ကိုယ်ဝန်ဆောင်မေမေ နဲ့ သကြား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဩဂုတ် 11, 2020 . 2 mins read
Share now

အချိုကြိုက် တတ်တာလား။ အချိုများတာ မစားနဲ့ ကျန်းမာရေးအတွက် မကောင်းဘူးနော် ဆိုတာက ငယ်ငယ်ကတည်းက ကြားခဲ့ဖူးမယ့် စကားတွေဖြစ်နိုင်ပါတယ်။ ဒီ စကားက ကိုယ်တိုင် မေမေဖြစ်တော့မယ့် ကိုယ်ဝန်ဆောင် လေဒီတွေအတွက်လည်း အကျုံးဝင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ မေမေတို့အနေနဲ့ အချိုများတဲ့ အစားအစာတွေကို အများကြီး စားတာမျိုး မလုပ်သင့်ပါဘူး။

ကိုယ်ဝန်ဆောင်ချိန်မှာ မေမေက အချိုတွေ စားမယ်ဆိုရင် မေမေရော ဗိုက်ထဲက ဘေဘီလေးကိုရော ကျန်းမာရေး ထိခိုက်တာ၊ ကြီးထွားဖွံ့ဖြိုးမှု အနှောင့်အယှက် ဖြစ်တာတွေ ခံစားရစေနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန် အချိုတွေ အစားများတဲ့အခါ

အချိုပါတဲ့ အစားအစာတွေမှာ အများဆုံးပါတာက အိမ်တွေမှာစားလေ့ရှိတဲ့ သကြား (sucrose) ပါ။ ဒီ သကြား အမျိုးအစားက စားလိုက်တဲ့အခါ စိတ်ကျေနပ်မှု ရစေသလို ခန္ဓာကိုယ်မှာ အင်အားပြည့်စေပါတယ်။

ဒါပေမယ့် သွေးတွင်းသကြားဓာတ်ကို လျင်လျင်မြန်မြန် မြင့်တက်စေနိုင်ပါတယ်။ ပြီးရင်တော့ သကြား စားထားတာကြောင့် အလွယ်တကူ ခြေကုန်လက်ပမ်းကျသွားနိုင်ပါတယ်။ သွေးတွင်း သကြားဓာတ် အတက်အကျ မြန်တာက ကိုယ်ဝန်ဆောင်ကာလမှာ ထိခိုက်နိုင်တာတွေရှိနိုင်ပါတယ်။ အကောင်းဆုံးကတော့ ကိုယ်ဝန်ဆောင် ကာလမှာ မေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့ သကြားပါဝင်မှုနည်းတာကို စားသုံးပြီး သွေးတွင်းသကြားဓာတ်ကို တည်ငြိမ်အောင် ထိန်းဖို့ပါ။

ဒါမှ ကိုယ်ဝန်ဆောင်နေချိန်မှာ ခြေကုန်လက်ပမ်းကျတာ၊ ကိုယ်အလေးချိန် တက်တာ၊ ကလေးအဝလွန်တာ၊ ကိုယ်ဝန်ဆောင် ဆီးချို၊ ကိုယ်ဝန်ဆောင် သွေးတိုး စတာတွေကို ကာကွယ်နိုင်မှာပါ။

ကိုယ်ဝန်ဆောင်ချိန် စားသုံးလို့ရမယ့် သကြားပမာဏ အတိုင်းအတာ

ကိုယ်ဝန်ဆောင်ချိန်မှာ သကြားမဟုတ်တဲ့ ပျားရည်၊ သစ်သီး စတဲ့ အချိုပါတာမျိုးတွေကို စားသုံးမိနိုင်ပါသေးတယ်။ ကိုယ်ဝန်ဆောင် မေမေ တစ်ယောက်အနေနဲ့ ကိုယ်တိာင်ရော ဘေဘီလေးပါ ကျန်းမာစေဖို့ဆိုရင် တစ်နေ့ကို သကြား ၃၀ ဂရမ်ထက် ပိုပြီး မစားသင့်ပါဘူး။

သကြားဆိုတဲ့နေရာမှာ သကြား သီးသန့်မဟုတ်ဘဲ အချိုရည်၊ သကြားပါတဲ့ အစားအစားတွေဖြစ်ကြတဲ့ ကိတ်မုန့်၊ ဘိန်းမုန့်၊ ထန်းလျက်နဲ့ ပြုလုပ်ထားတဲ့ မုန့်တွေကိုပါ ထည့်သွင်း တွက်ချက်ရမှာ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလမှာ သကြား (အချိုဓာတ်) ပါတဲ့ အစားအစာတွေကို ခံတွင်းတွေ့တိုင်း မစားပါနဲ့။ နည်းနည်းစီပဲ စားဖို့ ပြောပါရစေ။

ကိုယ်ဝန်ဆောင် ဆီးချို အန္တရာယ် သတိပြုရန်

ကိုယ်ဝန်ဆောင် ဆီးချိုဆိုတာက နဂို ဆီးချို ရောဂါ ရှိမှရယ် မဟုတ်ပါဘူး။ ကိုယ်ဝန်ဆောင်ကာလ အပတ် ၂၀ နောက်ပိုင်းမှ ဖြစ်လာတဲ့ ကျန်းမာရေး ပြဿနာတစ်ရပ်ပါ။ ခန္ဓာကိုယ်က အင်ဆူလင်ကို လုံလောက်အောင် မထုတ်နိုင်တဲ့အခါ သွေးတွင်းသကြားဓာတ် မြင့်တက်ရာကနေ ဖြစ်လာတဲ့ ကျန်းမာရေး ပြဿနာတစ်ခုပေါ့။

