backup og meta

ကိုယ်ဝန်ဆောင်မေမေ တရားထိုင်တဲ့အခါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 06/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင်မေမေ တရားထိုင်တဲ့အခါ

    တရားထိုင်တယ်ဆိုတာက စိတ်ပိုင်းဆိုင်ရာ စိတ်ခံစားမှုပိုင်းဆိုင်ရာ နဲ့ ရုပ်ပိုင်းဆိုင်ရာတွေမှာပါ အမျိုးမျိုးသော ကျန်းမာရေး ကောင်းကျိုးတွေ ရှိပါတယ်။ ဒါဆို ကိုယ်ဝန်ဆောင်မေမေ တရားထိုင်တဲ့အခါ ဘယ်လို ကောင်းကျိုးတွေ ရနိုင်မလဲ ဆိုပြီး သီချင်နေပြီလား! မေမေတို့ရေ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဆုံးအောင် ဖတ်ကြည့်လိုက်တော့နော်။

    ကိုယ်ဝန်ဆောင်မေမေ တရားထိုင်တဲ့အခါ

    ကိုယ်ဝန်ဆောင်မေမေ တရားထိုင်တဲ့အခါ ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ရော ကလေးကိုပါ ကျန်းမာစေနိုင်ပြီး ကိုယ်ဝန်ဆောင်မေမေကို စိတ်ပိုင်းဆိုင်ရာ အရလည်း အနားရစေနိုင်ပါတယ်။ 

    ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်တွင်းဟော်မုန်း အပြောင်းအလဲ ဖြစ်စေပြီး  စိတ်ခံစားမှု အတက်အကျ မြန်တာမျိုးကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ဖိစီးတာမျိုးကို ခံစားရစေနိုင်ပါတယ်။ တရားထိုင်တာက စိတ်ဖိစီးမှုကို ပြေလျော့စေနိုင်သလို စိုးရိမ်စိတ် များတာကိုလည်း ပြေလျော့စေနိုင်တာပေါ့။

    တရားထိုင်တယ် ဆိုတာ

    တရားထိုင်တယ်ဆိုတာက ထွေထွေထူးထူး ပြောစရာ မလိုအောင် လူတိုင်းလိုလို သိထားပြီး ဖြစ်မှာပါ။ တိတ်ဆိတ်တဲ့နေရာမှာ တင်ပျဉ်လေး ခွေထိုင် ပြီးရင် လက်နှစ်ဖက်ကို ပေါင်ပေါ်မှာ ယှက်လျက်အနေအထားနဲ့ ထားပြီး မျက်လုံးကို အသာအယာ မှိတ်လို့ အသက်လေးကို မှန်မှန်ရှူရင်း ဝင်လေထွက်လေကို အာရုံစိုက်ပေးတာမျိုးပါ။ 

    တရားထိုင်တာက တစ်ခါတလေမှာ ဘာသာရေးအရ ထိုင်ကြတာမျိုး ရှိသလို တစ်ခါတလေမှာ ယောဂလိုမျိုး ကိုယ်လက်လေ့ကျင့်ခန်း တစ်ခုခုရဲ့ တစ်ခန်းတစ်ကဏ္ဍ အနေနဲ့လည်း တရားထိုင်ကြပါတယ်။

    ကိုယ်ဝန်ဆောင်ချိန်မှာ တရားထိုင်ပေးမယ်ဆိုရင်

    ကိုယ်ဝန်ဆောင်ချိန်မှာ တရားထိုင်တာက အခုလို ကောင်းကျိုးလေးတွေကို ရရှိစေမှာပါ။ 

    စိတ်ဖိစီးမှု ပြေလျော့စေတယ်

    ကိုယ်ဝန်ဆောင်ချိန်မှာ ဝင်လေထွက်လေ မှတ်ပြီး တရားထိုင်တာက ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ဖိစီးတာ၊ စိတ်ဓာတ်ကျတာကို သက်သာစေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ တရားထိုင်တာက ဟော်မုန်း ပြောင်းလဲမှုတွေကိုရော ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေကြောင့် ထိခိုက်တာမျိုး မဖြစ်စေဖို့ ထောက်ကူပေးနိုင် ပါတယ်။ 

    ကျန်းမာရေးနဲ့ ညီညွတ်အောင် စားဖြစ်စေတယ်

    ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ရော ကလေးပါ ကျန်းမာစေဖို့အတွက် အာဟာရပြည့်ဝမျှတအောင် စားဖြစ်ဖို့ လိုပါမယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ဖိစီးပြီး အသင့်စားတွေ၊ အမြန်စားတွေကို မစားဖြစ်စေဖို့ တရားထိုင်ပေးတာက နည်းလမ်းကောင်းပါ။ 

    စိတ်ရောကိုယ်ပါ ကျန်းမာစေတယ်

    တရားထိုင်တာက စိတ်ရောကိုယ်ပါ ထိခိုက်မှုတွေကို သက်သာစေပြီး အနာကျက်စေနိုင်ပါတယ်။ တရားထိုင်တာက ကျောရိုးပေါ်မှာ ဝန်အားသက်ရောက်မှုကို ပြေလျော့စေပြီး ကိုယ်ဝန်ဆောင်ချိန်မှာ ခါးနာတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ 

    လမစေ့ဘဲ မွေးဖွားနိုင်ခြေ နည်းစေတယ်

    ကိုယ်ဝန်ဆောင်ချိန်မှာ တရားထိုင်တာ၊ ယောဂလေ့ကျင့်တာတွေက လမစေ့ဘဲ မွေးဖွားတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ပုံမှန်လေး တရားထိုင်ပေးတာက ပေါင်မပြည့်ဘဲ မွေးဖွားတာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ကလေးကို ကျန်းမာစွာနဲ့ မွေးဖွားနိုင်စေဖို့အတွက် တရားထိုင်ပေးတာက နည်းလမ်းကောင်းပါ။

    ကလေးနဲ့ ဆက်သွယ်နိုင်စေမယ်

    တရားထိုင်တာက အေးအေးချမ်းချမ်း တည်တည်ငြိမ်ငြိမ်လေး ထိုင်ရတာ ဖြစ်ပြီး အာရုံစိုက်နိုင်တာကြောင့် ကလေးကို ခံစားမိပြီး ကလေးနဲ့ ဆက်သွယ်မှုတွေ လုပ်နိုင်စေမှာ ဖြစ်ပါတယ်။ ဒီလို ကလေးနဲ့ မိခင်ကြားက ဆက်သွယ်မှုက ကျန်းကျန်းမာမာ မွေးဖွားနိုင်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ 

    # အမေးအဖြေကဏ္ဍ

    ကိုယ်ဝန်ဆောင်ချိန်မှာ တရားထိုင်တာ ဘေးကင်းသလား!

    ကိုယ်ဝန်ဆောင်ချိန်မှာ တရားထိုင်တာက မေမေရော ဘေဘီလေးအတွက်ပါ ဘေးကင်းပါတယ်။ ကိုယ်ဝန်ဆောင်ကာလရဲ့ ဘယ်အပိုင်းအခြားမှာ ဖြစ်ဖြစ် တရားထိုင်လို့  ရသလို မေမေရာ ဘေဘီလေးကိုပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်မှာပါ။

    ကိုယ်ဝန်လရင့်လာတဲ့အခါ တင်ပျဉ်ခွေထိုင်ဖို့ အခက်အခဲ ရှိလာနိုင်ပါတယ်။ ဒီအခါ နောက်မှီပါတဲ့ ကုလားထိုင်မှာ ထိုင်ပေးနိုင်သလို လှဲလှောင်းပြီး တရားမှတ်နေလည်း ရပါတယ်။ လိုရင်းကတော့ ကိုယ့်ရဲ့ အသက်ရှူသွင်းရှူထုတ်ကို မှတ်နေပြီး စိတ်ငြိမ်းချမ်းမှု ရနေဖို့ ပါပဲ။

    တရားထိုင်တာက ဘေဘီလေးအပေါ်မှာ သက်ရောက်မှု ရှိလား!

    ကိုယ်ဝန်ဆောင်ချိန်မှာ မေမေတရားထိုင်တာက ကိုယ်ဝန်ဆောင်မေမေကို စိတ်ဖိစီးတာ၊ စိုးရိမ်စိတ် များတာကို သက်သာစေပြီး ဗိုက်ထဲက ဘေဘီလေးကို ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ကျန်းမာပြီး စိတ်ဖိစီးမှု ကင်းစေတဲ့ ဘေဘီလေး မွေးဖွားလာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ 

    ကိုယ်ဝန်ဆောင်ချိန်မှာ တရားထိုင်ခြင်း ကောင်းကျိုး

    ကိုယ်ဝန်ဆောင်ချိန်မှာ တရားထိုင်တာက
    • စိတ်ဖိစီးမှု ကင်းစေတယ်
    • ကျန်းမာရေးနဲ့ ညီညွတ်မျှတတဲ့ စားသောက်မှုကို ပိုင်ဆိုင်စေတယ်
    • စိတ်ရောကိုယ်ပါ ကျန်းမာစေတယ်
    • လမစေ့ဘဲ မွေးဖွားနိုင်ခြေ နည်းစေတယ်
    • ကလေးနဲ့ ဆက်သွယ်နိုင်စေတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 06/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement