backup og meta

ကိုယ်ဝန်ဆောင်ချိန် ကယ်လ်ဆီယမ်ပြည့်ဝတာက ဘယ်လို ကောင်းကျိုးများသလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 06/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင်ချိန် ကယ်လ်ဆီယမ်ပြည့်ဝတာက ဘယ်လို ကောင်းကျိုးများသလဲ

    ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ကျန်းမာမှ ဗိုက်ထဲက ဘေဘီလေးလည်း ကျန်းမာမယ်ဆိုတာကို ပြောနေစရာတောင် မလိုအောင် အားလုံး သိထားပြီးဖြစ်မှာပါ။ ဒီတော့ မေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့အတွက် ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရ ပြည့်ဝဖို့က အတော်လေး အရေးပါပါတယ်။ ဒီလို အာဟာရပြည့်ဝစေဖို့လို့ ပြောလိုက်ရင် မေမေတော်တော်များများ ပြေးမြင်တာက ကိုယ်ဝန်ဆောင် ဗီတာမင်လို့ လူသိများတဲ့ ဖောလစ်အက်ဆစ်ကိုပါ။

    တကယ်ကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ဖောလစ်အက်ဆစ်ကို မှီဝဲဖို့ လိုသလို အခြားအာဟာရတွေကို ပြည့်ဝအောင် ဂရုစိုက်ဖို့လည်း လိုပါမယ်။ အခုတစ်ခေါက်တော့ ကိုယ်ဝန်ဆောင်ချိန်မှာ မေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်မယ့် အာဟာရဓာတ်လေး တစ်ခုဖြစ်တဲ့ ကယ်လ်ဆီယမ်ပြည့်ဝတာက ဘယ်လို ကောင်းကျိုးလေးတွေ ရနိုင်လဲဆိုတာကို ပြောပြပေးချင်ပါတယ်။ 

    ကိုယ်ဝန်ဆောင်ချိန် ကယ်လ်ဆီယမ်ပြည့်ဝတာက ဘယ်လို ကောင်းကျိုးများသလဲ

    ကယ်လ်ဆီယမ်ကို တော်တော်များများ တွဲသိထားမိနိုင်တာက အရိုးနဲ့ သွားတွေကို သန်မာစေဖို့ ထောက်ကူပေးပြီး ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းစွာ လုပ်ဆောင်နိုင်စေဖို့ ထောက်ကူပေးတဲ့ သတ္တုဓာတ်လို့ပေါ့။ 

    ဒီလို အရေးပါတဲ့ ကယ်လ်ဆီယမ်က သာမန်အချိန်မှာ ပြည့်ဝဖို့ လိုသလို ကိုယ်ဝန်ဆောင်ချိန်မှာလည်း ပြည့်ဝဖို့ လိုပါမယ်။ ဘာကြောင့် ဒီလိုပြောရတာလဲ! ကိုယ်ဝန်ဆောင်ချိန် ကယ်လ်ဆီယမ်ပြည့်ဝတာက ဘယ်လို ကောင်းကျိုးများသလဲ ဆိုတာကိုတော့ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ 

    တကယ်ကတော့ ကယ်လ်ဆီယမ်က အရိုးနဲ့ သွားတွေ သန်မာစေဖို့ဆိုတာထက် ပိုပါတယ်။ ကယ်လ်ဆီယမ်ကို အရိုးနဲ့သွားတွေ သန်မာစေဖို့လိုအပ်သလို ခန္ဓာကိုယ်က ဆဲလ်လေးတွေ ကျန်းမာစေဖို့လည်း လိုအပ်ပါတယ်။ ခန္ဓာကိုယ်က ဆဲလ်တွေ၊ တစ်ရှူးတွေမှာ ကယ်လ်ဆီယမ်ပါဝင်နေပြီး ကြွက်သားတွေ သန်မာစေဖို့၊ အာရုံကြောတွေ ကျန်းမာစေဖို့နဲ့ သွေးတိတ်စေဖို့စသော လုပ်ငန်းဆောင်တာတွေကိုလည်း ကယ်လ်ဆီယမ်က လုပ်ဆောင်ပေးပါတယ်။

    လေ့လာမှုတွေအရ ကိုယ်ဝန်ဆောင်ချိန်မှာ ကယ်လ်ဆီယမ် ပြည့်ဝတာက

    ကယ်လ်ဆီယမ်ပြည့်ဝစေဖို့ ဘာတွေ စားသောက်ရမလဲ!

    ကိုယ်ဝန်ဆောင်ချိန်မှာ  ကယ်လ်ဆီယမ် ပြည့်ဝတာက ဘယ်လို ကောင်းကျိုးလေးတွေ ရနိုင်လဲဆိုတာကို သိပြီးပြီ ဆိုတော့  ကိုယ်ဝန်ဆောင်ချိန်မှာ ကယ်လ်ဆီယမ် ပြည့်ဝစေဖို့ ဘာတွေ စားရမလဲဆိုတာကို ဆက်ပြောပြပေးသွားပါမယ်။

    ကိုယ်ဝန်ဆောင်ချိန်မှာ ကယ်လ်ဆီယမ် ပြည့်ဝစေဖို့ နေ့စဉ် စားသုံးတဲ့ အစားအစာတွေထဲမှာ ကယ်လ်ဆီယမ် ပါဝင်နေတဲ့ အစားအစာတွေ ဖြစ်ကြတဲ့

  • နို့ (အဆီထုတ်နို့) 
  • ဒိန်ချဉ်
  • ဒိန်ခဲ
  • ပဲနို့
  • အခွံမာသီးတွေ
  • ငါး
  • အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ
  • ပဲအမျိုးမျိုး စတာတွေကို ပါဝင်အောင် စားသုံးပေးလို့ ရပါတယ်။ 
  • တကယ်လို့ ဒီအစားအစာတွေကို မစားဖြစ်တာ၊ လုံလောက်အောင်  မစားနိုင်တာမျိုး ဆိုရင်တော့ ကယ်လ်ဆီယမ်ပါဝင်နေတဲ့ ကိုယ်ဝန်ဆောင်အားဆေး တစ်မျိုးမျိုးကို သောက်သုံးပေးတာကလည်း ကိုယ်ဝန်ဆောင်ချိန်မှာ လိုအပ်တဲ့ ကယ်လ်ဆီယမ်ပမာဏကို ပြည့်ပြည့်ဝဝ ရရှိစေပြီး မေမေရော ဘေဘီလေးကိုပါ ကျန်းမာစေမှာပါ။ 

    # အမှာစကား

    ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ရော ကလေးပါ ကျန်းမာစေဖို့ အရေးအကြီးဆုံးက အာဟာရ ပြည့်ဝဖို့ပါ။ ဒီလို အာဟာရပြည့်ဝစေဖို့ ဆိုရာမှာ ကျန်းမာတဲ့ အစားအစာတွေကို စားသုံးမိဖို့ လိုပါမယ်။
    ကိုယ်ဝန်ဆောင်ချိန်မှာ အသီးအရွက်၊ အသား၊ ငါး၊ ပဲအမျိုးမျိုး၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို စားသုံးပေးရမယ်ဆိုပေမယ့် သေချာ ပိုးသတ် သန့်စင်ပြီး ကျက်အောင် ချက်ပြုတ်ထားတာတွေကို စားပေးဖို့ လိုပါမယ်။  ဆီသွတ်ထားတဲ့ အစားအစာတွေ၊ တာရှည်ခံအောင် လုပ်ထားတဲ့ အစားအစာတွေ၊ ပြုပြင်ထားတဲ့ အစားအစာတွေ၊ အသင့်စား၊ အမြန်စားတွေကို မစားပါနဲ့။ ကဖင်းနဲ့ အရက် စတာတွေကို ရှောင်ဖို့လိုပါမယ်။ 

    # ဘေဘီလေး မျက်နှာကို ဘယ်နေ့မှာ မြင်ခွင့်ရမလဲဆိုတာကို မေမေကိုယ်တိုင် တွက်ချက်လိုက်ပါ! 

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 06/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement