မွေးဖွားပြီးကာလကိုယ်တိုင် ဂရုစိုက်မှု

မွေးဖွားပြီးကာလကိုယ်တိုင် ဂရုစိုက်မှု ဆိုတာ မိခင်တိုင်းအတွက် လိုအပ်ပါတယ်။ မွေးဖွားပြီး ပြောင်းလဲလာတဲ့ ခန္ဓာကိုယ်ကို ပြန်လည်ထိန်းသိမ်းဖို့ လိုပါတယ်။

ကျန်းမာရေးဗဟုသုတ

မွေးဖွားပြီးကာလကိုယ်တိုင် ဂရုစိုက်မှု

ကိုယ်ဝန်ပျက်ကျထားတဲ့ မေမေတို့ ဘာတွေစားလို့ ဘာတွေရှောင်ရမလဲ!

ကိုယ်ဝန်ပျက်ကျတာက အမျိုးသမီး တစ်ယောက်အတွက် အတော်လေး ကြေကွဲဝမ်းနည်းစရာ ကောင်းတဲ့ အတွေ့အကြုံပါ။ ကိုယ်ဝန်ပျက်ကျတာက ဘေဘီလေးကို မမွေးဖွားလိုက်နိုင်ပေမယ့် ခန္ဓာကိုယ်မှာ အတော်လေးကို ပင်ပန်းထိခိုက်သွားတာပါ။ ဒါကြောင့် ကိုယ်ဝန်ပျက်ကျပြီးချိန်မှာ ကိုယ်ဝန်ဆောင်မိခင်အနေနဲ့ ပြန်လည် ကျန်းမာလာစေဖို့အတွက် အနေအထိုင် အစားအသောက် အားလုံးကို သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ အခုတစ်ခေါက်မှာတော့ ကိုယ်ဝန်ပျက်ကျထားတဲ့ မေမေတို့ ဘာတွေစားလို့ ဘာတွေရှောင်ရမလဲ! ဆိုတာကို ပြောပြပေးချင်ပါတယ်။ https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/benefits-of-green-leafy-vegetables-during-pregnancy/ ကိုယ်ဝန်ပျက်ကျပြီးချိန်မှာ အားပြန်ပြည့်ဖို့ အချိန်လိုအပ်ပါတယ် ကိုယ်ဝန်ပျက်ကျထားတဲ့ မေမေတို့အနေနဲ့ ပကတိ ပြန်လည်ကျန်းမာလာစေဖို့ဆိုရင် ရက်သတ္တပတ်အတော်ကြာ သေချာလေး အနားယူဖို့ လိုသလို ကိုယ်ဝန်ပျက်ကျပြီးချိန်ကနေ ရက်သတ္တပတ် ၄-၆ ပတ်လောက်အထိ နည်းနည်းစီ သွေးဆင်းတာကိုလည်း ခံစားရနိုင်ပါသေးတယ်။ ကိုယ်ဝန်ပျက်ကျချိန်မှာ သွေးဆင်းတာက ကိုယ်တွင်းမှာ သံဓာတ်ချို့တဲ့မှုကို ဖြစ်စေပြီး ရေရှည်မှာ သွေးအားနည်းတာ၊ ခြေကုန်လက်ပမ်းကျတာ၊ အားနည်းတာလိုမျိုး […]

