backup og meta

ဆေးပေါင်းခပေမယ့် ကိုယ်ဝန်ဆောင်မေမေတွေ အလွန်အကျွံ မစားသင့်တဲ့ မယ်ဇလီဖူး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 02/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆေးပေါင်းခပေမယ့် ကိုယ်ဝန်ဆောင်မေမေတွေ အလွန်အကျွံ မစားသင့်တဲ့ မယ်ဇလီဖူး

    တန်ဆောင်မုန်းလပြည့်နေ့နဲ့ တွဲပြီးမြင်လေ့ရှိတဲ့ အစားအစာလေး တစ်ခု ရှိပါတယ်။ ဒါကတော့ မယ်ဇလီဖူးပါ။ မယ်ဇလီဖူးက ဆေးပေါင်းခတယ်။ ဆေးဖက်ဝင်တယ်ဆိုတော့ ကိုယ်ဝန်ဆောင်မေမေတွေရော ဆေးဖက်ဝင် အောင် ဆေးပေါင်းခမယ့် တန်ဆောင်မုန်းလပြည့်ညမှာ မယ်ဇလီဖူးသုပ်လေး စားလို့ ရမလားဆိုတာကို တွေးနေပြီလား! ဒါဆိုရင်တော့ မယ်ဇလီဖူးကို မစားခင် ဒီဆောင်းပါးလေးကို အရင်ဖတ်ပါဦးနော်။

    မယ်ဇလီဖူး ဆိုတာက

    မယ်ဇလီဖူး ဆိုတာက မယ်ဇလီပင်ရဲ့ အဖူးပါ။ အဖူးဆိုတဲ့အတိုင်း အလုံးလေးတွေပါ။ အစိမ်းရောင်ရှိပြီး ပြုတ်လိုက်ပြီးရင်တော့ ခပ်ဝါဝါလေး ဖြစ်သွားပါတယ်။ ပြုတ်ပြီး တို့စားလို့ ရသလို သုပ်စားလို့လည်း ရပါတယ်။ ဝမ်းနှုတ်ဆေးတွေထဲမှာ ထည့်သုံးလေ့ ရှိပါတယ်။ 

    မယ်ဇလီဖူးမှာ ဘာတွေပါလဲ!

    ဆေးပေါင်းခဖို့ စားကြတဲ့ မယ်ဇလီဖူးလေးမှာ

    • ကလိုရိုဖီး
    • ကယ်လ်ဆီယမ်
    • သံဓာတ်
    • နီကာဆင်
    • ဘိုင်အိုတင်
    • ဖောလစ်အက်ဆစ်
    • မဂ္ဂနီဆီယမ်
    • ဖော့စဖရိတ်
    • ပိုတက်ဆီယမ်
    • ​ဗီတာမင် C
    • ​ဗီတာမင် D
    • ​ဗီတာမင် E
    • ​ဗီတာမင် K တို့ပါဝင်နေပါတယ်။

    တန်ဆောင်မုန်းမှာ ဆေးပေါင်းခဖို့ သုပ်စားကြတဲ့ မယ်ဇလီဖူး ဘယ်လို ဆေးဖက်ဝင်သလဲ!

    တန်ဆောင်မုန်းမှာ ဆေးပေါင်းခဖို့ သုပ်စားကြတဲ့ မယ်ဇလီဖူး က

    ဒီလောက်အကျိုးကျေးဇူးများတော့ ကိုယ်ဝန်ဆောင်ချိန်မှာ မေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့အတွက် မယ်ဇလီဖူးလေး စားလို့ မရဘူးလားလို့ မေးစရာ ရှိနိုင်ပါတယ်။ အဖြေလေးကိုတော့ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

    ဆေးပေါင်းခပေမယ့် ကိုယ်ဝန်ဆောင်မေမေတွေ အလွန်အကျွံ မစားသင့်တဲ့ မယ်ဇလီဖူး

    မယ်ဇလီဖူးက ဝမ်းမှန်စေနိုင်တယ်။ ဝမ်းချုပ်တာကို သက်သာစေနိုင်တယ် ဆိုတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်တာကိုလည်း သက်သာစေနိုင်လောက်တယ်လို့ မေးစရာ ရှိနိုင်ပါတယ်။

