ကိုယ်ဝန်ဆောင်မီးဖွားပြီးတဲ့နောက် ပေါ်လာတဲ့ အကြောပြတ်ရာတွေသက်သာအောင်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 30/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင်မီးဖွားပြီးတဲ့နောက် ပေါ်လာတဲ့ အကြောပြတ်ရာတွေသက်သာအောင်

    ကိုယ်ဝန်ဆောင်မီးဖွားပြီးတဲ့နောက် ပေါ်လာတဲ့ အကြောပြတ်ရာတွေသက်သာအောင် ဘာတွေ လုပ်ရမလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

    အကြောပြတ်တယ်ဆိုတာ ကိုယ်ဝန်ဆောင်ဖူးထားတဲ့ အမျိူးသမီးတစ်ယောက်အတွက်တော့ ကြိုမျှော်လင့်ထားရမယ့်အရာတစ်ခုပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ခန္ဓာကိုယ်က ပုံမှန်ထက် ရုတ်တရက်ပိုကြီးထွားဖွံ့ဖြိုးလာပါတယ်။ အဲဒီအခါ အပေါ်က ဖုံးထားတဲ့အရေပြားကို ဆွဲဆန့်လိုက်သလိုဖြစ်ပြီး အရေပြားရဲ့ အလယ်အလွှာ ဒါမှမဟုတ် အရေပြားအောက်က တစ်ရှူးတွေကို ဆွဲဖြဲလိုက်သလိုဖြစ်တဲ့အတွက် အဲဒီအပြဲတွေကို အရေပြားရဲ့အပေါ်လွှာကနေ မြင်နိုင်တာမျိူးပါ။ သဘာဝဆိုပေမယ့် အကြောပြတ်ရာတွေကို လူအတော်များများက ကိုယ့်ခန္ဓာကိုယ်ပေါ်မှာ မြင်ရတာမနှစ်မြို့ကြပါဘူး။

    ကိုယ်ဝန်ဆောင်နေစဉ်နဲ့ ကလေးမွေးပြီးချိန်တွေမှာ အဖြစ်များပေမယ့် ကိုယ်ဝန်ဆောင်မဟုတ်ဘဲလည်း အကြောပြတ်နိုင်ပါတယ်။ ကိုယ်အလေးချိန်ရုတ်တရက်တိုးလာတာ၊ (လေ့ကျင့်ခန်းလုပ်လို့ ကြွက်သားထု ရုတ်တရက်တက်လာတာဖြစ်ဖြစ်၊ ရုတ်တရက် အဆီတွေနဲ့ ၀လာတာဖြစ်ဖြစ်) အကြောပြတ်နိုင်ပါတယ်။ ဆယ်ကျော်သက်တွေမှာလဲ ရုတ်တရက်ကြီးထွားနှုန်းမြင့်လာတဲ့ အချိန်မျိုးတွေမှာ အကြောပြတ်နိုင်ပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာတော့ာ့ အဓိကအတွေ့များပြီး ကိုယ်ဝန်ဆောင် ကိုးဆယ်ရာခိုင်နှုန်းမှာဖြစ်နိုင်ပါတယ်။

    ဒါ့အပြင် အကြောပြတ်ခြင်းဟာ မျိုးရိုးဗီဇနဲ့လဲ အများကြီး သက်ဆိုင်ပါတယ်။ ဒါကြောင့် မိခင်မှာအကြောပြတ်တတ်ရင် သားသမီးမှာလဲ အကြောပြတ်ဖို့ပိုအခွင့်အလမ်းများပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အကြောပြတ်ရာတွေဟာ များသောအားဖြင့် ကိုယ်ဝန်ခြောက်လ ခုနစ်လကနေ စပေါ်တတ်ပြီး ဝမ်းဗိုက်၊ တင်ပါး၊ ပေါင်ခြံ၊ ပေါင်နဲ့ ရင်ဘတ်တွေမှာ အဖြစ်များပါတယ်။

    သင်ဟာ ကလေးမွေးပြီးသူဖြစ်မယ်ဆိုရင် အဲလိုနေရာတွေမှာ အကြောပြတ်ရာတွေကို သတိထားမိပြီးဖြစ်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် စိတ်မပူပါနဲ့။ အောက်ဖော်ပြပါ နည်းလမ်းတွေဟာ သင့်ခန္ဓာကိုယ်ပေါ်က အကြောပြတ်ရာတွေကို သက်သာပျောက်ကေင်းစေဖို့အများကြီး အထောက်အပံ့ပေးနိုင်ပါလိမ့်မယ်။

    ကိုယ်ဝန်ဆောင်မီးဖွားပြီးတဲ့နောက် ပေါ်လာတဲ့ အကြောပြတ်ရာတွေသက်သာအောင်

    ကိုယ်ဝန်ဆောင်မီးဖွားပြီးတဲ့နောက် ပေါ်လာတဲ့ အကြောပြတ်ရာတွေသက်သာအောင် ဒီနည်းလမ်းလေးတွေက အသုံးဝင်စေမှာပါ။

    (၁) အဆီလိမ်းပြီး နှိပ်နယ်ပါ

    အကြောပြတ်ရာရှိတဲ့နေရာတွေကို နှိပ်နယ်ပေးတာဟာ အများကြီးအကျိုးရှိစေပါတယ်။ အသာအယာ နှိပ်နယ်ခြင်းဟာ ခန္ဒာကိုယ်ရဲ့သွေးလည်ပတ်မှုကို ကောင်းစေပြီး အကြောပြတ်ရာအမာရွတ်ရှိတဲ့နေရာတွေမှာ သွေးများများစီးဆင်းဖို့ ကူညီပေးပါတယ်။ နှိပ်နယ်တဲ့နေရာမှာ သံလွင်ဆီ၊ အကြောပြတ်လိမ်းဆေးဆီ စတဲ့ဆီတစ်မျိူးမျိူးကို ထည့်လိမ်းပေးတာဟာ အရေပြားက လိုအပ်တဲ့ ဗိုက်တာမင်၊ သတ္တုဓာတ်တွေကို ရရှိစေနိုင်တဲ့အတွက် အရေပြားရဲ့ ပြန်လည်ပြုပြင်နိုင်စွမ်းကို အားပေးပါတယ်။

    နေရာတစ်ခုကို အနည်းဆုံးနှစ်မိနစ်လောက်ကြာအောင် နှိပ်နယ်ရမှာဖြစ်ပြီး လိုအပ်ရင် ဆီကို နောက်တစ်ခါထပ်ထည့်ပါ။ နှစ်မိနစ်ပြည့်တဲ့အခါ နောက်တစ်နေရာကို ထပ်နှိပ်ပါ။ အာနိသင်ပိုကောင်းစေဖို့အတွက် မနှိပ်ခင်ရေနွေးနွေးလေးနဲ့ ဆယ်မိနစ်လောက်ချိုးပေးထာဟာ အရေပြားကို ပိုပြီးပျော့ပျောင်းချောမွတ်စေပါတယ်။

    (၂)အကြောပြတ်လိမ်းဆေးလိမ်းပါ။

    အကြောပြတ်တာတွေအတွက် အထူးထုတ်လုပ်ထားတဲ့ လိမ်းဆေးတွေ စျေးကွက်မှာအများကြီးရှိပါတယ်။ သူတို့ရဲ့ ပါဝင်ပစ္စည်းတွေအနေနဲ့ ထောပတ်သီး၊ နေကြာဆီနဲ့ ပျားဖယောင်းလို အရာတွေထည့်သွင်းပေးထားတဲ့အတွက် အရေပြားရဲ့အပေါ်ယံကို နူးညံ့စေပြီး သူ့အောက်ကအကြောပြတ်ရာတွေကိုလဲ ပျောက်စေနိုင်ပါတယ်။ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် လိမ်းပေးရင် လုံလောက်ပါတယ်။

    (၃) ရေဓာတ်ဖြည့်ပေးပါ။

    ရေဟာ ကျန်းမာရေးနဲ့ အလှအပအတွက် ဘယ်လောက်တောင်အရေးကြီးကြောင်း မကြာခဏ ဖတ်ဖူး၊ ကြားဖူးမှာပါ။ ဒါဟာ တကယ်ပါပဲ။ သင်သောက်လိုက်တဲ့ရေဟာ အရေပြားကိုပါ ရေဓာတ်ဖြည့်ပေးပြီး ကျန်းမာစေပါတယ်။ ဆဲလ်တွေဟာ ရေဓာတ်ပြည့်ဝနေတဲ့အခါ ကောင်းကောင်းအလုပ်လုပ်နိုင်ပြီး ပြန်လည်သန်စွမ်းမှုပိုမြန်ပါတယ်။ ဒါကြောင့် အကြောပြတ်ရာဖြစ်နေသူတစ်ယောက် ရေဓာတ်ကိုသေချာဖြည့်ပေးမယ်ဆိုရင် န၈ိုအခြေအနေရောက်ဖို့ ပိုမြန်ပါလိမ့်မယ်။ ဒါကြောင့် အကြောပြတ်ရာသက်သာချင်ရင် တစ်နေ့ကို ရေရှစ်ခွက်အနည်းဆုံးသောက်ဖို့လိုပါလိမ့်မယ်။

    (၄) အစိုဓာတ်ဖြည့်ပေးပါ

    ကျန်းမာတဲ့ အသားအရေကို ပိုင်ဆိုင်ချင်တယ်ဆိုရင် အခြေခံမဖြစ်မနေလုပ်ရမှာကတော့ အစိုဓာတ်ဖြည့်ပေးခြင်းပါ။ အစိုဓာတ်ဟာ သင့်အသားအရေကို ချောမွတ်တောက်ပြောင်စေရုံသာမက အရေပြားရဲ့ ဆန့်နိုင်ကျုံ့နိုင်စွမ်းကို တိုးမြှင့်ပေးပြီး အကြောပြတ်ရာတွေကို သက်သာစေပါတယ်။ ဆရာဝန်တွေအကြံပေးကြတာကတော့ အစိုဓတ်ထိန်းခရင်တွေ လိမ်းဆေးတွေကို နို့တိုက်မိခင်တွေအနေနဲ့ သေချာရွေးဖို့ပါပဲ။

    ဘာလို့လဲဆိုတော့ တချို့သော အစိုဓာတ်လိမ်းဆေးတွေ၊ skin care ပစ္စည်းတွေဟာ နို့ထဲမှာ တွေ့နိုင်လို့ပါပဲ။ ဒါ့အပြင် Retinol ပါဝင်တဲ့ ပစ္စည်းမှန်သမျှကိုရှောင်ကြဉ်ဖို့လိုပါတယ်။ ဖြစ်နိုင်ရင် သဘာဝကိုအခြေခံပြီး ထုတ်လုပ်ထားတဲ့ skin care တွေကို ရွေးချယ်ပါ။

    (၅) လေ့ကျင့်ခန်းလုပ်ပါ။

    လေ့ကျင့်ခန်းလုပ်ရတာဟာ ဝိတ်ကျစေတဲ့အပြင် ကိုယ်ဝန်ဆောင်ပြီးနောက်ဖြစ်တဲ့ အကြောပြတ်ရာတွေကိုလဲ သက်သာစေပါတယ်။ လမ်းလျှောက်ခြင်း၊ ယောဂကျင့်ခြင်းတွေလို ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းတွေ လုပ်ရင်တောင်မှ တင်ပါး၊ ပေါင်နဲ့ ဝမ်းဗိုက်က ကြွက်သားတွေကို ကျန်းမာသန်စွမ်းစေပြီး ပျော့တွဲနေတဲ့ အရေပြားပေါ်က အကြောပြတ်ရာတွေကို သက်သာစေပါတယ်။

    ဘယ်လိုလေ့ကျင့်ခန်းလုပ်လုပ် ထိရောက်မှာပဲမို့ ကိုယ်ဝါသနာပါပြီး လုပ်ရတာနှစ်သက်တဲ့ လေ့ကျင့်ခန်းမျိုးကို ရွေးလုပ်ဖို့ပဲလိုပါတယ်။ ရေကူးခြင်း၊ လမ်းလျှောက်ခြင်း၊ အပြေး၊ ကိုယ်အလေးချိန်ချခြင်း၊ ယောဂစတဲ့ ဘယ်လိုလေ့ကျင့်ခန်းမျိုးမဆို လွတ်လွတ်လပ်လပ်ရွေးချယ်နိုင်ပါတယ်။ လုပ်ဖြစ်ဖို့ပဲလိုတာပါ။

    (၆) အိမ်တွင်းသုံးပစ္စည်းတွေနဲ့ အရေပြားကို ပြန်လည် ကျန်းမာအောင်လုပ်ပေးပါ။

    ဆယ်မိနစ်လောက်လိမ်းကျံပြီး ရေဆေးချပေးပါ။ ပရိုတင်းဓာတ်ဟာ အရေပြားကျုံ့ဆန့်နိုင်စွမ်း၊ ပြန်လည်သန်စွမ်းနိုင်စွမ်းကို တိုးမြှင့်ပေးပါတယ်။ ပိုတက်ဆီယံဓာတ်က အရေပြားရဲ့ ရေဓာတ်ကို ဖြည့်ဆည်းပေးပြီး အငွေ့ပြန်မသွားအောင် ထိန်းသိမ်းပေးပါတယ်။ Rhiboflavin က အရေပြားပေါ်က အဆိပ်ဓာတ်တိုးပစ္စည်းတွေကို ဖယ်ရှားပေးပါတယ်။

    ရှားစောင်းလက်ပတ်ဟာ နေလောင်ခြင်းကို သက်သာစေလို့ လူသိများပါတယ်။ အရေပြားကို ချောမွတ်စေပြီး အရေပြားအတွက်ကောင်းကျိုးတွေအများကြီး ရပါတယ်။ ဒါပေမယ့် တကယ့်အပင်က ရှားစောင်းလက်ပပ်အစစ်ဖြစ်ဖို့တော့ာ့ လိုပါတယ်။

    ပျားရည်ဟာ ပိုးသတ်ပေးနိုင်တဲ့ အစွမ်းရှိသလို အကြောပြတ်ရာတွေကိုလဲ သက်သာစေပါတယ်။ ပျားရည်ကိုလဲ အကြောပြတ်ရာရှိတဲ့နေရာမှာ လိမ်းကျံပြီး ခြောက်သွေ့သွားတဲ့အခါ ရေဆေးချပါ။

    ရေးသားသူ− Dr Sein Moe Satt

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Hello Sayarwon Panel မှ ရေးသားသည်။ · 30/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement
    advertisement
    advertisement