backup og meta

မီးဖွားပြီးပြောင်းလဲလာမယ့် သင့်ကိုယ်ခန္ဓာအကြောင်း ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 03/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မီးဖွားပြီးပြောင်းလဲလာမယ့် သင့်ကိုယ်ခန္ဓာအကြောင်း ။ ။

    မီးဖွားတယ်ဆိုတဲ့ အလုပ်ဟာ ကျွန်မတို့ အမျိုးသမီးတွေအတွက် သမိုင်းပေးတာဝန်၊ ကမ္ဘာဦးအစတည်းက ဖြစ်တည်လာတဲ့အရာတစ်ခုပါ။ လူသားတစ်ဦးကို ဖွားမြင်ပေးရတာလောက် ဝမ်းမြောက်စရာကောင်းတာ မရှိသလို အဲဒီအချိန် ကြုံတွေ့ရတဲ့ ပင်ပန်းဆင်းရဲ ဝေဒနာကလည်း အများကြီးပါ။ ကိုယ်ဝန် ဆောင်တုန်း ကြုံရမယ့် အခက်အခဲတွေ အများကြီးရှိသလို မီးဖွားပြီးပြန်တော့လည်း ပြောင်းလဲသွားမယ့် အရာတွေ ၊ ဝေဒနာတွေ အများကြီးရှိပါတယ်။ ဒီတော့ အမျိုးသမီးတိုင်းနီးပါး ကြုံတွေ့ရမယ့် မီးဖွားပြီးနောက် ပြောင်းလဲလာမယ့် ကိုယ်ခန္ဓာအကြောင်း ဗဟုသုတအနေနဲ့ ပြောပြပေးချင်ပါတယ်။

    မီးဖွားပြီးနောက်ပိုင်း ဘာတွေ ကြုံတွေ့ရမလဲ ။ ။

    မီးဖွားပြီးနောက်ပိုင်း ကြုံတွေ့ရမယ့် ပြောင်းလဲမှုတွေကတော့

    Lochia မီးဖွားပြီးနောက်ပိုင်း သွေးဆင်း၊ ရေဆင်းခြင်း။

    မီးဖွားပြီး ပထမ ၃ ရက်အတွင်းမှာဆို သွေးတွေဆင်းတတ်ပြီး နောက်ပိုင်းကျ တဖြည်းဖြည်း အရောင်လျော့သွားကာ အရည်ကြည်လေးတွေ ပန်းရောင်အရည်လေးတွေ ဆင်းမှာဖြစ်ပါတယ်။ မီးဖွားပြီး ၂ ပတ်လောက်ရှိပြီဆိုရင်တော့အရည်က အဝါရောင်ပြောင်းသွားတတ်ပါတယ်။ မနက်အိပ်ရာနိုးစအချိန်၊ လှုပ်ရှားမှုများတဲ့အချိန်နဲ့ နို့တိုက်နေတဲ့အချိန်ဆို ပိုဆင်းတတ်ပါတယ်။ မီးဖွားပြီး ၁ လ ၁လခွဲလောက်ဆို ဒီလို အရည်ဆင်းတာတွေ ရပ်သွားပါလိမ့်မယ်။ သွေးဆင်းနေတဲ့အချိန်မှာတော့ တမ်ပွန်မသုံးဘဲ လစဉ်သုံးပစ္စည်းကိုသာ သုံးပေးပါ။

    ခွဲမွေးထားတဲ့ချုပ်ရိုးက အရည်စိမ့်နေမယ်။

    တကယ်လို့ ရိုးရိုးမဟုတ် ခွဲမွေးထားတဲ့သူဆိုရင် ချုပ်ရိုးကနေ အရည်တွေ သွေးတွေ စိမ့်ထွက်တတ်ပါတယ်။ နောက်ပြီးချုပ်ရိုးကနေ ပိုးမဝင်သွားစေဖို့ ချုပ်ရိုးပတ်လည်ကို သန့်ရှင်းရေး သေချာ လုပ်ပေးဖို့လိုပါတယ်။

    နို့ရည်တွေ ထွက်နေပါလိမ့်မယ်။

    မီးဖွားပြီး နောက်ပိုင်း နို့ချိုတိုက်ကျွေးရမှာ ဖြစ်တဲ့အတွက် ရင်သားဆီ သွေးလည်ပတ် မှုများပြီး ရင်သားကြီး နေတာ၊ တင်းနေတာ၊ နို့သီးခေါင်းတွေ မဲပြီး နို့ရည်တွေ ထွက်နေပါလိမ့်မယ်။ တကယ်လို့ နို့မထွက်တာမျိုးဖြစ်နေခဲ့ရင်တော့ ရင်သားတွေ တင်းပြီး နာကျင်နေတတ်ကာ တစ်ခါတစ်ရံ အထိမခံနိုင်ဘဲ ဖြစ်တတ်ပါတယ်။ ဒီလို အချိန်မျိုးဆိုနို့ကိုသေချာ ချေပေးဖို့လိုပါတယ်။

  • ရေခဲကပ်တာမျိုး၊ ရေနွေးအိတ်ကပ်တာမျိုး
  • ကလေးနို့မတိုက်ခင် နို့ထွက် အောင် ညှစ်ပေးနေတာမျိုး
  • နို့တင်း၊ နို့ကိုက်တာတွေ သက်သာအောင် အကိုက်အခဲပျောက်ဆေးသောက်ပေးလို့လည်းရပါတယ်။ ဆရာဝန်နဲ့တိုင်ပင်ဖို့တော့ လိုပါတယ်။
  • ရင်သားထိန်း ဘရာစီယာတွေဝတ်ပါ။
  • မိန်းမကိုယ် ပတ်လည်မှာနာကျင်နေတတ်ပါတယ်။

    ရိုးရိုးမွေးတဲ့အချိန် မွေးလမ်းကြောင်းချဲ့ရတဲ့အတွက် မိန်းမကိုယ်အောက်ပိုင်းနေရာနဲ့ စအိုနားက အရေပြားနေရာနာနေတတ်ပါတယ်။ ဒါကိုသက်သာစေဖို့ ရေနွေးစိမ်ချိုးပါ။ ပိုးဝင်တာကို ကာကွယ်ဖို့အတွက် အနာကိုသေချာသန့်ရှင်းရေးလုပ်ပါ။ မီးဖွားပြီးဆင်းတဲ့ အရည်တွေကို ခံဖို့ လစဉ်သုံးပစ္စည်းသုံးပါ။ လစဉ်သုံးပစ္စည်းကို တစ်နေ့ ၂ ကြိမ်လောက်လဲပေးပါ။

    သားအိမ်ကျုံခြင်း။

    မွေးပြီးပြီးချင်းအချိန်ဆို သားအိမ်က ချက်နားလောက်မှာ ရှိနေတတ်ပြီး နောက်ပိုင်းကျ တစ်ရက်ပြီးတစ်ရက်နဲ့ သူ့နဂို မူလနေရာဖြစ်တဲ့ ဗိုက်အောက်နားလောက်ကို ပြန်ရောက်သွားမှာပါ။ နို့တိုက် လေလေ သားအိမ်ပြန်ကျုံ့သွားတဲ့ နှုန်းမြန်လေလေပါပဲ။ ပုံမှန်ဆို မီးဖွားပြီး ၆ပတ်လောက် အကြာမှာတင် သားအိမ်က သူ့နဂိုနေရာနဲ့ နဂိုပုံစံ အရွယ်အစားပြန်ရောက်သွားမှာပါ။ သားအိမ်ကျုံတဲ့အချိန်မှာ နာကျင်တာဈ ဗိုက်အောင့်တာမျိုးကို လူတိုင်းခံစားရတတ်ပြီး ကလေးမွေးထားတဲ့ အကြိမ်များတဲ့သူတွေက့ပိုခံစားရတတ်ပါတယ်။ ဒါတွေကိုသက်သာစေချင်တယ်ဆိုရင်တော့

  • ဗိုက်အောက်မှာ ခေါင်းဦးပါးပါးလေးတစ်လုံးထားပြီး မှောက်အိပ်ပါ။
  • လမ်းလျှောက်ပေးပါ
  • ဆရာဝန်နဲ့တိုင်ပင်ပြီး အကိုက်အခဲပျောက်ဆေးသောက်ပေးပါ။
  • ဗိုက်အောင့်ချိန် ရေနွေးအိတ်ကပ်ပေးပါ
  • ဆီးသွားရခက်ခြင်း