    ဝမ်းချုပ်တာကို သက်သာစေဖို့ မယ်ဇလီဖူးကို အနည်းငယ် စားလို့ ရတယ်ဆိုပေမယ့် အများကြီး စားတာမျိုး မလုပ်သင့်သလို မစားခင်မှာလည်း ဆရာဝန်နဲ့ သေချာလေး တိုင်ပင်ဖို့ လိုပါမယ်။ ဘာကြောင့်လဲဆိုတော့ မယ်ဇလီဖူးမှာ ပါတဲ့ဓာတ်ကို ဝမ်းသွားစေတဲ့ ဆေးအနေနဲ့ အသုံးပြုကြလို့ ဖြစ်ပါတယ်။ 

    လေ့လာမှုတွေအရတော့ ကိုယ်ဝန်ဆောင်ချိန်မှာ မယ်ဇလီဖူးကို သင့်တင့်တဲ့ပမာဏ စားတာက မိခင်ရော ကလေးကိုပါ မထိခိုက်စေနိုင်ဘူးလို့ သိရပါတယ်။  နောက်ပြီး မယ်ဇလီဖူးက အသင့်အတင့်ပဲ စားမယ် ဆိုရင်တော့ ကိုယ်ဝန်ဆောင်မေမေကို ထိခိုက်တာမျိုး မရှိသလို ဗိုက်ထဲက ဘေဘီလေးရဲ့ ကြီးထွားမှုကိုလည်း ထိခိုက်စေတာမျိုး မရှိပါဘူး။ 

    ကိုယ်ဝန်ဆောင်ချိန်မှာ မယ်ဇလီဖူးကို စားပေးတာက သွေးတွင်းသကြားဓာတ်ကို ထိန်းပေးပြီး သွေးသန့်စေဖို့ ထောက်ကူပေးနိုင်ပေမယ့် အလွန်အကျွံ စားမယ်ဆိုရင်တော့ သားအိမ်ကြွက်သား ကျုံ့ဆန့်တာမျိုး ကို ဖြစ်စေနိုင်သလို လမစေ့ဘဲ မွေးဖွားတာမျိုးလည်း ဖြစ်စေနိုင်ခြေ ရှိတယ်လို့ ဆိုတာကြောင့် သတိထားဖို့  လိုပါမယ်။ 

    ကိုယ်ဝန်ဆောင်ချိန်အပြင် ဘေဘီလေးကို မိခင်နို့ချို တိုက်ကျွေးနေရမယ် ဆိုရင်လည်း မယ်ဇလီဖူးကို အလွန်အကျွံ မစားသင့်ပါဘူး။ နောက်ပြီး အပေါ်မှာ ပြောခဲ့သလိုပဲ မစားခင်မှာ ဆရာဝန်နဲ့ သေချာလေး တိုင်ပင်ဖို့ လိုပါမယ်။ 

    နောက်ပြီး ကိုယ်ဝန်ဆောင်ချိန်မှာမှ မဟုတ်ဘဲ သာမန်အချိန်မှာတောင် မယ်ဇလီဖူးကို အလွန်အကျွံ စားမယ်ဆိုရင် – 

    ဒီလောက်ဆိုရင် ဆေးပေါင်းခပေမယ့် ကိုယ်ဝန်ဆောင်မေမေတွေ အလွန်အကျွံ မစားသင့်တဲ့ မယ်ဇလီဖူး အကြောင်း ပြည့်ပြည့်စုံစုံ သိလောက်ပါပြီ။ 

    # ဘေဘီလေး မျက်နှာကို ဘယ်နေ့မှာ မြင်တွေ့ရမလဲဆိုတာကို မေမေကိုယ်တိုင် တွက်ချက်လိုက်ပါ!

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    ဆက်စပ် အကြောင်းအရာများ


    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 02/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement