမဖြစ်အောင် ကာကွယ်လို့တော့ ရမှာမဟုတ်ပါဘူး။ ဒါပေမယ့် ဖြစ်နိုင်ချေကို အောက်က နည်းလမ်းတွေကို သုံးပြီး လျှော့ချလို့ရပါတယ်။
Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။