မွေးဖွားပြီးကာလကိုယ်တိုင် ဂရုစိုက်မှု ကို ရှာဖွေမည်။

မွေးဖွားပြီးကာလကိုယ်တိုင် ဂရုစိုက်မှု

ကလေးမွေးပြီးဆံပင်ကျွတ်တဲ့ပြဿနာ သိပ်မစိုးရိမ်ကြပါနဲ့

ကလေးမွေးပြီးဆံပင်ကျွတ်တဲ့ပြဿနာ သိပ်မစိုးရိမ်ကြပါနဲ့ ဘာကြောင့် ဆံပင်ကျွတ်တာလဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ ကလေးမွေးပြီးဆံပင်ကျွတ်တဲ့ပြဿနာ သိပ်မစိုးရိမ်ကြပါနဲ့ ကလေးမွေးပြီးဆံပင်ကျွတ်တဲ့ပြဿနာ သိပ်မစိုးရိမ်ကြပါနဲ့ ဘာကြောင့် ဒီလို ပြောရတာလဲ ဆိုတော့ ကလေးမွေးပြီးရင် ဆံပင်တွေကျွတ်လာတာ ပုံမှန်ပါပဲ။ အသစ်စက်စက် မေမေတို့ ဆံပင်တွေ ပါးလာတာ အတော်များများမှာ ကြားရလေ့ရှိတဲ့ ညည်းတွားစကားပါ။ ကလေးမွေးပြီးကာစ ပထမနှစ်လသုံးလထက်တောင် နောက်ပိုင်းမှာ ဆံပင်တွေ ပိုကျွတ်လာတာ ရှိနိုင်ပါတယ်။ ဖြစ်လေ့ရှိတဲ့ သဘာဝမို့ ဆံပင်တွေကျွတ်ကုန်ပြီ ဆိုပြီး အရမ်း ထိတ်လန့်မသွားပါနဲ့။ ကလေး အသက် တစ်နှစ် မပြည့်ခင်မှာပဲ မေမေတို့ဆံပင် ပုံမှန် ပြန်ဖြစ်သွားပါလိမ့်မယ်။ ပုံမှန်အားဖြင့် အမျိုးသမီး တစ်ဦးဟာ ပျမ်းမျှအားဖြင့် တစ်နေ့ကို ဆံပင် အချောင်းရေ ၅၀ ကနေ ၁၀၀ ကြား ကျွတ်လေ့ရှိပါတယ်။ ကိုယ်ဝန်ဆောင်ကာလအတွင်းမှာဆို အက်စထရိုဂျင် […]


မွေးဖွားပြီးကာလကိုယ်တိုင် ဂရုစိုက်မှု

Postpartum Infection (ကလေးမွေးပြီးနောက် မိခင်တွင်ပိုးဝင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Postpartum Infection (ကလေးမွေးပြီးနောက် မိခင်တွင်ပိုးဝင်ခြင်း) ကဘာလဲ။ ရိုးရိုးမွေးဖွားပြီးတာပဲဖြစ်ဖြစ် ခွဲပြီးမွေးထားတာပဲဖြစ်ဖြစ် နို့တိုက်နေချိန်မှာပဲဖြစ်ဖြစ် ဘယ်လိုပိုးဝင်ခြင်းမျိုးကိုမဆို ကလေးမွေးပြီးချိန်မိခင်တွင်ပိုးဝင်တယ်လို့ အဓိပ္ပါယ်သတ်မှတ်ပါတယ်။ ကလေးရိုးရိုးမွေးရချိန်မှာဖြစ်ဖြစ် ခွဲမွေးချိန်မှာဖြစ်ဖြစ် ဒဏ်ရာရထားတာမျိုးရှိရင် နောက်ပြီးတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ခန္ဓါကိုယ်ရဲ့ဇီဝဖြစ်စဉ်ပြောင်းလဲ မှုကြောင့် ကလေးမွေးဖွားပြီးနောက်မိခင်တွင်ပိုးဝင်ခြင်းဆိုတာဖြစ်တတ်ပါတယ်။ ကလေးမွေးပြီးတဲ့နောက်မှာ မိခင်တွေက နာကျင်မှုတွေခံစားရတတ်တာကြောင့် ပိုးဝင်ခြင်းကြောင့်နာတာလား ဒါမှမဟုတ် ကလေးမွေးပြီးနောက်နာကျင်ခြင်းလားဆိုတာ ရှာဖွေဖို့ ခက်ခဲတတ်ပါတယ်။ အဖြစ်များတဲ့ပိုးဝင်ခြင်းတွေကတော့ -သားအိမ်အလွှာများယောင်ရမ်းခြင်း သားအိမ်အလွှာပိုးဝင်ခြင်းကိုခေါ်တာပါ။ -ရင်သားယောင်ခြင်း -ခွဲတဲ့နေရာမှာပိုးဝင်ခြင်း -ဆီးလမ်းကြောင်းပိုးဝင်ခြင်း Postpartum Infection (ကလေးမွေးပြီးနောက် မိခင်တွင်ပိုးဝင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ လေ့လာတွေ့ရှိချက်တစ်ခုကတော့ ၉၄ရာခိုင်နှုန်းသော ကလေးမွေးဖွားပြီးနောက်ပိုးဝင်ခြင်းက ဆေးရုံကဆင်းပေးလိုက်ပြီးတဲ့နောက်မှ တွေ့ရတတ်တယ်လို့ပြောပါတယ်။ ကလေးမွေးဖွားပြီးနောက် ပိုးဝင်ခြင်း က သန့်သန့်ရှင်းရှင်းနေထိုင်ခြင်းမရှိတဲ့အချိန်မျိုး ဒါမှမဟုတ် ကျန်းမာရေးစောင့်ရှောက်မှုမကောင်းတဲ့အခါမျိုးမှာ ပိုမိုဖြစ်ပွားတတ်ပါတယ်။ သို့ပေမယ့် အဲ့ဒါတွေကို အန္တရာယ်ရှိစေတဲ့အချက်တွေကို လျှော့ချစေခြင်းဖြင့် စီမံဆောင်ရွက်နေပါတယ်။ တစ်ခြားအချက်အလက်တွေကိုသိရဖို့သင့်ဆရာဝန်နဲ့ဆွေးနွေးပါ။   လက္ခဏာများPostpartum Infection (ကလေးမွေးပြီးနောက် မိခင်တွင်ပိုးဝင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ကလေးမွေးပြီးနောက်ပိုးဝင်ခြင်းရဲ့လက္ခဏာတွေကဘာတွေလဲ။   လူနာက ဖျားတယ် ချမ်းတုန်တယ် […]


မွေးဖွားပြီးကာလကိုယ်တိုင် ဂရုစိုက်မှု

ကလေးမွေးပြီးသော မိခင်များ၏ခန္ဓါကိုယ်တွင် ဖြစ်ပေါ်သော ပြောင်းလဲမှုများ

မိခင်တစ်ဦး အနေဖြင့် ကလေးမွေးပြီးစအချိန်သည် အားအနည်းဆုံးနှင့် ထိလွယ်ရှလွယ် အဖြစ်နိုင်ဆုံးအချိန်ဖြစ်ပါသည်။ အထူးသဖြင့် ဗိုက်ခွဲမွေးထားလျှင် ပိုဆိုးပါသည်။ ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုများသာမက မိခင်၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေများသည်လည်း ကလေးမွေးပြီး ရက်အတော်ကြာအထိ ပြောင်းလဲမှုများ ဖြစ်နိုင်ခြင်း နှင့် အချိန်ကြာမြင့်စွာ စိတ်မကျန်းမာမှုများခံစားရခြင်းတို့ဖြစ်နိုင်ပါသည်။ အောက်ဖော်ပြပါများသည် ကလေးမွေးပြီး အချိန်တွင် မိခင်များခံစားရမည့် ရုပ်ပိုင်းဆိုရာ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများကို ဖော်ပြထားခြင်းဖြစ်ပါသည်။ ကလေးမွေးပြီး အချိန်ဆိုတာဘာလဲ။ ကလေးမွေးပြီး ၁ ပတ်အချိန်တွင် သင့်ကိုယ်ခန္ဓါသည် အနာကျက်ရန်နှင့် နောက်ကိုယ်ဝန်မရရန် ထိန်းညှိမှုဖြစ်စဉ်များဖြစ်နေသော အချိန်ဖြစ်ပါသည်။ ထိုအချိန်ကို မွေးပြီးကာစအချိန်အဖြစ် သတ်မှတ်ထားပြီး ထိုအချိန်တွင် နာလန်မထနိုင်ခင်အချိန်အထိ မိခင်များ၏ ကိုယ်ခန္ဓါနှင့် စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုများ ခံစားရပါသည်။ ခံစားရပုံများသည် မိခင်တစ်ဦးနှင့် တစ်ဦးမတူညီပါ။ ကလေးမွေးပြီး ၂ ပတ်မှ ၆ ပတ်အတွင်းတွင် ဆရာဝန်နှင့်ရက်ချိန်းပြသပြီး အနာကျက်မကျက်နှင့် မိခင်၏ […]