    မီးဖွားပြီးခါစအချိန် အထူးသဖြင့် ခွဲမွေးထားတဲ့သူတွေမှာ ဆီးသွားရခက်တာမျိုး ရှိတတ်ပါတယ်။ ဒါ့ကြောင့် မီးဖွားပြီးချိန် ဆီးသွားလို့မရတာ၊ ဆီးသွားရခက်တာမျိုး အရမ်းကြီးဖြစ်နေတယ်ဆိုရင်တော့ ဆရာဝန်ဆီပြန်သွားပြဖို့လိုပါလိမ့်မယ်။

    ဆီးမလုံခြင်း

    မီးဖွားချိန်မှာ ကြွက်သားတွေ ဆန့်ထားရတာများတဲ့အတွက် ကြွက်သားအားလျော့ပြီး ဆီးမထိန်းနိုင်တာ၊ ဝမ်းမလုံတာမျိုးတွေ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ရယ်လိုက်ချိန် ချောင်းဆိုးချိန်တွေမှာပေါ့။ ဒါပေမယ့်ဒါတွေက တစ်ချိန်လုံးဖြစ်နေမှာတော့ မဟုတ်ပါဘူး။ မွေးပြီး ရက်သတ္တပါတ် အနည်းငယ်လောက်ကြာတဲအ့ချိန် မှာ ပြန်ပျောက်သွားမှာဖြစ်ပါတယ်။ ဒါပေမယ့်မွေးပြီး ၃ လကြာတ့အထိတောင် ဒီလို ပြဿနာတွေ မပျောက်သေးဘူးဆိုရင်တော့ ဆေးခန်းသွားပြဖို့လိုနေပါပြီ။

    ဝမ်းချုပ်ခြင်း။

    ကိုယ်ဝန်ဆောင်ချိန်ပဲ မဟုတ်ပါဘူး။ မီးဖွားပြီးချိန်မှာလည်း ဝမ်းချုပ်တဲ့ပြဿနာဆက်ဖြစ်နေပါသေးတယ်။ မီးဖွားပြီး ၃ရက်၄ ရက်လောက် အူလမ်းကြောင်း လှုပ်ရှားမှုတွေ မရှိဖြစ်နေတတ်ပါတယ်။ ခွဲမွေးထားတဲ့သူတွေ အကြုံများတဲ့ ပြဿနာတစ်ခုပါ။ ဒါ့ကြောင့် အမျှင်ဓာတ်များများစားပါ။ ရေများများသောက်ပါ။ လှုပ်ရှားမှုလေးတွေ လုပ်ပေးပါ။ Narcotic pain relievers ( အနာသက်သာဆေး) တွေက ဝမ်းချုပ်ခြင်ကို ပိုဆုးစေတဲ့အတွက် သူတို့ကိုရှောင်ပါ။ နောက်ပိုင်း ၅ ရက်တောင်ကြာလို့မှ ဝမ်းမသွားဘူးဆိုရင်တော့ ဆရာဝန်နဲ့တိုင်ပင်ပြီးဝမ်းနှုတ်ဆေးသောက်သင့်ရင်သောက်ပါ။

    ရာသီသွေးဆင်းခြင်း။

    သင်ကနို့တိုက်နေတဲ့သူဆိုရင် ကလေးနို့မဖြတ်မချင်း ရာသီသွေးဆင်းဦးမှာ မဟုတ်သေးပါဘူး။ သတိထားဖို့လိုတာက နို့တိုက်နေတဲ့အချိန် ရာသီသွေးဆင်းခဲ့ရင် ကလေးရသွားနိုင်ချေများပါတယ်။ မီးဖွားပြီးလပိုင်းလောက်နဲ့တင် ကိုယ်ဝန်ပြန်ရသွားတာက ကလေးအတွက်ရော မိခင် ကျန်းမာရေးအတွက်ပါထိခိုက်စေတာကြောင့် အနည်းဆုံး ကလေးတစ်ယောက်နဲ့တစ်ယောက်ကြား ၂ နှစ်လောက်ခြားသင့်ပါတယ်။ ကြားထဲမှာ သုံးသင့်တဲ့ သားဆက်ခြားနည်းအတွက်ကတော့ ဆရာဝန်တွေနဲ့ သေချာတိုင်ပင်သင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 03/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement