home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

၉ လလွယ်အချိန်၏ကျန်းမာသော စားသောက်ခြင်းအတွက် လိုက်နာရန် အခြေခံအချက် ၉ ချက်

ကိုယ်ဝန်ဆောင်ချိန်အတွင်းတွင် ကောင်းမွန်သော အစာအာဟာရ ရရှိရန်မှာ မရှိမဖြစ်ဖြစ်ပြီး သန္ဓေသားအတွက် အလွန်အရေးကြီးသည်။ ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်သည် ပုံမှန်စားသောက်နေကျထက် ၃၀၀ကယ်လိုရီ ပို၍စားသုံးရန် လိုအပ်သည်။ အထူးသဖြင့် မီးဖွားတော့မည့် နောက်ဆုံးလတွင် ဖြစ်သည်။ စားသောက်သည့် ပုံစံကို သတိထားရဦးမည်ဖြစ်သည်။

အောက်ပါတို့သည် မိခင် နှင့် ကလေး ကျန်းမာရေးအတွက် အကြံပေးချက်အချို့ဖြစ်သည်။

စားလိုက်သည်တိုင်းကို သတိပြုပါ။

၉ လလွယ်ထားသည့် အဆင့်ကိုရောက်ပြီဆိုလျှင် ရင်သွေး၏ ဖွံ့ဖြိုးမှုသည် ပြည့်စုံသလောက်ဖြစ်နေပြီ ဖြစ်သည်။ ထို့ကြောင့် စားလိုက်သမျှသည် ရင်သွေးကို ကျန်းမာစွာကြီးထွားစေမည် (သို့) ထိခိုက်စေနိုင်သည်။ ထို့ကြောင့် ဂရုမစိုက်ဘဲနေလိုက်ခြင်းသည် အပြစ်ရှိသောခံစားချက်ကို ဖြစ်ပေါ်စေနိုင်သည်။ စားသမျှအရာတိုင်းကို ရေတွက်ထားခြင်းသည် ကယ်လိုရီပမာဏကို တိုင်းတာစေနိုင်ပြီး မိခင်၏ စားသောက်ခြင်းကို ထိန်းညှိနိုင်ရန် ကူညီသည်။

မတူညီသော အစားအစာများမှ ကယ်လိုရီများသည် မတူညီကြပါ။

ကိုယ်ဝန်ဆောင်မိခင်သည် စားသည့်အရအတွက်ပမာဏထက် စားသည့်အစားအစာ၏ အရည်အသွေးကို ပိုဂရုစိုက်သင့်သည်။ တနည်းဆိုလျှင် ကယ်လိုရီပမာဏတူညီမည်ဆိုလျှင် ကျန်းမာရေးနှင့် ညီညွှတ်သောအစားအစာမှ ရသည့် စွမ်းအင်သည် သရေစာများမှ ရသော စွမ်းအင်ထက် ပိုမိုကောင်းမွန်သည်။ ထို့ကြောင့် အစားအစာ၏ အရည်အသွေးကို ရွေးချယ်ခြင်းသည် ရင်သွေးအတွက် ကောင်းကျိုးပိုများသည်။

မည်သည့် တစ်နပ်စာ(မနက်စာ၊ နေ့လည်စာ၊ ညစာ )တို့ကိုမှ ကျော်မသွားပါနှင့်။

ရင်သွေးသည် စွမ်းအင် နှင့်အာဟာရကို ပုံမှန်လိုအပ်သည်။ ထို့ကြောင့် မစားဘဲ နေနေခြင်းသည် မကောင်းပါ။ တစ်စုံတစ်ခုကိုမျှ မစားခြင်ရင်တောင်မှ ရင်သွေးငယ်သည် အစာအာဟာရ မလိုအပ်ပါဟု မဆိုလိုပါ။ သင့်တော်သော အချိန်စာရင်းနှင့် ခနခနစားစားခြင်းသည် ရင်သွေးကို အာဟာရ အကောင်းဆုံးထောက်ပံ့ပေးခြင်းဖြစ်သည်။

အစားအသောက်ကျွမ်းကျင်သူတစ်ယောက်ဖြစ်ပါစေ။

ကိုယ်ဝန်ဆောင်မိခင်၏ အစာလိုအပ်ချက်၏ နောက်ဆက်တွဲသည် ပို၍ဝစေသည်ဟု စိုးရိမ်ကြောင့်ကြပါသလား? ကယ်လိုရီများစွာ ပေးမည့် အစားအစာထက် အာဟာရကောင်းစွာ ပေးမည့် အစားအစာကို ရွေးချယ်ပါ။ ဥပမာ- အဆီများသော အသားကို မဝယ်ဘဲ အသားများများကို ရွေးချယ်ဝယ်ယူခြင်း (သို့) အဆီမပါသော၊ အဆီနည်းသော နွားနို့ကို ရွေးခြင်း နှင့် ဆီကြော်အစာများကို ရှောင်ကျဉ်ခြင်း။ ဒါမှမဟုတ်၊ စားသောက်နေသည့် အစားအစာများမှ ဆီ၊ထောပါတ် စသည့်အဆီများကို လျှော့ချခြင်း နှင့် ထောပါတ်သီး၊ အစေ့အဆံ နှင့် အသီးအနှံ စသည့် ပို၍ အာဟာရပြည့်ဝသော အစားအစာများကို စားခြင်း။

ကစီဓါတ်(Carbohydrate) ကို လိမ္မာပါးနပ်စွာ ရှောင်ကျဉ်ခြင်း။

ကစီဓါတ်(Carbohydrate) သည် ကိုယ်အလေးချိန်ကို တက်စေပြီး ကိုယ်ဝန်ဆောင်မိခင်အတွက် မသင့်တော်သည်ကို သိရှိကြသည်။ ထို့ကြောင့် အမျိုးသမီးများသည် အစာထဲရှိ ကစီဓါတ်ကို တတ်နိုင်သမျှ လျှော့ချရန် ကြိုးစားကြသည်။ သို့သော် ပေါင်မုန့်ကြမ်း၊ နှံစားပြောင်း၊ ဆံညို စသည်တို့မှ ရသော ကစီဓါတ်သည် ဗီတာမင် ဘီ၊ သတ္တုဓါတ်အနည်းငယ်၊ အသားဓါတ် နှင့် အမျှင်ဓါတ်များကို ရရှိစေသည်။ ထို့ကြောင့် ထိုသို့သော အစာများကို စားခြင်းသည် မိခင်ရော ကလေးအတွက်ပါ ကောင်းစေရုံမက ကိုယ်ဝန်ဆောင်ချိန်ဖြစ်သော ဆီးချိုရောဂါကိုပါ ကာကွယ်ပေးနိုင်ပါသည်။

သကြား နှင့် ချိုသောအစားအစာများသည် မသင့်တော်ပါ။

သကြားမှ ရသော ကယ်လိုရီသည် ခန္ဓါကိုယ်အတွက် အသုံးမဝင်ပါ။ သွေးချို၊ ဆီးချို၊ သွားပိုးစားခြင်း၊ နှလုံးရောဂါ နှင့် အူမကြီးကင်ဆာ ရောဂါများကို ဖြစ်စေနိုင်သည်။ တနည်းဆိုလျှင် သကြားပါဝင်မှုများသော အစားအစာများကို စားခြင်းသည် ရင်သွေးငယ်ကို အာဟာရပြည့်ဝသော အစာကျွေးဖို့ကို ပျက်ကွက်သကဲ့သို့ ပင်ဖြစ်သည်။ အကယ်၍ ချိုသောအစားအစားများကို ကြိုက်နှစ်သက်လျှင် သစ်သီးများကို စားသုံးသင့်သည်။ သစ်သီးများသည် ချိုသည့်အပြင် ရောဂါများ နှင့် အိုမင်းခြင်းကို ကာကွဝ်ပေးသော ဗီတာမင်ဓါတ်များ၊ သတ္တုဓါတ်များ နှင့် အကျိုးပြုသော ရောင်ခြယ်ပစ္စည်းများပါဝင်သည်။

မချက်ပြှုတ်ပဲ လတ်လတ်ဆတ်ဆတ် အစိမ်းစားခြင်းသည် ပိုကောင်းသည်။

ဟင်းသီးဟင်းရွက် နှင့် သစ်သီးများကို လတ်လတ်ဆတ်ဆတ် အစိမ်းစားခြင်းသည် ပါဝင်သော ဗီတာမင် နှင့် သတ္တုဓါတ်များကို ပိုမိုရရှိစေသည်။ အစားအစာကို ပြင်ဆင်ချက်ပြုတ်မှုနည်းလေလေ အာဟာရပိုမိုရရှိလေဖြစ်သည်။ တနည်းဆိုလျှင် ချက်ပြုတ်ပြင်ဆင်ထားသော အစားအစာများတွင် ဓါတုပစ္စည်းများ၊ အဆီများ၊ ဟင်းခတ်အမွှေးအကြိုင်များ ပါဝင်ပြီး အာဟာရဓါတ်များစွာသည် ချက်ပြုတ်သည့်အခါ ဆုံးရှုံးသွားတတ်သည်။ ထို့အပြင် သဘာဝအစားအစာဆိုသည်မှာ မှန်ကန်သော ရာသီဥတု နှင့် သဘာဝအတိုင်းစိုက်ပျိုးထားသော အသီးအနှံများကို မှတ်ယူသင့်သည်။ အချို့သော အစားအစာများသည် အစိမ်းစားရန်မသင့်တော်ပေ။ ဥပမာ- ပင်လယ်စာအစိမ်းများ နှင့် အသားစိမ်းများ၊ မကျိုရသေးသော နွားနို့ နှင့် စည်သွပ်အသားများ။

ကျန်းမာစွာ စားသုံးခြင်းသည် အိမ်မှ စတင်သည်။

စားသောက်ဆိုင်၊ စူပါမားကတ် နှင့် အခြားနေရာများမှ အစားအသောက်များကို ဝယ်ယူစားသောက်ခြင်းထက် ကိုယ်ကိုယ်တိုင် အိမ်တွင် ပြုလုပ်ချက်စားခြင်းသည် အမြဲတမ်းအတွက် ကောင်းသည်။ အိမ်တွင် ချက်ပြုတ်စားသောက်ခြင်းည် အဆီများကို လျော့ကျစေရုံသာမက အခြားကျန်းမာရေးနှင့် မသင့်တော်သာ ပစ္စည်းများကိုလည်း လျော့ကျစေသည်။ ထို့ကြောင့် အစားအစာ၏ သန့်ရှင်းမှု နှင့် ဘေးကင်းမှုကို သေချာစေသည်။ အိမ်တွင် ချက်ပြုတ်စားသောက်ခြင်းသည် သင် နှင့် သင့်မိသားစုကို ကျန်းမာစေပြီး ငွေကုန်သက်သာစေသည်။

မကောင်းသော အလေ့အကျင့်များသည် အစာအာဟာရကို ပျက်စီးစေသည်။

အစာအာဟာရ နှင့် စားသည့်ပုံစံ မည်မျှကောင်းသည်ဖြစ်စေ မကောင်းမွန်သော အကျင့်သည် ကြိုးစားသမျှကို အလကားဖြစ်စေသည်။ အရက်ယမကာ၊ ဆေးရွက်ကြီး နှင့် ရင်သွေးကို မကောင်းဖြစ်စေနိုင်သော မည်သည့်အရာမဆိုသည် မသင့်တော်ပေ။ ထို့အပြင် ဆေးမသောက်ခင်တွင် ဆရာဝန်၏ အကြံပေးချကိကု မလိုအပ်ဟုဆိုသည်မှာ မဖြစ်နိုင်ပေ။

ကိုယ်ဝန်၏နောက်ဆုံးရက်များတွင် ကိုယ်အလေးချိန်သည် အရင်ထက်ပိုနေသဖြင့် စိတ်ကျေနပ်မှုမရှိခြင်း နှင့် သက်တောင့်သက်သာမဖြစ်ခြင်းတို့ကို ခံစားရတတ်သည်။

ဒီအချိန်သည် သင့်ရင်သွေးငယ် နှင့် တွေ့ဖို့နီးစပ်လာပြီ ဖြစ်ပြီး အပျော်ဆုံးသောနေ့ရက်များကို ပိုင်ဆိုင်ရတော့မည်ဖြစ်သည်။ ထိုနေ့ရက်များကို ပိုင်ဆိုင်ရန်မှာ ဒီအဆင့်တွင် ရင်သွေးငယ်၏ ကျန်းမာရေး နှင့် ကြီးထွားမှုသည် အရေးကြီးဆုံးပင်ဖြစ်သည်။

အခြားသိလိုသည့်မေးခွန်းများရှိလျှင် ဆရာဝန် နှင့် တိုင်ပင်ဆွေးနွေးခြင်းသည် သင့်အတွက် အကောင်းဆုံးဖြစ်ပါသည်။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်၊ ရောဂါစစ်ဆေးစမ်းသပ်ချက် (သို့) ကုသမှုများကို မလုပ်ဆောင်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

Basic_Principles_For_Nine_Months_Of_Healthy_Eating http://prettymomguide.com/nine-basic-
principles-for- nine-months- of-healthy- eating.html Accessed September 06, 2016
9th Month Pregnancy Diet – Which Foods To Eat And Avoid?
http://www.momjunction.com/articles/9th-month- pregnancy-diet- foods-eat- avoid_0074506/
Accessed September 06, 2016
Eating well: 29-32 weeks http://www.babycenter.in/a551186/eating-well- 29-32- weeks Accessed
September 06, 2016
Eating Right When Pregnat http://www.webmd.com/baby/guide/eating-right- when-pregnant#1
Accessed September 06, 2016
Pregnancy Eating Well http://www.babycenter.com/pregnancy-eating- well Accessed September 06,
2016

စာရေးသူ ဓာတ်ပုံbadge
Dr. Aung Myat Thu မှ ရေးသားသည်။ 11/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Kaung Thar မှ အချက်အလက် စစ်ဆေးထားပါသည်။