ကိုယ်ဝန်ဆောင်တိုင်းသိထားသင့်တဲ့ အချင်းပြဿနာများ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

ကိုယ်ဝန်ဆောင်တယ်ဆိုတာ မိန်းမသားတိုင်းအတွက် စိန်ခေါ်မှု တစ်ခုပါ။ ၉ လလွယ် ၁၀ လလောက်ဒီ ကိုယ်ဝန်ကို လွယ်ထားရတယ်၊ အစားအသောက်ရှောင်ရတယ်၊ အသွားအလာဆင်ခြင်ရတယ်။ ကိုယ့်ရင်သွေးလေး ဒီလောကကြီးထဲ ကျန်းကျန်းမာမာရောက်လာဖို့က မိခင်တိုင်းရဲ့ အတောင့်တဆုံး ဆန္ဒလေ။ ဒါပေမယ့် ကိုယ့်ဘက်က ဘယ်လောက်ပဲ ဆင်ခြင်ဆင်ခြင် ကိုယ်ဝန်ကို အဖတ်မတင် ပျက်ကျစေတဲ့ အကြောင်းအရင်းတွေကလည်း အများကြီး မဟုတ်လား။ ဒီအထဲမှာ အချင်းပြဿနာတွေလည်း ပါတာပေါ့။ ဒီတော့ ကိုယ်ဝန်ဆောင်တိုင်း သိထားသင့်တဲ့ အချင်းပြဿနာတွေက ဘာတွေများ ဖြစ်မလဲ။

ကိုယ်ဝန်ဆောင်ချိန်မှာ ကြူံတွေ့ရနိုင်တဲ့ အချင်းပြဿနာတွေ ။ ။

Placenra previa ( အချင်းရှေ့ရောက်ြခင်း)

အားလုံးကြားဖူးကြမှာပါ။ အချင်းကကလေးဆင်းရမယ့် လမ်းကြောင်းရှေ့ ရောက်နေတဲ့ ပြဿနာ။ ကလေးအပေါ်ပိုင်းမှာ ရှိနေရမယ့်ဟာကို ကလေးဆင်းမယ့် လမ်းကြောင်းအရှေ့ဘက်မှာ အချင်းရောက်နေတာကြောင့် ကလေးဆက်မဆင်းနိုင်တော့ပါဘူး။ ဒါကို မသိဘဲ အတင်းညှစ်ခိုင်းလိုက်မိရင် အချင်းထိခိုက်သွားမယ့်အပြင် ကလေးလည်း ရှေ့ဆက်မဆင်းနိုင်တော့ဘဲ မွန်းပြီး အသက်ဆုံးသွားနိုင်ပါတယ်။ အချင်းရှေ့ရောက်တာရဲ့ အဓိက လက္ခဏာကတော့ ကိုယ်ဝန် ဒုတိယ၃လမှာ သွေးတွေ အများကြီးဆင်းတာပါပဲ။ လရင့်တဲ့အချိန်ထိ မီးဖွားတဲ့အချိန်အထိမှ သွေးဆင်းတာမရပ်ရင် ဆရာဝန်က ခွဲမွေးဖို့ စီစဉ်ပါလိမ့်မယ်။

Placental abruption ( အချင်းကွာခြင်း)

အချင်းဆိုတာ ကလေးအတွက်လိုအပ်တဲ့ အာဟာရတွေကို ကိုယ်ဝန်ဆောင်တစ်လျှောက်လုံးမှာ ပေးနေတာဆိုတော့ အချင်းကွာတဲ့အခါ ကလေးအတွက်အများကြီးထိခိုက်သွားစေတာပေါ့။ ကွာကျသွားတော့ ကလေးအတွက်လိုအပ်တဲ့ အာဟာရတွေ မရတော့တဲ့အပြင် အချင်းကွာကျသွားတဲ့အရှိန်နဲ့ မိန်းမကိုယ်ကနေ သွေးတွေ အများကြီးဆင်းတော့မှာပါ။ ကွာကျသွားတဲ့အရှိန်နဲ့ ဗိုက်အောင့်တာ မခံမရပ်နိုင်အောင် နာတာမျိုးတွေ လည်း ကြုံတွေ့ရတတ်ပါတယ်။

  • နဂို ကိုယ်ဝန်တွေတုန်းက အချင်းကွာဖူးတဲ့ ပြဿနာရှိတဲ့သူတွေ
  • ကိုယ်ဝန်ဆောင်ချိန်ဆေးလိပ်သောက်တဲ့သူတွေ မူးယစ်ဆေးသုံးတဲ့သူတွေ
  • ကိုယ်ဝန်ဆောင်ချိန် ဗိုက်ကို ပြင်းပြင်းထန်ထန် ထိခိုက်မိတာနဲ့
  • ကိုယ်ဝန်ဆောင်စဉ် သွေးတိုးတဲ ပြဿနာရှိတဲ့သူတွေ က အချင်းကွာတဲ့ ပြဿနာဖြစ်ဖို့ အလားအလာများတဲ့သူတွေပါ။

Placental insufficiency

Placental insufficiency ဆိုတာ အချင်းကွာကျ အချင်းရှေ့ရောက်တာမျိုးတွေ မဟုတ်ဘဲ အချင်းကိုယ်တိုင်ကိုက ကလေးဆီလိုအပ်တဲ့ အာဟာရတွေ လုံလုံလောက်လောက် မပေးနိုင်တဲ့ ပြဿနာကို ပြောတာပါ။ ဒီလို အာဟာရတွေ လုံလောက်စွာ မပေးနိုင်တဲ့ အချင်းကြောင့် မွေးလာတဲ့ကလေး ပေါင်မပြည့်တာ၊ ကလေးကောင်းကောင်းမဖွံဖြိုးတာတွေဖြစ်တတ်ပါတယ်။

Infarts in the placenta

အချင်းဆီကို လုံလောက်တဲ့ သွေးလည်ပတ်မှု မရတာကြောင့် အချင်းရဲ့ တစ်ချို့အစိတ်အပိုင်းတွေ ပုပ်သွားတဲ့ ပြဿနာပါ။ အထူးသဖြင့် ကိုယ်ဝန်ဆောင်သွေးတိုးသမားတွေမှာ အချင်းဆီ သွေးလုံလောက်အောင် မရဘဲ အချင်းတစ်ချို့ အစိတ်အပိုင်းတွေ ပုပ်သွားတဲ့ ပြဿနာဖြစ်နိုင်ပါတယ်။ ဒီလိုနဲ့ အချင်းကောင်းကောင်း မဖွံ့ဖြိုးနိုင်တော့ဘဲ ကလေးဆီလည်းလုံလောက်တဲ့ အာဟာရတွေ မပေးနိုင်တော့လို့ နောက်ပိုင်း ရင်သွေးလေးဖွံ့ဖြိုးမှု အပိုင်းကို ထိခိုက်သွားနိုင်ပါတယ်။

Placenta accrete

ဒီပြဿနာကတော့ အချင်းက သားအိမ်အတွင်းနံရံနက်နက်ထဲထိဝင်တွယ်နေတာပါ။ ဒီပြဿနာက ကိုယ်ဝန်ဆောင်တစ်လျှောက်လုံး ရင်သွေးလေးနဲ့ မိခင်ကို ဒုက္ခမပေးနိုင်ပေမယ့် မီးဖွားတဲ့ အချိန် ကလေးထွက်ပြီးနောက်ပိုင်း အချင်းကွာကျမယ့်အချိန်ကျမှ သေချာမကွာကျဘဲ အပိုင်းအစတွေ ကျန်ခဲ့ပြီး သွေးသွန်တဲ့ ပြဿနာတွေ ဆက်ဖြစ်နိုင်ပါတယ်။

အချင်းဆိုတာ ဗိုက်ထဲက ရင်သွေးလေးအတွက် အရေးအကြီးဆုံးမလား။ ကလေးလိုအပ်တဲ့ အာဟာရဓါတ်တွေ အောက်ဆီဂျင်နဲ့ သွေးလည်ပတ်မှု ကောင်းအောင် အချင်းကပဲ ကူညီရတာလေ။ ဒီတော့ ဒီလို အရေးကြီးတဲ့ အချင်းမှာ ပြဿနာ တစ်ခုခု ဖြစ်ရင် ရင်သွေးလေးကို ထိခိုက်ပြီပေါ့။ ဒါပေမယ့် အချင်းပြဿနာတွေကို အာထရာဆောင်းရိုက်ရင်းကနေ စောစောသိနိုင်တာကြောင့် လိုအပ်တဲ့ ကုသမှုတွေ မြနမြန်ခံယူလိုက်ရင် ရင်သွေးလေးကို အများကြီးထိခိုက်တော့မှာ မဟုတ်ဘူးနော်။ ဒါ့ကြောင့် ကိုယ်ဝန်စောစောအပ် မှန်မှန်ပြဖို့လိုအပ်တာပေါ့ ။ ။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အမျိုးသားများ သုက်လွှတ်ပြီးနောက် မူးဝေသလိုခံစားရခြင်း

အမျိုးသား သုက်လွှတ် ဆီးကျိတ် တစ်ကိုယ်ရေအာသာဖြေခြင်း အားအင် လိင်ဆက်ဆံ လိင်မှုကိစ္စ အစာ ရေဓာတ် ဘေးထွက်ဆိုးကျိုး ကြာဆေး သွေးတိုး နှလုံး အာရုံကြော အောက်စီဂျင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyowai Lynn
ရေးသားသူ Ye Myo Myat

သင့်ကလေးကို စကားပြောတတ်အောင် ဘယ်လိုသင်ပေးမလဲ

စကားပြော ဖွံ့ဖြိုးမှုမှတ်တိုင် ဦးနှောက်ဖွံ့ဖြိုးမှု ကိုယ်ဝန်ဆောင် ကလေးကိုမြူ စာဖတ်ပြ ဘာသာစကား သီချင်းသံ အသက်၂နှစ် မွေးစကလေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyowai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ကယ်လ်ဆီယမ်အကြောင်းသိသင့်သမျှ

ကယ်လ်ဆီယမ် ကိုယ်ခန္ဓာ ကျန်းမာရေးပြဿနာတွေ ဗီတာမင် D အသက်အရွယ် ဘေးထွက်ဆိုးကျိုး ကိုယ်ဝန်ဆောင် အရပ်အမောင်း ဆီးကျောက်တည် သွေးတွင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin

အမြဲ တက်ကြွလန်းဆန်းနေစေဖို့

အလုပ်ခွင် တက်ကြွ လန်းဆန်း လန်းဆန်းတက်ကြွနေစေမယ့် နည်းလမ်းများ ဆေးဝါး သဘာဝအတိုင်း လှုပ်လှုပ်ရှားရှားခန္ဓာကိုယ် သွေးစီးဆင်းမှု သကြားလုံး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ယုန်သား စားလို့ရလား။ ယုန်သားက ကျန်းမာရေးကို အထောက်အကူပြုနိုင်သလား။

ယုန်သား စားလို့ရလား။ ယုန်သားက ကျန်းမာရေးကို အထောက်အကူပြုနိုင်သလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyowai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 6, 2020 . 2 mins read
သင့်ကလေး ခဏခဏ နားပြည်ယို နေရင် ဒါကြောင့်လည်း ဖြစ်နိုင်ပါတယ်။

သင့်ကလေး ခဏခဏ နားပြည်ယို နေရင် ဒါကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyowai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 6, 2020 . 2 mins read
မြေပဲထောပတ် စားပေးပါ

မြေပဲထောပတ် စားပေးပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyowai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 6, 2020 . 2 mins read
ပုန်းရည်ကြီး ကပေးတဲ့ အာဟာရ

ပုန်းရည်ကြီး ကပေးတဲ့ အာဟာရ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 5, 2020 . 2 mins read