home

သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ခွဲမွေးထားတဲ့ မေမေတို့ အတွက် ချုပ်ရိုးမြန်မြန်သက်သာစေမယ့် နည်းလမ်းအချို့

ခွဲမွေးထားတဲ့ မေမေတို့ အတွက် ချုပ်ရိုးမြန်မြန်သက်သာစေမယ့် နည်းလမ်းအချို့

ဘေဘီလေးကိုမွေးဖွားမှုကမေမေတို့ရဲ့ ဘဝတလျှောက်မှာ အကြီးမားဆုံးသော စွန့်စားမှုကြီးကိုလုပ်ဆောင်တာပါပဲ။ ဒီလိုမွေးဖွားမှုထဲမှာမှ ခွဲမွေးထားတဲ့ မေမေတို့ ဆိုရင်ဘေဘီလေးကို ဂရုစိုက်ရသလို ချုပ်ရိုးသက်သာစေဖို့အတွက်လည်းဂရုစိုက်ရပါသေးတယ်။ဘေဘီလေးကို ခွဲမွေးထားတဲ့မေမေတို့အတွက် ချုပ်ရိုးကိုမြန်မြန်သက်သာစေဖို့ ဒီဆောင်းပါးလေးကနေ နည်းလမ်းလေးတွေပြောပြမယ်နော်။

ခွဲမွေးထားတဲ့ မေမေတို့အတွက် ချုပ်ရိုးသက်သာစေမယ့်နည်းလမ်းကောင်းအချို့

ဘေဘီလေးကို ခွဲမွေးထားတဲ့မေမေတို့အနေနဲ့ ချုပ်ရိုးမြန်မြန်သက်သာစေဖို့ ဒီနည်းလမ်းလေးတွေက အကောင်းဆုံးအထောက်အပံ့ဖြစ်စေမှာပါ။

လမ်းလျှောက်ပေးပါ

လမ်းလျှောက်တာက စိတ်ရောကိုယ်ပါကျန်းမာစေဖို့အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ လမ်းပုံမှန်လျှောက်ပေးတာကသွေးခဲတာမျိုးဖြစ်နိုင်ခြေနည်းစေပြီး နှလုံးသွေးကြောဆိုင်ရာရောဂါတွေကို ကင်းစေနိုင်ပါတယ်။ဘေဘီလေးကိုခွဲမွေးထားတဲ့မေမေတို့အနေနဲ့လည်း တစ်နေ့ကို ၁၅ မိနစ်လောက်ပုံမှန်လမ်းလျှောက်ပေးတာက ချုပ်ရိုးမြန်မြန်ကျက်စေဖို့ အကောင်းဆုံးအထောက်အပံ့ဖြစ်စေမှာပါ။

အမျှင်ဓါတ်များများစားပေးပါ

အမျှင်ဓါတ်များများစားပေးတာက ဗိုက် ခွဲမွေးထားတဲ့ မေမေတို့ ကို ဝမ်းချုပ်တာကြောင့် ချုပ်ရိုးထိခိုက်နိုင်ခြေကနေ အကောင်းဆုံးကာကွယ်ပေးနိုင်မှာပါ။ ဒါကြောင့် အမျှင်ဓါတ်ကြွယ်ဝတဲ့ ရုံးပတီသီး၊ အုတ်ဂျုံ၊ နှမ်းကြတ်စေ့၊ ပင်ပွား၊ ပဲအမျိုးမျိုးတို့ကို စားပေးလို့ရပါတယ်။

ရေများများသောက်ပါ

တစ်နေ့ကိုရေ ၈ ခွက်အနည်းဆုံးသောက်ပေးပါ။ ခန္ဓါကိုယ်မှာရေဓါတ်ပြည့်ဝနေမှုကသွေးစီးဆင်းမှုကိုကောင်းမွန်စေနိုင်ပြီး အနာကျက်စေဖို့အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။ရေပဲသောက်ရမှာ အရသာမရှိဘူးထင်တယ်ဆိုရင် သစ်သီးစစ်စစ်ကိုဖျော်ထားတဲ့ဖျော်ရည်လေးတွေကိုသောက်ပေးလို့ရပါတယ်။

နှိပ်နယ်ပေးပါ

ချုပ်ရိုးတဝိုက်ကို ခပ်ဖွဖွလေးနှိပ်ပေးတာက ချုပ်ရိုးတဝိုက်မှာသွေးစီးဆင်းမှုကောင်းစေပြီး အနာကျက်မြန်စေနိုင်သလို အမာရွတ်ကျန်နိုင်ခြေကိုလည်းလျော့ချပေးနိုင်ပါတယ်။ အရေပြားဆဲလ်သစ်တွေဖြစ်ပေါ်စေဖို့လည်း အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။

ပြည့်ပြည့်ဝဝအနားယူပေးပါ

ရိုးစင်းလွယ်ကူလွန်းတဲ့ အနာကျက်စေနိုင်တဲ့နည်းလမ်းပါ။မေမေတစ်ယောက်ဖြစ်တာကြောင့် အိပ်ချိန်ပြည့်ပြည့်ဝဝရဖို့ခက်ခဲနိုင်ပေမယ့်လည်း တတ်နိုင်သမျှပြည့်ပြည့်ဝဝလေးအနားယူပေးပါ။ ဒါမှချုပ်ရိုးကမြန်မြန်သက်သာစေမှာပါ။

ရေနွေးအိတ်ကပ်ပေးပါ

နာကျင်မှုကို သက်သာစေနိုင်သလို ကြွက်သားတွေကိုလည်ပြေလျော့စေနိုင်ပါတယ်။ ဒါကြောင့် ချုပ်ရိုးတဝိုက်နဲ့ချုပ်ရိုးပေါ်ကိုရေနွေးအိတ်ကပ်ပေးပါ။

ဆီတစ်မျိုးမျိုးလူးပေးပါ

ရနံ့မွှေးတဲ့ဆီတစ်မျိုးမျိုးကို ချုပ်ရိုးပေါ်နဲ့ချုပ်ရိုးတဝိုက်ကို လူးပေးပါ။ ဒီလိုလုပ်ပေးတာက အနာကျက်စေနိုင်သလို အမာရွတ်ကျန်နိုင်ခြေကိုလည်း နည်းစေနိုင်ပါတယ်။ မုန်ညှင်းဆီ၊ သံလွင်ဆီတို့ကို ဂွမ်းစလေးနဲ့တို့ပြီးလူးပေးပါ။

အာဟာရပြည့်အောင်စားပေးပါ

အာဟာရပြည့်ဝအောင်စားသုံးမှုက ချုပ်ရိုးတွေကို အထိရောက်ဆုံးသက်သာစေမှာပါ။ ဒါကြောင့် ခွဲမွေးထားတဲ့မေမေအနေနဲ့ အာဟာရပြည့်ဝအောင်စားသုံးပေးဖို့ကလည်း အရေးကြီးတဲ့အချက်တစ်ခုပါ။ ဒါကြောင့်နေ့စဉ်စားသုံးတဲ့အစားအစာတွေထဲမှာ ပရိုတင်းကြွယ်ဝတဲ့ အဆီမပါတဲ့အသား၊ ပဲအမျိုးမျိုး၊၊ ဟင်းသီးဟင်းရွက်နဲ့သစ်သီးတွေ၊ ဆန်လုံးညို၊ ကန်စွန်းဥ၊ထောပတ်သီး၊ သံလွင်ဆီ၊ဘယ်ရီသီးတွေစားပေးလို့ရပါတယ်။ အခွံမာသီး၊အစေ့အဆန်၊ ဆယ်လ်မွန်ငါးတို့ကို စားပေးလို့ရပါတယ်။

သားဥကြွေခြင်းကို တွက်ချက်ခြင်း

သားဥကြွေခြင်းကို တွက်ချက်ခြင်း

ရာသီစက်ဝန်းကို လေ့လာနိုင်ပါသည်။ မျိုးအောင်နိုင်မယ့်ရက်ကို တွက်ချက်ပြီး ကလေးယူဖို့ ဒါမှမဟုတ် တားဆေးသုံးဖို့ ဆုံးဖြတ်နိုင်ပါသည်။

သားဥကြွေခြင်းကို တွက်ချက်ခြင်း

ရာသီစက်ဝန်းကို လေ့လာနိုင်ပါသည်။ မျိုးအောင်နိုင်မယ့်ရက်ကို တွက်ချက်ပြီး ကလေးယူဖို့ ဒါမှမဟုတ် တားဆေးသုံးဖို့ ဆုံးဖြတ်နိုင်ပါသည်။

သားဥကြွေခြင်းကို တွက်ချက်ခြင်း

ရာသီစက်ဝန်း ရက်အရေအတွက်

(days) ရက်

28

ရာသီရက်စုစုပေါင်း

(days) ရက်

7

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

8 natural C-section recovery tips to help you feel better fasthttps://www.mother.ly/life/natural-remedies-recover-c-section Accessed Date 2 August 2019

How to speed up recovery from a cesarean deliveryhttps://www.medicalnewstoday.com/articles/323229.phpAccessed Date 2 August 2019

C-Section: Tips for a Fast Recoveryhttps://www.healthline.com/health/pregnancy/c-section-tips-for-fast-recoveryAccessed Date 2 August 2019

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 27/10/2021 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။