ပထမ ကလေးမွေးပြီးတာ သိပ်မကြာသေးဘူး။ နောက်ထပ်ကိုယ်ဝန်ရသွားတဲ့ အဖြစ်မျိုးတွေ ကြားဖူးမှာပါ။ ပထမကလေးကလည်း ငယ်သေး နောက်ကိုယ်ဝန်လည်း ထပ်ရှိတော့ အကုန်လုံး ဗျာများရတော့တာပေါ့။ ဒါတွေအားလုံးဟာ မီးဖွားြပီးနောက်ပိုင်း အချိန်သိပ်မခြားဘဲ နောက်ကိုယ်ဝန်မရအောင် ဘယ်လိုတားရလဲဆိုတာနဲ့ ပက်သက်တဲ့ အကြောင်းလေး မသိကြသေးလို့ ဖြစ်ရတာပါ။ ကိုယ်ဝန်တားချင်ပေမယ့် ဘယ်အချိန်ဆို တားဆေး၊ ထိုးဆေး သောက်လို့ ထိုးလို့ရပြီလဲဆိုတာကို မသိကြတဲ့သူတွေလည်းရှိတာကြောင့် ဒီဆောင်းပါးလေးကို ဖတ်ကြည်စေချင်ပါတယ်။ ။
ကလေးမွေးပြီးပြီးချင်း ကိုယ်ဝန်ရသွားတာမျိုး ဖြစ်တတ်လား ။ ။
ကလေးမွေးပြီး နို့တိုက်လား၊ နို့ဘူးတိုက်လားဆိုတာပေါ်မူတည်ပြီး ရာသီ ပေါ်တာ အပြောင်းအလဲရှိတတ်ပါတယ်။ ကိုယ်ဝန်ရရှိခြင်းရဲ့ အဓိက ဇာတ်လိုက်ဖြစ်တဲ့ သားဥက ရာသီမလာခင် ၂ ပတ်လောက်အလိုမှာ ကြွေတတ်တာကြောင့် ကိုယ်ဝန်ရသွားတာမျိုး ဖြစ်နိုင်ပါတယ်။
ကလေးမွေးပြီးနောက်ပိုင်း ၄၅ ရက် မရှောင်မိလိုက်တဲ့အခါ ကလေးနို့တိုက်နေရင်တောင် ၊ ရာသီပြန်မလာသေးရင်တောင် နောက်ကိုယ်ဝန်ရသွားတာမျိုး ဖြစ်တတ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။