ကိုယ်ဝန်ဆောင် ဆီးချို ဖြစ်တဲ့အခါ ကလေးက အဝလွန်တာ၊ ကိုယ်ဝန်ဆောင်ချိန် နဲ့ မွေးဖွားချိန်တွေမှာ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ကြုံရနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ဆီးချို ဖြစ်နိုင်ခြေများတဲ့ အခြေအနေတွေက ဘာတွေများလဲ…………

ဒီလိုအခြေအနေ ရှိသူတွေက ကိုယ်ဝန်ဆောင် ဆီးချို ဖြစ်နိုင်ခြေ ပိုများပါတယ်။

  • ပထမ ကလေးက မွေးစမှာ ပေါင်ချိန် ၉.၉ ပေါင် နဲ့ အထက်ရှိနေတာ
  • အရင်က ကိုယ်ဝန်ဆောင် ဆီးချို ခံစားရဖူးတာ
  • မျိုးရိုးရှိတာ။

တကယ်လို့ ဒီအခြေအနေတွေရှိနေမယ်ဆိုရင်  ကိုယ်ဝန် ၂၈ ပတ်မှာ glucose tolerance test (GTT) စစ်ဆေးရမှာ ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ သကြားမပါဘဲ ကျန်းမာအောင် ဘယ်လို စားမလဲ။

ကိုယ်ဝန်ဆောင်ချိန်မှာ မေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့ လိုအပ်တဲ့ အာဟာရဓာတ်တွေလည်း ပြည့်ဝစေပြီး သကြားလည်း မပါစေဖို့ဆိုရင်
  • အချိုရည်အစား သဘာဝ အသီးဖျော်ရည် (သကြားမထည့်)တာ သောက်ပါ။
  • သံဓာတ် ကြွယ်ဝစွာပါဝင်တဲ့ အသီးခြောက်တွေစားပါ။ (သကြားမပါတာ ဖြစ်ဖို့ သတိပြုပါ)
  • အချိုမပါတဲ့ ဘီစကစ်စားပါ။ (Cracker လိုမျိုး )
  • cereal ကို အချို မထည့်ဘဲ သစ်သီးတွေ ထည့်စားပါ။
  • အိမ်လုပ် ပြောင်းဖူး ပေါက်ပေါက်
  • အချို မပါတဲ့ ဒိန်ချဉ် စားပါ။
  • ရေများများသောက်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဝက်ခြံနဲ့ဝက်ခြံအမာရွတ်တွေသက်သာစေဖို့ ပူဒီနံရဲ့ အသုံးဝင်ပုံက

ဝက်ခြံတွေ၊ ဝက်ခြံအမာရွတ်တွေကြောင့် စိတ်ညစ်နေတယ်။ သက်သာအောင်လုပ်ဖို့ကလည်း သဘာဝပစ္စည်းလေးတွေကိုပဲ စိတ်ချတယ်ဆိုသူလေးတွေရှိလား......

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

နှစ်သစ်မှာ ဝိတ်ချမယ့်သူတွေ မဖြစ်မနေသိထားရမယ့် Myth များ

နှစ်သစ်ကူးကာလမှာ စိတ်သစ်၊ လူသစ်၊ ရည်မှန်းချက်သစ်နဲ့ “ငါတော့ ဒီနှစ် သေချာပေါက် ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

မေမေတို့ချစ်မဝတဲ့ ဘေဘီလေး

ဘေဘီလေးတွေဟာ အသက် တစ်နှစ်တာမှာ ရုပ်ပိုင်း စိတ်ပိုင်းဆိုင်ရာပါ လျင်လျင်မြန်မြန် ဖွံ့ဖြိုးလာပါတယ်။  ဘေဘီလေးတွေက သူတို့ရဲ့ ပထမနှစ်မှာဘာတွေ ဖွံ့ဖြိုးသလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အားကစားလုပ်ဖို့ရာမှာ လိုအပ်တဲ့ စိတ်အားထက်သန်မှု motivation

အမြဲလိုလို လေ့ကျင့်ခန်းလုပ်ဖြစ်ဖို့ လိုအပ်မယ့် အချက်တွေက အများကြီးပါ။ ပန်းတိုင် ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ

အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 14, 2021 . 2 mins read
ဘေဘီလေးတွေမှာ သံဓာတ်လွန်ကဲနေပြီလား

ဘေဘီလေးတွေမှာ သံဓာတ်လွန်ကဲနေပြီလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 14, 2021 . 2 mins read
အရိုးကင်ဆာ (Bone Cancer)

အရိုးကင်ဆာ (Bone Cancer)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 11, 2021 . 3 mins read
သက်လတ်ပိုင်းမှာပေါက်တဲ့ ဝက်ခြံတွေ သက်သာစေဖို့ ဒါတွေစားပေးပါ။

သက်လတ်ပိုင်းမှာပေါက်တဲ့ ဝက်ခြံတွေ သက်သာစေဖို့ ဒါတွေစားပေးပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 9, 2021 . 1 min read