မွေးဖွားပြီးကာလကိုယ်တိုင် ဂရုစိုက်မှု

မီးဖွားအပြီး စားသောက်ပုံ။ မလေးရှားလူမျိုးများ အတွေ့အကြုံ

မီးဖွားအပြီးတွင် မိခင်ကို အာဟာရ လုံလောက်စွာ ကျွေးခြင်းသည် အလွန်အရေးပါသည်။ သူမ၏ ခန္ဓါကိုယ်ကို အားသစ်ဖြစ်စေရန်နှင့် မီးဖွားအပြီး ပြန်လည်သက်သာစေရန် အကူအညီပေးသောကြောင့် ဖြစ်သည်။ ယဉ်ကျေးမှုအမျိုးမျိုး တွင် မီးဖွားအပြီး အာဟာရဖြစ်စေသည်ဟု ယုံကြည်သော ရိုးရာအစားအစာ အမျိုးမျိုး ရှိသည်။ မလေးရှားတွင်လည်း ရှိပါသည်။ ထိုရိုးရာအစာများ၏ အာဟာရတန်ဖိုး အကြောင်း ကျွမ်းကျင်သူများက ဘယ်လိုဆိုထားသလဲ ကြည့်ရအောင်။ Jamu ( ဆေးဖက်ဝင်၊ အမြစ်နှင့် ဟင်းခတ်အမွှေး အကြိုင် ဖြစ်သည်) ရိုးရာဓလေ့အရ Jamu သည် မိခင်၏ ခန္ဓါကိုယ် နွေးထွေးမှု ကို ထိန်းပေးသည်၊ အားအင် ပြည့်စေသည်၊ အဆီကို ကျစေ ပြီး သားအိမ်အရွယ်အစားကို သေးစေသည်ဟု ယုံကြည် ကြသည်။ သို့သော်လည်း မီးဖွားအပြီး Jamu သုံးစွဲခြင်း၏ […]


မွေးဖွားပြီးကာလကိုယ်တိုင် ဂရုစိုက်မှု

မီးဖွားပြီးစ မိခင်များအတွက် သင့်တော်သော အစာ ၁၂မျိုး

ကလေးမွေးဖွားပြီးချိန်မှာ သင်ဟာ ၂ယောက်စာ စားနေစရာ မလိုတော့ပါဘူး။ ဒါပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်မျှတတာတွေ မေ့ထားပြီး အသင့်စား စားစရာတွေ စားနိုင်ပြီလို့ မဆိုလိုပါဘူး။ သင့်ကလေးဟာ မိခင်နို့ကတဆင့် ဗီတာမင်နဲ့ ဓာတ်ဆားဓာတ်တွေကို ရယူနေသေးလို့ ဖြစ်ပါတယ်။ အောက်ဖော်ပြပါ စားစရာ ၁၂မျိုးကတော့ သင်နဲ့သင့်ကလေးအတွက် အထူးကောင်းမွန်တဲ့ စားစရာတွေပဲ ဖြစ်ပါတယ်။ ၁။ အုတ်ဂျုံမှုန့် အုတ်ဂျုံမှုန့်မှာ သံဓာတ်ပါဝင်တာမို့ သင်ဟာ သံဓာတ်အားနည်းပြီး မိခင်နို့အပေါ် သက်ရောက်မှု ဖြစ်မှာကို စိုးရိမ်စရာ မလိုပါဘူး။ သင့်ကို အချိန်ကြာကြာ ဗိုက်ပြည့်နေစေပြီး နို့ထွက်နှုန်းကောင်းစေပါတယ်။ ၂။ မက်မွန် မက်မွန်ဟာ ပရိုတိန်းဓာတ်ကြွယ်ဝရုံမက အဆီမပါတဲ့ ကယ်လ်ဆီယမ်ဓာတ် ကြွယ်ဝပါတယ်။ နို့တိုက်မိခင်များဟာ တစ်နေ့ကို ကယ်လ်ဆီယမ်ဓာတ် ၁၀၀၀ မီလီဂရမ်ခန့် လိုအပ်ပါတယ်။ ဒါမှဟာ မွေးကင်းစကလေးဟာ ကယ်လ်ဆီယမ်ဓာတ် အပြည့်အ၀ ရရှိမှာ […]


မွေးဖွားပြီးကာလကိုယ်တိုင် ဂရုစိုက်မှု

ကိုယ်ဝန်ဆောင်ချိန် နဲ့ ကလေးမွေးဖွားပြီးနောက်ပိုင်း ကိုယ်အလေးချိန်ဘယ်လိုထိန်းသိမ်းမလဲ

ကိုယ်ဝန်ဆောင်ချိန် နဲ့ ကလေးမွေးဖွားပြီးနောက်ပိုင်း ကိုယ်အလေးချိန်ဘယ်လိုပြောင်းလဲနိုင်သလဲ ဘယ်လိုထိန်းသိမ်းမလဲ ကလေးမွေးဖွားပြီး မိခင်အတော်များများဟာ ကိုယ်ဝန်မဆောင်ခင်က ကိုယ်အလေးချိန်ကို ပြန်ရနိုင်ဖို့ ခဏတော့ အချိန်ယူရပါတယ်။ တချို့အမျိုးသမီးတွေမှာတော့ ကလေးကို ကျွေးမွေးရတာ၊ ဂရုစိုက်နေရတာနဲ့ပဲ ကိုယ်ဝန်ဆောင်ချိန်မှာ မြင့်တက်လာခဲ့တဲ့ ကိုယ်အလေးချိန်ကို ပြန်ကျစေပြီး ကိုယ်ရေစစ်သွားကြပါတယ်။ ဒါပေမယ့် အများစုကတော့ ကလေးမွေးဖွားပြီး ခြောက်လလောက်အထိ ကိုယ်အလေးချိန် ပြန်မကျနိုင်ကြပါဘူး။ ကိုယ်အလေးချိန်မကျသွားတဲ့ အမျိုးသမီးတွေ ဒါမှမဟုတ် မကျဘဲ ကိုယ်အလေးချိန် ထပ်တိုးလာတဲ့ အမျိုးသမီးတွေမှာ ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်ခြေများပါတယ်။ ဒီပြဿနာတွေက ကိုယ်ဝန်ဆောင်ပြီးနောက်ပိုင်းမှာ ပိုဆိုးရွားလာနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန် နဲ့ ကလေးမွေးဖွားပြီးနောက်ပိုင်း ကိုယ်အလေးချိန် ကျစေနိုင်မယ့် အကောင်းဆုံးနည်းလမ်းကတော့ ကိုယ်လက်လှုပ်ရှားမှု ပိုလုပ်ပြီး ညီညွတ်မျှတတဲ့ အာဟာရပုံစံနဲ့ ထိန်းသိမ်းတာပဲဖြစ်ပါတယ်။ ကိုယ်အလေးချိန် ကျဆင်းမှုမှာ သိပ်များတာ၊ သိပ်မြန်တာတွေကလည်း ဆိုးကျိုးရှိနိုင်ပါတယ်။ ကိုယ်အလေးချိန် ပုံမှန်အနေအထား ကိုယ်ဝန်ဆောင်ကာလအတွင်းမှာ ကိုယ်စားသောက်တဲ့ အာဟာရတွေနဲ့ […]


မွေးဖွားပြီးကာလကိုယ်တိုင် ဂရုစိုက်မှု

မီးဖွားပြီးနောက် ပြဲထွက်ရာများနှင့် ပွန်းပဲ့ခြင်းများကို ဘယ်လိုဂရုစိုက်ရမလဲ

မိခင်သည် မိမိ၏ခန္ဓါကိုယ်အား ကိုယ်ဝန်ဆောင်တွင်သာမက မီးဖွားပြီးနောက်ပိုင်းတွင်ပါ ဂရုစိုက်ရပါမည်။ အဘယ်ကြောင့်ဆိုသော မီးဖွားပြီးချိန်သည် သူမအတွက် ပြန်လည်အနာကျက်စေရန် ခန္ဓါကိုယ်မှ စတင်သောအချိန်ဖြစ်ပါသည်။ ကိုယ်ဝန်ဆောင်ပြီးနောက် မိခင်ကြုံတွေ့ရနိုင်သည့် အဖြစ်များဆုံးသော ကျန်းမာရေးပြဿနာများထဲမှ တစ်ခုမှာ ပွန်းပဲ့ရာများနှင့် ပြဲထွက်ရာများပင်ဖြစ်ပြီး ကမ္ဘာ့အမျိုးသမီးဦးရေ ၇၀ %တွင် ဖြစ်ပေါ်တတ်ပါသည်။ အောက်တွင် မီးဖွားပြီးနောက်ဖြစ်သည့် ပွန်းပဲ့ရာများနှင့် ပြဲထွက်ရာများကို ဂရုစိုက်နိုင်ရန် သင်သိသင့်သော အချက်သုံးချက်ကို ဖော်ပြထား၏။ ပွန်းပဲ့ရာများနှင့်ပြဲထွက်ရာများက ဘာကြောင့်ဖြစ်ရသလဲ။ လူသား၏ ပယ်ရီနီယမ် (မိန်းမအိုနှင့် စအိုကြားရှိ ဧရိယာ)သည် ဆန့်နိုင်သော်လည်း အလွန်ပြင်းထန်သည့် ဖိအားကြောင့် ပြဲထွက်နိုင်ပါသည်။ ကလေးမွေးစဉ်၌ ဖြစ်နေကျပင်။ ပြဲထွက်မှုအပြင်းအထန်ပေါ်လိုက်ကာ မီးဖွားပြီးနောက် ဆရာဝန်ချုပ်ပေးရန် လိုကောင်းလိုနိုင်ပါသည်။ ပထမဒီဂရီနှုန်းပြဲထွက်ခြင်းသည် သေးငယ်ပြီး အလိုလိုအနာကျက်နိုင်သော်လည်း စတုတ္ထဒီဂရီနှုန်းဖြင့် ပြဲထွက်ခြင်းသည် ပြင်းထန်သောအခြေအနေဖြစ်ပြီး ဂရုတစိုက်ကုသရန် လိုအပ်ပါသည်။ သို့သော် ထိုသို့လယ်ဗယ်အမြင့် ပြဲထွက်နိုင်သော အခွင့်အရေးသည် လူများစုတွင် […]


မွေးဖွားပြီးကာလကိုယ်တိုင် ဂရုစိုက်မှု

မီးဖွားပြီးနောက် ရင်သားပြည့်တင်းနေလျှင် ဘာလုပ်ရမလဲ

ရင်သားတင်းဖောင်းမှုတွေဟာ နို့ချိုတွေနဲ့ ပြည့်နေချိန်ဖြစ်တဲ့ ကလေးမွေးပြီး ၂ရက်ကနေ ၅ ရက်အထိဖြစ်တတ်ပါတယ်။ ဒီလိုအခြေအနေမှာ ရင်သားတွေဟာ ကြီးလာ၊ နွေးထွေး လေးလံလာပြီး နို့တိုက်ရင် နာကျင်နိုင်ပါတယ်။ တခါတရံမှာ ကလေးကို နို့တိုက်ဖို့တောင် ခက်ခဲနိုင်ပါတယ်။ ဒါပေမယ့် စိတ်ပူစရာမရှိပါဘူး။ ရင်သားတင်းဖေါင်းမှုတွေဟာ ပုံမှန်ဖြစ်ပြီး အိမ်မှာပဲ ကုသနိုင်ပါတယ်။ တင်းဖေါင်း နေတဲ့ ရင်သားတွေကို ကူညီပေးဖို့ အကြံပေးချက်တွေ ရှိပါတယ်။ တင်းဖောင်းနေတဲ့ ရင်သားတွေကို ဘယ်လိုသက်သာအောင် လုပ်မလဲ။ တကယ်လို့ နို့တိုက်နေသူဆိုရင် ရင်သားတင်းဖောင်းတာ သက်သာဖို့နဲ့ နို့တိုက်တာကို ပိုပြီး သက်တောင့်သက်သာ ရှိစေဖို့ အောက်ပါအချက်တွေကို လိုက်နာသင့်ပါတယ်။ • နို့မတိုက်ခင်မှာ ဘရာကို အရင်ချွတ်သင့်ပါတယ်။ ရင်သားတွေကို နွေးထွေးစေဖို့ မိနစ်အနည်းငယ်ကြာအောင် ဖိထားသင့်ပြီး နို့မတိုက်ခင် ရေနွေးနဲ့အရင် ရေချိုးသင့်ပါတယ်။ ဒါပေမယ့် ရေပူလွန်းခြင်းဟာ နို့ထွက်ခြင်းကို […]


မွေးဖွားပြီးကာလကိုယ်တိုင် ဂရုစိုက်မှု

မီးဖွားပြီးနောက် မိန်းမကိုယ်ကို ပြန်လည်ပြုပြင်ခြင်းအတွက် သိထားသင့်သောအချက်များ

မီးဖွားစဉ် စုတ်ပြဲသွားတာမျိုး၊ မွေးလမ်းကြောင်း ချဲ့ခဲ့ရတဲ့ အခြေအနေမျိုးမှာ မီးဖွားပြီးနောက် မိန်းမကိုယ်ကို ပြန်လည်ပြင်ဆင်ဖို့ လိုပါလိမ့်မယ်။ ပြန်ချုပ်တဲ့နည်းကို ဆရာဝန်တွေ အသုံးပြုတတ်ပါတယ်။ မီးဖွားပြီးနောက် မိန်းမကိုယ်ကို ရောဂါပိုးတွေ မဝင်စေဖို့နဲ့ အနာ မြန်မြန် ပြန်သက်သာစေဖို့ အတွက်လည်း ဂရုတစိုက်ရှိဖို့ လိုပါတယ်။ မီးဖွားပြီးနောက် မိန်းမကိုယ်ကို ပြန်လည်ပြုပြင်ခြင်းအတွက် သိထားသင့်သောအချက်များ မီးဖွားပြီးနောက် မိန်းမကိုယ်ကို ပြန်လည်ပြုပြင်ခြင်းအတွက် သိထားသင့်သောအချက်များက ဘာတွေများ ဖြစ်မလဲ။ အတူတူ ကြည့်လိုက်ရအောင်နော်။ ကလေးမီးဖွားပြီးစမှာ ဘာလုပ်ရမလဲ ကလေးမွေးမွေးပြီးချင်း ပထမရက်သတ္တပတ် အနည်းငယ်မှာ မိန်းမကိုယ် နေရာက နာကျင်နေပါလိမ့်မယ်၊ အထူးသဖြင့် ပြန်ချုပ်ထားရတဲ့ အခြေအနေဆိုရင်ပေါ့။ တစ်ကိုယ်ရေသန့်ရှင်းမှု ပုံမှန်လုပ်ခြင်းဟာ အနာပြန်သက်သာဖို့ ကြီးမားတဲ့ အထောက်အပံ့ပါ။ မြန်မြန်သက်သာစေဖို့ နောက်ထပ် နည်းလမ်းတွေကတော့ အိမ်သာသွားပြီးတဲ့အခါတိုင်း ရေနွေးနွေးလေးနဲ့ ဆေးပေးပါ။ လက်တွေ သန့်ရှင်းနေရပြီး ခံဖို့ […]


မွေးဖွားပြီးကာလကိုယ်တိုင် ဂရုစိုက်မှု

ဗိုက်စည်းခြင်းက မီးဖွားပြီးစ အမျိုးသမီးတွေမှာ တကယ်အကျိုးရှိတာလား

အမျိုးသမီးတယောက် မီးဖွားပြီးစကာလမှာ ဗိုက်စည်း စည်းတာဟာ သူမရဲ့ နဂိုမူလ ခန္ဓါကိုယ်ပုံစံကို ပြန်ရစေသလား ဒါမှမဟုတ် အကျိုးမရှိဖူးလား။ ဒီခါးပတ်ပုံစံနဲ့ ဆင်တူတဲ့ အဝတ်အထည်ဟာ ဗိုက်ကို ကြပ်ကြပ်တင်းတင်း စည်းထားတဲ့အတွက် ယေဘုယျအနေနဲ့ ခြေထောက်နဲ့ နောက်ကျောကို ထောက်မ ပေးထားပြီး ဖောင်းနေတဲ့ သားအိမ်ကို လွတ်လွတ်လပ်လပ် ရှိနေစေ၊အမြန်ပြန်သေးစေပါတယ်။ ဒါပေမယ့် တချို့က ကျပြန်တော့လည်း ဒါဟာ မိမိစိတ်ကို လှည့်စားတာအပြင် ဘာမှမထူးဘူးလို့ ယူဆကြပြန်တယ်။ ကိုယ်ဝန်မဆောင်ခင်ကလို ကျော့ရှင်းသွယ်လျတဲ့ ခန္ဓါကိုယ်ကို ပြန်ရဖို့အတွက် လေ့ကျင့်ခန်းလုပ်တာနဲ့ အစားအသောက်မှန်မှန်ကန်ကန်စားရုံကလွဲပြီး တခြားနည်းလမ်း မရှိဘူးလို့ ဆိုကြပါတယ်။ တချို့က ကြားနေမူဝါဒကို ကျင့်သုံးပြီး ဒီဗိုက်ပတ်တဲ့ အဝတ်အထည်ကို သုံးခြင်းဟာ လေ့ကျင့်ခန်းလုပ်တာနဲ့ အစားအသောက်မှန်မှန်ကန်ကန်စားတာကြောင့်ရလာတဲ့ အကျိုးသက်ရောက်မှုကို ပိုပြီး အားဖြည့်ပေးတယ်လို့ သုံးသပ် ကြပြန်ပါတယ်။ ဒါကြောင့် ဗိုက်စည်းကို […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်