မွေးဖွားပြီးကာလကိုယ်တိုင် ဂရုစိုက်မှု

မွေးဖွားပြီးကာလကိုယ်တိုင် ဂရုစိုက်မှု ဆိုတာ မိခင်တိုင်းအတွက် လိုအပ်ပါတယ်။ မွေးဖွားပြီး ပြောင်းလဲလာတဲ့ ခန္ဓာကိုယ်ကို ပြန်လည်ထိန်းသိမ်းဖို့ လိုပါတယ်။

ကျန်းမာရေးဗဟုသုတ

မွေးဖွားပြီးကာလကိုယ်တိုင် ဂရုစိုက်မှု

ကိုယ်ဝန်ပျက်ကျထားတဲ့ မေမေတို့ ဘာတွေစားလို့ ဘာတွေရှောင်ရမလဲ!

ကိုယ်ဝန်ပျက်ကျတာက အမျိုးသမီး တစ်ယောက်အတွက် အတော်လေး ကြေကွဲဝမ်းနည်းစရာ ကောင်းတဲ့ အတွေ့အကြုံပါ။ ကိုယ်ဝန်ပျက်ကျတာက ဘေဘီလေးကို မမွေးဖွားလိုက်နိုင်ပေမယ့် ခန္ဓာကိုယ်မှာ အတော်လေးကို ပင်ပန်းထိခိုက်သွားတာပါ။ ဒါကြောင့် ကိုယ်ဝန်ပျက်ကျပြီးချိန်မှာ ကိုယ်ဝန်ဆောင်မိခင်အနေနဲ့ ပြန်လည် ကျန်းမာလာစေဖို့အတွက် အနေအထိုင် အစားအသောက် အားလုံးကို သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ အခုတစ်ခေါက်မှာတော့ ကိုယ်ဝန်ပျက်ကျထားတဲ့ မေမေတို့ ဘာတွေစားလို့ ဘာတွေရှောင်ရမလဲ! ဆိုတာကို ပြောပြပေးချင်ပါတယ်။ https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/benefits-of-green-leafy-vegetables-during-pregnancy/ ကိုယ်ဝန်ပျက်ကျပြီးချိန်မှာ အားပြန်ပြည့်ဖို့ အချိန်လိုအပ်ပါတယ် ကိုယ်ဝန်ပျက်ကျထားတဲ့ မေမေတို့အနေနဲ့ ပကတိ ပြန်လည်ကျန်းမာလာစေဖို့ဆိုရင် ရက်သတ္တပတ်အတော်ကြာ သေချာလေး အနားယူဖို့ လိုသလို ကိုယ်ဝန်ပျက်ကျပြီးချိန်ကနေ ရက်သတ္တပတ် ၄-၆ ပတ်လောက်အထိ နည်းနည်းစီ သွေးဆင်းတာကိုလည်း ခံစားရနိုင်ပါသေးတယ်။ ကိုယ်ဝန်ပျက်ကျချိန်မှာ သွေးဆင်းတာက ကိုယ်တွင်းမှာ သံဓာတ်ချို့တဲ့မှုကို ဖြစ်စေပြီး ရေရှည်မှာ သွေးအားနည်းတာ၊ ခြေကုန်လက်ပမ်းကျတာ၊ အားနည်းတာလိုမျိုး […]

မွေးဖွားပြီးကာလကိုယ်တိုင် ဂရုစိုက်မှု ကို ရှာဖွေမည်။

မွေးဖွားပြီးကာလကိုယ်တိုင် ဂရုစိုက်မှု

ဆေးဖြင့် ကိုယ်ဝန်ဖျက်ချပြီးနောက် မိမိကိုယ်ကို ဂရုစိုက်ခြင်း

ဆေးဖြင့် ကိုယ်ဝန်ဖျက်ချခြင်းဆိုတာ ဘာလဲ။ နာမည်မှာပါသလိုပဲ ဆေးဖြင့်ကိုယ်ဝန်ဖျက်ချခြင်းဆိုတာဟာ ဆေးကိုသုံးပြီး ကိုယ်ဝန်ကို ပျက်ကျအောင်ပြုလုပ်တာဖြစ်တယ်။ ခွဲစိတ်တာနှင့် မတူသောအချက်မှာ ဆေးဖြင့်ကိုယ်ဝန်ဖျက်ချပြီးနောက် အိမ်တွင်လိုအပ်သောစောင့်ရှောက်မှုဆက်ယူရန်လိုပါတယ်။ ဆေးဖြင့်ကိုယ်ဝန်ဖျက်ချတာက ဆရာဝန်စောင့်ကြည့်မှုမပါဘဲ အိမ်မှာကိုယ်ဝန်ပျက်ကျတာနှင့်တူတယ်။ သွေးဆင်းပြီးနောက် ၂ပတ်အကြာမှာဆရာဝန်နှင့် ပြန်ပြရန်လိုပါတယ်။   ကိုယ်ဝန်ဖျက်ချပြီးနောက် လိုအပ်တဲ့စောင့်ရှောက်မှု ခံယူခြင်း ပုံမှန်ဆိုလျှင် သားအိမ်အတွင်း လုံးဝသန့်ရှင်းသည့်နေ့မှစပြီး မိမိတို့နေ့စဉ်အလုပ်ကို ပုံမှန်လုပ်လို့ရပါတယ်။ ဒါပေမယ့် ၂ပတ်အတွင်းမှာတော့ ပြင်းထန်တဲ့လှုပ်ရှားမှုတွေကို ရှောင်သင့်ပါတယ်။ အမျိုးသားနှင့် အတူနေတာကိုလည်း ရှောင်ရမယ်။ အတူနေတော့မယ်ဆိုရင်လည်း သားဆက်ခြားတာကို လုပ်သင့်တယ်။ ရောဂါကာကွယ်ဖို့အတွက် ကွန်ဒုံးကို သုံးတာကပိုကောင်းပါတယ်။ မိန်းမကိုယ်ရဲ့အတွင်းကို မည်သည့်အရည်မှသုံးပြီး မဆေးဖို့ကလည်း အရေးကြီးတယ်။ အလွန်ဆိုးရွားတယ်လို့ခံစားရပြီး သန့်ရှင်းချင်စိတ်ပေါ်လာရင်တောင် မဆေးသင့်ပါဘူး။ မှားယွင်းစွာ သန့်ရှင်းခြင်းက ရောဂါပိုးတွေပိုပေါက်စေပြီး အခန့်မသင့်ရင် မျိုးပွားအဂါႍများရောင်ရမ်းခြင်း ( Pelvic inflammatory disease) ဖြစ်သွားနိုင်ပါတယ်။   ဆေးဖြင့်ကိုယ်ဝန်ဖျက်ပြီးနောက် ဘာလုပ်သင့်လဲ။ ဆေးဖြင့်ကိုယ်ဝန်ဖျက်ချပြီးနောက် အမျိုးသမီးအများစုက […]


မွေးဖွားပြီးကာလကိုယ်တိုင် ဂရုစိုက်မှု

ခွဲမွေးထားတဲ့မေမေတို့ ဘာတွေစားလို့၊ဘာတွေရှောင်ရမလဲ

ဘေဘီလေးကို ကိုယ်ဝန်ဆောင်ထားချိန်မှာပဲ စားသောက်မှုပုံစံကိုဂရုစိုက်ဖို့လိုတာလား။ မဟုတ်ပါဘူးနော်။ နို့ချိုတိုက်ကျွေးနေချိန်မှာလည်း စားသောက်မှုပုံစံကို ဂရုစိုက်ဖို့လိုမှာပါ။ ဒါ့အပြင်ခွဲမွေးထားတဲ့မေမေတစ်ယောက်အနေနဲ့လည်း စားသောက်မှုပုံစံကိုဂရုစိုက်ဖို့လိုပါမယ်။ ဒီလိုပြောရတဲ့အကြောင်းကတော့ ခွဲမွေးတာက အသေးစားခွဲစိတ်မှုမဟုတ်တာကြောင့် ခန္ဓါကိုယ်ကျန်းမာဖို့အတွက် စားသောက်မှုပုံစံကိုသေချာလေးဂရုစိုက်ဖို့လိုမှာပါ။ ဒီတော့ ခွဲမွေးထားတဲ့မေမေတို့ ဘာတွေစားလို့၊ဘာတွေရှောင်ရမလဲ ဆိုတာ ပြောပြပေးမယ်နော်။ ခွဲမွေးထားရင် အနာကျက်ဖို့ ဘယ်လောက်စောင့်ရမလဲ.............. ခွဲမွေးတာက အသေးစားခွဲစိတ်မှုတစ်ခုမဟုတ်တာကြောင့်ဆေးရုံမှာ ရိုးရိုးမွေးတဲ့သူတွေထက်ပိုနေဖို့လိုအပ်သလို အနာကျက်ဖို့အတွက်လည်း ရက်သတ္တပတ် ၆ ပတ်လောက်အထိစောင့်ဖို့လိုပါမယ်။ ဒီကာလအတွင်းမှာ ချုပ်ရိုးကိုရေထိတာမျိုး၊ အလေးအပင်မတာမျိုး၊လေ့ကျင့်ခန်း ခပ်ကြမ်းကြမ်း လုပ်တာမျိုးတွေ မလုပ်မိဖို့ လိုပါမယ်။ ခွဲမွေးထားတဲ့မေမေတို့ ဘာတွေစားလို့၊ဘာတွေရှောင်ရမလဲ ခွဲမွေးထားတဲ့မေမေတို့ ဘာတွေစားလို့၊ဘာတွေရှောင်ရမလဲ ဆိုတော့ ဘာတွေစားရမလဲဆိုတာကို အရင်ပြောပြပေးချင်ပါတယ်။ ခွဲမွေးထားတဲ့မေမေတစ်ယောက် အနာကျက်ဖို့ အရေးကြီးတဲ့ အချက် တစ်ချက် ရှိပါတယ်။ ဒါကတော့ အာဟာရ ပြည့်ဝအောင် စားသုံးပေးဖို့ပါ။ ပရိုတင်း ကြွယ်ဝအောင်စားပေးပါ ပရိုတင်း ကြွယ်ဝဖို့က မေ့ထားလို့မဖြစ်တဲ့ အချက် တစ်ခုပါ။ ပရိုတင်းက တစ်ရှုးအသစ်တွေဖြစ်ပေါ်စေဖို့ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်