backup og meta

ကိုယ်ဝန်ဆောင်ချိန်မှာ အဝမလွန်စေဖို့ ဘာတွေ သတိထားရမလဲ!

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 24/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင်ချိန်မှာ အဝမလွန်စေဖို့ ဘာတွေ သတိထားရမလဲ!

    ကိုယ်ဝန်ဆောင် အမျိုးသမီး တော်တော်များများဟာ ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်အလေးချိန် တက်လာတတ်ကြ ပါတယ်။ ဒီလို ကိုယ်အလေးချိန် တက်လာတာက ပုံမှန်ပဲ ဆိုပေမယ့် အချို့သူတွေမှာတော့ ကိုယ်အလေးချိန် တက်လာတာက ပုံမှန်ထက် ပိုနေပါတယ်။ ဒီအခြေအနေက အဝလွန်တာကို ရောက်လာပြီး မလိုလားအပ်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် မလိုအပ်ဘဲ ကျန်းမာရေး ထိခိုက်တာမျိုး မဖြစ်စေဖို့အတွက် ကိုယ်ဝန်ဆောင်ချိန်မှာ အဝမလွန်စေဖို့ ဘာတွေ သတိထားရမလဲ! ဆိုတာကို  ပြောပြပေးချင်ပါတယ်။ 

    ကိုယ်ဝန်ဆောင်ချိန်မှာ အဝလွန်ရင် ဘာတွေ ဖြစ်နိုင်မလဲ!

    ကိုယ်ဝန်ဆောင်ချိန်မှာ အဝလွန်မယ်ဆိုရင်

    • ကိုယ်ဝန်ဆောင် သွေးတိုး
    • ကိုယ်ဝန်ဆောင် ဆီးချို
    • ကိုယ်ဝန်ဆိပ် တက်တာ
    • လမစေ့ဘဲ မွေးတာ
    • ကလေးက ထွားလွန်းပြီး မွေးရခက်တာ
    • အိပ်ဟောက် အသက်ရှူရပ်တာ
    • ခွဲမွေးရတာ
    • နောက်တစ်ကြိမ် ကိုယ်ဝန်ဆောင်ချိန်မှာ အဝလွန်တာ
    • မွေးဖွားတဲ့ ကလေးမှာ အဝလွန်တာတွေ ခံစားရနိုင်ပါတယ်။

    ကိုယ်ဝန်ဆောင်ချိန်မှာ အဝမလွန်စေဖို့ ဘာတွေ သတိထားရမလဲ!

    ကိုယ်ဝန်ဆောင်ချိန်မှာ အဝမလွန်စေဖို့ ဘာတွေ သတိထားရမလဲ! ဆိုတော့

    • နှစ်ယောက်စာ မစားပါနဲ့ 

    ကိုယ်ဝန်ဆောင်ချိန်မှာ တော်တော်များများ လက်ခံထားတာက ၂ ယောက်စာ စားရမယ်လို့ပေါ့။ တကယ်ကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ပုံမှန်ထက် ပိုပြီး စားပေးတာမျို မလိုပါဘူး။ အာဟာရ ပြည့်ဝအောင် စားပေးရင်ကို အဆင်ပြေပါတယ်။

    နောက်ပြီး အဆီများတာ၊ အချိုကဲတာတွေကို ရှောင်ပါ။ ပြုပြင်ထားတဲ့ အစားအစာတွေနဲ့ ဆီကြော်စာတွေကို  ရှောင်ပေးပါ။  ကယ်လ်လိုရီကိုလည်း ချိန်ဆပြီး စားပေးပါ။

    • ပမာဏကို တွက်ဆ စားသုံးပေးပါ

    ကိုယ်ဝန်ဆောင်ချိန်မှာ အစားစားချင်စိတ်က ပုံမှန်ထက် ပိုများနေနိုင်ပါတယ်။ ဒီလို အစားစားချင်စိတ် များပေမယ့် စားချင်တိုင်း မစားဖို့ လိုပါမယ်။ အစားကို အကြိုက် စားမိတာကက အဆီတက်ပြီး ကိုယ်အလေးချိန် တက်လာစေနိုင်ပါတယ်။

    ဒါကြောင့် အစားကို တစ်ထိုင်တည်း တဝကြီး တရစပ် စားတာမျိုး မလုပ်ပါနဲ့။

    • နည်းနည်းစီနဲ့ ခဏခဏ စားပေးပါ

    အစားကို တစ်နေ့ကို ၃ ကြိမ်လောက် ခွဲပြီး နည်းနည်းချင်းစီ စားပေးတာက ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရ ပြည့်ဝစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ၂ နာရီခြား ၃ နာရီခြား တစ်ခါ အစားကို နည်းနည်းချင်းစီ စားပေးပါ။  နို့ နဲ့ သစ်သီးဖျော်ရည် စတာတွေကို သောက်ပေးလို့ ရပါတယ်။ 

    • အမျှင်ဓာတ် ကြွယ်ဝအောင် စားပါ

    အမျှင်ဓာတ် ကြွယ်ဝမှုက ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းမချုပ်စေဖို့ ကာကွယ်ပေးသလို အဆာခံနိုင်စေပြီး ကိုယ်အလေးချိန်ကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။ အမျှင်ဓာတ် ပြည့်ပြည့်ဝဝ ရရှိစေဖို့အတွက် ဟင်းသီးဟင်းရွက်တွေကို စားပေးလို့ ရသလို ဆန်လုံးညို၊ ပဲအမျိုးမျိုး၊ နှံစားသီးနှံတွေ၊ အခွံမာသီးတွေ၊ အစေ့အဆန်တွေ စားပေးပါ။ 

  • ပရိုတင်း ပြည့်ဝအောင် စားပေးပါ
  • ပရိုတင်းက ကိုယ်ခံအား ကောင်းစေနိုင်သလို အဆာခံနိုင်စေပြီး အရိုးနဲ့ ကြွက်သားတွေကို သန်မာစေပါတယ်။ ဒါကြောင့် ဖျားနာမှု ကင်းပြီး ကိုယ်ဝန်ဆောင်ချိန်မှာ အဝလွန်တာမျိုး မဖြစ်စေဖို့ရော ကိုယ်ဝန်ဆောင် မေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့ အတွက် ပရိုတင်း ကြွယ်ဝတာကို စားပေးပါ။

    ပရိုတင်း ကြွယ်ဝတဲ့ ဥအမျိုးမျိုး၊ ကြက်သား၊ အဆီမပါတဲ့ အနီရောင် အသား၊ ပဲအမျိုးမျိုး၊ ဒိန်ချဉ်၊ ဒိန်ခဲ၊ အခွံမာသီး၊ အစေ့အဆန်တွေကို စားပေးလို့ ရပါတယ်။ 

    • ကယ်လ်ဆီယမ် လုံလောက်အောင် စားပေးပါ

    ကိုယ်ဝန်ဆောင်ချိန်မှာ ကယ်လ်ဆီယမ် ကြွယ်ဝတဲ့ အစားအစာတွေကို စားပေးဖို့လည်း လိုပါမယ်။ ဒါကြောင့် ဒိန်ချဉ်နဲ့ နို့ထွက်ပစ္စည်းတွေကို ပုံမှန်လေး စားပေးလို့ ရပါတယ်။ နို့ထွက်ပစ္စည်းတွေအပြင် ကယ်လ်ဆီယမ် ကြွယ်ဝတဲ့ အယ်လ်မွန်စေ့၊ ပန်းဂေါ်ဖီစိမ်း၊ ဆယ်လ်မွန်ငါး စတာတွေကို စားပေးလို့ ရပါတယ်။

    • ရေများများ သောက်ပါ

    ကိုယ်ဝန်ဆောင်ချိန်မှာ ကျန်းမာစေဖို့ဆိုရင် ရေကိုလည်း လုံလောက်အောင် သောက်ဖို့ လိုပါမယ်။ ကိုယ်ဝန်ဆောင် မေမေ အနေနဲ့ တစ်နေ့ကို ရေ ၁၂ ခွက် ကနေ ၁၄ ခွက် သောက်ပေးပါ။ ရေကို တတ်နိုင်သမျှ များများလေး သောက်ပေးပါ။ ဒီလို သောက်ပေးတာက အဝမလွန်စေဖို့ ကူညီပေးသလို စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

    ကိုယ်ဝန်ဆောင်ချိန်မှာ အဝမလွန်စေဖို့ မေမေတို့ လိုက်နာရမှာလေးတွေ
    • နှစ်ယောက်စာ စားပါဆိုတဲ့ ဂျင်းစကားကို မေ့လိုက်ပါ
    • စိတ်ကဆာတိုင်း မစားပါနဲ့
    • နည်းနည်းချင်းစီ ခဏခဏ စားပေးပါ
    • အမျှင်ဓာတ် ပါပါစေ
    • ပရိုတင်း ပြည့်ဝပါစေ
    • ကယ်လ်ဆီယမ် မေ့မထားပါနဲ့
    • ရေဝဝသောက်ပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 24/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement