site wide icon
ကိုယ်ဝန်ဆောင်ချိန်တလျှောက်လုံး သိလိုတာ မေးမြန်းနိုင်ဖို့ ခုပဲ ပါဝင်လိုက်ပါ။
brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း
ကျန်းမာရေးစောင့်ရှောက်မှု

ကြော်ငြာ

  1. ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ
  2. မိခင်ကျန်းမာရေး
  3. မွေးဖွားပြီးကာလကိုယ်တိုင် ဂရုစိုက်မှု
ဆောင်းပါး ကူညီပံ့ပိုးသူ 
May May Club

မျှဝေပါ။

ဘေဘီလေးတွေမွေးပြီးနောက်ပိုင်း အသားအရေလျော့တွဲမနေစေဖို့

ဘေဘီလေးတွေမွေးပြီးနောက်ပိုင်း အသားအရေလျော့တွဲမနေစေဖို့

လူပိစိလေး တစ်ယောက်လုံးကို လွယ်ထားရတဲ့ မေမေတွေရဲ့ ခန္ဓာကိုယ် အရေပြားတွေဟာ မွေးပြီးတဲ့အခါ ချက်ချင်းတော့ ပြန်မကျုံ့နိုင်ပါဘူး။ အရေပြား၊ အထူးသဖြင့် ဗိုက်အရေပြားမှာ လျော့ရဲတွဲနေတာမျိုး ဖြစ်ကျန်ခဲ့နိုင်တယ်၊ ဗိုက်ပူနေနိုင်တယ်။ ကလေးထွားလေ ပိုဆိုးလေ၊ အမြွှာမွေးတဲ့ဗိုက်ဆို ပိုဆိုးလေပါပဲ။ ဒီတစ်ခေါက်တော့ မေမေတို့အတွက် ဘေဘီလေးတွေ မွေးပြီးနောက်ပိုင်း အသားအရေ လျော့တွဲမနေစေဖို့ ဘာတွေ ဂရုစိုက်ရမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။

ကိုယ်ဝန်ကြောင့် အရေပြားမှာ အပြောင်းအလဲတွေ အများကြီး ဖြစ်စေနိုင်မယ့် တော်တော်များများက မီးဖွားပြီးနောက်ပိုင်း ပုံမှန် ပြန်ဖြစ်ကြပါတယ်။ ပုံမှန် ပြန်မဖြစ်တာက ခုနက ပြောတဲ့ အရေပြား လျော့တွဲမှု ပြဿနာပါ။ အရေပြား ဆိုတာ collagen ၊ elastin တို့နဲ့ ဖွဲ့စည်းထားတာမို့ ခန္ဓာကိုယ် ကြီးလာတာနဲ့အမျှ သူက လိုက်ပြန့်ကားလာနိုင်ပါတယ်။ ပြဿနာက ပြန်ပိန်သွားတဲ့အခါ (ဗိုက်ပြန်ချပ်) အရေပြားက နဂိုအနေအထား ပြန်ဖြစ်ဖို့ မလွယ်ပါဘူး။

ဘေဘီလေးတွေ မွေးထားတဲ့ မေမေတွေ အနေနဲ့ အရေပြား လျော့တွဲတာ ဖြစ်ကျန်ခဲ့ရင် အရင်လို မလှနိုင်တော့ဘူးဆိုတာ သတိမမေ့နဲ့နော်။ တစ်သားမွေး တစ်သွေးလှဆိုတာ ဒီအတိုင်းတော့ သူ့အလိုလို ဖြစ်မလာပါဘူး။ ဗိုက်ရွဲ၊ အဆီတက်ပြီး အရေပြားတွေ တွဲကျန်မနေရစ်အောင် ဂရုစိုက်သင့်တဲ့ အချက်လေးတွေကို လက်ဆောင် ပြောပြမယ်နော်။

ဒါပေမယ့် တစ်ခုတော့ မှတ်ထားနော်….ချက်ချင်းတော့ မရဘူး။ အရေပြားတွေ ပြန်တင်းရင်းလာဖို့ စိတ်ရှည်ရှည်နဲ့ ကြိုးစားရင်း အချိန် တစ်ခု စောင့်ရပါမယ်။

ဘေဘီလေးတွေမွေးပြီးနောက်ပိုင်း အသားအရေလျော့တွဲမနေစေဖို့

ဘေဘီလေးတွေမွေးပြီးနောက်ပိုင်း အသားအရေလျော့တွဲမနေစေဖို့ ဆိုရင်

(၁) ပရိုတင်းများများစားပါ

ပရိုတင်းနဲ့ အကျိုးပြုအဆီတွေ စားသုံးတဲ့အခါ ကြွက်သားတည်ဆောက်မှုကို အားပေးတယ်။ ပရိုတင်းက အသားအရေကို တင်းရင်းစေဖို့ အရေးပါတဲ့ အာဟာရဓာတ် collagen လည်း ပါဝင်တယ်။

(၂) လှုပ်လှုပ်ရှားရှားလေ့ကျင့်ခန်းလုပ်ပါ

ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းကို ပုံမှန် လုပ်ပေးရင် ကိုယ်ရည်စစ်ပြီး ကြွက်သား အနေအထား ကျနလာပါလိမ့်မယ်။ ခွဲမွေးထားတဲ့သူတွေတော့ မလုပ်သင့်ဘူး ဆိုပေမယ့် လမ်းလျှောက်တာလောက်တော့ ပုံမှန် လုပ်လို့ ရတယ်မလား။ ယောဂ ကစားတာနဲ့ တခြားလေ့ကျင့်ခန်းတွေက ဗိုက်အရေပြား၊ တင်၊ ရင် တို့အတွက် အသား တင်းရင်းကျစ်လျစ်စေဖို့ အဓိက အရေးပါပါတယ်။

ဒါပေမယ့် ကျွမ်းကျင်တဲ့ ထရိန်နာ မပါဘဲ ကိုယ့်ဘာသာ လုပ်ရင် အမှားပါနိုင်တယ်။ သူတို့ကတော့ ကလေးမီးဖွားထားတဲ့သူတွေ ရှောင်သင့်တဲ့ လှုပ်ရှားမှုတွေကို အကြံပြုပေးနိုင်ပါတယ်။

မီးဖွားထားတဲ့ သူတွေ အတွက် ဘေးကင်းတဲ့ လှုပ်ရှားမှုကတော့ (ခွဲမွေးထားရင် ချုပ်ရိုး ကျက်ပြီးမှနော်) ရေကူးတာ၊ လမ်းလျှောက်တာတွေရပါတယ်။ အနည်းအကျဉ်း ပုံမှန်လေး လှုပ်ရှားရင် ရပါပြီ။

(၃)ရေသောက်ပါ

ရေသောက်မှ အသားအရေကို ရေဓာတ် ဖြည့်ပေးနိုင်ပြီး ကျုံ့ဆန့်နိုင်စွမ်း ပိုကောင်းစေနိုင်ပါတယ်။ ရေပိုသောက်ပေးမှ အဆီလောင်ကျွမ်းရတာ ပိုလွယ်မယ်၊ ဗိုက်မှာ အရည်စုနိုင်ခြေလည်း လျော့နည်းစေမယ်။

(၄) အဆီလိမ်းပါ (Essential oils)

အပင်ထွက် သဘာဝအဆီတွေက အရေပြားကို ပြုပြင်ကုသရာမှာ အတော်ကောင်းပါတယ်။ သူတို့မှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ရောင်ရမ်းမှု လျော့စေတဲ့ ဂုဏ်သတ္တိတွေကြောင့်ပါ။ အခုဆို မေမေတို့အတွက် ထုတ်လုပ်တဲ့ လိမ်းဆေးအဆီတွေ၊ တင်းရင်းစေတဲ့ ခရင်မ်တွေ ရှိနေပြီဆိုတော့ ပိုအဆင်ပြေတာပေါ့။ ဒီလိုမျိုး တစ်နေ့ နှစ်ကြိမ်လောက် နှိပ်နယ်လိမ်းပေးတာ သွေးလည်ပတ်မှုကိုလည်း ကောင်းစေပါတယ်။

(၅) အသားတင်းရင်းစေတဲ့အာဟာရဓာတ်တွေဖြည့်တင်းပါ

အသားအရေ တင်းရင်းစေနိုင်တဲ့ collagen နဲ့elastin တို့ကို ပိုတိုးစေမယ့် ဆေးတွေ အများကြီး ရှိနေပါတယ်။ အမျိုးသမီး အားဆေးတွေပေါ့။ သူတို့မှာ အများအားဖြင့် collagen ၊ ဗီတာမင် စီ၊ နဲ့ retinoidsတွေ ပါဝင်တဲ့အတွက် အသားအရေကို ပြန်လည်တင်းရင်း လှပစေပါလိမ့်မယ်။

ကလေးဘယ်နှယောက် မွေးတဲ့ မေမေပဲဖြစ်ဖြစ် လှပြီးရင်းလှနေတဲ့ ရုပ်ရှင်မင်းသမီးတွေကိုတွေ့တယ်မလား။ တစ်သားမွေး တစ်သွေး လှချင်ရင် ဘေဘီလေးတွေကိုပဲ ဂရုစိုက်မနေဘဲ ကိုယ့်ကိုယ်ကိုယ်လည်း ဂရုစိုက်ပေးပါ။ မဖြစ်နိုင်ဘူး ဆိုတာ မရှိပါဘူးလို့။

fact-check
Hello Sayarwon Panel
မှ အချက်အလက် စစ်ဆေးထားပါသည်။
Hello Sayarwon Panel
Yun Sandi Nan Mon မှ ရေးသားသည်။ · 07/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။
hellobacsi white

Helloဆရာဝန်အနေဖြင့် ပိုမို ကျန်းမာပျော်ရွှင်စေဖို့ နှင့်ကျန်းမာရေးနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် စိတ်ချရသော ကျန်းမာရေး အချက်အလက်များကို ထောက်ပံ့ပေးသည့် ယုံကြည်စိတ်ချရသော ကျန်းမာရေး စောင့်ရှောက်ပေးသူ ဖြစ်ချင်ပါတယ်။

  • ကျန်းမာရေး ဆောင်းပါးများ
  • ကျန်းမာရေး ကိရိယာများ

သတင်းအချက်အလက်

  • ဝဘ်ဆိုက်အသုံးပြုမှု စည်းမျဉ်းများ
  • ကိုယ်ရေးအချက်အလက်စောင့်ထိန်းခြင်းမူဝါဒ
  • တည်းဖြတ်ခြင်းနှင့် ပြင်ဆင်ခြင်းဆိုင်ရာမူဝါဒ
  • ကြော်ငြာနှင့် စပွန်ဆာ လက်ခံခြင်းဆိုင်ရာ မူဝါဒ

Hello Health

  • Hello Health အကြောင်း
  • ကျွန်ုပ်တို့အကြောင်း

  • HelloSehat
  • HelloKhunmor
  • HelloDoktor
  • HelloKrupet
  • HelloYishi
  • HelloSwasthya
  • HelloBacsi
  • HelloDoctor
  • HelloJiankang
  • https://www.dmca.com/ProtectionPro.aspx?r=m
©2026 Hello Health Group Pte. Ltd. All Rights Reserved. Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။