backup og meta

ကိုယ်ဝန်ဆောင်မေမေ အာလူးစားပေးမယ်ဆိုရင်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 20/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင်မေမေ အာလူးစားပေးမယ်ဆိုရင်

    ပြုတ်ပဲ စားစား၊ အားလူးကို ပြုတ်လို့ ထောင်း ဆီဆမ်းပြီး နယ်စားစား၊ ကင်စားစား၊ ဟော့ပေါ့၊ စွပ်ပြုတ်တို့ထဲ ထည့်စားစား၊ ကြော်စားစား စားလို့ ကောင်းတဲ့ အာလူးကို စားချင်ပေမယ့် ဗိုက်ထဲမှာ ဘေဘီလေး ရှိနေလို့ စားလို့ ရပါ့မလားဆိုပြီး စိတ်ပူနေတဲ့ လေဒီဗိုက်လေးတွေ ရှိလား …… ဒါဆိုရင်တော့ ကိုယ်ဝန်ဆောင်မေမေ အာလူးစားပေးမယ်ဆိုရင် ဘယ်လို အကျိုးကျေးဇူးလေးတွေ ရရှိစေမလဲဆိုတာကို သေချာ သိရှိရအောင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။ ဒီဆောင်းပါးလေးထဲမှာ ကိုယ်ဝန်ဆောင်မေမေ အာလူးစားပေးမယ်ဆိုရင် ဘယ်လို ကောင်းကျိုးတွေ ရှိလဲဆိုတာကို ပြောပြပေးသွားပါမယ်။

    အာလူး ဆိုတာ

    အာလူးဆိုတာက ကလေးရော လူကြီးတွေပါ နှစ်ခြိုက်ကြတဲ့ စားစရာ တစ်မျိုးပါ။ ကစီဓာတ် ပြည့်ဝစွာ ပါဝင်နေပြီ အခွံညိုညိုလေးနဲ့ အတွင်းသားက အဖြူရောင်လေး ရှိသလို အဝါရောင်သန်းသန်းလေးလည်း ရှိပါတယ်။ အသားမွမွလေးရော စီးပိုင်ပိုင်လေး အမျိုးမျိုး ဖြစ်နိုင်ပါတယ်။

    အာလူးက အာဟာရ ပြည့်ဝသလို ကျန်းမာရေးကိုလည်း ထောက်ကူပေးပါတယ်။

    အရွယ်တော် အာလူးတစ်လုံးမှာ

    ကိုယ်ဝန်ဆောင်မေမေ အာလူးစားပေးမယ်ဆိုရင်

    ကိုယ်ဝန်ဆောင်မေမေ အာလူးစားပေးမယ်ဆိုရင် ဘယ်လို ကောင်းကျိုးလေးတွေ ရရှိစေနိုင်မလဲဆိုတာကို အခုပဲ ကြည့်လိုက်ရအောင်နော်။

    • ကလေးမှာ အာရုံကြော ဖွံ့ဖြိုးစေတယ်

    အာလူးမှာ ဖောလစ်အက်ဆစ် ကြွယ်ဝစွာ ပါဝင်နေတာ​ကြောင့် ဘေဘီလေးရဲ့  အာရုံကြောစနစ်တွေ ကောင်းကောင်း ဖွံ့ဖြိုးစေဖို့ ထောက်ကူပေးမှာပါ။ ကလေးမှာ အာရုံကြောဆိုင်ရာ မွေးရာပါ ချို့ယွင်းချက် မပါစေချင်ဘူးဆိုရင် ကိုယ်ဝန်ဆောင်ချိန်မှာ အာလူးကို စားပေးလို့ ရပါတယ်။

    • ကိုယ်ဝန်မြဲစေတယ်

    အာလူးမှာ ဖောလစ်အက်ဆစ် ကြွယ်ဝစွာ ပါဝင်နေပြီ ကိုယ်ဝန်ဆောင် အစောပိုင်းကာလမှာ စားပေးမယ်ဆိုရင် ကိုယ်ဝန်မြဲစေပြီး ကိုယ်ဝန်ပျက်ကျနိုင်ခြေကို အတိုင်းအတာ တစ်ခုအထိ လျှော့ချပေးနိုင်မှာပါ။

    • အစာခြေစနစ် ကျန်းမာစေတယ်

    အာလူးက အစာခြေစနစ်ကို ကျန်းမာစေပြီး လေထိုးလေအောင့်တာ အစာအိမ် အက်ဆစ် အထွက်များတာတွေကို သက်သာစေနိုင်ပါတယ်။  ဒါကြောင့် လေထိုးလေအောင့် မဖြစ်ဘဲ ကိုယ်ဝန်ဆောင်ချိန်မှာ အစာခြေစနစ် ပြဿနာ ကင်းစေဖို့ အာလူးစားပေးလို့ ရပါတယ်။

  • ကျန်းမာစွာနဲ့ ကိုယ်အလေးချိန် တက်စေတယ်
  • ကိုယ်ဝန်ဆောင်မေမေ ရှိသင့်တဲ့ ကိုယ်အလေးချိန်တိုးစေဖို့ရော မေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့ပါ အာလူးလေးကို စားပေးလို့ ရပါတယ်။

    • သွေးတွင်းအဆီ ကျစေတယ်

    ကိုယ်ဝန်ဆောင်ချိန်မှာ သွေးတွင်းအဆီတက်တာမျိုး မဖြစ်စေဖို့  အာလူးကို စားပေးလို့ ရပါတယ်။ အာလူးမှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာက သွေးတွင်းအဆီကို ကျဆင်းစေပြီး သွေးကြောလေးတွေကို ကျန်းမာစေနိုင်ပါတယ်။

    • ကိုယ်ခံအား ကောင်းစေတယ်

    အာလူးက ဗီတာမင် C ကြွယ်ဝပြီး ကိုယ်ဝန်ဆောင်မေမေကို ကိုယ်ခံအားကောင်းလို့ အဖျားအနာ ကင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ဖျားနာမှု ကင်းစေချင်တယ် ဆိုရင်တော့ အာလူး စားပေးလို့ ရပါတယ်။

    • သံဓာတ် စုပ်ယူမှု ကောင်းစေတယ်

    အာလူးမှာ ဗီတာမင် C ပါဝင်နေတာက သံဓာတ် စုပ်ယူမှု ကောင်းစေပြီး ကိုယ်ဝန်ဆောင်ချိန်မှာ သွေးအားနည်းတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ သွေးအားနည်းတာကို ကာကွယ်ဖို့ဆိုရင် အာလူး စားပေးလို့ ရပါတယ်။

    • နှလုံး ကျန်းမာစေတယ်

    အာလူးက သွေးပေါင်ချိန်ကို ထိန်းညှိပေးသလို သွေးကြောတွေကို ပြေလျော့စေပြီး နှလုံး ကျန်းမာစေဖို့ ထိထိရောက်ရောက် ထောက်ကူပေးနိုင်ပါတယ်။

    • ကိုယ်ဝန်ဆောင် သွေးတိုးကာကွယ်ပေးတယ်

    အာလူးမှာ ပိုတက်ဆီယမ် ပါဝင်နေတာက သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး ကိုယ်ဝန်ဆောင်ချိန်မှာ သွေးတိုးတာမျိုးမဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။

    • ဘေဘီလေးကို ဖွံ့ဖြိုးစေတယ်

    အာလူးမှာ ဗီတာမင် A နဲ့ ဗီတာမင် C အပြင် သံဓာတ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်တို့ ပါဝင်နေတာက ဘေဘီလေးကို ကောင်းကောင်း ကြီးထွားဖွံ့ဖြိုးစေဖို့ ထောက်ကူပေးပါတယ်။ ဒါကြောင့် ဗိုက်ထဲက ဘေဘီလေး ကျန်းမာဖွံ့ထွားစေချင်တယ်ဆိုရင်တော့ အာလူးစားပေးလို့ ရပါတယ်။

    ဘာတွေ ဆင်ခြင်ရမလဲ၊၊

    လတ်ဆတ်တဲ့ အာလူးကို ရွေးချယ် စားသုံးဖို့တော့ လိုပါမယ်။ အခွံက ခြောက်နေမယ်။ မှိုတွေ ဖြစ်နေမယ်၊ အတက်လေးတွေ ထွက်နေမယ်ဆိုရင်  မစားပါနဲ့။

    အလွန်အကျွံ စားသုံးတာကိုလည်း ရှောင်ပါ၊၊ အာလူးကို အလွန်အကျွံစားတာက သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်ပါတယ်။ နောက်ပြီး အာလူး အလွန်အကျွံစားတာက မေမေမှာ အစာမကြေတာ၊ ရင်ပြည့်တာကိုလည်း ဖြစ်စေနိုင်တာကြောင့်ပါ၊၊

    အာလူးစားမယ်ဆိုရင်လည်း ပြုတ်စား၊ ဖုတ်စား၊ ပေါင်းစားတာ အကောင်းဆုံးပါ။ ဆီများများနဲ့ ကြော်စားတာ၊ အချဉ်များများနဲ့ တို့စားတာတွေက ကျန်းမာရေးနဲ့ မညီညွတ်တာကြောင့် ဒါကိုတော့ ရှောင်သင့်ပါတယ်။

    # အမှာစကား

    ကိုယ်ဝန်ဆောင်ချိန်မှာ ကျန်းမာစေဖို့ အာလူးစားပါဆိုတဲ့ နေရာမှာ လတ်ဆတ်တဲ့ အာလူးကို ဆီနည်းနည်းနဲ့ ချက်ပြုတ်စားတာ၊ ပြုတ်စား၊ ပေါင်းစား၊ ဖုတ်စားတာမျိုးကိုသာ ဆိုလိုတာ ဖြစ်ပြီး အာလူးချောင်းကြော်၊ အသင့်စား အာလူးကြော်တွေလိုမျိုး အဆီများတာတွေကို မစားပါနဲ့။ ဒီလို စားသုံးတာက အဝလွန်တာ၊ သွေးတိုးတာကို ဖြစ်စေနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 20/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement