backup og meta

ကိုယ်ဝန်ဆောင်မေမေ အစိမ်းရောင် ဟင်းသီးဟင်းရွက် စားပေးမယ်ဆိုရင်

ကိုယ်ဝန်ဆောင်မေမေ အစိမ်းရောင် ဟင်းသီးဟင်းရွက် စားပေးမယ်ဆိုရင်

အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေက ကျန်းမာစေတယ်ဆိုတာကို အားလုံးလိုလို သိထားပြီး ဖြစ်မှာပါ။ နေ့စဉ် စားသုံးမှုမှာ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေကို ပါဝင်အောင် စားသုံးပေးတာက မည်သူ့ကိုမဆို အချိန်တိုင်းမှာ ကျန်းမာစေမယ့် နည်းလမ်းကောင်း တစ်ရပ်ပါ။ ဒီလိုပါပဲ အစစအရာရာ ဂရုစိုက်ဖို့ လိုအပ်နေတဲ့ ကိုယ်ဝန်ဆောင်ချိန်မှာရော အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ စားပေးလို့ ရမလား။ ကိုယ်ဝန်ဆောင်မေမေ အစိမ်းရောင် ဟင်းသီးဟင်းရွက် စားပေးမယ်ဆိုရင် ဘယ်လို ကောင်းကျိုးတွေ ရနိုင်မလဲဆိုတာကို အခုတစ်ခေါက် ပြောပြပေးသွားပါမယ်။

ကိုယ်ဝန်ဆောင်မေမေ အစိမ်းရောင် ဟင်းသီးဟင်းရွက် စားပေးမယ်ဆိုရင်

ကိုယ်ဝန်ဆောင်မေမေ အစိမ်းရောင် ဟင်းသီးဟင်းရွက် စားပေးမယ်ဆိုရင် အခုလို ကောင်းကျိုးလေးတွေ ရှိပါတယ်။

  • အရိုးတွေကို သန်မာစေတယ် 

အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေက ကယ်လ်ဆီယမ် ပြည့်ဝသလို အမျှင်ဓာတ်နဲ့ အမျိုးမျိုးသော ဗီတာမင်တွေလည်း ပါဝင်နေပါတယ်။ ဒီလို ပါဝင်နေတာကပဲ ကိုယ်ဝန်ဆောင်ချိန်မှာ မေမေ့ကို ကယ်လ်ဆီယမ် ပြည့်ဝစေပြီး အရိုးတွေကို သန်မာစေနိုင်သလို မွေးဖွားလာမယ့် ဘေဘီလေးကိုလည်း သန်မာစေဖို့ ထောက်ကူပေးပါတယ်။

  • အဖျားအနာ ကင်းစေမယ်

အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေမှာ ကိုယ်ခံအားကို အားဖြည့်ပေးနိုင်တဲ့ ဗီတာမင် A နဲ့ ဗီတာမင် C တွေ ပါဝင်နေတာက ကိုယ်ဝန်ဆောင်ချိန်မှာ ဖျားနာမှု ကင်းစေပြီး ကိုယ်ခံအား ပြည့်ဝစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ မကြာခဏ ဖျားနာမှု ကင်းချင်ရင်တော့ အစိမ်းရောင် ဟင်းသီးဟင်းရွက်လေးတွေ စားပေးဖို့ မမေ့နဲ့နော်။

  • သွေးအားနည်းတာ ကာကွယ်ပေးတယ်

သံဓာတ် ပြည့်ဝစွာ ပါဝင်နေတဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေက ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ခံအား ကောင်းစေဖို့ ထောက်ကူပေးသလို သံဓာတ် ပြည့်ဝစေဖို့လည်း ထောက်ကူပေးပါတယ်။ ဗီတာမင် C ပါဝင်နေတာက စားလိုက်တဲ့ အစားအစာတွေထဲက သံဓာတ်တွေကို ပြည့်ပြည့်ဝဝ စုပ်ယူနိုင်စေဖို့ ထောက်ကူပေးပါတယ်။

  • ကင်ဆာ ကာကွယ်ပေးနိုင်တယ်

ကိုယ်ဝန်ဆောင်ချိန်မှာ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ စားပေးတာက ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကို ပြည့်ပြည့်ဝဝ ရရှိစေနိုင်တာကြောင့် ကင်ဆာ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ရင်သားကင်ဆာ၊ အဆုတ်ကင်ဆာ၊ အရေပြားကင်ဆာ စတာတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။

  • အသားအရေ ကျန်းမာစေတယ်

အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေက ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ပြည့်ဝစွာ ပါဝင်နေတာကလည်း ကိုယ်ဝန်ဆောင်ချိန်မှာ အသားအရေ ပြောင်းလဲတာမျိုးကို သက်သာစေနိုင်သလို အသားအရေ ကျန်းမာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။

  • ကိုယ်ဝန်ဆောင် ဝမ်းချုပ်တာကို သက်သာစေတယ်

အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေက အမျှင်ဓာတ် ကြွယ်ဝတာကြောင့် ကိုယ်ဝန်ဆောင်ချိန် ဝမ်းချုပ်တာကို ထိထိရောက်ရောက် သက်သာစေနိုင်ပါတယ်။ အများကြီး မစားမိဖို့တော့ လိုတာပေါ့။ တစ်နေ့ကို အရွက်ကြော် တစ်ခွက် ပါအောင် စားသုံးတာက ဝမ်းချုပ်တာကိုရော ကိုယ်ဝန်ဆောင်ချိန် လိပ်ခေါင်းဖြစ်တာကိုပါ လျှော့ချပေးနိုင်ပါတယ်။

  • ကလေးရဲ့ ဦးနှောက် ဖွံ့ဖြိုးမှုကို ထောက်ကူပေးတယ်

အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေမှာ ဖောလိတ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ကလေးရဲ့ ဦးနှောက်နဲ့ အမြင်အာရုံ ဖွံ့ဖြိုးစေဖို့ ထောက်ကူပေးပါတယ်။

  • မီးဖွားရလွယ်စေတယ်

ကိုယ်ဝန်ဆောင်ချိန်မှာ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ စားပေးတာက မေမေရော ဘေဘီလေးကိုပါ ကျန်းမာစေသလို ကလေး မွေးဖွားချိန်မှာလည်း မွေးဖွားရ လွယ်ကူစေဖို့ ထောက်ကူပေးပါတယ်။

  • ကိုယ်ဝန်ဆောင်ချိန် အဝမလွန်စေဖို့ ကာကွယ်ပေးတယ်

ကိုယ်ဝန်ဆောင်ချိန်မှာ ပုံမှန်ထက် ကိုယ်အလေးချိန် တက်လာတာ အဝလွန်တာကို တော်တော်များများ ခံစားကြရပါတယ်။ ဒီလိုမျိုး ကိုယ်ဝန်ဆောင်ချိန်မှာ အဝလွန်တာကို သက်သာစေဖို့ဆိုရင်တော့ နေ့စဉ် စားသုံးမှုမှာ အသီးအရွက် ပါဝင်အောင် စားသုံးပေးပါ။

ကိုယ်ဝန်ဆောင်ချိန်မှာ အသီးအရွက်စားတာက မိခင်ရော ကလေးကိုပါ ကျန်းမာစေနိုင်တယ် ဆိုပေမယ့် အများကြီး မစားဖို့ လိုပါတယ်။ အရွက်တွေ အများကကြီးစားတာက လေပွတာကို ဖြစ်စေနိုင်လို့ပါ။

ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ဆိုရင် တစ်ရက်ကို အသီးအရွက် 4 servingsလောက် ‌ စားပေးနိုင်ပါတယ်။ (1 serving = မချက်ရသေးတဲ့အရွက် တရုတ်ပန်းကန်လုံး တစ်လုံး ဒါမှမဟုတ် ချက်ပြီးသားဆိုရင် တရုတ်ပန်းကန်လုံး တစ်ဝက်)

အသီးအရွက်တစ်မျိုးတည်းကို အများကြီး စားတာထက် အရောင်စုံ အသီးအရွက်တွေကို စးပေးတာက အာဟာရတွေကို မျှတစေနိုင်လို့ တစ်ရက်ကို ၂-၃မျိုး ပါအောင် စားနိုင်ရင် ပိုကောင်းပါတယ်။

ကိုယ်ဝန်ဆောင်ချိန် အစိမ်းရောင် အသီးအရွက် စားပေးပါ

ကိုယ်ဝန်ဆောင်ချိန်မှာ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ စားပေးတာက
  • ကိုယ်ဝန်ဆောင် အဝမလွန်အောင် ကာကွယ်ပေးတယ်
  • မီးဖွားရ လွယ်စေတယ်
  • အရိုးတွေ ကျန်းမာစေတယ်
  • သံဓာတ် အားဖြည့်ပေးတယ်
  • ကလေးရဲ့ ဦးနှောက် ဖွံ့ဖြိုးစေဖို့ ထောက်ကူပေးတယ်
  • အသားအရေ ကျန်းမာစေတယ်
  • ကိုယ်ဝန်ဆောင်ချိန် ဝမ်းချုပ်တာကို သက်သာစေတယ်
  • အဖျားအနာ ကင်းစေတယ်

[embed-health-tool-pregnancy-weight-gain]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

References:

What to eat when pregnant: The 12 best foods https://www.babycenter.com/pregnancy/diet-and-fitness/what-to-eat-when-pregnant-the-12-best-foods_10392775 Accessed Date 14 August 2023

Consumption of dairy, fruits and dark green leafy vegetables is associated with lower risk of adverse pregnancy outcomes (APO): a prospective cohort study in rural Ethiopia https://www.ncbi.nlm.nih.gov/pmc/articles/PMC6148027/ Accessed Date 14 August 2023

Superfoods for pregnancy https://www.aptaclub.co.uk/pregnancy/diet-and-nutrition/understanding-food-groups/superfoods-for-pregnancy.html Accessed Date 14 August 2023

8 benefits of leafy greens https://www.oviahealth.com/guide/17020/prenatal-nutrition-8-benefits-leafy-greens/ Accessed Date 14 August 2023

10 Best Leafy Greens For Pregnancy https://www.theprenatalnutritionist.com/best-leafy-greens-for-pregnancy/ Accessed Date 14 August 2023

ယခုပုံစံ

14/08/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ်ဝန်ဆောင်မေမေ မျှစ်စားလို့ ရပါ့မလား!

ကိုယ်ဝန်ဆောင်ချိန်မှာ အဝမလွန်စေဖို့ ဘာတွေ သတိထားရမလဲ!


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 14/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement