backup og meta

ကိုယ်ဝန်ဆောင်မေမေ မျောက်ငိုသီး စားလို့ ရ၊ မရ

ကိုယ်ဝန်ဆောင်မေမေ မျောက်ငိုသီး စားလို့ ရ၊ မရ

မျောက်ငိုသီးကို အရင်ကတော့ သိသူ နည်းပေမယ့် အခုနောက်ပိုင်းတော့ အွန်လိုင်းက တဆင့်ရောင်းချမှုတွေ၊ ဟင်းချက်နည်း ဗီဒီယိုတွေကနေတဆင့် တော်တော်များများက ရင်းနှီးလာကြပြီ ဖြစ်ပါတယ်။ ဓညင်းသီးနဲ့ အရသာ ခပ်ဆင်ဆင် ဆူပေမယ့် မျောက်ငိုသီးက ဓညင်းသီးလို မဟုတ်ဘဲ ကျန်းမာရေးကို ထောက်ကူပေးပါတယ်။ ဒီတော့ ကျန်းမာရေးအတွက် ထောက်ကူပေးတဲ့ ဒီအသီးလေးကို ကိုယ်ဝန်ဆောင်မေမေတွေရော စားလို့ရမလား ဆိုပြီး သိချင်နေမယ့် မေမေတွေ ရှိမယ်ထင်နော်။ ဒါကြောင့် ဒီနေ့မှာတော့ ကိုယ်ဝန်ဆောင်မေမေ မျောက်ငိုသီး စားလို့ ရ၊ မရ  ဆိုတာလေးကို ပြောပြပေးသွားချင်ပါတယ်။

မျောက်ငိုသီး ဆိုတာ

မျောက်ငိုသီး ဆိုတာက ပဲတောင့်ရှည်လိုမျိုး အသီးလေးပါ။ အစေ့လေးတွေ ထင်းနေအောင် အစေ့အိမ်မှာ အစီအရီ မြင်ရပါတယ်။ မျောက်ငိုသီးက ဓညင်းသီးလို အရသာ ရှိသလို အနံ့လေးကလည်း နည်းနည်း ပြင်းပါတယ်။

မျောက်ငိုသီးမှာ သဘာဝ သကြားဓာတ် သုံးမျိုးဖြစ်တဲ့ sucrose၊ fructose နဲ့ glucose တို့ ပါဝင်နေသလို အမျှင်ဓာတ်လည်း ကြွယ်ဝစွာ ပါဝင်နေတာက ခန္ဓာကိုယ်မှာ အင်အား ပြည့်ဝစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ မျောက်ငိုသီးက စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်မေမေ မျောက်ငိုသီး စားလို့ ရ၊ မရ

ကိုယ်ဝန်ဆောင်မေမေ မျောက်ငိုသီး စားလို့ ရ၊ မရ ဆိုတော့ ရပါတယ်။ အများကြီးတော့ မဟုတ်ဘူးပေါ့။ မျောက်ငိုသီးမှာ ကိုယ်ဝန်ဆောင်မေမေ တစ်ယောက်အတွက် လိုအပ်မယ့် အာဟာရဓာတ်တွေ ဖြစ်ကြတဲ့ ပရိုတင်း၊ ဗီတာမင် ဘီအုပ်စု၊ သံဓာတ်၊ ပိုတက်ဆီယမ်၊ အမျှင်ဓာတ်တို့ ပါဝင်နေပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ မျောက်ငိုသီး စားပေးတာက အခုလို ကျန်းမာရေး ကောင်းကျိုးလေးတွေ ရရှိစေနိုင်ပါတယ်။

  • သွေးတွင်းသကြားဓာတ် ထိန်းပေးနိုင်တယ်

မျောက်ငိုသီးက အမျှင်ဓာတ် ကြွယ်ဝတာကြောင့် ရုတ်တရက် သွေးတွင်းသကြားဓာတ် မြင့်တက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးသလို ကိုယ်ဝန်ဆောင်ချိန်မှာ ဆီးချို ဖြစ်တာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ရာ ရောက်ပါတယ်။ အများကြီး မစားမိဖို့တော့ လိုပါမယ်။

  • ကိုယ်ခံအား ကောင်းစေတယ်

မျောက်ငိုသီးက ကိုယ်ခံအားကို အားဖြည့်ပေးနိုင်တဲ့ ပရိုတင်းနဲ့ ဗီတာမင်တွေ ကြွယ်ဝစွာ ပါဝင်နေမှုကလည်း ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ကို ကိုယ်ခံအား ကောင်းစေပြီး ဖျားနာမှု ကင်းစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။

  • စိတ်ဓာတ်ကျမှု ကင်းစေတယ်

ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းပြောင်းလဲမှုကြောင့် ကိုယ်ဝန်ဆောင်မေမေတို့မှာ စိတ်ဓာတ်ကျတာ စိတ်ခံစားမှု ပြောင်းလဲတာမျိုးတွေ ခံစားရစေနိုင်ပါတယ်။ ဒီလို စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကို ကျော်လွှားချင်တယ်ဆိုရင်တော့ မျောက်ငိုသီး စားပေးလို့ ရပါတယ်။

  • သွေးပေါင်ချိန် ထိန်းပေးတယ်

မျောက်ငိုသီးမှာ ပိုတက်ဆီယမ် ပါဝင်နေတာကလည်း သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်ဖို့ ထောက်ကူပေးပါတယ်။ သွေးတိုးတာကို ကာကွယ်ပေးသလို ကိုယ်ဝန်ဆောင်ချိန် ရုတ်တရက် သွေးပေါင်ချိန် မြင့်တက်တာမျိုး မဖြစ်စေဖို့လည်း စားသုံးပေးလို့ ရပါတယ်။

  • ဝမ်းမှန်စေတယ်

မျောက်ငိုသီးမှာ အမျှင်ဓာတ် ကြွယ်ဝတာက ကိုယ်ဝန်ဆောင်မေမေ တော်တော်များများမှာ ဖြစ်တတ်တဲ့ ဝမ်းချုပ်တာကို သက်သာစေဖို့လည်း ထောက်ကူပေးပါတယ်။ ဒီတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းမှန်စေဖို့အတွက် မျောက်ငိုသီးက ထောက်ကူပေးနိုင်ပါတယ်။

  • Morning sickness သက်သာစေတယ်

ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရနိုင်တဲ့ မနက်ခင်း ပျို့အန်မှုကို သက်သာစေဖို့လည်း မျောက်ငိုသီးကို စားပေးလို့ ရပါတယ်။ ဒါပေမဲ့ မျောက်ငိုသီးက အနံ့နည်းနည်း ရှိတာကြောင့် မေမေတိုင်းအတွက်တော့ အဆင်ပြေဖို့ ခက်ခဲမှာပါ။

  • ရင်ပူတာကို သက်သာစေတယ်

ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရနိုင်တဲ့ ရင်ပူတာကို သက်သာစေဖို့လည်း မျောက်ငိုသီးကို စားပေးလို့ ရပါတယ်။ မျောက်ငိုသီးက အစာခြေစနစ်ကို ကျန်းမာစေသလို ရင်ပူတာတွေကိုလည်း သက်သာစေနိုင်ပါတယ်။

  • ကိုယ်အလေးချိန် ထိန်းပေးတယ်

ကိုယ်ဝန်ဆောင်ချိန်မှာ အဝလွန်တာက အဖြစ်များပါတယ်။ ဒီလို အဝလွန်တာက ကိုယ်ဝန်ဆောင် ဆီးချို အပါအဝင် အမျိုးမျိုးသော နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ခံစားရစေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်အလေးချိန်ကို ထိန်းညှိချင်တယ်ဆိုရင် မျောက်ငိုသီးလေး စားပေးလို့ ရပါတယ်။

#အမှာစကား

မျောက်ငိုသီးက ဆေးဖက်ဝင်တာ မှန်ပေမယ့် ကိုယ်ဝန်ဆောင်ချိန်မှာ အလွန်အကျွံ စားတာမျိုး မလုပ်ဖို့ လိုပါတယ်။ မစားခင်မှာလည်း စားလို့ အဆင်ပြေ၊ မပြေ။ ဘယ်လောက် ပမာဏ စားရမလဲ ဆိုတာကို ဆရာဝန်နဲ့ သေချာ တိုင်ပင်ပြီးမှ စားဖို့ လိုပါမယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ မျောက်ငိုသီး စားပေးတာက
  • သွေးတွင်းသကြားဓာတ် ထိန်းပေးနိုင်တယ်
  • ကိုယ်ခံအား ကောင်းစေတယ်
  • စိတ်ဓာတ်ကျမှု ကင်းစေတယ်
  • သွေးပေါင်ချိန် ထိန်းပေးတယ်
  • ဝမ်းမှန်စေတယ်
  • Morning sickness သက်သာစေတယ်
  • ရင်ပူတာကို သက်သာစေတယ်
  • ကိုယ်အလေးချိန် ထိန်းပေးတယ်

[embed-health-tool-due-date]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

References:

Petai Bean (Parkia speciosa) is Good For Pregnancy and Healthy http://health-benefits-of-fruit.blogspot.com/2015/12/petai-bean-parkia-speciosa-is-good-for.html Accessed Date 14 August 2023

Health benefits of Petai https://www.healthbenefitstimes.com/petai/ Accessed Date 14 August 2023

Benefits of Eating Petai… http://www.mummysg.com/forums/threads/benefits-of-eating-petai.2405/ Accessed Date 14 August 2023

Warnings and Side Effects of Stink Beans (Parkia speciosa) https://www.awakeningstate.com/health/parkia-speciosa-petai/ Accessed Date 14 August 2023

Petai (Stink) Beans (Parkia Speciosa): Benefits, Nutrition Facts, Side Effects https://www.tsmp.com.au/blog/petai-stink-beans-parkia-speciosa-benefits-nutrition-facts-side-effects.html Accessed Date 14 August 2023

ယခုပုံစံ

14/08/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ်ဝန်ဆောင်မေမေ မျှစ်စားလို့ ရပါ့မလား!

အာဟာရဓါတ်ကြွယ်ဝတဲ့ မျောက်ငိုသီး ရဲ့ကျန်းမာရေးအကျိုးကျေးဇူး


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 14/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement